IMG_5892-600x400.jpg

Kaung Myat ThuJanuary 4, 20132min07
ကျွန်တော့်ဘဝမှာမျှော်လင့်တောင့်တနေခဲ့ရတဲ့နေ့တစ်နေ့ကိုရောက်ရှိလို့လာခဲ့ပါပြီ။့ အဲဒီနေ့ကတော့(၃၀.၁၂.၂၀၁၂ တနင်္ဂနွေနေ့)။ ဇာတိမြေဖြစ်တဲ့ဧရာဝတီတိုင်းဝါးခယ်မမြို့ရဲ့အ.ထ.က(၁)မှာကျင်းပခဲ့တဲ့ကျေးဇူးရှင်ဆရာကြီး၊ဆရာမကြီးတွေကို ပူဇော်ကန်တော့ပွဲကျင်းပခဲ့တဲ့ နေ့ကလေးပါပဲ။ ပူဇော်ပွဲမကျင်းပခင် တစ်လ၊နှစ်လ အလို လောက်မှာကျင်းပရေး ကော်မတီဝင်သူငယ်ချင်း မခင်ချိုလွင်(မချို)က ဖုန်းလှမ်းဆက်တယ်။  ဆရာ ကန်တော့ပွဲ ကျင်းပဖို့အလှုငွေ ဘယ်လောက်ထည့်မလဲတဲ့။ကျွှန်တော်အတိုင်းမသိဝမ်းသာသွားတယ်။အဲဒါနဲ့အေးငါတစ်သိန်း ထည့်မယ်ဆိုပြီး ကတိပေးလိုက်တယ်။လူကြုံနဲ့အလှုငွေတစ်သိန်းကိုဆရာကန်တော့ပွဲကျင်းပဖို့ တစ်လအလို လောက်မှာ လှမ်းပို့ လိုက်တယ်။ ရင်ထဲမှာလည်းကျေးဇူးရှင်ဆရာ၊ဆရာမကြီးတွေကို ကန်တော့ရတော့မယ်ဆိုပြီး ပီတိတွေဖြာဝေ လာတယ်။ ဒေါက်တာအေးအေးမြင့်နဲ့ ကျင်းပရေးကော်မတီဝင်တွေရဲ့ ကြေညာချက် သတင်းစာမှာပါလာတယ်။ Mandalay Gazette မှာလည်း မပဒုမ္မာရဲ့ Post ပါလာတယ်။   ၂၉.၁၂.၂၀၁၂(စနေနေ့) နံက်၉နာရီ ရန်ကုန်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူဟောင်းတွေစုပြီး ဆရာကန်တော့ပွဲကိုသွားကြမယ်။ လိုက်ပါလိုသူ တွေ စာရင်းပေးဖို့အကြောင်း။ ကော်မတီဝင်တစ်ဦးရဲ့အမဖြစ်တဲ့သူငယ်ချင်းမကြူကြူခိုင်ကလည်း ဖုန်းနဲ့လှမ်းပြီး ဆရာကန်တော့ပွဲလိုက်မှာလား။လိုက်မယ်ဆိုရင်ဘယ်နှစ်ယောက်လိုက်မှာလည်းဆိုပြီးဖုန်ုးလှမ်းဆက်တယ်။ ကျွန်တော်၊ ကျွန်တော့်အမျိုးသမီး(ကျွန်တော်နဲ့တစ်တန်းတည်းတက်ခဲ့တဲ့သူငယ်ချင်း)နဲ့ ့ ကျွန်တော့်သား (ဖအေ၊မအေတွေနဲ့ခွဲလို့မရတဲ့ […]


လူတော်လူမော်တွေ အမြဲတစေ လက်ကိုင်ထားတတ်တဲ့ အမူအကျင့်(၁၀) မျိုး ========================================== ၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ် သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီး ခင်မင်မှု မျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေ စိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည် လာတဲ့အတွက် တန်ဖိုးထားပါ။ သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊ ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။ ၂။ လက်လွှတ်နိုင်အောင် (ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ် ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ […]


