Zaw WonnaJanuary 21, 20111min00
တရုပ်နိုင်ငံတွင် ၂၀၁ဝ ခုနှစ်အကုန်၌ အင်တာနက်သုံးစွဲသူများမှာ နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံဖြစ်သည့် ၄၅ရ သန်းအထိ ရှိလာကြောင်း China Internet Network Information Center မှ သတင်း ထုတ်ပြန်သည်။ အင်တာနက်သုံးစွဲသူများသည် တစ်ပတ်လျှင် ၁၈.၃ နာရီနှုန်း သို့မဟုတ် တစ်ရက်လျှင် ၂.၆၁ နာရီနှုန်း အင်တာနက် သုံးစွဲကြကြောင်း သိရသည်။ တရုပ်နိုင်ငံတွင် Facebook နှင့် Twitter ကဲ့သို့သော နိုင်ငံတကာ ကွန်ယက်များကို ပိတ်ဆို့ထားဆဲ ဖြစ်သဖြင့် ဘလော့ဂါ ၅၃.၁၁ သန်း တို့သည် တရုပ်လူမှုရေး ဝက်ဘ်ဆိုက်အမျိုးမျိုးကို သုံးကာ ဘလော့များ ပြုလုပ်ကြသည်။ အင်တာနက်သုံးစွဲသူ လူဦးရေ၏ ၆၆.၂ ရာခိုင်နှုန်း ဖြစ်သည့် ၃၀၃ သန်းတို့သည် မိုဘိုင်းဖုန်းများဖြင့် အင်တာနက် […]