မြန်မာနိုင်ငံမှာ ခေါင်းဆောင်နှစ်ဦးရှိတယ်။ ဦးသိန်းစိန်နဲ ့ဒေါ်အောင်ဆန်းစုကြည်။ သူတို ့နှစ်ဦးက အသက်အရွယ်လည်း သိတ်မကွာဘူး။ သူတို ့နှစ်ဦးရဲ ့တန်ဖိုးကို လေလံပစ်တဲ့အခါမှာ ဦးသိန်းစိန်ရှုံးပြီး ဒေါ်စုနိုင်တာကို ယနေ ့ဥရောပခရီးစဉ်မှာ အထင်အရှားမြင်ရတယ်။ ဘယ်တုန်းက ဦးသိန်းစိန်ကို ဘိုနိုက ဂျက်လေယျာဉ်ပေးခဲ့ဘူးလဲ။ ဘုရင်ခံတွေနဲ ့ထမင်းအတူစားဘူးလား။ နိုဘယ်ငြိမ်းချမ်းရေးဆုမပြောနဲ ့လူ ့အခွင့်အရေးဆုတောင်ရဘူးလို ့လား။ ဒီလိုမျိုးမရှိတဲ့လူတစ်ယောက်ကို နိုင်ငံ့ခေါင်းဆောင်သမ္မတအဖြစ် ထားတဲ့လူတွေကို အရမ်းအံ့ဩမိတယ်။ ရုတ်တရက်ဦးသိန်းစိန်သေသွားရင် ဘာမှအရေးမကြီးပေမဲ့ ဒေါ်စုကတော့ စောစောသေလို ့မဖြစ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ ့လို ခေါင်းဆောင်မျိုးက နှစ်တစ်ရာမှာ တစ်ယောက်တောင်ရှိခဲ့တာမဟုတ်ဘူး။ တန်ဖိုးရှိတဲ့လူသားတစ်ယောက်ကို တန်ဖိုးကြီးတဲ့အလုပ်တွေလုပ်ဖို ့အတွက် တာဝန်ပေးတာပိုကောင်းတယ်။ ဒေါ်စုရဲ ့နာမည်ကြီးမှု၊ မီဒီယာနဲ ့ဖေ့ဘွတ်စ်မှာ ထင်ရှားနေမှုတွေကို မနာလိုတဲ့သူ ကြည့်မရတဲ့သူတွေရှိတယ်။ ဒါကိုအပြစ်မပြောချင်ပါဘူး။ ကိုယ့်ခံစားချက်နဲ […]