အိမ်မှာ ကျွန်တော်ကအငယ်ဆုံးပါ မေမေ ကတော့အဆိုးဆုံးလို့လဲပြောပါတယ်။ ကျွန်တော်..၈..နှစ်သားအရွယ်လောက်က ဖြစ်ရက်လေးတစ်ခုပါ..။ ကျွန်တော်က ၈ နှစ်သားအရွယ်ဆိုတော့ ကျောင်းတက်နေစဉ်တုန်းကပေါ့နော်.။ အကိုတွေအစ်မတွေက အရွယ်ရလာတော့ အလုပ်တွေလုပ်ကိုင်နေကြပြီပေါ့.။ သူတို့တွေအလုပ်သွားတဲ့အချိန် အိမ်မှာ ဖေဖေ ရယ် မေမေ ရယ် ကျွန်တော်ရယ် သုံးယောက်ပဲကျန်ခဲ့ရပါတယ်…အကိုတွေ အစ်မတွေက အလုပ်လုပ်နေကြလို့ ၁၂ နာရီထိုးမှ ထမင်းစားကြပါတယ်.။ ဖေဖေနဲ့ မေမေ ရယ် ကျွန်တော်ရယ်ကတော့ ထမင်းစားနည်းနည်းစေားသွားတဲ့နေ့တွေလည်း ရှိပါတယ်..။တနေ့ ကျွန်တော် တို့အိမ်မှာ ဘဲသားဟင်းချက်တယ်ဗျ..။ သားမိသားဖ သုံးယောက် ထမင်းစားနေရင် ဖေဖေ ကကျွန်တော် ထမင်း ပန်ကန်ထဲကို ဘဲသားဟင်းလေးတစ်ဖတ်ထည့်ပေးရင်း.။ မေးပါတယ် “သား အဖေနဲ့အမေ ဘယ်သူ့ကိုပိုချစ်လဲတဲ့..” ကျွန်တော် မေမေ ကိုတစ်ချက်မော့ကြည့်လိုက်ပါတယ်..။ မေမေ ကခေါင်းငုံးလိုက်ပြီး ထမင်းဆက်စားနေပါတယ်.။ အဲ့ဒိအချိန်မှာ ကျွန်တော် […]


ချစ်သူ နင် တစ်ခါလောက် ငါ့အတွက်ဆိုပြီး စဉ်းစားပေးကြည့်ဖူးလား တစ်ခါတလေ နင် မကျူးလွန်ပါဘူးပြောနေပေမဲ့ ငါ့ရင်နာလောက်တဲ့စကားလုံးတွေ ထွက်ကျဖူးတာရော နင် သတိမထားမိဘူးလား ဟာ ့ ့နင် ထင်သလိုဖြစ်ပြီးပျက် အခုတွေ့အခုချစ်ဇတ်လမ်းမျိုးမဟုတ်ဘူးနော် ဒီရင်ဘက်နဲ့ရင်းပြီး နှလုံးသားတစ်စုံကြောင့် ချစ်ခဲ့မိတာပါ။ နင့် ကို ချစ်မိလို့ဒီလောက်ခံစားရမယ်သိခဲ့ရင် ငါ့ နှလုံးသားကတိုးထွက်လာတဲ့ ဒီသံယောဇဉ်ကို ငါ့ မာန နဲ့ရအောင်စတေးပြစ်ပါတယ်။ ဖြစ်ပြီးရင်ပျက်တက်တဲ့ အချစ်ဆိုရင် အသည်းကွဲဇတ်လမ်းတောင် ငါ မကြည့်ခဲ့ဖူး..။ ငါ တို့နှစ်ယောက် အနာဂတ် ဘယ်လိုဖြတ်သန်းရမယ် ဘယ်လိုရှေ့ဆက်ရမယ် ငါ နင့် အပေါ်ဘယ်လိုဂရုစိုက်ရမယ် အဲ့လိုပဲ ငါ တစ်ယောက်ထဲတွေးနေတက်တာပါ။ ့ ့ဒါပေမဲ့ အချစ်က ငါ ထင်သလိုမချိုမြိန်ဘူး အဝင်ချိုးပြီး ရောက်ရှိလာတာနဲ့ မူးဝေ တက်စေတဲ့ ဝိုင်.တစ်ခွက်လိုပဲ […]


