အားလုံးအပြီးမှာတော့ ဒုတိယမြောက်ဧကရာဇ်မင်းမြတ်ဟာ သူ့မာမီကုန်းကုန်းကြီးကို ခေါ်တိုင်ပင်ပါတယ်။ “လူ့သက်တမ်းဆိုတာ အင်မတန် တိုတောင်းလှပါပေရဲ့။ အခုလို နန်းစည်းစိမ်ကလေး ခံစားခွင့်ရသခိုက် အာရုံငါးပါးစလုံး တစ်ခုမှ မကျန်အောင် အရသာခံစားလိုလှတယ်။ ဘယ်လိုသဘောရသလဲ ကုန်းကုန်း။” ဆိုတော့ “ပျော်လိုက်စမ်း။ ကဲလိုက်စမ်း။ အမေကြေနပ်တယ် ဟေ့။ အမေ ကြေနပ်တယ် သား။ ဒါမျိုးဆိုတာ ခပ်ချာချာ ပရမ်းပတာကောင်တွေ ဘယ်တွေးတတ်မှာတုန်း။ ရှိတ် ရှိတ် ရှိတ် ရှိတ်ကြစို့ဟေ့။” တွေ ဖြစ်ကုန်ရော။ (ဆဋ္ဌမမြောက်အာရုံပါ ခံစားတတ်အောင် သင်ပေးမပေးတော့ စာအုပ်ထဲမပါလို့ ပြောတတ်ပါဘူး။ ဒီမာမီကြီး ကြည့်ရတာ လွယ်ဘူး လွယ်ဘူး)။ “ဒါပေမယ့် ကုန်းကုန်းရယ် တချို့မူးမတ်တွေကို ကြည့်ရတာ ဂျစ်ကန်ကန်နဲ့ နားခံမနာဘူးဗျ။ သူတို့ ရာထူးကြီးတွေကြောင့်သာ အောင့်ထားရတယ်။ အဲဒါ ဘယ့်နှယ်လုပ်ကြမတုန်း။” (ဒီလိုအကွက်မျိုးရဖို့ […]