လူတို့၏သဘာဝသည်..သဘာဝဖြစ်သည်…..။ အသက်အရွယ်ရတာနဲ့အမျှ အိမ်ထောင်ပြုချင်စိတ်..၊ ဆန့်ကျင်ဘက်လိင်နှင့်… နီးစပ်တိုင်း…ချဉ်ချဉ်းတူးတူး…မူးချင်ကြတာဟာ…သဘာဝပါ…။ ထို့အတူ..ဘယ်လိုပဲ..ဗိုင်းကောင်းကျောက်ဖိထားထား…မွေးထဲကပါလာတဲ့… ဗီစနဲ့..ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင့်…မျိုသိပ်မရတဲ့…နှလုံးခုန်မှုတွေကလည်း… ကျော်လွန်ဖို့မလွယ်ကူတဲ့..သဘာဝပါပဲ….။ ဒါကြောင့်မို့…. အမျိုးသားပဲဖြစ်ဖြစ်..အမျိုးသမီးပဲဖြစ်ဖြစ်….အိုးသံကြားတာနဲ့…ငြိချင်ကြတာလည်း.. သဘာဝပါပဲ….။ လူသားတွေဖြစ်ကြတဲ့ကျုပ်တို့တွေဟာ…အဲဒီသဘာဝတရားထဲကိုဝင်လိုက်တာနဲ့…. ဘာတွေဖြစ်ကြသလဲဆိုတာ…တစ်ခါတစ်ခါတွေးရခက်တယ်…။ ရှက်စရာလိုလို…. ရွံစရာလိုလို…ကျွံမိရင်ပဲ နွံထဲကမရုန်းနိုင်တော့သလိုမျိုးဖြစ်တာကတော့….. ဘဝမှာ လူဖြစ်ရကျိုးရှုံးတယ်လို့..ပြောရမလိုပါပဲ…။ အဲသလိုများထိကြ၊ ငြိကြရင်ပဲ…မင်္ဂလာမဲ့တဲ့သူ…ကျက်သရေတုံးသွားတဲ့သူ… အညွှန့်ချိုးခံလိုက်ရလို့…နောက်ဘယ်တော့မှ..အတက်မထွက်တော့မယ့်သူမျိုးဆိုပြီး… တွေးကြ၊ ထင်ကြ၊ ပြောကြ၊ ဆိုကြတာတွေဟာ..ကျုပ်တို့မြန်မာလူမျိုးတွေက… သူ့ထက်ကဲနေသလားလို့….။ အဲသလိုဖြစ်နေကြတော့..ဘာတွေအကျိုးတွေဖြစ်လဲ…ကြည့်ပေါ့…။ အခန့်မသင့်လို့များ…ထိမိ၊ ငြိမိပြီဆိုရင်…တကယ်ကိုဘဝပျက်တယ်ထင်ပြီး….. တသက်လုံးယူကျုံးမရဖြစ်ပြီး၊ ငါ့တော့..လူတောမတိုးတော့ပါဘူး…ဟုတ်မှာပါ… စိတ်ဆိုတာကွယ်ရာမရှိဆိုတာလည်းမှန်လိုက်တာ…ငါ့မှာဒီတစ်ကြိမ်မှားမိတဲ့စိတ်က.. ဘယ်လိုမှဖျောက်လို့မရအောင်…စိုးမိုးခြောက်ခြားနေလိုက်တာ…အခုဆိုရင်ကြည့်စမ်း စိတ်အလိုလေးလိုက်မိတာနဲ့..ငါ့မှာခံစားလိုက်ရတာ…ဘယ်လိုပဲသတိတရနဲ့…ပြန်ကြည့် လိုက်မိတိုင်း..ငါ့ရဲ့ခန္ဓာကိုယ်ဟာမသန့်ရှင်းတော့ပါလား…မင်္ဂလာမဲ့လိုက်တာ…… ဒီအတိုင်းတော့မနေဘူး…သေတာကောင်းတယ်…စသည်ဖြင့်ပေါ့ဗျာ…ဖြစ်တတ်ကြတာ တွေရှိကြတာပါပဲ…။ အဲဒါက..သဘာဝကို…ယဉ်ကျေးမှုဆိုတဲ့မှားယွင်းတဲ့ပေတံနဲ့…. တိုင်းတာထားကြလို့ပါပဲ…။ အဲဒီမှာ..ယဉ်ကျေးမှုဆိုတဲ့စကားလုံးကို ပြောရရင်…. လောကထဲမှာလူသားအဖြစ်နဲ့ကိုယ့်ပတ်ဝန်းကျင်ကို..အထိုက်အလျောက်အဆင်ပြေ အောင်..ဆက်ဆံနေထိုင်တဲ့သူဆိုရင်…ပြီးတာပဲမဟုတ်ပါလား…။အဲသလိုမဟုတ်ပါပဲနဲ့.. ..သဘာဝထဲတိုးဝင်မိခဲ့ရင်ပဲ.…ငါဘာသာငါ…ဆရာဝန်ဖြစ်ဖြစ်…အင်ဂျင်နီယာဖြစ်ဖြစ် …တရားစခန်းဝင်သူပဲဖြစ်ဖြစ်…တကယ်တော့..ငါဟာလူတွေနဲ့ဆက်ဆံရတာ.. လိပ်ပြာမလုံတော့ဘူး..ဘာကြောင့်လဲဆိုတော့…ငါဟာ..မင်္ဂလာမဲ့သူဖြစ်နေတာကိုး..ဆို တဲ့…ယူဆချက်စိတ်အခြေအနေတွေဟာ….တကယ်ရောမှန်နိုင်ပါ့မလား…။ တကယ်ရော…မင်္ဂလာမဲ့သူဖြစ်သွားပြီလား…။ ဒါဆိုရင်…ထိမိ၊ ငြိမိတဲ့အပေါ်မှာ.. ဘယ်လိုမျိုးစိတ်ဓါတ်မျိုးနဲ့…ဆက်လက်ခရီးသွားသင့်သလဲ….ဝိုင်းဝန်းပေးကြပါရန်… ဂေးဇက်မှတစ်ဆင့်..ရင်ဖွင့်လိုက်ရပါတယ်ခင်ဗျား….။
