Hlaing Zar ChiOctober 19, 20131min00
မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမြေအတွင်း အမျိုးသမီးတစ်ဦးကိုယ့်ကိုကိုယ်ကြိုးဆွဲချသေဆုံးမှု အောက်တိုဘာ(၁၈)ရက်နေ့ နံနက်(၁၀)နာရီ(၃၀)မိနစ်ချိန်ကဖြစ်ပွားကြောင်းသတင်းရရှိသည်။ ထန်းကိုင်းရေနံမြေသို့အလုပ်လုပ်ရန် ဦးဇော်ဝင်း၏ညီမဖြစ်သူ မဝင်းဌေး၊အသက်(၃၉)နှစ်၊ ပြင်စလူမြို့နယ် ဧရာဝတီတိုင်းဒေသကြီးနေထိုင်သူဖြစ်ကြောင်းသိရှိရသည်။ သက်ဆိုင်ရာ ထန်းကိုင်း ရေနံမြေလုံခြုံရေး ဒုရဲအုပ် မင်းသူအောင် နှင့်အဖွဲ့ အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးရာ သေဆုံးသူ မဝင်းဌေးသည် ထန်းကိုင်းရေနံမြေ ရှိ ဦးညိုကြီး၏ ယာတဲအတွင်းထုတ်တန်းတွင် အရှည်(၅)ပေ၊ လုံးပတ် တစ်မတ်လုံးခန့်ရှိ နှစ်ပင်လိမ်ချည်ကြိုး ဖြင့် လည်ပင်းတွင် ညိုမဲပွန်းပဲ့ဒဏ်ရာရရှိလျှက် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အဆိုပါမိန်းကလေးသေဆုံးမှုနှင့်ပက် သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိရန် မင်းလှမြို့နယ်၊ မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်  ၁၃/၂၀၁၃ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။


best soundOctober 19, 20131min00
သူများစီးပွါး / အိုးအိမ်ကို ဖျက်စီးတဲ့ကောင်တွေကျတော့ လက်ထိပ်မလိုလား တရားခံကို လက်ထိပ်ခတ်ပိုင်ခွင့် ဥပဒေမရှိသော နိုင်ငံပြပါဆိုလျှင် မြန်မာနိုင်ငံကို ပြရပေမည် သို့ပါသောကြောင့် သမ္မတအမိန့်စောက်ဂရု စိုက်ရန်မလိုဟု ပြလိုက်ေိသာ RNDP နှင့် ၉၆၉ များသတ္တိကို ချီးကျူးရပေမည်လား ထို့ကြောင့် သိန်းစိန်နေရာအား RNDP မှအေးမောင်ကို အုပ်ချုပ်ခွင့်ပြုလိုက်ရန်အတွက် ပြည်သူတွေမှ မဲဆန္ဒပေးလိုက်ကြရန်သဘောတူလိုက်ပေါ့ အောက်လက်ငယ်သားများ နိုငငံဝန်ထမ်းများအား လည်း အိမ်တအိမ်တွင် မိဘအုပ်ထိန်းသူကို မကြောက်လျှင် လုပ်ချင်တိုင်လုပ်နေချင်တိုင်နေကြသည့် သား/သမီးများသဖွယ် ယခုမြန်မာနိုင်ငံ အစိုးရမှာလည်း ထိုအတိုင်ဖြစ်နေပါပြီ ဒါကြောင့် – – – ရှေ့လျှောက် အစ္စလာမ်များ သတိရှိကြရန် ==


