KyaemonAugust 27, 20127min05
      ၂၀၁၂ ဩဂုတ်လ၂၆ရက်နေ့က Canada Women Open Golf ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ ကမ်ဘာ့အမျိုးသမီး ဂေါက်သီးရိုက်ဗိုလ်လုပွဲမှာ  တောင်ကိုရီးယားဇာတိနွယ် နယျူးဇီလန်သူ ၁၅ နှစ်အရွယ်ရှိ Lydia Ko က အနိုင်ရခဲ့တာ၊ ဒီလိုနိုင်တာဟာ အသက်အငယ်ဆုံးဖြစ်လို့ ကမ်ဘာ့စံချိန်ကိုချိုးလိုက်တာ၊ အာရှသူအာရှသား အနေနဲ့အတုယူစရာ၊အားတက်စရာပါ၊ Lydia တို့လို ကိုယ်ကြိုးစားရင် ကိုယ်လဲရနိုင်တာပါ    ပုံတွေကိုရှုစားကြပါ 15-year-old Lydia Ko becomes youngest winner in LPGA history | Devil Ball Golf – Yahoo! Sports http://sports.yahoo.com/blogs/golf-devil-ball-golf/15-old-lydia-ko-becomes-youngest-winner-lpga-011315672–golf.html ……Ko not only became the youngest […]


  “ရွှေရောင်လွှမ်းသော ဆည်းဆာညနေခင်းလေး”     ရှမ်းလေးကျွန်း ပါတ်ဝန်းကျင်မှာလှည့်ပါတ်ပြီးဓါတ်ပုံရိုက်လို့ဝတော့ ပြန်ဘို့ပြင်ရပါတယ်။ နေကလဲ  မင်းဝံတောင်အနောက်မှာ ကွယ်ခါနီးနေပါပြီ။ အဲတာနဲ့ တံတားလေးပေါ်ကနေလမ်းလျောက်ပြိးဆို်င်ကယ်ထားတဲ့နေရာကို ဖြတ်အလာ အနောက်ဘက်ကုိုလှည့်အကြည့်လိုက်တဲ့အခါ ဝင်လုဆဲနေမင်းဆီကနေ ရွှေရောင်တွေဖြာလက်နေတာကို မြင်လိုက်ရပါတယ်။ အဲဒါနဲ့တံတားပေါ်ကအမြန်ဆင်း ပြီး အရှေ့ဘက်ထိပ်က ကန်ရေအစပ်ကိုသွားလို့ရိုက်လို့ကောင်းမယ့် နေရာကို ရှာရပါတော့တယ်။ ကန်ရေစပ်ရောက်ပြန်တော့ ကိုင်းပင်တွေက နည်းနည်းရှုပ်နေတော့ လွတ်တဲ့နေရာရွေးရပြန်တယ်။ လွတ်တဲ့နေရာရောက်ပြန်တော့ ရေဝင်ထားတဲ့မြေဖြစ်နေပြန်တော့ အောက်ခြေက စိုစိုကပ်ကပ်။ တစ်ဖြည်းဖြည်းနဲ့နေအလင်းရောင်ကအောက်ကျလာလေ ကောင်းကင်က ပုစွန်ဆီရောင်ခပ်ခြောက်ခြောက်လေးနဲ့ ပိုပိုလှနေပါတယ်။ ကျနော်ရောက်နေတဲ့သစ်ပင်အောက်ကနေ ကျနော်ဖြတ်လျောက်ခဲ့တဲ့တံတားလေးဘက်ကိုလှမ်းကြည့်လို်က်တဲ့ အခါမှာတော့ ရှည်လျားတဲ့တံတားအရိပ်က ရွှေအိုရောင်ဆည်းဆာရဲ့ သဘာဝဆလိုက်မီးကြောင့် ခပ်စပ်စပ်လေးသာရှိနေတဲ့ ရေပြင်မှာအရိပ်တွေထင်နေပုံကလှပ။ အဝေးမှာတော့အပြာရောင်ကောင်ကင်က ဆေးစက်ကလေးတစ်ချက်နှစ်ချက်ပက်ထားသလို ခပ်မွမွ။ ကျနော်လဲ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိလောက်အောင်ကို ခလုပ်တွေနှိပ်မိ။ ကောင်းကင်မှာအလင်းရုပ်သိမ်းမှ ပြန်လာခဲ့မိ။ ရှမ်းလေးကျွန်းဘက်မှာသာအလင်းသိမ်းသွားပေမယ့် ကန်တော်ကြီး တက်သိမ်းအင်းမြောက်ဘက်ကန်စပ်ရောက်ချိန်မှာတော့ […]