ကိုယ်ပေါင်ကိုယ်လှန်ထောင်းလိုက်ဦးမယ်ဗျာ.. ကျွန်တော်ရည်ရွယ်ထားတဲ့ ကျတော့်ချစ်သူ သက္ကသိုလ်ကတည်းကတွဲလာခဲ့တာ လေးနှစ်လောက်ပေါ့ ကျောင်းပြီး တစ်ခါလောက်ပဲတွေ့ဖြစ်တယ် အဲဒီနောက်ပိုင်း ဝေးသွားခဲ့ကြတယ်ပေါ့။ အခုဆို ငါးနှစ်နီးနီးရှိသွားပြီး ဒီကြားထဲမှာ တစ်လ တစ်ခါလောက်တော့ ဖုန်းဆက်လာပါသေးတယ် နှစ်သစ်မကူးခင်ရက်အနည်းငယ်မှာတော့ ဖုန်းဆက်လာတယ် ကျတော်ပျော်တယ်။ ကျတော် အသဲကွဲသွားတယ်ဗျာ ဘဝပါမျောပါသွားသလားပဲ ခါတိုင်းကြားရတဲ့ ဖုန်းထဲက သူ့အသံက ကျတော့်ဘဝကို လင်းလတ်စေတယ် အားအင်တွေဖြည့်ပေးနေသလိုပေါ့ အခုကျတော်ကြားလိုက်ရတာ မင်းနားမှာ မီးတောင်ပေါက်ကွဲတော့မယ်ဆိုသလို ကျတော့်ကိုလမ်းခွဲစကားပြောလိုက်ပါပြီ သူအသစ်တွေ့ပြီ သုံးနှစ်လောက်နေရင်ယူမယ်ဆိုပြီးပြောပါတယ် ကျတော့်ကို ကြည်ဖြူစွာ လမ်းခွဲပေးပါတဲ့ ဒါမှသူစိတ်ချမ်းသာမှာတဲ့လေ သူစိတ်ချမ်းသာဖို့အတွက် စွန့်လွတ်ပေးရမှာက ကျတော့်ချစ်သူကို သူများရင်ခွင်မှာ ခိုလှုံခိုင်းရမှာ ကျတော်သိထားတာ အချစ်က နှစ်မျိုးရှိတယ် စွန်းလွတ်ခြင်း၊ရယူလိုခြင်းပါပဲ အခုကျတော်ပိုင်ဆိုင်ရမှာ စွန့်လွတ်ခြင်းပါပဲ အိပ်မက်နဲ့ မျော်လင့်ချက်တွေကို စုပ်ဖြဲပစ်လိုက်တဲ့ သူ့ရဲ့စကားလုံးတွေက ဆောင်းအိပ်မက်လို ကယောက်ကယက်ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲနော်.. […]


အားလုံးပဲ မင်္ဂလာပါ နှစ်သစ်မှာ ဒီရဲ့ ရွာသူရွာသားများနဲ့အတူ အားလုံး အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ လို့ဆုးတောင်းမေတ္တာပို့သပါတယ်။ ကျတော် အရင်က ဒီဂေဇတ် မှာ နိုင်နိုင် နာမည်နဲ့ ရေးခဲ့တယ်ဗျ အဲဒီအကောင့် ပြန်ဖွင့်မရေတော့တာနဲ့ အသစ်လုပ်ပြီး ပြန်ဝင်ရေးတာပါ အဲဒီထဲက ပွိုင်တွေ ဒီထဲ ပြန်ပေါင်းပေးထားနော်.. 😀 ကဲ..ကဲ ဒီပို့စ်လေးနဲ့ 2013 မှာ စတင်မိတ်ဆက်လိုက်ပါတယ်နော်… ဒန့်ဒန့် ဒန် 😀