Hlaing Zar ChiOctober 18, 20131min00
တောင်တွင်းကြီးမြို့နယ်၊ဆတ်သွားကျေးရွာနေ အသက်(၁၂)နှစ်အရွယ် သတ္တမတန်းကျောင်းသူသည် အောက်တိုဘာ (၁၇)ရက်နေ့တွင်  တောင်တွင်းကြီးမြို့နယ်ကျောင်းပေါင်းစုံကိုယ်စားပြု အမျိုးသမီးဘောလုံးအသင်းဝင်အဖြစ် အောက်တိုဘာ (၄) ရက်နေ့မှ(၇)ရက်နေ့အထိပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မကွေးမြို့သို့သွားရောက်ခဲ့ရာ အောက်တိုဘာ(၆)ရက်နေ့ည(၉) နာရီချိန်ခန့်တွင် ထိုမိန်းကလေး ခေတ္တတည်းခိုနေထိုင်သည့် မကွေးမြို့ အခြေခံမူလတန်းကျောင်းသို့  ဘောလုံးအသင်းအုပ်ချုပ်သူ  အလယ်တန်းပြကျောင်းဆရာ ဆတ်သွားမြို့နေသူမှ မိန်းကလေးငယ်အားလှမ်းခေါ်ခဲ့သဖြင့် အဆောင်အောက်သို့ဆင်းခဲ့ရာ ဆရာမှ ကျောင်းသူမိခင်ရောက်ရှိနေသည်ဆိုပြီးလိမ်ပြောပြီး ဆိုင်ကယ်ဖြင့် မြသလွန် ဘုရားပွဲတော်သို့ခေါ် ဆောင်ခဲ့ပြီး ဘုရားဖူး ပြီးအပြန်လမ်းလျောက်လာစဉ် အမျိူးသမီးငယ်၏ ရင်သားအား ကိုင်ကြောင်း၊ ဟိုတယ်ခေါ်သွားချင်တယ် ပြောကြောင်း၊ဆိုင်ကယ် ဖြင့် အပြန်အမှောင်လမ်းကြား တစ်ခုသို့ အရောက်တွင် ဆိုင်ကယ်အားရပ်ပြီး မိန်းကလေးငယ်၏ဘောင်းဘီ အားဆွဲချွတ်ခဲ့စဉ် အခြားဆိုင်ကယ်မီးရောင်ကြောင့် ဘောင်းဘီအား ပြန်ဝတ်ပြေးခဲ့ကြောင်း၊ မိန်းကလေး တည်းခိုသည့် ကျောင်းသို့ ည(၁၁)နာရီချိန်ပြန်ပို့ပြီး မိန်းကလေးငယ်အား မည်သူမျှမပြောရန် အဆိုပါ ကျောင်းဆရာမှပြောကြားခဲ့သဖြင့် အဆိုပါမိန်းကလေးမှ […]


Thiha Phone MoOctober 17, 20131min00
ဇလွန်မြို့၊မေရီလမ်းရွာနေ မသန်မစွမ်းရဲဘော်ဟောင်း ဦးကြည်ဝင်း အသက်(၄၅)နှစ်သည် (၂၇)ကြိမ်မြောက်ဆီးဂိမ်းအ ကြိုအားကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်ကိုယ်တော်တာဝေးစက်ဘီးစီးနင်းခြင်းကို အောက်တိုဘာ(၁၁)ရက်နေ့မှစတင်ပြီး ဇလွန်မြို့မှ ဟင်္သာတ ဟင်္သာတမှ မုံရွာ-ပုသိမ်လမ်းအတိုင်းစီးနင်းလာခဲ့ရာ မကွေးမြို့သို့ဧရာဝတီတံတားမှတစ်ဆင့် အောက်တို ဘာ(၁၄)ရက်နေ့နေလည်(၁)နာရီရောက်ရှိကာ မကွေးတွင်ရောက်ရှိတည်းခိုပြီး အောက်တိုဘာ(၁၅)ရက်နေ့နံနက်တွင်မကွေးမှ ကျောက်ပန်းတောင် -ကျောက်ပန်းတောင်းမှ-မြင်းခြံ မြင်းခြံမှမန္တလေး မန္တလေးမှနေပြည်တော် နေပြည်တော်မှပဲခူး ပဲခူးမှရန်ကုန် မြို့သို့အဆင့်ဖြတ်သန်းစီးနင်းသွားမည်ဖြစ်ကြောင်း စက်ဘီးစီးနင်းသူ ဦးကြည်ဝင်းမှပြောကြားသည်။


Thiha Phone MoOctober 17, 20131min00
ပခုက္ကူမြို့ ၊ အထက(၁)နှင့် အထက(၂)ကျောင်းတို့တွင် အောက်တိုဘာ(၁၅)ရက်နေ့နံနက်(၈)နာရီ(၃၀)မိနစ်ချိန်က အသက်မပြည့်သေးသောကလေးငယ်များအဓမ္မပြုကျင့်မခံရစေရေးနှင့်                         ယာဉ်/လမ်း စည်းကမ်းအသိပညာပေးဟောပြောပွဲကျင်း ပပြုလုပ်ခဲ့ကြောင်းအစီအစဉ်အရ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူး သန်းစိုး၊ ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူး ဌေးအောင် နှင့်                                            ပခုက္ကူ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်နိုင်မိုးတို့မှအသီးသီးဟောပြောခဲ့ကြကြောင်း ဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ညိုမြင့်၊အထက(၁)ကျောင်းအုပ်ဆရာမကြီး                              ဒေါ်အေးအေးနိုင်၊ အထက(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းရီ နှင့် ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူစုစုပေါင်းအင်အား(၁၄၀၀)ကျော်တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


