Mobile HouseApril 30, 20135min06
Android ဖုန်း ဝယ် မည့် သူများ အဝယ် မမှား ရအောင် Mobile House မှ မန်ဘာ များ အတွက် Mobile House Admin ကိုရဲရင့်အောင် မှ ရေးပေး လိုက် ပါတယ် ။ ဖုန်း တစ် လုံး ဝယ် ပြီး အနည်း ဆုံး ၆လ က နေ ၁ နှစ် ၂ နှစ် ထိ သုံး ကြပါတယ် ။ အဲ့ တော့ ဝယ်ပြီး တဲ့ အချိန် မှဟိုဟာ မရ ၊ ဒီဟာ မရ ၊ စက်က လေး ၊ […]


Aung Myat LinApril 29, 20131min06
စစ်ကိုင်းမြို့နယ် ကံတလူဘုရား အရှေ့ဖက်တွင် မြွေရှင်တော်ဘုရားကို သွားရောက်ဖူးမြော်နိုင်ပါသည်။ မျောက်၊ လိပ်၊ ယုန်၊ ပူး၊ ချိုးငှက်၊ ကြက်တူရွေး၊ မြွေကြီး(၄)ကောင် တို့ကို တိရိစ္ဆာန် ဥယျာဉ်သဖွယ် တွေ့မြင်နိုင်ပါသည်။  


nicolus agralApril 28, 20131min09
Fight ဂျာနယ်အယ်ဒီတာကြီး ဦးဖွသည် ချောင်းဆိုးသဖြင့် ဓာတ်မှန်ရိုက်ရာမှ အဆုတ်တွင် အလုံးသေးသေးလေး တစ်လုံးတွေ့သဖြင့်ကင်ဆာအထူးကုဆရာဝန်တစ်ဦး၏ ဆေးခန်းသို့ရောက်လာလေသည်။ “လာဗျာ။ဦးဖွ.. ထိုင်ပါ။လူကိုတော့ မမြင်ဖူးသေးဘူး။နာမည်ကတော့ ကြားဖူးနေတာကြာပါပြီ။”ဟု ကင်ဆာဆရာဝန် က ကြိုဆို လေ၏။ရောဂါရာဇဝင်ကိုမေးမြန်း နှင့်ဓာတ်မှန်နှင့် လိုအပ်သည်များကို ကြည့်ရှူစစ်ဆေးပြီးသည့်အခါ ဆရာဝန်က ဦးဖွကိုပြောလေသည်။ “ကဲ..ဦးဖွ။ရင်ဘတ်ထဲက အကျိတ်လေးကိုတော့ ကင်ဆာလို့ထင်တယ်။ ကင်ဆာလို့ ကျွန်တော်မပြောသေးဘူးနော် ဦးဖွ။အသားစယူဖို့လိုတယ်။ ကွန်ပြူတာဓာတ်မှန် ရိုက်ဖို့လိုတယ်။ ကျွန်တော့်အတွေ့အကြုံအရ ကင်ဆာထင်ပေမယ့် နောက်ကင်ဆာမဟုတ်ဖူး အဖြေထွက်လာရင် ကျွန်တော့်နာမည်ကြီး ဂျာနယ်ထဲပါလာဦးမယ်။ ကင်ဆာလို့ ညာကုတဲ့ ကင်ဆာ ဆရာဝန်ဆိုပြီး။ ဒီတော့ ခင်ဗျား အသားစယူဖို့ ဓာတ်မှန်ဆရာဝန်တစ်ယောက်ဆီလွှဲလိုက်မယ်။ သူက ကွန်ပြူတာဓာတ်မှန် အကူအညီနဲ့ ခင်ဗျားရင်ဘတ်ထဲက အကျိတ်ကို အပ်ကလေးနဲ့ စုပ်ပြီး အသားစယူပေးလိမ့်မယ်။” ဟုပြောဆိုလျက် လွှတ်လိုက်လေသည်။ ဦးဖွသည် […]


lin naingApril 26, 20131min05
“ဟော     ဟိုမှာ   လာနေပြီ…….” “လာနေတာကိုတော့  တွေ ့ပါတယ်………ဒါပေမဲ ့   သုံးယောက်ဖြစ်နေတယ်လေ    …….  ဘယ်သူလဲ     မင်းချစ်သူက………” “ဘယ်ဘက်    အစွန်ဆုံးက  တစ်ယောက်………” “မိုက်တယ်……” “ဟေ့ကောင်……….နော်              အဲ ့ဒါ   မင်းသူငယ်ချင်း     ငါ့ရဲ ့  ချစ်သူနော်……..” “ဟ      ဘလိုင်းကြီး    အူတိုနေပြန်ပြီ……….