ကောင်မလေး.။ ။ နင့် ရည်းစားအသစ်က အရမ်းချောတယ်နော်….. (သူ ကတကယ်ပဲ ငါ့ ထက်ချောလို့လား………?) ကောင်လေး..။ ။ အင်း…ဒါပေါ့…..။ (ဒါပေမဲ့ နင် ကငါ့ အတွက် အလှဆုံးမိန်းကလေးပါပဲဟာ…) ကောင်မလေး.။ ။သူ ကပျော်ပေျာ်နေတက်ပြီး ခင် ဖို့လဲကောင်းတယ်ဆို……? (ငါ လည်းအဲ့လိုအရည်အချင်းတွေရှိခဲ့တာပဲလေ……။) ကောင်လေး..။ ။အင်း..ဟုတ်တယ်..။ (ဒါပေမဲ့ သူက နင့် ကိုတော့မယှဉ်နိုင်ပါဘူးဟာ..။) ကောင်မလေး.။ ။ကောင်းပါတယ်..။နင်တို့နျှစ်ယောက်ရိုမြေကျပေါင်းရပါစေလို့ ငါ ဆုတောင်းပေးပါတယ်…။ (ငါ တို့ကတော့အဲ့လိုမဖြစ်နိုင်တော့ဘူးလေ……။) ကောင်လေး..။ ။အင်း…နင် လဲနင်ချစ်ရတဲ့သူနဲ့ ရိုးမြေကျပေါင်းရပါစေ…….။ (နင် နဲ့ ငါ ကျတော့ဘာလို့များဝေးသွားရတာလဲ……?) ကောင်မလေး.။ ။ငါ သွားစရာလေးရှိသေးလို့ သွားတော့မယ်နော်..။ (ငါ့ မျက်ရည်တွေထွက်မကျလာခင်လေး သွားပါရစေ..) ကောင်လေး..။ ။အင်း…ငါ ခဏနေမှသွားတော့မယ်လေ………။ (ကျေားခိုင်းသွားရမဲ့ […]


ငါ နင့် အတွက်ဆို တကယ်အရှုပ်ထုတ်ဖြစ်နေလား။ နေပါအဆင်ပြေသလိုလေပဲ နေနေလိုက်ပါ။ ဒီရင်ဘက်ကအလွမ်းသက်သက်ခံစားချက်တွေနဲ့ မတွေ့ရတိုင်း နင့် ကိုလွမ်းနေတာ နင် တစ်ချက်လောက်တောင် စောင်းငဲ့မကြည့်ဘူး။ အဆင်ပြေသလိုသာနေပါဟာ…..လို့ ပြောလိုက်ပေမဲ့ ဒီ ရင်ဘက်ကပင့်သက်တစ်ချက် သွေးပျက်လုနီးပါး ခံစားသွားခဲ့ရတာလဲ နင် နားလည်မပေးဘူးနော် ငါ အဆင်ပြေပါ့မလား မတွေးပေးခဲ့ပေမဲ့ ငါ့ ရဲ့မသိစိတ်က ကိုယ့်အပေါ်မကောင်းပေးနိုင်တဲ့ ယောကျင်္ားတစ်ယောက်ကို သူအဆင်ပြေပါ့မလား။ သူသိပ့်ချစ်တဲ့ နောက်တစ်ယောက်ကရော ငါ့ လို သူကိုနားလည်ပေးပါ့မလား ငါ ခဏခဏတွေးနေဖူးတယ်။ ဟိုအရင်က ငါ တို့နှစ်ယောက် ဘယ်တော့မှမဝေးဘူးလို့ ပြောခဲ့ဖူးတဲ့စကားလေးတွေလဲ ငါ ခဏခဏတမ်းတနေဖူးတယ် နင့် ရဲ့ရက်စက်မူ့ကို ငါ အပြစ်မမြင်နိုင်တာ ငါ ကိုယ်ငါတောင်အံဪသွားတယ်။ နင် ကတော့အချစ်ကိုအချစ်ကို ချစ်တက်ယုံးလေး ချစ်ခဲ့တာပါ။..ငါ့ ကတော့အချစ်ကို ကိုးကွယ်မိသူဖြစ်သွားတာပေါ့ […]


