ဟိုး……. အဝေးတစ်နေရာကနေ… နင့်ကို လွမ်းနေ သတိရနေတဲ့… လူတစ်ယောက် ရှိနေတယ်ဆိုတာ… နင် သိနိုင်ပါ့မလား….။ ဟင့်အင်း….. နင် သိနိုင်မှာ မဟုတ်သလို… နင် သတိထားမိမှာလည်း မဟုတ်ပါဘူး… ဘာဖြစ်လို့လဲဆိုတော့… ဟို….အရင်အချိန်တွေကတည်းက… နင့်ကို သတိရ လွမ်းနေတဲ့… လူတစ်ယောက်ကို… နင်မေ့နေခဲ့တာ ကြာပြီပဲလေ…။ ငါလေ နင့်အတွက်… ခံစားချက်များစွာနဲ့လဲ… ကဗျာတစ်ကြောင်း ဖြစ်အောင်မစပ်တတ်ဘူး…။ ဒါပေမယ့်…….. နင့်အတွက်နဲ့….ငါ စာတွေလည်း ရေးတတ်နေပြီ… စကားလုံးများစွာက … င့ါစိတ်ကူးထဲမှာ နင့်အတွက် အပြည့်အကြပ်… သတိရ လွမ်းဆွတ်ခြင်းတွေက… င့ါရင်ထဲမှာ နင့်အတွက် အပြည့်အနှက်… ဒါတွေ ပေါင်းစပ်ပြီးတော့လည်း… ကဗျာတစ်ပုဒ်ဖြစ်အောင်… မစပ်တတ်ခဲ့ပြန်ဘူး…။ ဒါပေမယ့်လေ… သိစေချင်လိုက်တာ… နင့်ကို သတိရ လွမ်းနေတဲ့….. လူတစ်ယောက်ရှိနေတယ်ဆိုတာကိုပေါ့…။ ။ ခင်မင်လျှက်….မိုက်လေး
