အလှူအတန်း ဝါသနာပါသူများအား ဖိတ်ခေါ်ပါသည်။ ကျနော်မြန်မာပြည်ရောက်တော့ တပ်ထဲကိုသွားလည်ပါတယ်။ တပ်ထဲမှာ ရဲဘော်တွေအတွက် စာကြည့်တိုက်ရှိပါတယ်။ ဒါပေမဲ့ ကွန်ပြူတာနဲ ့အင်တာနက်မရှိပါ။ အကယ်၍သာ တပ်တိုင်းက စာကြည့်တိုက်တွေမှာ ကွန်ပြူတာနဲ ့အင်တာနက်သာ တပ်ပေးလိုက်ရင် အောက်ခြေက ရဲဘော်တွေ ပြင်ပဗဟုသုတ တိုးလာနိုင်တယ်။ နောက်ပြီး ပြင်ပက အရပ်သားတွေနဲ ့ထိတွေ ့ဆက်ဆံလာနိုင်ပြီး အပြန်အလှန်နားလည်မှု ့ရနိုင်မယ်လို ့ယုံကြည်ပါတယ်။ အထူးသဖြင့် သူတို ့မသိတာတွေ သိလာနိုင်ပါတယ်။ ဒီလိုစဉ်းစားချက်မျိူးနဲ ့တပ်ထဲမှာ တီးခေါက်ကြည့်တော့ စစ်သားတိုင်းက အလိုရှိသလို အရာရှိတွေလည်း သဘောတူပါတယ်။ တပ်ရင်းစာကြည့်တိုက်မှာ ကွန်ပြူတာ နှစ်လုံးလောက် ဆင်ချင်ပါတယ်။ ကွန်ပြူတာအခြေခံကို သင်ပေးချင်ပါတယ်။ ဒါမှ သူတို ့သုံးတက်လိမ့်မယ်။ လိုအပ်မဲ့ငွေကြေးနဲ ့သင်ပေးနိုင်မဲ့လူတွေလိုပါတယ်။ စိတ်ပါဝင်စားသူများ ကျနော့်ကို ဆက်သွယ်ပါ။ အီးမေးနဲ […]
