weiweiNovember 18, 20106min015
Tai mountain ကတော့ ကျွန်မတက်ဖူးသမျှတောင်တွေထဲမှာ အမြင့်ဆုံးနဲ့ အလှဆုံးပါပဲ။ ရှန်းတုန်းပြည်နယ် တိုက်အန်းမြို့မှာ တည်ရှိပါတယ်။ တောင်နံမည်က ထိုက် လို့ခေါ်တယ်။ အမြင့်ပေ 5069 ရှိပြီး တရုတ်ပြည်ရဲ့ အထင်ရှားဆုံး တောင် ၅ ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သမိုင်းဝင်တဲ့ရာဇဝင်အထောက်အထားတွေ၊ သာသာရေးအယူဝါဒထွန်းကားမှုတွေနဲ့ လှပတဲ့ရှုခင်းတွေကြောင့် ခရီးသွားတော်တော်များတဲ့ တောင်တစ်ခုဖြစ်ပါတယ်။ တောင်ပေါ်မှာ buddhism, taosim (တာအိုအယူဝါဒ), နဲ့ ကွန်ဖြူးရှပ် အယူဝါဒဆိုင်ရာ ဘုရားကျောင်းတွေရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ဝ ကျော် ချင်မင်းဆက်လက်ထက်ကထဲက ဘုရားရှိခိုးဆုတောင်းတဲ့ တောင်တစ်ခုဖြစ်ပါတယ်။ ဘုရင်တွေက heaven and earth ကို ရှိခိုးတဲ့အခါ အဲဒီတောင်ထိပ်က နေထွက်ချိန်မှာ heaven ကို ရှိခိုးပြီး တောင်ခြေကနေ earth ကို […]