hmeeJuly 1, 20161min011
ကျွန်မတွင် တထွှာသာသာ နံသာရောင် ဘူးလေးတလုံး ရှိသည်။ သားနှင့် သမီးသည် သည်သေတ္တာလေးကို သိပ်စိတ်ဝင်စားကြသည်။ စိတ်ဝင်စားဆို သူတို့နှင့် သက်ဆိုင်သည်ကိုး။ လူဆိုသည်မှာ သူတပါးအကြောင်းထက် ကိုယ့်အကြောင်းကို ပိုစိတ်ဝင်စားသည့် သတ္တဝါဖြစ်သည်။ ဒါ့ကြောင့် သူတို့နှစ်ယောက် စိတ်ဝင်စားကြသည်။ အဲ့သည့်အထဲတွင် လက်ပတ်လေးနှစ်ခုအပြင် သူတို့ ဘဝနှင့်သက်ဆိုင်သော မှတ်တမ်းလေးတွေ ရှိနေသောကြောင့်ဖြစ်သည်။ သားနှင့်သမီးမွေးစတွင် မိခင်နာမည်၊ မွေးရက်၊မွေးချိန် ၊ ပေါင်ချိန်တို့ကို ရေးထားသော လက်ပတ်လေးတွေ တခုစီပတ်ထားသည်။ ဆေးရုံက ဆင်းသောအခါ ကျွန်မက အမှတ်တရ သိမ်းထားခဲ့သည်။ ယခု ကြီးပြင်းလာသောအခါ ထို လက်ပတ်ကလေးသည် အတော်သေးသေးလေး ဖြစ်နေ၍ နှစ်ယောက်သား အမြဲ အံ့ဩကြသည်။ သူတို့ရဲ့ ငယ်သွားလေးများနဲ့  ထူးထူးခြားခြား အဖြစ်အပျက်လေးများနဲ့ ကြီးပြင်းလာပုံ မှတ်တမ်းစာအုပ်လေးကို တွေ့တိုင်း […]


မြသည် အငြင်းသန်သည်။ ကိုယ်လိုတာ ရအောင် ဇွတ်ဆွဲပြောတတ်သည်။ မလိုချင်တာ ဆိုရင် “ဟင့်အင်း” ခေါင်းခါ တတ်ပြီး ကိုယ်လိုရာ ပုံသွင်းလွန်း၍ ဟိုးအရင်က “အာဏာရှင်” ဆန်သည်ဟုဝေဖန်ခံရလေ့ရှိသည်။ (ကိုယ်တာဝန်ခံလုပ်သည့် အလုပ် မအောင်မြင်ပါက ထို ရှုံးနိမ့်မှု ကို တာဝန်ယူတတ်မည် ဆိုပါက ဝေတိဝေဝါး ဟိုလိုလိုဒီလိုလို လုပ်၍မရမှန်း ကို တာဝန်ခံရဲသူတိုင်း သိပေလိမ့်မည်။ – ဤကား စကားချပ်) အသံ ကလဲ လော်မလိုအောင် ကျယ်သူတစ်ယောက်ပေတည်း။ မယုံပါက မြ အရင်ဘဝ နှင့် နီးစပ်သူများကို မေးကြည့်ပါကုန်။ ယခုလဲ စကားများ ကို ကျယ်လောင်စွာ ဆက်၍ပြောချင်ပါသည်။ မတေလ်ဒါ ဆိုသော အင်္ဂလိပ်ကလေး ပုံပြင်စာအုပ် ထဲကနေ နာမည်ကြီးလာတဲ့ LOUD  ဆိုသော […]


SawAungJune 30, 20161min09
ဒီနေ့ နံနက်စောစော တခြားသူဓာတ်ပုံနဲ့ လိမ်လည်သူတစ်ယောက်ကို သက်သေနဲ့ မိခဲ့တယ်။ အဲ့သည်သူကို ဘယ်လို အရေးယူရမလဲ အမျိုးတွေ ပြောကြပါဦး။ အောက်ကပုံတွေက သက်သေတွေပါ     လိမ်လည်သူ ကြောင်ကြီးအား မည်သို့ ပြုလုပ်ရမည်နည်း။