mgwaloneJanuary 1, 20131min017
ဒီနေ့ခေတ်မှာ ဆက်သွယ်ရေး နည်းပညာတွေက တိုးတက်၊ ကမာ္ဘကြီးကို ရွာလို့တောင် တင်စား ပြောဆိုနေကြတာဆိုတော့ နို်င်ငံတကာသုံးဖြစ်တဲ့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားက အင်မတန် အရေးပါတယ် ဆိုတာ လူတိုင်းက ပြောနေကြပါပြီ။ ဒါကို မောင်ဝလုံး လက်ခံပါတယ်။ ဒါပေမဲ့ဗျာ ကျွန်တော်တို့ မြန်မာနို်င်ငံမှာ တော့ နဲနဲ ပိုလွန်းနေသလားလို့ ဒီစာကို ရေးလိုက်တာပါ။ ခေတ်ကပြောင်းလဲတိုးတက်တာ သိပ်မြန်တယ်။ ပစ္စည်းအသစ်အဆန်းတွေ ကလည်း နေတိုင်းပေါ်။ မောင်ဝလုံးတို့ လိုက်လို့မမီနိုင်လောက်အောင်ကို မြန်နေတာ။ ဒီတော့ ဒီပစ္စည်း အသစ်အဆန်းတွေကို မြန်မာစကားလုံးနဲ့ ခေါ်ဘို့ မရှိတာတွေ များလာပါတယ်။ ဟိုတုန်းက ရေဒီယို ဆိုတာ Radio ဆိုတဲ့ အင်္ဂလိပ် စကားလုံးရဲ ့ အသံထွက်ကို ယူပြီး မွေးစားသုံးရသလိုပါပဲ။ ဒီနေ့ခေတ်မှာ ကွန်ပြူတာ […]


maung khinminDecember 31, 20121min013
*** မင်္ဂလာပါ တွမ်တီး သာတင်း ( န် ) **** နှစ်ထောင့်ဆယ့်နှစ်  သုံးဆယ့်တစ် ည လ  ” ဒီဇင်ဘာ ”       တနင်္လာ ၌ အချိန် ဆယ့်နှစ်   သန်းခေါင် ညဉ့်လယ် ကြယ်စုံ ညီလာ   ကောင်းကင်ပြာ လဲ့ အိုဘယ့် လမင်း   မြူနှင်း ကြားမှာ လင်းအား မှုန်မှုန်   ချမ်းတုန် အေးခဲ ညှဉ်းသည်းမြောက်လေ   တစ်နှစ်ကြွေပြီ ငေးရီ နေသလား   ကောင်းကင်မှာ ။ သာစွ မြန်ပြည်      မြေညီ တောင်တန်း ညီနောင် ကျွမ်းတို ့     ငြိမ်းချမ်းပါစ ဒီလို ညထဲ      လောက အပူ ထားခဲ့ လှူလိုက်    ညီတူ ခံစား […]