KyaemonAugust 26, 201229min01
ဘိုးဘွားလက်ထက်က ဆောက်နင့်ပြီးသားရေကာတာကြီးတွေ တော်တော်ခိုင်ခံ့တောင့်တင်းတာပါ – အဆက်  Schwänberg ရေကာတာ ၁၉၁၆ ကပြီးလို့ ၉၆ နှစ် တောင်ကြာခဲ့ပါပြီ၊    Swiss Committee on Dams – Dam Form http://www.swissdams.ch/Dams/damForm/default_e.asp?ID=154 LES BARRAGES SUISSES-TALSPERREN IN DER SCHWEIZ-DAMS IN SWITZERLAND http://www.jcr-photos.ch/414121/414163.html La Luette  ရေကာတာ ၁၉၁၈ ကပြီးလို့ ၉၄ နှစ် တောင်ကြာခဲ့ပါပြီ၊   Swiss Committee on Dams – Dam Form http://www.swissdams.ch/Dams/damForm/default_e.asp?ID=150       Mühleberg  ရေကာတာ  ၁၉၂ဝ ကပြီးလို့ ၉၂ နှစ် တောင်ကြာခဲ့ပါပြီ၊   […]


KyaemonAugust 26, 201217min05
ဒေါ်စုရောက်ခဲ့တဲ့နော်ဝေနိုင်ငံနဲ့ ဆွစ်နိုင်ငံတွေကိုဒို့လဲ “ရောက်” ခဲ့သလိုဘဲ၊   “ရောက်”တုန်းရောက်ခိုက် အဲဒီနိုင်ငံတွေရဲ့အကြောင်းကိုလဲ ပိုပိုလိုလိုတောင်လေ့လာခဲ့ပေပြီ၊ ယခုလဲ ဒေါ်စုရောက်ခဲ့တဲ့ အင်ဂလန် ပါလီမန်လွှတ်တော်ကိုဝင်ကြည့်ရအောင် “ဒေါ်စုရဲ့ဘဝခရီးထဲက တရက်တာ၊  မြန်မာပြည်ကိုဒီမိုကရေစီ ပြန်ရအောင်ဆောင်ရွက်ပေးသူ ထူးခြားတဲ့အမျိုးသမီး” ဆိုပြီး Daily Mail သတင်းစာက ချီးကျူးအမွှန်းတင်    Just a day in the life of Aung San Suu Kyi: Britain rolls out the red carpet for the extraordinary woman who returned democracy to Burma Followed in the footsteps of Nelson Mandela, […]


ည layAugust 25, 20121min08
    ပတမြားဂမုန်းပန်းအလှ………..ရွာသူားအားလုံးအတွက်….လက်ဆောင်မွန်လေးပေးလိုက်ပါတယ်ရှင်… တခါတည်း ပုံအကုန်လုံးတင်လို. မရလို. အပိုင်းလေးနဲ. တင်ပေးလိုက်ပါတယ်ရှင်…. ပန်းလေးကြည်.ရင်း…..အေးချမ်းရွှင်လန်းကြပါစေရှင်… ညလေး


si toneAugust 25, 20121min020
*Si Tone က မိန်းကလေးဖက်ကနေ ရေးထားတာပါ………* ဘာပဲဖြစ်ဖြစ်အားပေးပါနော်…………. တစ်နေ့ Si Tone သိပ်ချစ်ရတဲ့သူက… Si Tone ဆီကို စက်ဘီးလေးနဲ့ လာပြီး လျှောက်သွားဖို့ လာခေါ်တော့ Si Tone သူ ့ကိုချစ်တဲ့စိတ်ကလေးနဲ့ သူ ့စက်ဘီးလေးရဲ့ အနောက်က ထိုင်ခုံးလေး မှာ ထိုင်ပြီး သူခေါ်ရာအနောက် ကိုလိုက်သွားပါတယ်………….. တစ်နေရာရောက်တော့ သူစက်ဘီးလေးကိုရပ်ပီး အဲဒီနေရာလေးသွား စကားပြောမယ်ဆိုပီး Si Tone ရဲ့ လက်ကလေးကို ကိုင်ပြီး အဒီနေရာလေးကိုခေါ်သွားပါတယ်……… အဲဒီနေရာလေးက အပြာရောင်သန်းနေသော ရေကန် ရယ် စိမ်းစိုနေသော သစ်ပင်ကြီး နဲ့ စုံတွဲခုံတန်းလေးရှိပါတယ်…. တကယ်ကိုလှပါတယ်…. ဒါပေမဲ့အဲဒီနေရာလေးက Si Tone အတွက် အဓိပါွယ် မရှိတဲ့နေရာလေးပါ.. Si […]


