စာထဲပါတဲ့ သမိုင်းကြောင်း ပုံတိုပတ်စလေးတစ်ခုပါ ဟိုးးး…..လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကပေါ့ ခု နှစ်အတိကျ ပြောရလောက်အောင် ပညာရှင်မဟုတ်သလို အဲ့သည်ခေတ်တုန်း ကျုပ်လည်း ငုတ်တုတ် ထိုင်ကျိမနေခဲ့ဘူး ဆိုတော့ကာ အတိကျတော့ ပြောနိုင်ဘူး။ ယနေ့ပညာတတ်များကတော့ ငုတ်တုတ်ထိုင်ကြည့်ခဲ့ဘူးသလိုတောင်သိကြပါတယ်။ လိင်ဗျံလည်းမရှိ မော်တော်ကားလည်းမရှိ သဘောင်္လည်းမရှိသေးတဲ့ခေတ်လို့ ဆိုရမလားဘဲ ဒီခေတ်လို မိုးပေါ်မှာ သွားခြင်ရင်တော့ ဈာန် တန်ခိုးအဘိညဉ်တွေနဲ့ ပျံကြသပေါ့ ဈာန်မရှိ တန်ခိုးအဘိညဉ်မရှိဘဲ အပေါ်မှာပျံခြင်ရင်တော့ ထန်းပင်မြင့်မြင့်ပေါ်တက်ပြီး ရွှေဘ ပလိုက်ဒိုင်ဘင်ပေါ့ ( အောက်ရောက်လို့ ဘေးကျိုးသွားရင်တော့ ဒေါက်တာနဲ့ ကု ပျောက်ရင်ပျောက် မပျောက်ရင်တော့ ဘုန်းကြီးစား ပေါ့ ) နွားလှည်း မြင်းလှည်းခေတ် လှေ သဗ္ဗာန်ခေတ် ( လှေတွေကို အကောင်ကြီးကြီးဆောက်ထားရင် သင်္ဘောခေါ်ခြင်ခေါ်ကြပေမပေါ့ ) လက်ပတ်နာရီလည်းရှိပုံမရပါဘူး။ […]
