Albino Burmese Python တဲ့ သူ့အကြည့်က အေးစက်စက် မြွေ ချောင်း ချောင်းနေတာ စားကြည့်တော့ ချိုဆိမ့် နေတာပဲတဲ့ UK, Kent အရပ်မှာရှိတဲ့ North Star ကိတ်မုန့်ဆိုင်ပိုင်ရှင် Francesca Pitcher က သူ့သမီး မြွေချစ်သူ ၆နှစ် အရွယ် ကလေးငယ်အတွက် မွေးနေ့ကိတ်ပါတဲ့ခင်ဗျာ Credit to North Star Cakes Facebook page. 


KyaemonAugust 16, 201221min01
ဘိုးဘွားလက်ထက်က ဆောက်နင့်ပြီးသားရေကာတာကြီးတွေ တော်တော်ခိုင်ခံ့တောင့်တင်းတာပါ Teufenbachweiher  ရေကာတာ ၁၈၉၅ ကပြီးလို့ ၁၁ရ နှစ် တောင်ကြာခဲ့ပါပြီ၊       Swiss Committee on Dams – Dam Form http://www.swissdams.ch/Dams/damForm/default_e.asp?ID=146 LES BARRAGES SUISSES-TALSPERREN IN DER SCHWEIZ-DAMS IN SWITZERLAND http://www.jcr-photos.ch/414184/414205.html Le Chalet  ရေကာတာ   ၁၈၉၅ ကပြီးလို့ ၁၁ရ နှစ် တောင်ကြာခဲ့ပါပြီ၊       Swiss Committee on Dams – Dam Form http://www.swissdams.ch/Dams/damForm/default_e.asp?ID=152 Gübsensee West  ရေကာတာ ၁၉၀ဝ ကပြီးလို့ ၁၁၂ နှစ် […]


KyaemonAugust 16, 201229min01
 နော်ဝေနိုင်ငံက ရေကာတာများရဲ့အဆက်   Solberg ရေကာတာ   (နှစ်ပေါင်းများစွာခံနိုင်အောင်တောင့်တောင့်တင်းတင်းလုပ်ထားတာ ထင်ရှားတာပါ) Dam | Flickr – Photo Sharing! http://www.flickr.com/photos/makjes/5589886184/in/set-72157626303957751 http://www.flickr.com/photos/makjes/sets/72157626303957751/   Osbu  ရေကာတာ  Osbu Dam at Litledalen / Osbu Staudamm | Flickr – Photo Sharing! http://www.flickr.com/photos/cooinda/4801235007/in/photostream/     Osbu Dam at Litledalen / Osbu Staudamm  ၁၉၅၈ က ပြီးတာ ၅၄ နှစ်ရှိပြီ၊ ဓာတ်ပုံဆရာထက်အသက်ငယ်တာလို့ရေးထား Made in 1958, slightly younger than me. Vigelandsparken ရေကာတာ   (အပန်းဖြေပန်းခြံ […]


    “ပန်းလေးတွေအစုံအစုံ” တစ်     ကျနော်က ယောကျာ်လေးတန်မဲ့ ပန်းတွေကိုနှစ်သက်ပါတယ်။ အပင်ပေါ်မှာပွင့်နေတဲ့ပန်းလေးတွေကိုမြင်ရင်သဘောကျ။ ငယ်စဉ်ဘဝ မြေကြီးအလွန်ရှိတဲ့အိမ်မှာနေရတုန်းက ရသမျျနေရမှာ ပန်းပင်လေးတွေစိုက်။ ပွင့်လာရင် သဘောကျ။ မွှေးနေတဲ့ပန်းရနံ့က လူစိတ်ကိုဘယ်လိုကြည်နူးစေမှန်းမသိ။ အခုတော့ တိုက်ခန်းနေလူတန်းစားဘဝမှာအပင်စိုက်ဘို့အခွင့်မသာ။ ရသမျှနေရာလေးမှာပန်းအိုးနဲ့စိုက်ပြန်တော့ နေမဝ ရေမဝတော့ အပင်လေးတွေမှာ စိတ်ရှိတိုင်းမလန်း။ အဲတော့လဲ ပန်းပင်တွေ့တဲ့နေရာမှာလက်ဆော့လို့ဓါတ်ပုံရိုက်။ ဒီတစ်ခေါက်တောင်ကြီးဘက်ကိုသွားဖြစ်တော့ မာမီကမှာလိုက်ပါတယ်။ “ကိုပေါက် ဒီတစ်ခါ ပန်းတွေဓါတ်ပုံရိုက်ရင် နာမယ်မှတ်ခဲ့ပါ”တဲ့။ အဲတော့တောင်ကြီးရောက်တော့ကားပေါ်ကဆင်းဆင်းခြင်းမအိပ်တော့ဘဲလမ်းလျောက်ထွက်။ လမ်းနံဘေးမှ တွေ့တဲ့ပန်းလှလှမြင်ရင် ဓါတ်ပုံရိုက်။ လာသမျှလူကို “’ဒီပန်းလေးက ဘယ်လိုခေါ်ပါသလဲခင်ဗျာ”လို့မေး။ အမေးခံရသူကလဲ သေသေချာချာဖြေပေးနဲ့ အလုပ်ကို ဖြစ်လု့ိပါဘဲ။ အဲ အနီရောင်ပန်းအုံလိုက်ကြီးတွေ့လို့မေးမှ သိသူမရှိ။ ဆယ်နှစ်ရာသီပွင့်တယ် နာမည်က ပါးစပ်ဖျားတင်မေ့နေတယ်လို့ဆိုပြန်ပါတယ်။ နောက်ဆုံးတော့ ကိုပေါက်ပဟေဠိကိုမှန်အောင်ဖြေနိုင်သူပေါ်လာပါတယ်။ “  ဟင်းနုတ်သီးပန်း“လို့ခေါ်ပါသတဲ့။   […]


မန်းဂေဇက်ချစ်သူများစာပေဆု ပေးပွဲ တဲ့ မပဒုမ္မာကလိုက်ပြီးဖိတ်နေတာကို နားစွန်နားဖျားကြားလိုက်မိသဗျ.. ဒီတစ်ခေါက်ဖြင့်ကော်ပီလို့တွက်လိုက်တယ်ဗျို့ မန်းဂေဇက်မှာ မန်ဘာ ပေါင်း ၇၀၀ဝ လောက်ရှိတယ်ဆိုဘဲ ဟိုနေ့က ဟို.. အဲဘယ်သူပါလိမ့် ..သူ့နာမယ် အံစာတုံးလား.. သုံးကောင်ဂျင်လား သူ့ပြောတာကြားထားသဗျို့ ဒါဆိုရင်တော့ ဆြာအုပ်တို့ ပွပေါက်တိုးတယ်ဆိုရမလားဘဲ ဒီပွဲမှာသာ ရိုက်စားလုပ်လိုက်ရရင်.. အားဟား.. မန်ဘာ ခုနစ်ထောင် တောင်ဆိုတော့ အားပါးပါး မင်္ဂလာဆောင် ပွဲ၂ဝ စာလောက်တောင်ရှိသဗျို့.. အင်းပွတာပဲ.. သို့သော်လည်း ဒီပွဲမှာ  ကိုစိန်သော့၊ရွှေမင်းသား၊ Mလုလင်၊ရွှေထီး၊ ညလေး၊ သကြားလုံးကြော်၊We R One ဆိုတဲ့ ဒါ့ ပုံဆြာတွေလဲရှိတယ်ကြားတယ်ဗျ.. ဒီတော့ သူတို့နဲ့ ဂျေဗီ လုပ်ရင်ကောင်းမလား ကျွန်ုပ်က လူသစ်ဆိုတော့ နဲနဲတော့စဉ်းစားရမယ်ဗျို့ အိုတော်ပါပြီစဉ်းစားနေရင် အချိန်ကုန်သဗျို့ တကိုယ်တော်ပဲ ဒိုးလို်က်တော့မယ် ဘယ်သူမှခွဲမပေး ရဘူးပေါ့ ဟာဟုတ်သဗျိုု့ ကျိတ်ကျိတ်တိုးပါလား အင်းမှတ်တမ်းလေးတော့ […]