Hlaing Zar ChiOctober 17, 20131min00
တောင်တွင်းကြီးမြို့နယ်၊ ဆည်ကြီးရွာနေ အသက်(၄၈)ရှိ အမျိုးသမီးသည် အောက်တိုဘာ(၁၅)ရက်နေ့နေ့လည်(၁)နာရီ ချိန်ကနေအိမ်၌ ထမင်းစားနေစဉ် ညီမဖြစ်သူရောက်ရှိလာပြီး တစ်ရွာတည်းနေ မောင်ဖြစ်သူ မိုးကျော်ဦးအား ယောက္ခမတော် သူ ဦးဖိုးလှ အသက်(၆၀)နှစ်မှ ဓါးဖြင့်ခုတ် တုတ်ဖြင့်ရိုက်သဖြင့်လဲကျနေကြောင်းပြောပြသိရှိရသဖြင့် ဒေသခံရာအိမ်မှူး ဦးကျော်စိုးမိုး နှင့်အတူသွားရောက်ကြည်ရှုရာ မိုးကျော်ဦး မှာ ဦးဖိုးလှ၏နေအိမ်လှေကားတွင်လဲကျနေသည်ကိုတွေ့ရှိရပြီး ဦးခေါင်းဝဲဘက်ဂျို စောင်း(၄)လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ညာလက်မောင်းညိုမဲဒဏ်ရာ၊ညာပခုံးညိုမဲဒဏ်ရာ၊ညာနားအတွင်းသွေးထွက်ဒဏ်ရာ၊ညာ လက်သန်းနှင့်လက်ခလယ်ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိတွေ့ရှိခဲ့ကြောင်း မိုးကျော်ဦးမှာ၎င်းနှင့်ကွဲကွာနေသည့် ဇနီးဖြစ်သူအား သွားရောက်ခေါ်ယူစဉ် ယောက္ခဖြစ်သူ ဦးဖိုးလှနှင့်စကားများရန်ဖြစ်၍ ဦးဖိုးလှမှဓါးဖြင့်ခုတ် တိုတ်ဖြင့်ရိုက်ကြောင်းပြောပြသိရှိရသ ဖြင့် ဦးဖိုးလှအား အရေးယူပေးရန် မဌေးမြင့် မှတိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့နယ်၊ဆတ်သွားနယ်မြေရဲစခန်း မှ (ပ)၁၂၄/၁၃၊ ပုဒ်မ ၃၂၅ / ၃၂၆ ဖြင့်အမှုဖွင့်ထားကြောင်းသက်ဆိုင်ရာရဲမှတ်တမ်းအရသိရသည်။


Hlaing Zar ChiOctober 17, 20131min00
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၁၉)နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသည့်အမျိုးသမီးအား အမျိုးသားတစ်ဦးမှအလိုမတူဘဲ သားမယားပြုကျင့်မှု အောက်တိုဘာ(၁၆)ရက်နေ့ကဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ အဆိုပါနေ့ညနေ(၅)နာရီချိန်က ပွင့်ဖြူမြို့နယ်နေသူ ကျော်လှိုင်သည် သမင်ခြံကျေးရွာမြောက်ဘက်ရှိ ဘောလီဘော ကွင်း၌ရောက်ရှိနေစဉ် စိတ်ကျန်းမာရေးမကောင်းသည့်ညီမဖြစ်သူအား လူတစ်ယောက်မှ သင်္ချ ိင်းအတွင်းသို့ဆွဲခေါ်သွား ကြောင်း တစ်ရွာတည်းနေ ကိုစန်းဦးမှပြောပြသိရှိရသဖြင့် တစ်ရွာတည်းနေ ကိုကျော်ဝင်း၊ကိုပေတူးတို့နှင့်အတူလိုက်လံရှာဖွေ ခဲ့ရာ သမင်ခြံကျေးရွာ သင်္ချ ိုင်းအတွင်းရှိ အုတ်ဂူဘေးတွင် ညီမဖြစ်သူအား ဘိုအေး အသက်(၄၀)နှစ် ပွင့်ဖြူမြို့နယ်နေသူမှ သားမယားအဖြစ်ပြုကျင့်နေသည်ကိုတွေ့ရှိရသဖြင့် စိတ်ကျန်းမာရေးမကောင်းသည့်ညီမဖြစ်သူအား သားမယားပြုကျင့်ခဲ့သူ ဘိုအေး အားအရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် သက်ဆိုင်ရာ လယ်ကိုင်းနယ်မြေရဲစခန်းမှ (ပ)၄၄/၂၀၁၃ ၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရှိရသည်။