  “ကြည်နူးဘွယ် မိုးဥတုရဲ့ညနေခင်းလေး”     (17-8-2012)နေ့ဥပုဒ်နေ့ကတော့ မန်းလေးမှာမိုးအုုံ့ဆိုင်းလို့နေပါတယ်။ ဥပုဒ်နေ့က ကျနော့်အလုပ်ပိတ်ရက်လဲဖြစ်ပါတယ်။ ကျနော်တို့အလုပ်က ဈေးနဲ့ဆက်စပ်နေတာကြောင့်ဈေးပိတ်တဲ့ ဥပုဒ်နေ့မှာကျနော်တို့အလုပ်ပိတ်ပါတယ်။ တနင်္ဂနွေရုံးပိတ်ရက်သတ်မှတ်ထားတဲ့ ကုမ္ပဏီတွေတော်တော်များများတောင် ဥပုဒ်နေ့မှာဝန်ထမ်းတွေကို အလုပ်ဆင်းခိုင်းရပါတယ်။ ဟိုးတစ်ခါ ညနေစောင်းတစ်ရက်မှာကိုစိန်သော့နဲ့အတူသွားပြီးလက်ဆော့ပြီးကတည်းက ရှမ်းလေးကျွန်းဘက်ကို မရောက်ဖြစ်သေးပါဘူး။ အလုပ်ပိတ်ရက်သွားမယ်ဆိုမှ မိုးအုံ့တာတင်မကဘဲ မိုးဖွဲလေးတောင်ကျလာပါတယ။် ဒါပေမယ့် ညနေငါးနာရီလာက်ရောက်တော့နေပွင့်လာပါတယ်။ အဲတော့ ရှမ်းကလေးကျွန်းကို  ဓါတ်ပုံရိုက်ဘို့အပြေးအလွှားထွက်ခဲ့ပါတယ်။ ဒီတစ်ပါတ်မှာတော့ရှမ်းလေးကျွန်းက ရေကျနေပါပြီ။ တံတားပေါ်ကနေကြည့်လိုက်တော့ နေမင်းကို တိမ်တွေဖုံးအုပ်လို့ထားတော့ အလင်းကမဝင့်တဝင်။ ကောင်းကင်မှာတော့ အပြာနဲ့ မီးခိုးရောယှက်လို့နေပါတယ်။ တံတားမြောက်ဘက်ခြမ်းမှာတော့ ရေစပ်စပ်ကျန်နေပါသေးတယ်။ ဟိုးအဝေးထိမြင်နေရတဲ့ မြင်ကွင်းရဲ့အနားသတ်ကတော့မင်းဝံတောင်ရိုး။ အနောက်ဘက်ကိုကြည့်လိုက်တော့ ရေကင်းလွတ်စ ရှမ်းလေးကျွန်း။ တောင်ဘက်ကိုလှမ်းကြည့်မိတော့ စစ်ကိုင်းတံတား ကုံးတွေနဲ့ စစ်ကိုင်းတောင်ရိုးကစေတီတွေကိုမြင်နေရပါတယ်။ ကောင်းကင်ကတော့ ပြာတစ်လှည့် မှောင်တစ်ခါ လှပလို့နေပါတယ်။ အဲတော့ ကျနော်လဲလက်ဆော့လို့ကောင်းသပေါ့။ ကဲကြည့်လိုက်….ခံစားလိုက်ကြပါအုံး။ […]