မင်းချစ်သူမှန်းသိတော့   ဘာလုပ်ရမှာလဲ…..ငါက” “မဟုတ်ပါဘူး…….မင်းစိတ်ထဲမှာ  ကြံစည်နေမှာစိုးလို ့     ပြောလိုက်တာ……..” “ရာရာစစကွာ….ငါ ့မျက်နှာကိုသေချာကြည်စမ်း…………………” သူပြောလိုက်တာကို  တစ်ကယ်ပဲ     အဟုတ်ထင်ပြီး     ပြူးကြာင်ကြောင်  ကြည် ့လာတဲ ့       ငပိုင်ရဲ ့  မျက်နှာကို  မြင်လိုက်ရတော့     စ     နောက်     ချင်တဲ ့    သူ့စိတ်က    ပေါ်လာပြီလေ…………. “ငါ့  မျက်နှာက    အဲ ့ဒီလိုလုပ်မဲ့   ရုပ်မျိုး  ဟုတ်လို […]


Aung Myint MyatApril 25, 20132min016
သည်ကိစ္စနှင့် ပတ်သတ်လာလျှင် ကျွန်တော် တစ်ခါတစ်ခါ အလွန်စိတ်တိုသည်။ မခံချင်လဲဖြစ်သည်။မြင်ပြင်းကတ်သည်။ဝမ်းနည်းသည်။ အားမလို အားမရဖြစ်သည်။ ခံစားချက်က အမျိုးစုံပါပေသည်။ တတိယနိုင်ငံကလာတဲ့လူတွေဆို အထင်သေးချင်ကြတာလား။ မြန်မာလူမျိုးဆိုတာ သေးသိမ်နှိမ့်ချစရာ သတ္တဝါအမျိုးအစားဖြစ်နေလို့လား။ ထို”လား”ပေါင်းများစွာနှင့်ပဲ နိုင်ငံခြားမှာ နေ့ရက်များစွာ ဖြတ်သန်းနေရသူဟာလဲ ကျွန်တော်တစ်ယောက်ထဲပဲလား။ ဆရာဇော်ဂျီဟာ သူ့ရဲ့ ‘တို့တိုင်းပြည်’ ကဗျာမှာ ကျွန်တော်တို့ကို သတိပေးခဲ့သလိုဖြစ်နေတာတော့ အသေအချာပဲ။ ဆရာက ရေးထားလေရဲ့။ “ထလော့မြန်မာ၊အို မြန်မာတို့ တို့ရွာတို့မြေ၊တို့ရွာမြေဝယ် စေတီစပါး၊များလဲများဧ။် များပါလေလဲ၊တမွဲမွဲနှင့် ဆင်းရဲကာသာ၊ကာလကြာလျှင် ယာစကာမျိုး၊တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်၊ မစားလေရ၊ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။” ကိုယ့်နိုင်ငံမှာ စိုက်သမျှသီး၊တူးသမျှ သယံဇာတတွေထွက်၊ သဘာဝအလှအပတွေ ပေါများပါလျက်နဲ့ သောက်ဖို့ရေတောင်မထွက်တဲ့ဒီလိုနိုင်ငံငယ်လေး(စကာင်္ပူ)က ကောင်တွေဆီမှာ လုပ်နေရတာ အင်မတန် အသည်းနာသည်။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက ဆယ်တန်းအထိ […]


  ကျွန်တော်သည် အမှန်တကယ် သုညမဟုတ်ပါ။ သို့သော် ကျွန်တော်သည် သုည တစ်လုံးဖြစ်ပါသည်။ ဘက်စ်ကားတွေ ပြိုင်မောင်းနေကြတုန်း ဘဝက မောပန်းခဲ့ပါသည်။ ကျွန်တော်က အိမ်အပြင်ဘက် လမ်းလျှောက်ထွက်ရင်း လူတွေကို နံပါတ်စဉ်တွေပေးကြည့်မိပါသည်။ ကျွန်တော်က သုညစင်စစ် ဖြစ်နေပြန်ပါသည်။ ဂလိုဘယ်လိုက်စေးရှင်းဟု ခေါ်ဝေါ်ကာ လူတွေသည် ရင်ဘတ်ကို မေ့၍ မြင်ကွင်းများကို ပုံသေကားချပ်လို မြင်ကွင်းကျယ်လုပ်ကြည့်ကြပါသည်။ ကျွန်တော် သုည မဟုတ်ပြန်တော့ပါ။   ကလေးများတရားထိုင်နေကြပါသည်။ လူကြီးများဖဲရိုက်နေကြပါသည်။ လောကသည် ပန်းများကို ဖူးပွင့်ဖို့ ရုန်းကန်နေရသော ရေနစ်နေသူပမာ ပျံသန်းနေပါသည်။ ဘုရားတသူက တ၊ ဆဲသူက ဆဲဆိုလို့ ကိုယ့်ကိုကိုယ် ပြန်လည် ရောင်းချဖို့အရေး ဘယ်လောက်များ ဈေးချရဦးမလဲဟု တွေးနေဆဲပင် ဖြစ်ပါသည်။ ခန်းစီးများက လုပ်ခါရမ်းသွားချိန်တွင် အချိန်များက မရပ်တန့်နိုင်သေးပါ။ […]


lin naingApril 24, 20131min08
“ကိုသက်    မပြီးသေးဘူးလားကွာ…………. ဘာလို ့  ဒီလောက်တောင်ကြာနေရတာလဲ…………..” “ဘာဖြစ်လို ့   လော  နေတာလဲကွာ     ဖြည်းဖြည်းပေါ့………….” ဘယ်အရာမဆို   လောလောလုပ်တက်တဲ ့ငပိုင်ရဲ ့   အကျင့်ကတော့   သေသည့်တိုင်အောင်   ပျောက်ကွယ်မှာမဟုတ်ဘူးလေ…………..အဲ ့ဒါကြောင် ့လဲ     အမှားတွေ    ခဏ  ခဏဖြစ်တက်သည်လေ။အခုလဲကြည် ့လေ        IC      အဖွဲ ့သားတွေက    ကန်တော်ကြီးမှာ    ဖျော်ဖြေမယ့်အချိန်က     ည  ရနာရီလေ       အခုမှ     နေလည်    ၃  နာရီပဲရှိသေးတာလေ……………….ဒီလောက်အစောကြီး  ဘယ်သွားပြီးဘာလုပ်အုံးမလဲ  ဆိုတာ    သူသေချာတော့   မသိဘူးလေ……………….. “ဟေ့ကောင်  ဇွဲမာန်………ငါ  စိတ်မရှည်တော့ဘူးနော်……….” “ဘယ်လိုဖြစ်နေတာလဲ   ငပိုင်ရာ………….အခုမှ    နေ ့လည် ၃ နာရီပဲရှိသေးတယ်ကွာ      show   ပွဲက    ည    ရနာရီမှ   စမှာလေ…….အစောကြီးရှိသေး” “ငါ    သွားစရာ   ရှိသေးတယ်ကွ…….အဲ […]


မင်္ဂလာပါ ……… ကျွန်တော် လင်းဇော်ထက်ပါ။ဇော်ထိုက်လို့လဲ ခေါ်ပါတယ်။ကျနော်ရန်ကုန်ကုန်သား တစ်ယောက်ပါ။ငယ်ငယ်တည်းက ဟိုစပ်စပ် ဒီစပ်စပ်  ပညာရပ်ကို ဝါသနာပါ ပါတယ် ။ ဗုဒ္ဓဟူး သား လူချောလူလှ တစ်ဦးလဲဖြစ်ပါသည်(မိန်းတရေး များသိစေချင်ရို့)။ခင်တတ်မင်တတ်ပျော်ရွှင်တတ်ပါတယ်။ အားလုံးကို တွေရတာဝမ်းသာပါတယ်ခင်ဗျာ။ အရင်ကတည်းက ရွာထဲကို ခဏခဏရောက် ပီး စာလာလာမ အဲအဲ စာလာလာဖက်ပါတယ် ။ အခုရွာသားတစ်ယောက်ဖြစ်လာတဲ့ အနော့ က ရွာထဲက ဦးဦးဒေါ်ဒေါ် ကိုကိုမမ ညီ ညီမလေးအပေါင်းတို့အားခင်ချင် မင်ချင် လို့ အသိအမှတ်ပြုပေးပါလို့ ကိုယ့်ကို ကိုယ် မိတ်ဆက်လိုက်ပါသည် ခင်ဗျားးးးးးးးး :hee:


လောက၌  ဆိုက်ကားနင်းသော ဆိုက်ကားဆရာကြီးသည်  ဆိုက်ကားနင်းခြင်းကို အကြောင်းပြု၍ ရရှိသော ဝင်ငွေဖြင့်  မိမိ၏အသက်မွေးဝမ်းကျောင်းခြင်းအမှု့ကိုပြုလေသည်။  သဗ္ဗာန်ကပ္ပတိန်ကြီးသည် သဗ္ဗာန်ခတ်ခြင်းဖြင့်  သဘောင်္ကပ္ပတိန်ကြီးသည် သဘောင်္ကြီးကိုအုပ်စီးခြင်းဖြင့်  အသက်မွေးဝမ်းကျောင်းမှု့ကိုပြုဘိခြင်း ထိုနည်းတူစွာလည်း  ရွှေပန်းထိမ်သည်တို့သည်လည်းကောင်း ငါးပိငါးခြောက်ကုန်သည်တို့သည်လည်းကောင်း ဒညင်းသီးအိုးစိမ်သည်တို့သည်လည်းကောင်း ဆူးပုတ်ရွက်သည်တို့သည် လည်းကောင်း ကေအက်ဖ်စီသည်တို့သည်လည်းကောင်း မုန့်လက်ကောက်သည်တို့သည်လည်ကောင်း ဂျေဒိုးနပ်သည်တို့သည်လည်းကောင်း ဘိန်းမုန့်သည်တို့သည်လည်းကောင်း မုန့်ပျားသလက်သည်တို့သည်လည်းကောင်း ပွဲစားတို့သည်လည်းကောင်း သူတောင်းစားတို့သည်လည်းကောင်း သူခိုးဓါးပြတို့သည်လည်းလည်းကောင်း ဝှေးသင်းဆရာတို့သည်လည်းကောင်း တပ်မတော်သားများသည်လည်းကောင်း ပြည်သူ့ရဲများသည်လည်းကောင်း ဝံဂျီးများသည်လည်းကောင်း လွတ်တော်အမတ်မင်းကြီးများသည်လည်းကောင်း မော်တော်ကားဒရိုင်ဘာနှင့် စပယ်ယာတို့သည်လည်းကောာင်း ဘာညာဘာညာကွိကွကွိကွတို့သည်လည်းကောင်း လူမျိုးမျိုးအစုံစုံတို့သည် အမျိုးအမျိုးအဖုံဖုံသော လုပ်ငန်းဆောင်တာများဖြင့် အသက်မွေးဝမ်းကျောင်းခြင်းအမှု့တို့ကိုပြုကြကုန်သော်လည်း ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း၏ အင်တာနေရှင်နယ် အပျီအပျီဆိုင်ရာ ဆာယေးစယာအကျော်အမော် ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှာမူကား ဆာယေးစယာအလုပ်ဖြင့်အရက်ဘိုးအကြွေးတင်နေရရှာလေသဒီး။ ( ဂေဇက်အတွင်းရှိ အခြားဆာယေးစယာများကိုမူ မသိပါ […]


နိုင်ငံဝန်ထမ်တွေတာဝန်ကျရာမြို့နယ်တွေကနေပြောင်းရွှေ့ကြတဲ့အခါမှာနှုတ်ဆက်ပွဲလုပ်ကြတယ်။ဒေ သခံတွေဘဝတူဌာနဆိုင်ရာဝန်ထမ်းတွေကနှုတ်ဆက်ပွဲကိုတက်ရောက်ပြီးလက်ဆောင်ပစ္စည်းတွေပေးကြ အမှတ်တရပစ္စည်းပေးကြနဲ့နှုတ်ဆက်တတ်ကြတယ်ဒါပေမယ်နှုတ်ဆက်ပွဲဖိတ်ကြားတဲ့စာကိုကြည့်ရင်တော့ အာဏာရှင်ဆန်တဲ့ဖိတ်ကြားမှုတွေကိုတွေ့ရတယ်။ဥပမာအနေနဲ့(၂၂)ရက်ဧပြီလ၂၀၁၃ခုနှစ်မှာကျင်းပ မယ့်အိ်မ်မဲမြို့အုပ်ချုပ်ရေးမှူးရာဇာဝင်းရဲ့နှုတ်ဆက်ပွဲဖိတ်ကြားစာလေးကိုဓါတ်ပုံရိုက်ပြီးတင်ပေးထားပါ တယ်။အခမ်းအနားအစီအစဉ်ကိုဖိတ် ကြားစာတွင်ပါသည့်အချိန်အတိုင်းပြုလုပ်မှာဖြစ်သောကြောင့်မပျက်မကွက်တက်ရောက်ပါရန်ဆိုတဲ့ အရေးအသားကဒီမိုကရေစီခေတ်မှာစဉ်းစားစရာပါ။ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့နှုတ်ဆက်ပွဲကသက် သက်ပြုလုပ်သွားပါတယ်။အဲဒီ့နေရာမှာလည်းကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုမြို့နယ်အုပ်ချုပ်ရေးမှူးရာဇာ ဝင်းတပည့်ထွေ/အုပ်ရုံးကလူတွေမှာလိုက်တဲ့စကားကမင်းတို့တွေနှုတ်ဆက်ပွဲကိုလာရင်လက်ဆောင် ထုပ်ကြီးတွေအကြီးကြီးလုပ်မလာကြနဲ့စာအိတ်နဲ့ပဲလာကြတဲ့။စကားပုံရိုင်ရိုင်နဲ့ပြောရရင်မျောက်ပြပြီး အဆံတောင်းနေသလိုပါလားကွယ်ရို့။ဒီနှုတ်ဆက်ပွဲကိုမလာရင်ဘာဖြစ်မလဲမင်းတို့ငါနဲ့လွတ်အောင်နေကြ ဆိုပြီးကြိမ်းဝါးတဲ့စကားတွေ၊စိမ်းကားတဲ့အကြည့်တွေကြည့်တာခံကြရတော့မချစ်သော်လည်းအောင့်ကာနမ်းကြ ရသပေါ့ဗျာ။နိုင်ငံတော်ကတော့ပြောနေတာဒီမိုကရေစီစကား၊ဒီမိုကရေစီလမ်းစဉ်၊အောက်ခြေဝန်ထမ်းတွေကျင့် သုံးနေတာကအာဏာရှင်စနစ်ဒီတော့ယုံကြည့်မှုနဲ့လက်တွဲကြပါစို့ဆိုရင်နိုင်ငံတော်အကြီးအကဲတွေရဲ့မူဝါဒတွေ၊ ချမှတ်တဲ့လမ်းစဉ်တွေဘယ်လောက်ကောင်းကောင်းပြည်သူရဲ့ယုံကြည်မှုကအောက်ခြေဝန်ထမ်းတွေရဲ့မပြောင်း တဲ့မူကြောင့်ယုံကြည်ရခက်တာပေါ့ဗျာ…။ နှုတ်ဆက်ပွဲအကြောင်းလေးပြီးတော့လုံခြုံရေးအကြောင်းပြောပြရမယ်။မိထ္တီလာပဋိ ပက္ခမှာအိ်မ်မဲမြို့ကငွေကြေးချမ်းသာတဲ့ဦးရာဇက်မိသားစု၊ဦးဟာရှင်(ခ)ဦးမြင့်လွင်မိသားစုအစရှိတဲ့ငွေကြေးချမ်း သာတဲ့သူတွေဟာတစ်နေ့မှာအိမ်မဲမြို့ကိုမီးလာရှို့မယ်ကြားတော့မိသားစုလိုက်ကိုယ်ပိုင်ကားတွေနဲ့ထွက် သွားခဲ့ကြတယ်။အဲဒီသတင်းတွေကြောင့်အိမ်မဲမြို့မှာဟိုမြို့ကဖုန်းဆက်မေး၊ဒီမြို့ကဖုန်းဆက်မေးနဲ့ကောလဟာလ ကြောင့်မတည်မငြိမ်ဖြစ်သွားခဲ့ရတယ်။အဲဒီအချိန်မှာမြို့နယ်အုပ်ချုပ်ရေးမှူးကထွက်ပြေးကြတဲ့မိသားစုတွေကိုဖုန်း ဆက်ပြန်ခေါ်ခဲ့တယ်။သူတို့အတွက်လုံခြုံရေးကိုအပြည့်အဝတာဝန်ယူပေးမယ်ဆိုပြီးအာမခံခဲ့တယ်။သူအာမခံ တာကြောင့်ရှောင်ပြေးတဲ့မိသားစုတွေအကုန်အိမ်မဲမြေကိုပြန်ရောက်လာကြတယ်။လုံခြုံရေးအဖြစ်ညဘက်တွေ မှာမြို့အာဏာပိုင်အဖွဲ့အစည်းရယ်၊လက်နက်ကိုင်အဖွဲ့အစည်း၊ဗလီဆရာဘာသာရေးခေါင်းဆောင်တွေ၊အလင်းစေ တမန်ဓမ္မဒါနလူငယ်တွေကိုပေါင်းစုံစေပြီးညတိုင်ဆိုင်ကယ်အစီး(၂၀)နဲ့လုံခြုံရေးကင်းလှည့်ခဲ့တယ်။မတည်ငြိမ် ကာစမှာတော့ကြောက်စိတ်ဝင်နေတဲ့အိမ်မဲမြို့နေပြည်သူတွေကကျေးဇူးတင်ကြတာပေါ့။နောင်ရက်ပေါင်းကြာ လာတဲ့အခါမှာမေ့မေ့ပျောက်ပျောက်ဖြစ်ပြီးကြောက်စိတ်ပြယ်စပြုနေတဲ့ပြည်သူတွေသူတို့လှည့်လာတဲ့ဆိုင် ကယ်သံတွေကြားရင်ကြောက်စိတ်ပြန်ဝင်လာကြတယ်။ဆိုင်ကယ်တဝေါဝေါနဲ့လုပ်နေတာလုံခြုံရေးကြောင့်လို့ထင်ခဲ့ ကြတယ်။အခုအချိန်ဇာတ်ပေါင်းခန်းရောက်မှသဘောပေါက်တော့တာဗျို့မြို့နယ်အုပ်ချုပ်ရေးမှူးရာဇာဝင်းနဲ့ သူ့အောက်ကဒုဦးစီးမှူးသီဟစိုးနှစ်ဦးစလုံးရဲ့ဇနီးမယားတွေကိုယ်ပေါ်မှာရွှေဖြူတစ်ဆင်စာကိုမွတ်ဆလင်တွေ ကဆင်ပေးလိုက်ကြတာပေါ့။ကဲဒီတော့၉၆၉သီချင်းကိုပြောင်းဆိုရရင်တစ်ခြားဘာသာကောင်းစားရေးကိုဦးရာဇာ ကဆောင်ရွက်သည်လို့ပြောင်းရတော့မလိုပေါ့ဗျာ…။ အိမ်မဲမြို့အတွက်လုံခြုံရေးပေးတယ်ထင်တာခုတော့မွတ်ဆလင်လုံခြုံရေးကိုတာ ဝန်ယူနေသလိုဖြစ်ရပေါ့ဗျာ……။အိမ်မဲမြို့စရောက်တဲ့ဝန်ထမ်းအရာရှိတွေပြောတတ်ကြတဲ့စကားရှိတယ်။ ခင်ဗျားတို့အိမ်မဲမြို့ဆိုတာကျုပ်တို့ဝန်ထမ်းတွေအတွက်ကအ…မဗျ။(အ…..မ)ဆိုတာသိလားအောင်မြေ ကိုပြောတာဗျ။ကဲဒီလိုသတ်မှတ်ရအောင်ကျုပ်တို့မြို့ကအကြီးကြီးလားဗျာဆိုတော့မဟုတ်ပါဘူး။နယ်မြို့ ကလေးတစ်မြို့ပါ။လာသမျှမြို့အုပ်ချုပ်သူတွေပညာပြကြတော့စီးပွားရေးသမားကကြောက်ပြီးပေးရကမ်း ရတော့တာပေါ့ဗျာ….။အရင်ဦးသိန်ဝင်းဆိုတဲ့အုပ်ချုပ်ရေးမှူးကပိုဆိုးတယ်လုပ်ငန်းရှင်လဲဆဲဆို၊ရုံးကဝန် ထမ်းတွေလဲဆဲဆိုနဲ့ကျုပ်တို့မြို့လေးဝန်ထမ်းကောင်းနဲ့တစ်ခါမှကိုမထိတွေ့ရတာအမှန်ပဲ။လာသမျှမြို့ အုပ်ချုပ်သူတွေငတ်ပြတ်ပြီးပါးစပ်ဟ၊လျှာထွက်ပြီးမြို့ကိုရောက်လာကြတာများသဗျာ…..။ဒီလိုပြောပြတော့ မကောင်းမြင်ပြီးအပုပ်ချတယ်လို့ဆိုရင်လဲခံမယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျုပ်တို့ခံနေရတာကျုပ်တို့ပဲ သိတယ်။ဒီဘက်ခေတ်ကျမှအင်တာနက်တွေပေါ်လာလို့ကျုပ်တို့ရင်ဖွင့်ခွင့်ရတာ။အရပ်ပုပုလူပုစိတ်တို မယားအလှအတွက်ငွေကိုသဲကြီးမဲကြီးရှာတဲ့မြို့အုပ်ချုပ်သူဦးသိန်ဝင်းခေတ်ကသာဒီနည်းပညာထွန်းကား တဲ့အချိန်နဲ့တိုးရင်ကျုပ်တို့အိမ်မဲသားတွေရေးလို့တောင်ဆုံးမှာမဟုတ်ဖူး။အင်တာနက်ဆိုင်တွေနေ့ချင်း ညချင်းစီးပွားဖြစ်နိုင်တယ်။ကျုပ်မယုံနိုင်တဲ့ကိစ္စတစ်ခုရှိတယ်။မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ကကိစ္စရပ် တစ်ခု၊ဒါမှမဟုတ်ဂွင်တစ်ခုမှာသူ့ဆောင်ရွက်ချက်ပြောင်မြောက်ရင်သိန်းရာချီရသတဲ့။ ကျုပ်တို့နယ်မြို့လေးကငွေအဲသလောက်ထွက်သလားမယုံနိုင်ဘူး…..