oapsoe kyiOctober 17, 20131min00
မှိုတစ်ပွင့်မှမပွင့်တဲ့အရပ်ဒေသမှာ မိုးတစ်ရာသီကုန်သွားပြီ နေရောင်ခြည်ရဲ့ အလိုတော်အတိုင်းဘဲလေ ရေအိုင်တစ်ခုလိုနေထိုင်ခွင့်လေးပါဘဲ ရွှေငါးတွေက ဟိုး အစကတဲက မရှိခဲ့တာမဟုတ်လား သံလိုက်အိမ်မြှောင်ကို နှိုးစက်ပိတ်လိုက်တယ် စစ်ထားတဲ့ရေနဲ့ စစ်ထားတဲ့ အမှိုက်တွေကြား ကွဲနေတဲ့ ဖန်ခွက်တစ်လုံးရဲ့ရာဇဝင်အရ… အဲ့ဒီတိတ်ခွေဟာ အဲ့ဒီအခန်းမှာ ဇာတ်သိမ်းခဲ့ပါတယ် ။ (အုပ်စိုးကြီး)  


myohtatOctober 17, 20131min00
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့လေးက ဖြစ်ရပ်မှန် တစ်ခုပါ … ကြာတော့ကြာခဲ့ပါပြီ …. တစ်ခါက … ပြွန်တန်ဆာမြို့လေးမှာ … နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ကြမယ်ဆိုပြီး … ဂေါပကဖွဲ့ကြပါတယ် … ဘုရားတစ်ဆူကို … (၄၀၀ဝိ/)ကျပ်လေးထောင်နှုံးနဲ့ပူဇော်နိုင်ကြောင်း ဓါတ်စက်ကနေပြီးကြေငြာပါတယ် … စာရေးတင်ပြသူ မိတ်ဆွေရဲ့မိသားစုက လမ်းလျှောက်ထွက်လာရင်းကြုံကြိုက်တဲ့အတွက်ကြောင့် .. ငွေ-(၄၀၀ဝိ/)ကျပ်လေးထောင်နဲ့ ဘုရားတစ်ဆူလှူလိုက်ပါတယ် … သူတို့ဘုရားလှူတဲ့အချိန်မှာ …ဂေါပကလုပ်စားတဲ့လူတွေက နှစ်ဆယ့်ရှစ်ဆူမှာ … (၁၃-ဆူ)တစ်ဆယ့်သုံးဆူသာကျန်တော့ကြောင်း … နှစ်ဆယ့်ရှစ်ဆူပြည့် သွားပါက …ဆက်ပြီးလှူ ၍ မရနိုင်တော့ကြောင်း ဓါတ်စက်ကနေပြီးကြေငြာနေပါတယ် … အဲဒီအချိန်အခါက … ငွေ(၄၀၀ဝိ/)ကျပ်လေးထောင်ဟာ … စာရေးသူမိတ်ဆွေမိသားစုအတွက် အင်မတန်မှ တန်ဘိုးရှိပါတယ် .. သူတို့မိသားစုက အလွန်ဆင်းရဲကြပါတယ် … အိုးပိုင်အိမ်ပိုင် မရှိကြပါဘူး … […]


