ပင့်သက်တွေဝေဝေ ငေးမောလို့သက်ပျင်းခြိုက်သံတွေကြားမှာ ပေါ်ထွက်လာတဲ့ဂစ်တာသံ ငါ့စိတ်ကိုနိုးထ သံစဉ်တွေစီးဝင်သွားလိုက်တာ မိုးလင်းခဲ့တာတောင်မသိခဲံ့လိုက်ဘူး… ဒီလိုနဲ့တစ်နေ့ကုန် ပြက္ခဒိန်စာရွက်ကိုကြည့်မိတော့ ကုန်လွန်သွားခဲ့တဲ့အလွမ်းနေ့စွဲများ January နဲ့ April လကြားမှာ ခြောက်သွေ့သွားတဲ့အနမ်းပန်းပွင့်တွေနဲ့ ကဗျာဆန်တဲ့အတွေး မထင်မှတ်တဲ့အဖြစ်လေးတွေနဲ့အတူ Romaetic ဆန်တဲ့ငါတို့ရဲ့အချစ်ဇတ်လမ်းလေးလည်း ဒရမ်မာတစ်ပုတ်ဖြစ်သွားတယ်…. အဲ့ဒီ့အချိန်မှာ ပျံ့ကျဲကြွေကျသွားတဲ့မင်းရဲ့ပုလဲတစ်ကုံး သံယောဇဉ်ကြိုးနဲ့ငါပြန်သီကုုံး သိုင်းဖွဲ့နှောင်သမုဒယတွေကြားမှာ ရင်ခုန်သံတီးတိုး သစ္စာတွေမပျက်ယွန်းခဲ့ရင် ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့တစ်သက်မခွဲပဲ အချစ်တွေပြန်လည်ဆုံဆည်းကြမယ်…။ သက်ခြွေသူ