ဒီပိုစ်လေးကတော့ အရင်က မပြင်စကောင်းပြင်စကောင်းနာမယ်နဲ့ဖော်ပြဘူးပါတယ်။ 2010 ကျနော်စာရေးစကပါ။ အခု မြနန္ဒာဂျာနယ်အတွက် ပြန်လည်ပြင်ဆင်ဖြည့်စွက်ပြီးရေးသားလိုက်ပါတယ်။ တူလဲတူတယ် မတူလဲမတူဘူးပေါ့။ ဩဂုတ်လ (8)ရက်နေ့ထုတ် အတွဲ့(1) အမှတ်စဉ်(29)နဲ့ မြနန္ဒာဂျာနယ်မှာပုံနှိပ်ပြီးဖြစ်ပါတယ်။ ခါတိုင်းဆိုရင် မန်းလေးဂေဇက်မှာ တင်ပြိးမှ ပုံနှိပ်လေ့ရှိပါတယ်။ ဒီတစ်ခါတော့ပြောင်းပြန်ပေါ့။ “ဘယ်သူ့ဘက်က ပြင်ပါ့မယ်”     တစ်နေ့အလုပ်သွားဘို့အိမ်ကထွက်အလာ “ဘိုအိမ် “လို့ကားစပယ်ယာတွေခေါ်တဲ့ မန္တလေး-စစ်ကိုင်းလမ်း နဲ့လမ်းသစ်ဆုံတဲ့နေရာ လမ်းထိပ်မှာယာဉ်ထိန်းအဖွဲနဲ့တာဝန်ရှိတဲ့အဖွဲ့တွေပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးနေတာကိုတွေ့လိုက်ရပါတယ်။ မနက် (၈)နာရီပါတ်ဝန်းကျင်ဆိုတော့ကျောင်းသွားအလုပ်သွားနဲ့အရမ်းကိုအသွားအလာများတဲ့ အချိန်လေးလဲဖြစ်ပါတယ်။ သူတို့စစ်ဆေးရေးလုပ်တဲ့နေရာရဲ့အရှေ့ဖက်ပလက်ဖောင်းမှာချထားတဲ့ စာပွဲလေးတစ်လုံးအနားမှာ လူတွေအများကြီးဝိုင်းအုံစုပြုံနေကြတာကိုမြင်လို့ စပ်စုလိုက်တော့ စည်းကမ်းဖောက်ဖျက်လို့ ဒဏ်ငွေဆောင်ကြရမယ့်သူတွေဖြစ်နေပါတယ်။ မစည်ကားအပ်တဲ့အရပ်ထဲမှာနောက်တိုးအနေနဲ့ စည်းကမ်းဖောက်ဖျက်လို့ဒါဏ်ငွေဆောင်ရတဲ့နေရာကိုထပ် တိုးလိုက်ချင်ပါတယ်။ သတင်းစာတွေထဲမှာ စည်းကမ်းဖောက်ဖျက်သူတွေကို ဖမ်းဆီးပြီးဒဏ်ငွေဆောင်လို့ရတဲ့နိုင်ငံတော်ဘဏ္ဍာငွေ ဘယ်လောက်ရှိပြီဆိုတာမျိုး ကိုသတင်းအဖြစ်ဖတ်ရတဲ့အခါမျုးိမှာ စိတ်မကောင်းမိပါဘူး။ ဘဏ္ဍာတော်ငွေများတယ်လို့ သိရလေလေ ကျနော်တို့လူမျိုးတွေစည်းကမ်းမဲ့တဲ့လူများလေလေဆိုတာကို သွယ်ဝိုက်တဲ့နည်းနဲ့ဖော်ပြနေတယ်လို့ခံစားရပါတယ်။ အဖမ်းခံရတဲ့အကြောင်းရင်းကို […]


