ဇီဇီJune 25, 20153min017
Credit & Reference – Myanmar Election Review . . . (၁) ပြည်ပမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများ အနက်ဘယ်သူတွေ ကြိုတင်မဲပေးခွင့်ရှိသလဲ။ •• ပြည်ပရောက် သံအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ အိမ်ထောင်စုဝင်များ။ •• ပြည်ပရောက် သံရုံးအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ အိမ်ထောင်စုဝင်များ။ •• ပြည်ပရောက် ပညာတော်သင်များ နှင့် ၎င်းတို၏ အိမ်ထောင်စုဝင်များ။ •• ပြည်ပရောက် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ၎င်းတို၏ အိမ်ထောင်စုဝင်များ။ •• အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များ . နောက်ဆုံးအချက်က နိုင်ငံခြားမှာ တရားဝင်နေထိုင် အလုပ်လုပ်နေကြတဲ့ ကျနော်/ကျမတို့လို မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသား များကိုဆိုလိုပါတယ်။ . . . […]


Ma MaJune 9, 20151min029
ငယ်ငယ်တုန်းက ကိုယ်နဲ့မတိမ်းမယိမ်းတွေက (အရင်းရော၊ ဝမ်းကွဲတွေရော) ယောကျင်္ားလေးတွေချည်းပဲများလို့ သစ်ပင်တက်တာ၊ ငှက်ပစ်ခဲ့တာလေးက လွဲရင်တော့……….. ကိုယ့်ကိုကိုယ်တော့ မိန်းမပီသတယ်လို့ ထင်တာပဲ။   ဇာထိုးပန်းထိုး စိတ်ဝင်စားတယ်။ ဖြစ်မြောက်အောင် လုပ်နိုင်တယ်လို့ပြောတာ မဟုတ်ဘူးနော်။   အချက်အပြုတ်ဝါသနာပါတယ်။ စားကောင်းတာမကောင်းတာတော့ မသိဘူး။   ဒါပေမယ့် ခုတလောကြုံနေရတာတွေကြောင့် ဇဝေဇဝါဖြစ်လာတယ်။   လူချင်းမသိပဲ ဖုံးပြောရင် အစ်ကို အစ်ကိုနဲ့ ပြန်ပြောလို့ အစကတော့ ဒီလူတွေ တော်တော်ညံ့တာပဲ။ မိန်းမအသံလား၊ ယောကျင်္ားအသံလားတောင် ခွဲခြားမသိဘူးလို့ ထင်မိတယ်။   အဲ… နောက်ပိုင်း တစ်ယောက်ပြီး တစ်ယောက် အစ်ကို လို့ ခေါ်လာတော့ ငါတော့ ပြုပြင်ဖို့လိုလာပြီဆိုပြီး မမြင်ဖူးတဲ့လူနဲ့ စကားပြောတဲ့အခါ အသံကို ဂရုစိုက်ပြီး ပြောလိုက်တယ်။   အဲဒီအခါကျမှ […]


Ma MaJune 8, 20152min05
ဖဘက 7 DAY DAILY မှာ ဖတ်လိုက်ရတဲ့ သတင်းပါ။ အခွန်ထမ်း ၅၀ဝအား သင်တန်းပေးပြီး ကိုယ်တိုင်စည်းကြပ်စေသည့်စနစ် စတင် By မောင်တာ On   Mon, 2015-06-08 13:18 Location မန္တလေး Issue No. No.758 Monday, June 8, 2015     အခွန်ငွေပေးဆောင်မှု ပမာဏများပြားသည့် ရန်ကုန်မြို့ မှ လုပ်ငန်းရှင်အခွန်ထမ်း ၅၀ဝ ဦးအား ရွေးချယ်ကာ လိုအပ်သည့် သင်တန်းနှင့် ပညာပေးခြင်းများ ပြုလုပ်ပြီးနောက် ကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ် (STS) ကို ယခုဘဏ္ဍာနှစ်မှစတင်ကာ မြန်မာနိုင်ငံ၌ စမ်းသပ်ကျင့်သုံးနေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်တွင်းအခွန်များဦးစီး ဌာနမှ သတင်းရရှိသည်။ လက်ရှိမြန်မာနိုင်ငံတွင် […]