padonmarAugust 24, 20121min039
ဒီနေ့မနက် ၉နာရီခွဲ ကျမ အလုပ်အသွားလမ်းမှာ ကား accident တစ်ခုကြုံရပါတယ်။ Car accident ကတော့ ခုတလော နေ့စဉ် ဖြစ်နေတာ ဆိုတော့ မဆန်းပါဘူး။ ဒါပေမယ့် မျက်စိရှေ့မှာတင် ဖြစ်သွားတာဆိုတော့ ဖြစ်ပြီးသား ဓာတ်ပုံတွေ တွေ့ရတာနဲ့ မတူပဲ ဖြစ်စဉ်တစ်ခုလုံးမြင်လိုက်ရလို့ အတွေးတွေ တော်တော်ရှုပ်သွားရပါတယ်။ ဲဖြစ်စဉ်လေးပြောပြချင်ပါတယ်။ ပြည်လမ်းနဲ့ ပါရမီလမ်းဆုံ ကို လူတိုင်းသိကြပါတယ်။ အင်းလျားလေးနားပါ။ ပြည်လမ်းကနေ ပါရမီလမ်း RC2 ဖက်ကို ကွေ့လိုင်း(၁၅ စက္ကန့်ပေးပါတယ်)ပေးတဲ့အချိန် မှာ ပုံထဲက ဆလွန်းကားအနက်လေးက သူ့ယာဉ်ကြောအတိုင်းမောင်းထွက်ပါတယ်။ ချော်တွင်းကုန်းဖက် ပါရမီလမ်းကနေ ပြည်လမ်းမြို့လယ်ဖက်ကို မီးဝါပေးထားချိန် မှာ ကက အဖြူရောင်က မီးဝါကို အမီဖြတ်ဖို့ အရှိန်နဲ့မောင်းလာပါတယ်။ အဲဒီ မီးဝါဖြတ်တဲ့ ကကအဖြူက ကွေ့လိုင်းက […]


  “ရေမှာပျော်တဲ့သူ”   ပြီးခဲ့တဲ့ရက်တွေက မန္တလေးမြို့ရဲ့မိုးဥတုညနေခင်းတွေကအတော်လေးလှပပါတယ်။ ကောင်းကင်ကတိမ်တွေကို ဝင်လုဆဲနေက အရောင်စုံပက်ဖျန်းပေးတော့ လှသထက်လှ။ အခုရက်က ဧရာဝတီမြစ်ရေတက်ချိန်ဖြစ်ပြန်တော့ ကန်ပါတ်လမ်းတာရိုးရဲ့ အနောက်ဘက်ကမ်းကနေ ဟိုး…မင်းဝံတောင်တန်းထိ ရေပြင်ကျယ်ကြီးဖြစ်လို့နေပါတယ်။ အဲဒီရေပြင်ပေါ်မှာ တိမ်အရောင်စုံတွေ သက်ဆင်းနေပြန်တော့အတော်လှတဲ့ ပန်းချီကားတစ်ချပ်လို့။ အဲတော့အခုရက်ပိုင်းမှာဧရာဝတီမြစ်ကမ်းနံဘေးမှာသွားလို့ဓါတ်ပုံရိုက်ဖြစ်ပါတယ်။ ကျနော်သွားတဲ့အချိန်ကလဲ ကျနော်အလုပ်ပြီးပြီဆိုမှာသွားရတော့ တစ်ခါတစ်လေ နေအဝင်စောပြန်ရင် လိုချင်တဲပုံမရ။ တစ်ရက်တော့ တိမ်တွေလှတယ်ဆိုတာ နဲ့အပြေးအလွှားသွားပေမယ့်နောက်ကျတော့ ကောင်းကင်မှာအမှောင်ရိပ်စွန်းစ။ ကျနော်လဲစိတ်ပျက်လက်ပျက်နဲ့လှည့်ပြန်မယ်လုပ်တုန်း ဝုန်းကနဲအသံကြားလို့လှည့်ကြည့်လို့ကလေးတွေရေကူးနေတာကိုတွေ့ရပါတယ်။ အဲဒီဧရာဝတီမြစ်ကမ်းနံဘေးက ရေပျော်သူ လေးတွေ ဒိုင်ဗင်ထိုးနေကြတာပါ။ အဲဒါနဲ့သူတို့အနားကိုလဲသွားရော ကလေးတွေက ဘာကြောက်တယ်တော့မသိ ဒိုင်ဗင်ထိုးတာရပ်။ အဲဒါနဲ့ကလေးတွေကို ဒိုင်ဗင်ထိုးဘို့ ပြောရတော့တာပေါ့။ ပြောသာပြောရတယ်ကလေးတွေတစ်ခုခုဖြစ်ရင် ကိုယ်ကြောင့်ဖြစ်နေမှာလဲစိုးရသေးတယ်.။ အဲဒီထဲက ခပ်သွက်သွက်ခပ်နောက်နောက်ကလေးတစ်ယောက်က “ မူ့ခင်းဂျာနယ်ထဲ မထည့်နဲ့နော်” ဆိုပြီးပြောလာတော့ ဝိုင်းရီကြ။ ခဏနေတော့ ကလေးတစ်ယောက်ကစလို့ဒိုင်ဗင်ထိုးပါတော့တယ်။ ပထမတစ်ခါမလှ ဝုန်းကနဲ့ပြုတ်ကျ။ […]