si toneAugust 14, 20121min07
Si Tone ကမိတ်ဆက်ပေးဖို့ မေ့နေခဲ့ပါတယ်……….. Si Tone ကို si tone လို့ခေါ်လိုရပါတယ်…….. Si Tone နာမည်အရင်းက ပိုင်မှူး ပါ….. Si Tone က နဲနဲ နွဲ ့ ပါတယ်………  Si Tone ကပျော်ပျော်နေတက်ပါတယ် ….. ခင်တက်ပါတယ်……


      “ညနေခင်းလေးကပေးတဲ့ကြည်နူးခြင်း”     ဝါဆိုလပြည့်နေ့(2-8-2012)နေ့က အလုပ်ပိတ်ပါတယ်။ အဲ့တော့  ရှမ်းလေးကျွန်းဘက်ကို ညနေပိုင်းဓါတ်ပုံသွားရိုက်မယ်လို့ စိတ်ကူးလိုက်ပါတယ်။ ညနေငါးနာရီလောက်ရောက်တော့ ကိုစိန်သော့ကို ဖုန်းလှမ်းချိတ်တော့မအား။ ဖရဲမကလဲ အလုပ်မပိတ်။ ကျနော်တို့အဖွဲ့က တစ်ယောက်နဲ့တစ်ယောက်တွေ့ခဲ့ဆုံခဲပါတယ်။ မန်းလေးဂေဇက်ရွာသူားတွေမန်းလေးမှာရှိနေပေမယ့် အချင်းချင်းမတွေ့ဘူးသူတွေလဲရှိပါတယ်။ ကျနော်သာ ရွာထဲမှာအနေကြာတာရယ် အလှူငွေကောက်တဲ့ကိစ္စကို တာဝန်ခံလုပ်ခဲ့လို့သာအတော်များများ နဲ့တွေ့ဘူးနေတာပါ။ သွားစရာလာစရာရှိရင်ဖြစ်ဖြစ် မန်းလေးကို ရွာထဲက ဧည့်သည်ရောက်လာရင်သာတွေ့ဖြစ်ပါတယ်။ ကျန်တဲ့အချိန်တော့ ကိုယ့် အလုပ် ကိုယ့်ဘဝနဲ့နေကြတာများပါတယ်။ အလုပ်ပိတ်ရက်တွေကလဲ မတူကြတာများပါတယ်။ ကျနော်ရှမ်းလေးကျွန်းဘက်သွားနေရင်း နေအရမ်းပူတာကိုမြင်နေရတာရယ် ကောင်းကင်မှာတိမ်သိ်ပ်မရှိတာရယ်ကြောင့် မသွားဖြစ်တော့ပါဘူး။   နောက်ရက်အလုပ်ဖွင့်တဲ့ရက်ညနေခင်းမှာတော့ကိုစိန်သော့ဆီက ဖုန်းဝင်လာပါတယ်။ ရှမ်းလေးကျွန်းဘက်မှာတိမ်တွေအရမ်းလှဆိုဘဲ။ အဲဒါနဲ့အလုပ်တွေမြန်မြန်လက်စသိမ်းလို့ ရှမ်းလေးကျွန်းဘက်ပြေးပါတော့တယ်။ ကျနော်ရှမ်းလေးကျွန်းရောက်တော့ ကိုစိန်သော့ကတံတားပေါ်ရောက်နှင့်နေပါပြီ။ နေရောင်က ဝင်ခါနီးဆိုတော့စကားမပြောနို်င်အားဘဲ ကမန်းကတမ်းဆော်ကြနှက်ကြပါတယ်။ ရှမ်းကလေးကျွန်းရွာလေးကလမ်းတွေရေမြုတ် အိမ်ကြမ်းပြင်နဲ့ရေက သိပ်မကွာ။ အဲတော့ […]