La YeikNovember 25, 20141min050
                   ROMANTIC TATTOO နောက် ၁ဝရက်ဆို သူမနဲ့ ချစ်သူတို့ရဲ့ ချစ်သက်တမ်း ရက် (၁၀၀)ပြည့်လေ….. ဘာလက်ဆောင်လေးပေးရင်ကောင်းမလဲဟု အသည်းအသန်စဉ်းစားနေတာ တစ်ပတ်လောက်ရှိပီ….. နောက် ဖေ့ဘုတ် သုံးရင်းမှ သူမ အိုင်ဒီယာ ရသွားသည်။ “ဟုတ်ပီကွ “ အဲ့လက်ဆောင်လေး ပေးလိုက်ရင် အံ့ဩသွားမည့် ချစ်သူ၏မျက်နှာ ကို စိတ်မှန်းဖြင့်တွေးကြည့်ရုံဖြင့်ပင် ပျော်စရာပင်…. အပျော်ရဲ့နောက်မှ တွေဝေမှုလေးတွေ ပါလာသည်။ ဖခင်မရှိတော့ပေမဲ့ စည်းကမ်းကျနစွာ အုပ်ထိန်းလာတဲ့မေမေ…. ဇီဇာကြောင် သောမေ့မေ့ အစ်မ ကြီးကြီးနု…. အနေအထိုင်မှားတာနှင့် ဝိုင်းပြောကြမည့် ပတ်ဝန်းကျင်…. အို ဒါတွေက ပီးတော့လည်းပီးသွားမှာပါလေ…. အချစ်သာ အဓိက ငါအရမ်းချစ်တာ ချစ်သူသိသွားရင် သူအရမ်းပျော်မှာလေ…. ဂွတ် ဒါပဲ ကိုယ့်စိတ်ကူးနဲ့ကိုယ်တော့ ဟုတ်နေတာပဲ…. အဆူခံရလည်း ခံရပစေတော့…. […]