Swal Taw YwetDecember 5, 20131min012
TNA နဲ့ MOCHO တို့တင်ထားကြတဲ့ ၁၉၉၆ ရန်ကုန်စက်မှုတက္ကသိုလ် အရေးအခင်း အကြောင်း အသေးစိတ်သိချင်နေတုံး ကံကောင်းစွာနဲ့ ၃၊၁၂၊၂၀၁၃ ညဦးပိုင်း လှည်းတန်းကားဂိတ် လမ်းဘေးစာအုပ်ဟောင်းဆိုင်လေးကနေ အချက်အလက်တွေရလိုက်တယ်၊ သူဂျီးအပါအဝင် သိချင်ကြသူများအတွက်ရော သမိုင်းမှတ်တမ်းတစ်ခုကို ရွာစာမျက်နှာပေါ်မှာရှိနေစေချင်လို့ကော တင်ပေးလိုက်ပါတယ်၊ ဝိုင်းဝန်းအားပေးကြပါကုန်။ ကျနော်ရခဲ့တာက စာအုပ်တစ်အုပ်ပါ၊ ကြည့်ပါလေ။ စာမျက်နှာ၂၃ဝ မှာဖေါ်ပြထားတာလေး ပြန်ရိုက်ပေးလိုက်ပါတယ်။ “ ၁၉၉၆ တွင် တက္ကသိုလ်ကောလိပ်များပိတ်ခြင်း ” ၁၉၉၆ ခုနှစ် အရေးအခင်းသည် စက်မှုတက္ကသိုလ် ကပင် အစပြုခဲ့ဧ။်။ ၁၉၉၆ခုနှစ် အောက်တိုဘာလ ၂ဝ ရက်နေ့တွင် အင်းစိန်အဝေးပြေးစော်ဘွာကြီးကုန်းကားဂိတ်တွင် စက်မှုတက္ကသိုလ် ကျောင်းသား ၃ ဦးနှင့် စည်ပင်ရဲ၊နယ်ထိန်းရဲအချို့ပြသနာဖြစ်ခဲ့ဧ။် ။ ကျောင်းသား ၃ ဦးကိုရဲကဖမ်းချုပ်ပြီး အင်းစိန်ရဲစခန်းထဲ၌ စစ်ဆေးခဲ့ဧ။် ။ […]