kkkDecember 31, 20121min03
တမူးမြို့က ဖြူစင်မေတ္တာမိတ်ဆွေများ ဆိုတာကျန်းမာရေး၊ပညာရေးစတဲ့ပရဟိတလုပ်ငန်းတွေကိုတတ်စွမ်းသရွှေ့ လု ပ်ဆောင်နိုင်ဖို့ ၁-၁-၂၀၁၁ရက်နေ့ကမိတ်ဆွေများစုပေါင်းဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်၊ပရဟိတလုပ်ငန်း တွေဆောင်ရွက်ရာမှာ ဦးစားပေးလုပ်ငန်းအဖြစ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖြစ် ဆေးရုံတက်ရောက်ကုသ နေတဲ့ ဆင်းရဲနွမ်းပါးတဲ့လူနာတွေကိုဆေးဖိုးနဲ့အာဟာရထောက်ပံ့လှူဒါန်းဖို့ဖြစ်ပြီး ဒုတိယဦးစားပေးအဖြစ်ပညာရေး ထောက်ပံ့မှုလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ဖြစ်ပါတယ်၊၁-၁-၂၀၁၁ရက်နေ့စတင်ဖွဲ့စည်းတော့အဖွဲ့ဝင်(၁၂)ဦးနဲ့တစ် ဦးလျှင်မတည်ငွေအပြင်တစ်လ(၂၀၀၀)ကျပ်နှုန်းစုဆောင်းခဲ့ပြီး ၂၀၁၁ဒီဇင်ဘာအထိအဖွဲ့ဝင်(၄၂)ဦးထိပါဝင်လာပါ တယ်။ကျန်းမာရေးအတွက်အခက်အခဲဖြစ်နေတဲ့သူတွေ၊ဆေးရုံတက်ရောက်ကုသမှုခံယူပြီးငွေကြေးအခက်အခဲဖြစ် နေတဲ့သူတွေကို ဦးစားပေးအနေနဲ့ငွေသားထောက်ပံ့ခြင်း၊ဆေးပစ္စည်းဆိုင်မှာငွေစာရင်းဖွင့်ပေးပြီးကူညီမှုတွေကိုလုပ် ခဲ့ပါတယ်၊တမူးပြည်သူ့ဆေးရုံက ဆရာဝန်၊ဆရာမကြီးတွေကလည်း ပါဝင်ကူညီခဲ့ကြပါတယ် ။ ၂၀၁၁ခုနှစ်က ဆေးရုံတက်ရောက်ကုသတဲ့လူနာပေါင်း(၁၃)ဦးကို ဆေးဖိုးအဖြစ် ကျပ်(၄)သိန်းကျော်ကူညီ ထောက်ပံ့နိုင်ခဲ့ပါတယ်။ဒါ့အပြင် မြို့မနဲ့အောင်နိမိတ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက(၁၀)တန်းဖြေဆိုမဲ့ ကျောင်းသား/ကျောင်းသူတွေအတွက်စာအုပ်နဲ့ဘောပင်တွေကိုကူညီထောက်ပံ့ခဲ့ပါတယ် ။ ၂၀၁၂ဒီဇင်ဘာလအထိအဖွဲ့ဝင်(၆၀)ကျော်ထိတိုးတက်လာပြီး ကျန်းမာရေးထောက်ပံ့ကူညီမှုပေါင်း(၂၀) ကျော်နဲ့ ကျပ်(၁၀)သိန်းကျော်ဖိုးအထိကူညီထောက်ပံ့နိုင်ခဲ့ပါတယ်။၂၀၁၂ခုနှစ်ရဲ့နှစ်ပတ်လည်အစည်းအဝေးနဲ့ငွေ စာရင်းရှင်းလင်းပွဲကို တမူးမြို့မှာပဲ ဒီဇင်ဘာ(၃၀)ရက်နေ့ကပြုလုပ်ခဲ့ပြီး ၂၀၁၃ခုနှစ်အတွက်မိတ်ဆွေများအဖွဲ့က ဆောင်ရွက်မဲ့ ကျန်းမာရေး၊ပညာရေးထောက်ပံ့မှုလုပ်ငန်းစဉ်တွေကိုစုပေါင်းဆုံးဖြတ်ခဲ့ကြတယ်။ပြီးတော့ မြို့မနဲ့ အောင်နိမိတ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ကျောင်းသားကျောင်းသူတွေအတွက်စာအုပ်နဲ့ ဘောပင်တေ ွလှူဒါန်းခဲ့ကြတယ် ။ ဖြူစင်မေတ္တာမိတ်ဆွေများအဖွဲ့ဟာအသင်းဝင်ဦးရေများပြားလာတာနဲ့အညီ ကူညီထောက်ပံ့မှုတွေကိုပိုမို လုပ်ဆောင်တော့မှာဖြစ်ပါတယ်။၂၀၁၃ခုနှစ်မှာလည်း မိတ်ဆွေများအနေနဲ့ကူညီထောက်ပံ့မှုတွေပိုမိုဆောင်ရွက်နိုင် ပါစေ လို့ဆန္ဒပြုလိုက်ပါတယ် ။  


