၁- ထရွိုင်း ဤဒဏ္ဍာရီဆန်လှသော မြို့လေး၏ အကြွင်းအကျန်များကို ၁၉ ရာစုအတွင်း တူရကီနိုင်ငံ အနာတိုလီယာဒေသတွင် ရှာဖွေတွေ့ရှိ ခဲ့သည်။ဒဏ္ဍာရီတို့အရ ဂရိတို့သည် အဆိုပါမြို့အား ပြာပုံအတိဖြစ်အောင်မီးရှို့ပစ်ခဲ့ကြသည်ဟုဆိုသည်။ ရှေးဟောင်းသုတေသန ပညာရှင်များသည် ၆.၁မီတာမြင့်သော နံရံကြီး ကို ဟာဆာလစ်တွင် တွေ့ရှိခဲ့သည်။ ယင်းနေရာတွင်တစ်ချိန်က မြို့ကြီးကိုးမြို့ တည်ရှိခဲ့ပြီး ယင်းတို့ထဲမှ တစ်မြို့သည် ထရွိုင်မြို့ ဖြစ်သည်ဟု ဆိုသည်.. ၂-ဘေဘီလုံ ဘေဘီလုံမြို့၏ တွဲလောင်းကျနေသော ဥယာဉ်များသည် ဘေဘီလုံမြို့အနေဖြင့် အလွန်ထွန်းကားသော နိုင်ငံဖြစ်ခဲ့ကြောင်း သက်သေပြသည့် ကမ္ဘာကျော် သင်္ကေတများပင် ဖြစ်ပေတော့သည်။ ဘေဘီလုံမြို့၏ခမ်းနားကြီးကျယ်မှု့ကို သက်သေထင်ရှား မြင်တွေ့ခဲ့ခြင်း မရှိသော်လည်း ကျော်ကြားလှသော သမိုင်းပညာရှင် ဟီရိုဒေါက်တက်စ်က ဘေဘီလုံ၏ သမိုင်းကြောင်းများကို ရေးသားခဲ့သည်။ ဘေဘီလုံမြို့တော်၏ အုတ်ခဲနံရံများကို ၁၉ ရာစုတွင် […]