။ကျုပ်တို့ မြို့ကပြောင်းသွားတဲ့အရာရှိတစ်ယောက်နဲ့ပြန်ဆုံတဲ့အချိန်မှာအဲဒီ့အရာရှိကရင်ဖွင့်ပြောပြမှသိရတာ..။ အိမ်မဲမြို့အဝင်ကမြေကွက်တစ်ခုကိုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလိုချင်လို့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာဝင်းကဆောင်ရွက်ပေးတာ။လုပ်ငန်းရှင်ကသိန်(၃၀၀)တောင်ပေးလိုက်သတဲ့..။နားရှိလို့ သာကြားရတာယုံတောင်မယုံချင်ပါဘူး….။အရာရှိတစ်ယောက်ကပြန်ပြောပြတာဆိုတော့ဖြစ်နိုင် ပါတယ်။သူတို့ချင်းကပိုသိကြတယ်လေ။မြွေမြွေချင်းခြေမြင်ကြတဲ့သဘောပေါ့။ဒီလိုသာဆက်သွားကြမယ် ဆိုရင်၂၀၁၅ရောက်တာတောင်နိုင်ငံပြောင်းလဲဖို့ဒီမိုကရေစီစနစထွန်းကားဖို့ဆိုတာမလွယ်ပါဘူးဗျာ.. ။ဒီလိုရေးတင်တော့အပုပ်ချသမားလို့ထင်ရင်လွန်တာရှိဝန်တာမိပါဗျာ့…။ကျုပ်တို့ကလဲကိုယ့်ဝမ်းကိုယ် […]


Mr WorldWideApril 22, 20131min04
မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေလို့ နောက်ကျဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်.. ရွာသူရွာသားများအားလုံး အဓွန့်ရှည်တည်တံစွာ  ဖိုရမ်အကျိုးသည်ပိုးနိုင်ကြပါစေ၊ မြန်ပြည်အကျိုးသယ်ပိုးနိုင်ကြပါစေ သတင်းလေးကတော့ ကြာပါပီ။ MMEx မှာတောင် အတိုလေးတင်တာတွေ့မိလိုက်ပါတယ်။ ကျနော်ပြန်ထားတာလေး တင်လိုက်တာပါ။ လာမည့်ရက်များမှ အသစ်လေးတွေတင်ပါတော့မယ် အဆင့်မြင့်နည်းပညာဖြင့်ပြုလုပ်ထားသည့် လက်ကောက်ဝတ်တွင်ပတ်သည့် လက်ပက်တစ်မျိုးသည် ပြည်သူ များအား ပြန်ပေးဆွဲခံရခြင်းနှင့် အသတ်ခံရခြင်းစသည့် ဘေးအန္တရာယ်များမှ မကြာမီ ကာကွယ်နိုင်တော့မည် ဖြစ်ပါသည်။ လူတစ်ဦးချင်းစီသည် ဖုန်းနှင့် sat-nav နည်းပညာတို့ကို အသုံးပြုထားသော အဆိုပါ နည်းပညာအား  ကိုယ်ပိုင်သတိပေးမှုအဖြစ် အသုံးပြုသောကြောင့် အန္တရာယ်ရှိသော အခြေအနေတွင် ၎င်းပစ္စည်းမှ သတိပေးပါသည်။ သတိပေးမှုသည် ခြေရာခံသည့် လူကို ပျောက်ကွယ်မသွားအောင် အချက်အလက်များအား စုစည်းပို့ဆောင်ကာ လူမှုကွန်ရက်များဖြစ်သော ဖေ့ဘွတ်စ်နှင့်တွစ်တာ တို့အား အသိပေးပါသည်။ ပထမဆုံးလက်ပက်အား ယခုအပတ်အတွင်း ထုတ်လုပ်သွားမည်ဖြစ်ပြီး အများအပြားပြုလုပ်နိုင်ရန်အတွက်လည်း ရံပုံငွေရှာနေပြီ ဖြစ်ပါသည်။ […]