တောတွင်းပျော်ရဲ ့ တောင်ရောက် မြောက်ရောက် ခရီးသွားဓါတ်ပုံ မှတ်တမ်းတွေ တင်နေတာကနေ တလှဲ ့ ခရီးသွားလာရင်း မတော်တဆ ခလုတ်တိုက်မိပြီး နှိပ်မိတဲ ့ပုံတွေ ပြောင်းတင်ကြည် ့လိုက်အုံးမယ်။ ကျနော်တောတွင်းပျော်က ဓါတ်ပုံရိုက် ဝါသနာသာပါတာ .. ပညာနဲ ့ ပတ်သက်လို ့ကတော ့ ခလုတ်နှိပ်တတ်တာတစ်ခုပဲရှိတယ်။ အလင်းအမှောင် အသွေးအရောင်ဆိုတာလည်း နားလည်တာမဟုတ်။ ပုံတစ်ခုမှာ အဝါ အနီ အနက် မျှတမယ်ဆို ကြိုက်မိတော ့တာပဲ။ အစိမ်း အပြာ အဖြူ ပြေပြစ်တယ်ဆိုလည်း လှတယ်လို ့ လူပြိန်းအတွေးနဲ ့ လက်ခံမိတော ့တာ။ ရှုခင်းအလှပုံတွေကို ပြောပါတယ်။ အခုလည်း သွားရင်းလာရင်း ရိုက်မိခဲ ့သမျှထဲက စိတ်ထဲက ကြိုက်တဲ ့ပုံတွေ […]


သောက်တင်း တုပ်တာ မှုတ်ဖူး။ မြန်တြံ့စစ်တပ် သူ့ကိုယ်သူ ကြီးကြီးက ျယ်က ျယ် တပ်မဒေါ်လို့ ခ ျီးပခေါ်ပေမဲ့ ကြည်းတပ် အဓိက ဖွဲ့ထားတာဗ ျ။ စစ်သား သုံးသိန်းမက ရှိတယ် (အချို့လည်း ၄သိန်းတဲ့… မယုန်ပေါင်) ပြောတယ်၊ ရေတပ်နဲ့လေတပ် ၁၀% ပြည့်မည်မထင်။ ကြည်းတပ်ဆိုပြန်တော့ ခြေလ ျင်တပ်မတွေ အများစု ဖြစ်ပြန်ရော။ ခေတ်မှီ လာဘ်ရုံးတပ်ဖွဲ့ ယဉ်ယန်းဒရား၊ ဆက်သွယ်ရေး၊ ထောက်ပို့ အလွန်အားနည်းတယ်။ တပ်တွေ နေရာရွှေ့ပြောင်း စစ်ကစားဖို့ မော်တော်ယာဉ်တောင် ၈၈နောက်ပိုင်းမှ သစ်တွေခုတ်၊ တွင်းထွက်ရတနာတွေ တရုတ်ကားနဲ့ လဲလိုက်လို့။ တရုတ်စက်ဆိုတော့ တရက်စုတ်…. ပြင်လို့မနိုင်။ ဒီတော့ မြန်တြံ့စစ်တပ် ရှေ့တန်းထွက်ရင် ခြေက ျင်ခရီးနှင်ရတယ်၊ ၉၆၉၃မှတော့ မြေလူးပြီပေါ့ဗ ျာ…  


“ပုန်းနေတဲ့ အလှတရား ” ဘဝဆိုတာ အမြဲသာယာနေတာတော့မဟုတ်ဘူးလေ။ ချစ်ခြင်း မုန်းခြင်း ခြင်းပေါင်းများစွာနဲ့ ပွေလိမ်တုပ်။ ရှုပ်သလိုလိုနဲ့ ရှင်း။ ရှင်းသလို လို နဲ့ ရှုပ်။ မြုတ်ကွယ်နေတဲ့ အလှတရားကို မြင်အောင်ကြည့်နို်င်မှ စိတ်ချမ်းသာပါမယ်။     ကိုပေါက်လက်ဆောင်အတွေးစဉ် 28616  


