ပန်းချီ ဝသုန်ရဲ့ လက်ရာမြောက် စာပေမွန်လေးပါ။ စာချစ်သူပေါင်း စာကောင်းပေမွန်လေး ခံစားရအောင် ဝေမျှပါသည်။ ခြေထောက်များ ဝသုန် ပန်းချီပြပွဲ ခန်းမ၏ နောက်ဘက်တစ်နေရာမှာ ရုံးစုထိုင်နေကြသော ကျွန်တော်တို့ ပန်းချီဆရာတစ်သိုက်မှာ အပြင်ဘက်မှ ခြေထောက်များ ရွေ့လျား သွားလာနေကြပုံကိုသာ တွေ့မြင်နေရလေ၏။ ပန်းချီကား များကိုကား ဘုတ်ပြားများပေါ်သို့ ချိတ်ဆွဲပြီး ဝင်လာသူ ပွဲကြည့် ပရိသတ်တို့ဘက်သို့ မျက်နှာမူထား၍ ဖြစ်လေသည်။ * ပန်းချီကားတစ်ချပ် ဖြစ်တည်လာဖို့ ရင်နှင့် ရင်းဖွဲ့လျှင် အချိန် အတော်ကြာတတ်လေသည်။ ကျွန်တော် ပန်းချီကျောင်းတက်စဉ်က ဆရာကြီး ဦးမြတ်ကျော်၏ ပန်းချီကားတစ်ချပ် အကြောင်းကို တွေးနေမိပါသည်။ ပန်းချီကျောင်းတက်ရန် အင်တာဗျူး ဖြေစဉ်ကတည်းက ထိုပန်းချီကားကို ရေးလက်စဖြင့် ဆရာကြီး ရုံးခန်းထဲမှာ မြင်ရသည်။ မြတ်စွာဘုရား ဒုုက္ကရစရိယာ ကျင့်တော်မူခန်း ပန်းချီကား […]
