nigimi77March 27, 20111min028
အမဲဂိုဏ်း (Traid) ကို တရုတ်လို ‘ဟတ်ဆယ်ဝေး’ ဟု ခေါ်၏။ ‘ဟတ်’ က အမဲ ဖြစ်ပြီး ‘ဆယ်ဝေး’ က အသင်းအဖွဲ့ဂိုဏ်း ဖြစ်သည်။  ဥပဒေ၏ ပြင်ပကနေ မကောင်းမှု မှန်သမျှဖြင့် စီးပွားရှာသည့် သာမန်ရာဇဝတ်ဂိုဏ်း မဟုတ်ပါ။ စနစ်တကျ ဖွဲ့စည်းထားပြီး အဖွဲ့ဝင် အင်အား သောင်းဂဏန်းများစွာ ရှိသည်။ တရုတ်ပြည်၌ အမဲဂိုဏ်းများသည် ရှေးယခင်က ဘုရင်ဧကရာဇ်၏ ဖိနှိပ်မှုကို တွန်းလှန်ရန် စတင် ဖွဲ့စည်းခဲ့သော်လည်း နောက်ပိုင်းတွင် မူလ ရည်ရွယ်ချက် ပျောက်သွားခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်၌ မော်စီတုံးအစိုးရ တက်လာပြီးသော် အမဲဂိုဏ်းများက ဟောင်ကောင်၊ မကာအို နှင့် တရုတ် (တိုင်ပေ)သို့ ပြောင်းရွှေ့ သွားခဲ့သည်။ ထို့နောက် ယင်းဒေသများရှိ […]