thar agDecember 30, 20121min08
ကျေးဇူးပြု၍ ပစ်မထားပါနှင့်….. ………………………………….. မနေ့ည(ဒီဇင်ဘာ ၂ရည ဆယ်နာရီခန့်တွင်)ဖိုးစမ်းချောင်း စစ်ကိုင်းမှ မန္တလေးသို့ ပြန်လာခဲ့သည်။ရတနာဂူအောက်နန်းမရောက်ခင် တပြခန့်အလိုတွင် ဆိုင်ကယ်တစ်စီး ပိုးလိုးပက်လက် မှောက်နေသဖြင့် မူလက အမူးသမားတစ်ဦးလဲနေသည်ထင်ပြီး ကျော်သွားသည်။ နာရီကြည့်တော့ ဆယ်နာရီလေးဆယ့်ငါးမိနစ်ရှိလေပြီ။ခွေးများက ထိုလူအနားတွင် ဆွဲဆွဲငင်ငင်ကြီးဟောင်နေသဖြင့် သတိပေးရန်နောက်ပြန်လှည့်မှ ထိုလူအား ကားတိုက်သွားမှန်း သိလိုက်သည်။ဆိုင်ကယ်မှာ ဒူးကာများကျိုးပဲ့နေပြီး ဆိုးဆိုးရွားရွားပျက်စီးနေကာ တိုက်ခံရသောလူမှာလည်း သတိမေ့နေသည်။ဘယ်အချိန်က အတိုက်ခံရသည်ကိုတော့ သူလည်း အတိအကျမသိ.သို့သော် မျက်နှာပေါ်ရှိ သွေးများပင် ခဲနေလေပြီ.သေပြီလားဟု တွေးမိသည်။အနားလည်း အရမ်းကြီးမကပ်ရဲ..ဆိုင်ကယ်မီးထိုးကြည့်သည်။ရွှေဆွဲကြိုးတကုံးဝတ်ထားသည်။အနွေးထည်အပေါ်ဘက်တွင် ပိုက်ဆံအိတ်ဟု ယူဆရသည့် အိတ်တအိတ်ကို တွေ့သည်။သူစဉ်းစားသည်..ရဲကို ဖုန်းဆက်ခေါ်ရမည်။ဖုန်းက ဘက်ထရီကုန်နေသည်။ဘယ်လိုမှ ဆက်မရ။သို့နှင့် လာသမျှကားကို လက်တားသည်။တစ်စီး .နှစ်စီး ..ဆယ်စီးကျော်သွားပြီ..ဘယ်သူမှ ရပ်မပေး.ဖိုးစမ်းချောင်းနားတွင် ကားအရှိန်တော့ လျှော့သွားသည်။ သို့သော်အတိုက်ခံရသော ဆိုင်ကယ်ကို မြင်သောအခါ အရှိန်မြင့်၍ မောင်းထွက်သွားသည်။သူ […]


ဦးသုDecember 29, 20121min010
ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓဝင်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။ ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-ဝါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။ ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေဝီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။ (၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။) ဘီစီ-၅၉၄-(မြန်မာလလို-ဝါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။) ၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။) ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် […]