myohtatOctober 16, 20131min00
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့လေးက ဖြစ်ရပ်မှန် တစ်ခုပါ … ကြာတော့ကြာခဲ့ပါပြီ …. တစ်ခါက … ပြွန်တန်ဆာမြို့လေးမှာ … နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ကြမယ်ဆိုပြီး … ဂေါပကဖွဲ့ကြပါတယ် … ဘုရားတစ်ဆူကို … (၄၀၀ဝိ/)ကျပ်လေးထောင်နှုံးနဲ့ပူဇော်နိုင်ကြောင်း ဓါတ်စက်ကနေပြီးကြေငြာပါတယ် … စာရေးတင်ပြသူ မိတ်ဆွေရဲ့မိသားစုက လမ်းလျှောက်ထွက်လာရင်းကြုံကြိုက်တဲ့အတွက်ကြောင့် .. ငွေ-(၄၀၀ဝိ/)ကျပ်လေးထောင်နဲ့ ဘုရားတစ်ဆူလှူလိုက်ပါတယ် … သူတို့ဘုရားလှူတဲ့အချိန်မှာ …ဂေါပကလုပ်စားတဲ့လူတွေက နှစ်ဆယ့်ရှစ်ဆူမှာ … (၁၃-ဆူ)တစ်ဆယ့်သုံးဆူသာကျန်တော့ကြောင်း … နှစ်ဆယ့်ရှစ်ဆူပြည့် သွားပါက …ဆက်ပြီးလှူ ၍ မရနိုင်တော့ကြောင်း ဓါတ်စက်ကနေပြီးကြေငြာနေပါတယ် … အဲဒီအချိန်အခါက … ငွေ(၄၀၀ဝိ/)ကျပ်လေးထောင်ဟာ … စာရေးသူမိတ်ဆွေမိသားစုအတွက် အင်မတန်မှ တန်ဘိုးရှိပါတယ် .. သူတို့မိသားစုက အလွန်ဆင်းရဲကြပါတယ် … အိုးပိုင်အိမ်ပိုင် မရှိကြပါဘူး … […]


nicolus agralOctober 16, 20131min03
သီတင်းဝါလကျွတ်တော့မှပဲ ကိုယ့်ဆီကလူတွေမလည်း ဟိုဘက်ကမ်းကမီးထိန်ထိန်၊ သည်ဘက်ကမ်းကမီးထိန်ထိန်၊ တထိန်ထိန်တောက်အောင် ရှို့တဲ့သူကရှို့၊ တအုန်းအုန်းမြည်အောင် ဗျောက်အိုးဖောက် ပေသီးထုတဲ့သူကထုဆိုတော့ မသိသားဆိုးရွားလှတဲ့ကောင်တွေ သည်ရထားပေါ်တက်ရင် ဘယ်ဘူတာရောက်မလဲဆိုတဲ့အကြောင်း ပြောပြချင်လာပါတယ်။ တိုက်တိုက်ရယ်မှဆိုင်ဆိုင် အခုရက်ပိုင်း သွားလေ့လာဖြစ်တဲ့နေရာက ဟီရိုရှီးမားမြို့ကလေး ဖြစ်နေတယ်။ ကမာ္ဘပေါ်မှာ ပညာသင်ကြားဖူးတဲ့ကလေးတွေမှန်သမျှ အဲဒီမြို့ကလေးနံမယ်ကို မသိတဲ့သူ မရှိဘူး။ ကျောင်းသင်ခန်းစာတိုင်းမှာ ပါတယ်လေ။ သူတို့ဆီက ပြတိုက်ထဲမှာ ကိုယ်တို့ မြန်မာပြည်က ဆဋ္ဌမတန်း မြန်မာ့သမိုင်းဖတ်စာကလေးတောင် တွေ့ခဲ့မိသေးတယ်။ အဲဒီအထဲမှာလည်း ဟီရိုရှီးမား နဲ့ နာဂါဆာကီအကြောင်းပါတယ် မဟုတ်လား။ ကမာ္ဘပေါ်မှာ ဗုံးရယ်လို့ပြောလိုက်ရင် သူ့ထက်ကြောက်စရာကောင်းတာတောင် သူ့လောက် ကြောက်စရာ မကောင်းဘူးလို့ ပြောရမယ့် အနုမြူဗုံးတွေ ပေါက်ကွဲခဲ့တဲ့နေရာပေါ့။ သူတို့နိုင်ငံတွေကတော့ “Atomic Bomb” လို့ခေါ်ကြတယ်။ အဲဒီမြို့ကလေးနှစ်မြို့အကြောင်းကိုပြောမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၇ဝ နီးပါးဖြစ်တဲ့ ဒုတိယကမာ္ဘစစ်ကာလကို […]


