Zaw WonnaMarch 9, 20111min09
အမေရိကနိုင်ငံ ကာလီဖိုးနီးယားပြည်နယ် Redondo Beach တွင် သန်းပေါင်းများစွာသော ဆာဒင်းငါးနှင့် အခြားငါးငယ်များ သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ကျွမ်းကျင်သူများ အဆိုအရ အဆိုပါ ငါးများသည် ပင်လယ်အော်အတွင်းသို့ လမ်းကြောင်းမှား ဝင်ရောက် လာကြပြီးနောက် အောက်ဆီဂျင် ပြတ်လပ်ကာ သေဆုံးသွားရခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။ Redondo Beach ရှိ ရေပြင်တစ်ခုလုံးတွင် ငါးသေများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ရေထဲတွင် ငါးများကို သေဆုံးစေနိုင်သော အဆိပ် သို့မဟုတ် ရေနံယိုဖိတ်ခြင်းတို့ မရှိကြောင်း သိရသည်။ Ref: www.dailymail.co.uk