nicolus agralApril 20, 20131min025
***မွတ်စလင်နှင့် လက်ထပ်ခွင့် မပြုသောနိုင်ငံ (သို့မဟုတ်) ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသောနိုင်ငံ (သို့မဟုတ်) စင်ကာပူ*** ‘ဒီနှစ်တန်ခူးအတာကူးပြီးလို့ နှစ်သစ်ရောက်ရင် ဒို့တိုုင်းပြည်ကြီး တိုးတက်တော့မယ်’ လို့ ဆရာတော်ကြီးတစ်ပါး မိန့်ကြားထားတာကြောင့် နှစ်သစ်ကို မျှော်လင့်ချက်အသစ်တွေနဲ့ ယုံကြည်စွာ စောင့်မျှော်နေမိပါတယ်။ နှစ်ဟောင်းကုန်ခါနီး မှာတော့ မိတ္ထီလာအရေးအခင်းက စခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းနဲ့ ပဲခူးတစ်ဝိုက်က အရေးအခင်းတွေကြောင့် ကမ္ဘာ့အလယ်မှာ ကဲ့ရဲ့စရာ အဖြစ်မျိုးတွေတော့ ကြုံခဲ့ရတာပေါ့ဗျာ။ ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းကြဖို့ ဝိုင်းဝန်းတိုက်တွန်းကြတာကြောင့် ”တကယ်ပဲ လက်ရှိဥပဒေတွေအတိုင်းဖြေရှင်းရင် လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စတွေအားလုံးပြေလည်သွားမလား၊ လက်ရှိဥပဒေတွေက ကိုယ့်တိုင်းရင်းသူတွေကို တကယ်ပဲ ထိထိရောက်ရောက်ကာကွယ် နိုင်သလား၊ မွတ်တွေရဲ့ လူမျိုတိုက်စစ်ကြီးကို ကာကွယ်နိုင်ရဲ့လား” လို့ စဉ်းစားမိပါတယ်။ တကယ်လို့ လူမျိုတိုက်စစ်ကြီးကို မကာကွယ်နိုင်ဘူးဆိုရင်တော့ လိုအပ်တဲ့ ဥပဒေအသစ်တွေကို အခြေခံဥပဒေတွေပြင်ဆင်ရေးဆွဲခြင်း နှင့် […]


တိခနဲပဲ ဖြတ်လိုက်တယ် ဓါးတစ်ချောင်းဟာ သူ့အိမ်ထဲက ထွက်ပြီး သူ့ကိုယ်သူ တိခနဲ ဖြတ်ချလိုက်တယ်။ ညနေခင်း တိမ်တွေဝါနီစွေးလို့ ဖေဖေက တောစပ်မှာ နွားသွားသိမ်း မေမေက ညစာ အတွက် ကန်စွန်းခင်းသွား ညီမလေးက ဝလုံးရေး အငယ်ကောင်က ငါးသွားမျှား ကျွန်တော်က တိခနဲပဲ ဒါလား ခေတ် ဒါလား ကျေးလက် ကျွန်တော်သွားမယ့် ကောင်းကင်ဘုံအတွက် ကျွန်တော်ဟာ တိခနဲ။ “မင်းက ဘာသွားလုပ်မှာလဲ” ကျွန်တော်က သွားတိမှာ အဖေ မြို့ပေါ်မှာ ကျွန်တော့်အတွက် သစ်ပင်မရှိဘူး မီးခိုးငွေ့တွေတော့ ရှိမယ် မြို့ပေါ်မှာ ကျွန်တော့်အတွက် လွတ်လပ်ခွင့် မရှိဘူး စိတ်ရိုင်းပေါ်ခွင့်တော့ ရှိမယ် နှင်တံကို ကြိုးနဲ့တပ်လျက်ဖေဖေ လယ်တောသွား ထမင်းချိုင့်ထုပ်လျက် မေမေက မျက်လုံးပြူး မျက်ဆံပြူး ထပ်မေးတယ် […]