ဗျတ်ဝိသားရွာနဲ ့ ကျောက်ပြားတောင် အကြောင်းဆက်လိုက်အုံးမယ်။ ကျောက်ပြားတောင်က ဗျတ်ဝိသားရွာအရှေ ့ဖက် သဲချောင်းကြီးကိုကျော်ပြီး မိုင်ဝက်လောက်အကွာမှာ ရှိတဲ ့ ပင်လယ်ရေမျက်နှာပြင် ၇၀ဝ လောက်မြင် ့တဲ ့တောင်ကုန်းတန်းရှည်တစ်ခုပါ။ သဲချောင်းကြီးလို ့ခေါ်ကြပေမယ် ့ တစ်နွေလုံးရေမပြတ်တဲ ့ ကျောက်ချောင်းကြီးပါ။ ကျောက်ပြားတောင်ပေါ်မှာ ကျောက်တုံးကြီးတွေ တစ်လုံးပေါ် တစ်လုံးဆင် ့ပြီးတည်နေတာ ထူးထူးခြားခြားတွေ ့ရပါတယ်။ မြန်မာပြည်က ကျော်ကြားတဲ ့ ကျိုက်ထီးရိုးကျောက်တုံးလိုမျိုး .. ဒီမှာက နယ်မြေ ဧရိယာကျဉ်းကျဉ်းမှာ ဒီလိုကျောက်တုံးကြီးတွေ သဘာဝအတိုင်း ဆင် ့နေတာ ၃ ခု တွေ ့ခဲ ့တယ်။ ဒေသခံတွေ အဆိုအရ စစ်ကြီးမတိုင်ခင်က ဒီနေရာတွေမှာ ဘုရားတွေတည်ခဲ ့ကြပြီး စည်ကားခဲ ့ပုံ ရတယ်။ […]


SawAungJune 27, 20161min021
ပရိုဂရမ်အသစ်လေးလုပ်မို့ ကြိုးစားနေတာ အခု လုပ်မယ့်ပရိုဂရမ်ကို နမူနာရိုက်ပြီး သွားပြတာ စပွန်ဆာရလာခဲ့ပြီ။ အပြင်မှာတင် မဟုတ်ဘူး တီဗွီပေါ်မှာပါ ဟင်းတွေချက်ပြတော့မယ်။ ပရိုဂရမ်လေးနာမည်က Anyone Can Cook (လူတိုင်းချက်နိုင်တယ်) လို့ နာမည်ပေးထားတယ်။ ချက်ပြုတ်တာနဲ့ပတ်သက်ပြီး အကူအညီပေးပါဦးနော်။   လေးစားစွာဖြင့်ေ အောင်မိုးသူ


SawAungJune 27, 20162min05
လောလောလတ်လတ် 2016 မှာ ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ Music နဲ့ အက တွေကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားတွေကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်သလို အခြားရုပ်ရှင် ဝါသနာအိုးတွေ အတွက်လည်း ဒီဇာတ်ကားဟာ ကြည့်ရတာ တန်မယ့်ဇာတ်ကားပါ။   Ruby: Ruby ဆိုတဲ့ ကောင်မလေး အနုပညာကျောင်းမှာ စကောလားရှစ်ရထားတဲ့ သူတစ်ယောက်ပါ။ သူက ဘဲလေးအကက ရာမှာ သိပ်ကိုကျွမ်းကျင်ပါတယ်။ စကောလားရှစ်ကျောင်းသူမို့ သူများတွေထက် ပိုကြိုးစားရပါတယ်။ ကျောင်း စစတက်ချင်း မှာပဲ သူ့ရဲ့ အခန်းဖော်ဟာလည်း ဘဲလေးအကကပြီး စကောလားရှစ်ရထားတဲ့ ကျောင်းသူမို့ ပထမဆုံးရက်မှာပဲ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ပါတယ်။ Jonnie: ဗြိသျှိကလာတဲ့ ဗြိသျှိလူမျိုးလူငယ်လေးပါ။ အမေရိကားမှာ နေထိုင်ခွင်းရဖို့ ကြိုးစားရင် သူ့အဖိုးပေးထားတဲ့ တယောလေးနဲ့ လမ်းမထက်မှာတယောတီးပြရင်း ပိုက်ဆံရှာတဲ့ […]


မိုးကျလာလို ့ ခရီးအသွားအလာပါးသွားတော ့ … တနွေတွင်းလုံး ဆိုင်ကယ်တစ်စီးနဲ ့ သွားလာခဲ ့တဲ ့နေရာတွေက ရိုက်ထားခဲ ့သမျှတွေ ပြန်တင်မယ် ဗျာနော်။ တစ်ချို ့နေရာတွေက စိတ်ဝင်စားစရာကောင်းတဲ ့ ဒေသတွေဖြစ်ပြီး လူသူအသွားနည်းတဲ ့ အရောက် နည်းတဲ ့ နေရာတွေဖြစ်လိမ် ့မယ်ထင်တယ်။ ပုံတွေကတော ့ taw twin pyaw facebookမှာတင်ခဲ ့ပြီးသားပုံတွေပါ။