koyin sithuJune 5, 20151min013
သူများတိုင်းပြည်တွေမှာ ဝန်ထမ်းတွေဟာ စားဝတ်နေရေး ပြေလည်တဲ့ လစာဝင်ငွေ ရကြပါတယ်။ ဒါ့အပြင်၊ အမေရိကားမှာ benefit လို့ ခေါ်တဲ့ အကျိုးခံစားခွင့်တွေ ရသေးတယ်။ ကျန်းမာရေးအာမခံ၊ အငြိမ်းစားစုငွေ၊ လစာပြည့် နာမကျန်းခွင့်၊ အနားယူခွင့် စတာတွေပါ ပေးတယ်။ အစိုးရဝန်ထမ်းဖြစ်စေ၊ ကုမ္ပဏီဝန်ထမ်းဖြစ်စေ အဲလို အကျိုးခံစားခွင့် ရှိတော့ တစ်ပတ်တန်သည်၊ တစ်လတန်သည် ခွင့်ရက်ရှည် အပန်းဖြေခရီးတွေ ဘာတွေ သွားကြတယ်။ အငြိမ်းစားယူရင်လည်း ပင်စင်လစာအပြင်၊ စုငွေတွေလည်း မြိုးမြိုးမြက်မြက် ရတော့ မပူမပင် လူဖြစ်ကျိုးနပ်တယ်လို့ ခေါ်ရမှာပေါ့။ ပြောရမယ်ဆိုရင် ကျနော်တို့ ရွှေနိုင်ငံတော်ကြီးမှာ ဝန်ထမ်းဆိုတာ မသေရုံ လစာလေးတွေနဲ့ ရုန်းကန်လှုပ်ရှားရင်း စိတ်သောကတွေ ပင်လယ်ဝေနေရသူတွေပါ။ သားသမီးတွေရဲ့ အနာဂတ်ဆိုတဲ့ အဝေးဆီက ပန်းတိုင်ကိုအသာထား၊ မနက်ဖြန်အတွက် ဈေးဖိုးခက်နေကြရတယ် မဟုတ်ပါလား။ […]


ဇီဇီJune 4, 20151min038
ဘဲဥ ဘဲမ အစ ဘယ်က စ ပတ်တနာ တစ်ခု ဆွဲထုတ်အူးမယ်။ ဆရာ နန္ဒဝင်း ရဲ့ ပေ့(ချ) မှာ တွေ့လို့ရော အဲဒီ မတိုင်ခင် အင်ဒိုနီးရှား ဝန်ကြီးက သူတို့ ကျောင်းတွေမှာ နိုင်ငံခြားမုန့်၊ အသင့်စားမုန့်တွေကို ပိတ်ပင်ပြီး ရိုးရာ အစားအသောက်ကို ကလေးတွေကို ရောင်းချဖို့ ပြောတဲ့ သတင်းလေး ဖတ်ရာက စပြီး စဉ်းစားမိတာ။   ငယ်တုန်းကတော့ ကြားဖူးတယ်လေ။ ကလေးတွေဟာ တိုင်းပြည် အနာဂတ်တို့ ပုခုံးပြောင်းတာဝန်ထမ်းဆောင်ရမှာတို့ ဘာတို့။ စဉ်းစားကြည့်ရင် ဟုတ်တယ်။   ကျန်တာ မပြောတော့ပါဘူးးး မြင့်ပါတယ်။ ပညာရှင်တော့ ပြောကြပါစေတော့။ ပညာရေး… နိုင်ငံရေး… စီးပွါးရေး… အရ မတိုးတက်အောင် ကလေးတွေ ကို […]