si toneAugust 23, 20122min038
Si Tone အထင် အက က လူတွေအတွက် မရှိမဖြစ် လိုအပ်တယ်လိုထင်တယ်….. Si Tone က အက ဝါသနာ ပါတဲ့သူတစ်ယောက်ပါ… Si Toneက အကနဲ့ ပက်သက်ရင် အကုန်ဝါသနာပါ ပါတယ်… အော်…….. မေ့နေလို့…… အက မှာ အမျိုးအစားတွေ အများကြီးရှိပါတယ်……. အဲဒါတွေက… ( ရုးိရာအက ၊ ဘဲလေးအက ၊ b-boy အက ၊ b-girl အက ၊ sexy အက ၊ street အက ၊ rapper အက ၊ k-pop အက ၊ Cha cha အက ၊ Robot […]


          “အစွယ်လိုသူမိဖုယား ဆိုတဲ့ ဇာတ်တော်ထဲက အဓိက ဇာတ်ပို့……………….”   တစ်ရက် ဆိုင်ကယ်နဲ့သွားနေတုံး ဘယ်ကဖွင့်နေမှန်းမသိတဲ့  ရွေဘိုတင်မောင်ရဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်ထုတ်ကို ကြားလိုက်ရတဲ့အခါ ကျနော်ငယ်ငယ်က တွေးမိတဲ့အတွေးရူးလေးက ခေါင်းထဲကိုရောက်လာပါတယ်။ အဲဒီတုန်းကတွေးမိခဲ့တာလေးကဒီလိုပါ။ တကယ်လို့သာဆဒ္ဒါန်ဆင်မင်းကသာ တစ်လင်တစ်မယားစံနစ်ကျင့်သုံးခဲ့မယ်ဆိုရင် ဒီဇာတ်လမ်းဖြစ်မလာနိုင်ဘူး။ နောက်တစ်ချက်က အင်ကြင်ပန်းဆိုတာမရှိခဲ့ရင်လဲ ဆင်မင်းက ခူးမပေးဘူး။ ခူးပေးပြန်ရင်လဲ ခါချဉ်ကောင်ဆိုတာမရှိခဲ့ဘူးဆိုရင် စူဠသုဘဒ္ဒါကိုအကိုက်မခံရဘူး။ ဒါဆိုရင်လဲ ဒီဇာတ်လမ်းမဖြစ်ဘူးလို့ ငယ်ငယ်က ရှာကြံပြီးပေါက်ကရတွေးမိခဲပါတယ်။     ဆဒ္ဒါန်ဆင်မင်းဇာတ်တော်ဆိုတာ ကျနော်တို့နဲ့မစိ်မ်းတဲ့ဇာတ်လမ်းလေးပါ။ ဖြစ်နိုင်တာမဖြစ်နိုင်တာအပထား လူ့သဘောသဘာဝတွေကို ကွင်းကနဲရှင်းကနဲမြင်အောင် ပြနိုင်တဲ့ဇာတ်လမ်းလို့ဆို်နိုင်ပါတယ်။ ရတနာပုံရွှေမန္တလေးက စာဆိုတော် စလေဦးပုညရဲ့စာအရေးအသား ပြောင်မြောက်တာကြောင့် ပိုအသက်ဝင် ပိုပြီး နှစ်သက်တယ်ကြတယ်လို့ထင်မိပါတယ်။ အဲဒီထဲက လူအသိဆုံးအသုံးအများဆုံးဆိုတဲ့စကားလေးတွေကတော့ “မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီး” “အစွယ်လိုသူမိဖုယား […]