Zaw WonnaAugust 17, 20101min00
ယမန်နေ့က မလေးရှားနိုင်ငံ ဂျိုဟိုးဘာရူး ရှိ အီလက်ထရောနစ်ပစ္စည်း စက်ရုံတစ်ရုံတွင် လုပ်ဖော်ကိုင်ဖက် အလုပ်သမား တစ်ယောက် သေဆုံးမှုကြောင့် နိုင်ငံခြားသား အလုပ်သမား ၅၀၀ဝ ခန့် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။ မနက် ရ နာရီလောက် အလုပ်သမား ရပ်ကွက် အနီးတွင် ဖြစ်ပွားသော ဆန္ဒပြပွဲတွင် ဗီယက်နမ်၊ နီပေါ၊ အိန္ဒိယ၊ မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် လူမျိုး အလုပ်သမားများ ပါဝင်ခဲ့သည်။ ဆန္ဒပြသူများသည် တွေ့ရာပစ္စည်း များဖြင့် ပစ်ပေါက်ကြကာ အဓိကရုဏ်း အသွင် ဖြစ်ခဲ့သည်။ အလုပ်သမား သေဆုံးရခြင်းသည် အလုပ်ရှင်မှ ဆေးရုံတင် နောက်ကျသောကြောင့် ဖြစ်ကြောင်း ဆန္ဒပြသူများက ပြောကြသည်။ Federal Reserve Unit (FRU) နှင့် ရဲများ ရောက်ရှိလာသည် […]