Aung NaingMay 27, 20151min03
သံတွဲ မြို့ တွင် ဈေးအသစ် ဆောက် လုပ် ရာတွင်ကိုယ်ကျိုးအတွက် သိန်း ရာ ကျော် တန် ဆိုင်ခန်၅ခန်း၆ခန်း ထိ ရယူ ထား သော ကိုယ်ဟာ ကို ခန့်စည်ပင် လူ ကြီး များ။ ငွေ ကောက် ခံ သည် မှ လွဲ ပြီးတခြားတာဝန် မရှိ သော စည်ပင် သာ ရေး အဖွဲ့သည် ရပ်ကွက် အတွင်း မြောင်း အဖုံး ။ ပလက် ဖေါင် ပေါ် တွင်ပစ္စည် တင် ပြီး ဈေး မရောင်း ရ ပါ။ စည် ပင် သာ ယာပိုင်ဖြစ်သည် ပြော ဆို ဖယ် ရှာ ထား သော် လည်း ယခုမြောင်အဖုံး အောက် မှ  ရေ ေုမြာင်း ကို တော့ ရပ် ကွက်နေ ပြည် သူ များ ကို  ၂၅ […]


Travis ZawMay 6, 20151min020
“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ အတုကြီးကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါ” (ဆောင်းပါး) ============================================================ “လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတ သန့်ရှင်းအောင် ဝိုင်းဝန်း စောင့်ကြပ်ပါ။ မိမိ အသည်းကြားက မဲတပြားကို ခွေးစား မခံရအောင် ဂရုပြုပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်သူကို ရင်ဝယ်သားလို အုပ်ချုပ်မဲ့ မိဘနဲ့တူသော အစိုးရတရပ် ပေါ်ထွန်းအောင်….” ကမာ္ဘပေါ်မှာ ပေါ်ထွန်းခဲ့သမျှ နိုင်ငံရေးစနစ်တွေထဲမှာ လူများစုရဲ့ ဆန္ဒကို အထင်ဟပ်နိုင်ဆုံးစနစ်ဟာ ဒီမိုကရေစီစနစ်ပါလို့ ပြောမယ်ဆိုရင် ငြင်းဆန်မဲ့ လူများများစားစား ရှိမယ် မထင်ဘူး။ လူ့ဂုဏ်သိက္ခာကို မြတ်နိုးတယ်။ လူဖြစ်တန်ဖိုးကို အလေးထားတယ်။ လူကို လူလို မြင်တဲ့စနစ်မို့ အခြေခံလူ့အခွင့်အရေးတင်မက နိုင်ငံသားအခွင့်အရေးကိုလည်း အသိအမှတ်ပြုတယ်။ လူများစုသဘောထားနဲ့ အုပ်ချုပ်တယ်ဆိုပေမဲ့ လူနည်းစုဆန္ဒကို လည်း မထေမဲ့မြင် […]


Travis ZawApril 30, 20151min011
https://www.facebook.com/AungGyeee/posts/355715534624531   သင် ကြက်ဆူပင် စိုက်လိုပါသလား? ပြည်ခိုင်ဖြိုးပါတီကိုသာ မဲပေးလိုက်ပါ။ သင် အဓိကရုဏ်းများနှင့် ကျီးလန့်စာစား ရှင်သန်လိုပါသလား? နေမျိုးဝေ ဦးဆောင်သော ပါတီကို မဲပေးလိုက်ပါ။ (သို့မဟုတ်) ဦးဝီရသူ တရားပွဲများကို လွတ်လပ်စွာကျင်းပခွင့်ပေးထားသော ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။ သင် မည်သူ့ကို အဖေခေါ်ရမှန်းမသိပဲ ဖြစ်ချင်ပါသလား? ပီအာဖော်ဆောင်သော ဒေါ်ခင်ဝိုင်းကြည် တို့ အဖွဲ့ရှိနေသည့် ခမောက်သူခိုးပါတီအား မဲပေးလိုက်ပါ။ (သို့မဟုတ်) ဒေါ်ခင်ဝိုင်းကြည် တို့ နှင့် ထူးမခြားနားသည့် ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။ ခြင်းတောင်းကိုကျောမှာပိုး ဆင်ကြယ်ဖိနပ်စီးပြီး သေနတ်အစုတ်ကိုင်ကာ လစာ တစ်သိန်းဝန်းကျင်ဖြင့် အသေခံစစ်တိုက်လိုပါသလား? တပ်မတော်သားများအား စစ်ရေးစွမ်းရည်ပြည့်ဝအောင် လွှတ်တော်အတွင်း ၂၅% ထည့်ကာ လေ့ကျင့်ပေးနေသည့် ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။ သင် ကျပ်နှစ်ထောင်ဖြင့် နေ့စဉ်ဘဝ […]


