“သူ ဉာဏ်ကောင်းတယ်၊ တော်တယ်၊ အနေမှန်တယ်၊ ခိုင်းတာအကုန်လုပ်တော့ လူကြီးကြိုက်တယ်။ အားရင် ကျားပဲထိုးတယ်။ တခါတခါရွေ့ဖို့အရေး နာရီဝက်၊ တနာရီလောက် ကြာတယ်” လို့ ဦးချစ်လှိုင်က ပြောပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ ့ဆရာ ဦးချင်လှိုင်က သူ ့တပည့်ရဲ ့တော်ပုံတော်နည်းကို အခုလို ချီးကျူးတော့ ကွန်မြူနစ်ပျက်တွေဟာ သိတ်ပြီး ခေါင်းမရှိပါလို ့ထင်မိတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျားတကွက်ရွှေ ့ဖို ့တောင် နာရီဝက်လောက် အချိန်ယူရတယ်ဆိုတော့ ကျားကွက်အကုန်လုံးရွှေ ့ဖို ့ဆိုရင်တော့ တစ်ရက်လောက်ကြာမလားပဲ။ ဖြတ်ထိုးဉာဏ်က နှေး၊ ထုံထိုင်းနေတဲ့လူမဟုတ်ဘူးဆိုရင် နာရီဝက်တောင် ကြာစရာလိုလို ့လား။ မလိုပါဘူး။ ဒါ့ကြောင့် ဦးချစ်လှိုင်ကို လူမှန်တွေက ဒီလိုပြောခဲ့တာဖြစ်မယ်။ “မင်းတို့ နှစ်ယောက်က ဗိုလ်ချပ်ဈေးက အိမ်သာတွေမှာ ‘မိန်းမသွားရန်’၊ ‘ယောက်ျားသွားရန်’ ဆိုင်းဘုတ်ရေးပေးတဲ့ […]
