၂၀၀၈ခုနှစ် မေလ ၂ရက် နေ့ ထိုနေ့သည် ကျွန်တော် တို့၏ဘဝများစွာ ကို ရက်စက် စွာနင်းချေဖျက် စီးခဲ့သော သမိုင်းဝင် နေ့ တနေ့ ဖြစ်ခဲ့ သည် ထိုနေ့က နံနက် ပိုင်းနေသာ ပြီး လောကတခုလုံးသည် သူ၏ပုံမှန်ဖြတ်သန်းနေကျ နေ့တနေ့ဖြစ်ခဲ့သည် နံနက်ပိုင်း လဘက်ရေလေးသောက်ပြီး အလုပ်သို့သွားသည် အဲ့သည့်အချိန်ထိ အေးအေးဆေးဆေးပင် နေ့ခင်း တစ်နာရီလောက်တွင် သတင်းစရသည် အောက်ဖင်မှာ မုန်တိုင်ဝင်နေပြီ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင် ပါတယ်ဆိုတာတောင် အေးဆေး ပဲဆိုပြီး နေကြသေးတယ် အိမ်က အမေက တောမှာ ရစရာရှိတာလေးတွေသွားတောင်းမယ်ဆိုပြီး ဆင်းသွားတယ် အဖေကအလုပ် ရှိလို့မြို မှာနေခဲ့တယ် ဒါပေမယ့် သတင်းကြားလို့လိုက်ခေါ်တယ် မရဘူး ဘာမှမဖြစ်ပါဘူး ဆို ပြီးဆင်းသွားတာ အဲ့လိုနဲ့ ညနေဆောင်းတော့ကျွန်တော်လဲ […]