Travis ZawApril 25, 20151min09
https://www.facebook.com/thurein.hlaingwin/posts/518209994984286   မနေ့က ကိုးကန့်မှာ တပ်ကအလူးအလဲခံရတာတွေမြင်ရတော့ တော်တော်ဒေါသထွက်တယ်။ လိုင်းပေါ်က စစ်တပ်ထောက်ခံတဲ့သူတွေက ရေလိုက်ငါးလိုက်လွဲနေတယ်။ သူပုန်ကိုဖိဆဲတယ်၊ စစ်တပ်မထောက်ခံတဲ့သူတွေကိုဖိဆဲတယ်။ သူတို့ကိုဆဲလို့ ဘာမှဖြစ်မလာဘူး။ တကယ်ဆဲရမယ့်သူတွေကိုတော့ ဆဲဖို့၊ ဖိအားပေးဖို့ ကျန်နေတယ်။ စစ်တပ်က ဘက်ဂျက်ဝေစုကို တောက်လျောက် အများဆုံးသုံးခဲ့တာ။ ပညာရေး ကျန်းမာရေး အသုံးစရိတ်နှစ်ခုပေါင်းလို့မှ တစ် ရာခိုင်နှုန်းလောက်မရှိတဲ့အချိန်မှာ တပ်ကဘက်ဂျက်ကို တစ်ဝက်နီးပါးလောက်ထိသုံးခဲ့တာတွေတောင်ရှိတယ်။ အဲလောက်သောက်သောက်လဲသုံးထားတာ အခုသောက်သောက်လဲခံရဖို့လား။ ဆဲခြင်းဆဲရင် ခင်ဗျားတို့အပွင့်ကြီးတွေအခက်ကြီးတွေကို လှိမ့်ဆဲရမှာ။။ ဘက်ဂျက်ကိုအသေယူထားတာက အောက်ခြေစစ်သားတွေအတွက်မှမဟုတ်တာပဲ။ တပ်မတော်မှာ ပစ္စလက္ခတ်အလုပ်အခံရဆုံးကလူပဲ။ စစ်သာတိုက်ခိုင်းချင်တာ ဘာများထောက်ပံ့မှုတွေလုပ်ပေးနေလို့လဲ။ ကျွန်တော့်အမျိုးတစ်ယောက်တော့ ရှေ့တန်းထွက်ရတော့မယ်ဆိုရင် မင်္ဂလာဒုံဈေးကနေ စစ်ပစ္စည်းတွေကိုယ့်အိတ်ကိုယ်စိုက် သွားသွားဝယ်ရတယ်။ တပ်အပြောင်းအရွှေ့အော်ဒါထွက်ရင် ကိုယ့်စားရိတ်နဲ့ကိုယ် အပြောင်းအရွှေ့လုပ်ရတယ်။ ဒါကအသေးအမွှားလေးတွေပဲရှိသေးတယ်။ အမြဲတမ်းလိုလိုလေ တပ်မတော်ကြီးက ဒါလုပ်ဒါလုပ်ဆိုပြီး အမိန့်သာရောက်လာတာ တော်တော်များများက အိတ်စိုက်ပဲ။ စစ်သားယောက်ျားကိုယူလိုက်မိရင် […]


