erosJune 6, 20111min013
Eros(အယ်ရောစ့်) ဆိုသည်မှာ ကမ္ဘာဦးအစ ဒဏ္ဍာရီလာ အချစ် နှင့် အလှအပ နတ်ဘုရား ဖြစ်လေသည်။ ဖခင်ဖြစ်သူမှာ Ares စစ်နတ်ဘုရားဖြစ်ပြီး၊ မိခင်ဖြစ်သူမှာ Aphrodite အလှနတ်ဘုရားမဖြစ်လေသည်။ ကြင်ယာတော် မိဖုရားသည်ကား Psyche ဖြစ်ပြီး၊ သားတော်မှာ Hedone ဖြစ်သည်။ ရောမ ဒဏ္ဍာရီတွင်မူ Cupid ဖြစ်လေသည်။ သူ၏ သင်္ကေတများမှာကား လေး၊မြှား၊ ဖယောင်းတိုင်၊ အသည်းနှလုံး၊ မြှားနတ်မောင်၊ အတောင်ပံများ နှင့် အနမ်းများဖြစ်သည်။ ၎င်း၏ ဘုံဗိမာန်ကား အိုလံပတ် တောင်ဖြစ်လေသည်။