Thiha Phone MoOctober 16, 20131min00
 မဟာသက္ကရာဇ် (၁၂၃) ခုနှစ်တွင် သဗညုတဘုရားသခင်သည် ရဟန္တာငါးရာခြံရံလျှက်သုနာပရန္တတိုင်း၊ လယ်ကိုင်းအရပ်တွင် စူဠပုဏသူကြွယ်လှူအပ်သော စန္ဒကူးနံ့သာကျောင်းတော်ကို              အလှူခံတော်မူ၍ ခုနှစ်ရက်ပတ်လုံးသီတင်းသုံးတော်မူခဲ့သည်။ထိုမှတဖန်ဆားပွက်တောင်ည်ိုတိုခြံရံအပ်သော ကောလာသဘစက္ကိန်းတဲ တောင်ထိပ်တွင် ရှေးနောင်တာ်ဘုရားများကဲ့သို့ သီတင်းသုံးတော်မူသည်။သိကြားမင်းသည် မြသားအတိပြီး သော သလွန်တော်ကို မြတ်စွာဘုရားထံသို့ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။           ထိုအခါ ဧရာဝတီမြစ်အရှေ့ဘက် တောအုပ်၌နေထိုင်သော ဘောသော၊ဘော်ကျော်၊ဘောသူရ၊ ဘောရသ၊ညီအစ်ကိုလေးဦးသည် နှမငယ် ယက္ခသာဂီ၊ယက္ခဒါလီတို့အား မပြောဘဲ ကြစုသီး၊ဖန်ခါးသီးများဖြင့် မြတ်စွာဘုရားသခင်အား လှူဒါန်းပူဇော်ကြသည်။မြတ်စွာဘုရားသခင်က ဘီလူးညီနောင်တို့အား မြသားသလွန် တော်ကို ပေးအပ်တော်မူခဲ့သည်။ဘီလူးညီနောင်တို့သည် မိမိတို့နေထိုင်ရာ တောအုပ်တွင် သလွန်တော်ကို ဌာပနာ၍ မြစေတီ ကို တည်ထားကိုးကွယ်ရာ သိကြားမင်းက မြတ်စွာဘုရား မှတ်သားခပ်နှိပ် ဗျာဒိတ်တော်နှင့် မညီသဖြင့် စေတီတော်ကို ဖြိုဖျက်ကာ သလွန်တော်ကို ဆောင်ယူခဲ့သည်။သလွန်တော်အား ဒိဗစက္ခူ၊ ဒိဗသောတ၊ဒိဗဃာနမည်သော ရသေ့ညီနောင်သုံးဦးထံတွင် အပ်နှံထားခဲ့ပေသည်။ […]


Hlaing Zar ChiOctober 16, 20131min00
    မင်းတုန်းမြို့နယ် ၊ပေါက်ကိုင်းကျေးရွာနေ ဦးသောင်းရွှေနှင့်ဇနီးဖြစ်သူ ဒေါ်လှလှ တို့သည် အောက်တိုဘာ(၁၅)ရက်နေ့ နံနက်(၁၀)နာရီချိန်က နေအိမ်နောက်ဖေး ခြံစည်းရိုးတွင် သန့်ရှင်းရေးပြုလုပ်ခဲ့စဉ် ဗုံသီးဟောင်း တစ်လုံးတွေ့ရှိခဲ့သဖြင့် မင်းတုန်းမြို့မရဲစခန်း ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်ထွန်းအောင်နှင့်နယ်ထိန်းအဖွဲ့၊ စရဖ တပ်ကြပ်ကြီး ခင်ဦးနှင့်အဖွဲ့၊ဒေသ ခံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့် အတူသွားရောက် စစ်ဆေးရာ ဗုံးသီးဟောင်းသည် အလျား(၁၇)လက်မ၊လုံးပတ်(၁၁) လက်မခန့်ရှိကြောင်း ဗုံးမှာပြောင်ချော၍သံချေးများတက်နေကြောင်းစစ်ဆေးတွေ့ရှိရကြောင်း  အဆိုပါ ဗုံးပေါက်ကွဲမှုမဖြစ်စေ ရေး အတွက် သဲအိတ်များဖြင့်ကာရံထိန်းသိမ်းထားရှိကာ သက်ဆိုင်ရာ ခလရ(၄၄)မှ တပ်ရေးဗိုလ်ကြီး တင်မောင်ညွန့်ထံ ဆက်သွယ်    ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။