Travis ZawApril 24, 20152min025
daily eleven သတင်းစာကိုပေးပို့မယ့် ကျွန်တော့်ကိုယ်တွေ့လုပ်ငန်းလေးအကြောင်းပါ…   ဆရာဝန်အလုပ်ကိုဝါသနာပါလွန်းလို့ကိုလုပ်ခဲ့သူပီပီ ကျွန်တော့်အတွက် လူနာတွေကိုကြည့်နေရရင် မမောနိုင်ခဲ့ ပါဘူး။ နောက်မှာ ဘယ်လောက်ပဲလူနာများနေပါစေ လက်ရှိကြည့်နေတဲ့ လူနာတစ်ယောက်ကို မှာစရာရှိတာ မှာတတ်တာကျွန်တော့်အကျင့်ပါဘဲ။ မြန်မာနိုင်ငံရဲ့ အခြားခြားသော ဆေးရုံဆေးခန်းတွေနှင့်တူညီစွာ ကျွန်တော့်လူနာတွေထဲမှာ သွေးပေါင်တက်တဲ့ လူနာတွေကလည်း အတော့်ကိုများလှပါတယ်။ အခြားဆရာဝန်တွေက လူနာတွေကိုဘယ်လိုမှာတယ်မသိပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်သွေးပေါင် တက်တဲ့လူနာတွေကို ဆောင်ရန်ရှောင်ရန်မှာတဲ့အခါမှာ ကံ စိတ် ဥတု အာဟာရ လေးခုကိုမူတည်ပြီးမှာတတ် ပါတယ်။ အလုပ်ပြင်းပြင်းထန်ထန်မလုပ်ဖို့ စိတ်ခံစားချက်တွေကိုထိန်းသိမ်းဖို့ ပူပြင်းလှတဲ့ရာသီဥတုမှာ နေတတ်ဖို့ အဆီအစိမ့်အငန်စတဲ့တက်စာတွေကိုရှောင်ဖို့မှာခဲ့ပါတော့တယ်။ အစားအစာတွေကို ထပ်ပြီးအာရုံစိုက်မှာမိတာဆိုရင် မတည့်တဲ့အစားအစာတွေက ဝက်သား အမဲသား ဘဲသား ငါးသလောက် ငါးဖယ် ပုဇွန် အုန်းနို့ ထောပတ် ဆေးလိပ် အရက် ကွမ်း ကြက်ဟင်းခါးသီး […]


Travis ZawApril 23, 20151min05
https://www.facebook.com/notes/10153242147608276/?pnref=story တောကျတယ်ဆိုဆို ခေတ်မမီဘူးပြောပြော ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ မြန်မာပြည်မှာ အသံဆူဆူတွေကို အသုံးပြုကြ၊ သဘောကျကြပါတယ်။ မိုးမလင်းမီကတည်းက ဖွင့်လိုက်ကြရတဲ့ ကုသိုလ်ရေးနှိုးဆော်သံကနေ ဘတ်စ်ကားသံ၊ လုပ်ငန်းခွင်သံ စသဖြင့် အသံမျိုးစုံဟာ ဒီနေ့ခေတ်မှာတော့ ဆူညံသံတွေ ဖြစ်လာခဲ့ပါပြီ။ ဆူညံသံတွေကို နာရီကနေ ရက်၊ ရက်ကနေ လအထိ ဆက်တိုက် ကြားရတဲ့အခါ ဒေါသဖြစ်တာတွေ၊ စိတ်မထိန်းနိုင်တော့ဘဲ တုံ့ပြန်မိတာတွေ၊ အရေးယူအပြစ်ပေးရတာတွေ ဖြစ်လာပါတယ်။ မြန်မာတွေဝန်းကျင်က ဆူညံသံတွေ ညံလွန်းနေပြီလားဆိုတဲ့ ခေါင်းစဉ်နဲ့ DVB ဒီဘိတ်ကို မျိုးမျိုးက တင်ဆက်ခဲ့ပါတယ်။ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် စာရေးဆရာ အတ္တကျော်၊ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာစိုးမင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်လေးတင်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဒေါက်တာအေးမင်းတို့က ပါဝင်ကြပါတယ်။ . […]