ဘဝမှာ အမှားနောက် တကြိမ် လုပ်မိတယ်… အနုပညာဆိုတာ ဘာသာရေးဆိုရင် ကျနော့်အတွက်တော့ အဲ့ဒီ့ ဆြာသမားက ပစ္စေဂဗုဒ္ဓာ လောက်ရှိရဲ့ဗျာ.. လူမှန်းသိတတ်ကတည်းက ခင်လာတဲ့ သူ့မိသားစုဝင် ကျနော့်သူငယ်ချင်းက ဖုန်းနံပါတ်ပေးပြီး …. သားဂျီး မင်းကိုတော့ သူအမှတ်ရမှာပါကွာ..လို့ ဦးနှောက်ထဲ ကင်ဆာပိုးရောက်နေတဲ့ ဆြာ့ကိုယ်စား အဲ့ဘဲက ပြောလာတာတောင်မှ ဟောဒိ အကုသိုလ် အတုံးအခဲက နံပါတ်နှိပ်ဖို့ တွန့်ဆုတ် ထိတ်လန့်ခဲ့မိတယ် … သူငယ်ချင်းအချင်းချင်း ကျုပ် က မသတီချင်စရာကောင်းတာများပြောပါတယ်.. မင့်အဖေ ဒတ်ရှင်မင်းသား ဘာလုပ်နေတယ်မသိချင်ဘု မင့်ဦးလေး ဘာစာအုပ်ထွက်ဖို့ ရှိသလဲ ခနခန မေးတတ်အောင် သောက်ကြောတင်းတဲ့ကောင် မှတ်မှတ်ရရတော့ အဲ့သည့် သူငယ်ချင်းအဖေ အသုဘမှာ ဆြာသမားနဲ့ […]
