ချစ်သူ နင် တစ်ခါလောက် ငါ့အတွက်ဆိုပြီး စဉ်းစားပေးကြည့်ဖူးလား တစ်ခါတလေ နင် မကျူးလွန်ပါဘူးပြောနေပေမဲ့ ငါ့ရင်နာလောက်တဲ့စကားလုံးတွေ ထွက်ကျဖူးတာရော နင် သတိမထားမိဘူးလား ဟာ ့ ့နင် ထင်သလိုဖြစ်ပြီးပျက် အခုတွေ့အခုချစ်ဇတ်လမ်းမျိုးမဟုတ်ဘူးနော် ဒီရင်ဘက်နဲ့ရင်းပြီး နှလုံးသားတစ်စုံကြောင့် ချစ်ခဲ့မိတာပါ။ နင့် ကို ချစ်မိလို့ဒီလောက်ခံစားရမယ်သိခဲ့ရင် ငါ့ နှလုံးသားကတိုးထွက်လာတဲ့ ဒီသံယောဇဉ်ကို ငါ့ မာန နဲ့ရအောင်စတေးပြစ်ပါတယ်။ ဖြစ်ပြီးရင်ပျက်တက်တဲ့ အချစ်ဆိုရင် အသည်းကွဲဇတ်လမ်းတောင် ငါ မကြည့်ခဲ့ဖူး..။ ငါ တို့နှစ်ယောက် အနာဂတ် ဘယ်လိုဖြတ်သန်းရမယ် ဘယ်လိုရှေ့ဆက်ရမယ် ငါ နင့် အပေါ်ဘယ်လိုဂရုစိုက်ရမယ် အဲ့လိုပဲ ငါ တစ်ယောက်ထဲတွေးနေတက်တာပါ။ ့ ့ဒါပေမဲ့ အချစ်က ငါ ထင်သလိုမချိုမြိန်ဘူး အဝင်ချိုးပြီး ရောက်ရှိလာတာနဲ့ မူးဝေ တက်စေတဲ့ ဝိုင်.တစ်ခွက်လိုပဲ […]

