ဆူးSeptember 21, 20111min013
တနေ့က အသိတယောက် ဧရာဝတီတိုင်းဘက်က မိတ်ဆွေတယောက်ဆီက ကြားတဲ့ သတင်းကတော့ ၂လုံး ၃လုံး အသေအကြေ လိုက်ဖမ်းတော့ ဘင်ဂို ခေတ်ဖြစ်ကုန်ကြပြီ။ ညည ကစားရုံမှာ မအိပ်တန်းကို ကစားကြတာ တပွဲကို ၁၀၀ဝ နဲ့.. တညလုံး တချို့ဆို ၂သောင်း ၃သောင်း တညတည်းပြုတ်သွားကြတာပါပဲ။ ညည ကစားရုံတွေမှာ လူ ၅ဝလောက် ဆိုရင် တယောက် ၁၀၀ဝ နှုန်းနဲ့ ဆိုတော့ ၅သောင်း ကို နိုင်တဲ့ လူက ၄သောင်း၉ထောင် နဲ့ နံပါတ်ခေါ်တဲ့လူက ၁၀၀ဝ ယူပါတယ်။ တညလုံး အိပ်ရေးပျက်ခံ ကစားပြီး တပွဲမှ မနိုင်ရင်တော့ မရှိတဲ့ အထဲက မွဲနေကြအုန်းမှာပါပဲ။ လူတွေလည်း တမျိုးမဟုတ်တမျိုး ရှာကြံစွဲလန်းနေကြတာပဲ။