“ကျနော်တို့ဝမ်းတစ်ထွာနဲ့သူတို့ဝမ်းတစ်ထွာ အပိုင်းတစ်”   ကျနော်ဒီတစ်ခေါက် ရှမ်းမြောက်ကို ခရီးသွားဖြစ်ပါတယ်။ ဇွန်လဆန်းမှာပေါ့။ ခရီးကတော့ တရုပ်ပြည်နယ်စပ်ကျယ်ဂေါင်ထဲကိုသွားမှာပါ။ အဲတော့ တံတားလေးတစ်ခု မြစ်ကလေးတစ်စင်းကိုကျော်လိုက်တာနဲ့ရောက်သွားနိုင်တဲ့ ရွှေလီဆိုတဲ့မြို့ထဲကိုရောက်သွားနိုင်ပါတယ်။ ကျနော်က သာမန်လူတန်းစားတွေရဲ့နေမူ့ထိုင်မူ့တွေကို စိတ်ဝင်စားပါတယ်။ အထူးသဖြင့်စားဝတ်နေရေးထဲက ဝမ်းတစ်ထွာအတွက်ရုန်းကန်ရတာကိုပေါ့။   ဘယ်နိုင်ငံဘယ်ဒေသမှာမဆို ဘယ်လောက်တိုးတက်တိုးတက် တစ်နေ့လုပ်တစ်နေ့စား ဘဝနဲ့ရုန်းကန်နေရသူတွေကရှိစမြဲ။ ကျနော် သူတို့မြေထဲရောက်တဲ့အခါမှာ ဝမ်းတစ်ထွာအတွက်ရုန်းကန်ရသူတွေကို သတိထားလို့မှတ်တမ်းတင်မိပါတယ်။ ကြယ်ဂေါင်မှာရွှေလီမှာ တရုပ်၊မြန်မာ၊ရှမ်း လူမျိုုးပေါင်းစုံရဲ့ ဝမ်းစာရှာဖွေရတာကိုသွားတွေ့ပါတယ်။ သူတို့တစ်တွေရဲ့ လှုပ်ယှားမူ့တွေကို လေးစားမူ့ စာနာမူ့တွေနဲ့မှတ်တမ်းတင်ဖြစ်ပါတယ်။ အခု တင်ထားတဲ့ပုံလေးတွေထဲမှာဆိုရင် ပုံ၁        ကတော့ လမ်းဖြတ်သန်းခကောက်ခံတဲ့ဂိတ်မှာ ရိုးသားစွာပန်းရောင်းတဲ့ကလေးမလေး ပုံ၂        ကတော့ရွာစဉ်လှည့်လို့ ဟင်းချက်စရာအသီးအနှံလေးတွေကို ဆိုင်ကယ်နဲ့လိုက်ရောင်သူ ပုံ၃        မှာတော့ တရားဝင်တာ မဝင်တာ ကျနော်မသိပေမယ့် […]


Ma EiJune 14, 20124min032
ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (4 ) … အလိုတော်ပေါက်   နန်းပန်ဘုရား မှ ညောင်ရွှေ အပြန်   ကျမတို့ မိသားစု ဖောင်တော်ဦးဘုရား ဖူးပြီးချိန်မှာ မိုးစရွာလာပါတယ်… ရင်ပြင်တော်မှာ ဘယ်ဆိုင်မှာစားပါ၊ညာဆိုင်မှာစားပါနဲ့ထမင်းဆိုင်ရှိရာ ခေါ်နေကြတဲ့ ကလေးမလေးတွေရှိပါတယ်… လှေသမားက ငွေဇင်ယော်မှာ ရှိပါမယ်ဆိုလို့ကျမတို့လဲငွေဇင်ယော်စားသောက်ဆိုင်ရှိရာဘက်ကို သစ်သားတံတားကူးလာခဲ့ကြပြီး မိုးအတိတ်စောင့်လို့ ထမင်းစားကြပါတယ်… ကြက်ချိုချဉ် ကြက်ကုန်းဘောင် ငါးဒုက္ခ ငါးထမင်း ဆယ့်နှစ်မျိုး ဟင်းချို..စသည်ဖြင့် မှာစားကြပါတယ်…ငါးဒုက္ခ ဟင်းကတော့ စားကောင်းပေမဲ့ ငါးကို အဆာသွပ်ပြီး ကြိုးနဲ့ချည် ပြီးတော့ ကြော်ချက်လို့ ငါးကို ဒုက္ခ ပေးထားတဲ့ဟင်းပါဘဲ… အစပ်မစားတဲ့ အမေနဲ့ သမီးတို့ အပြင်ဆိုင်မှာစားလို့အဆင်မပြေမှာစိုးတဲ့အတွက်အိမ်ကနေလဲ ငါးရံ့ခြောက်ဖုတ်၊ပုဇွန်ခြောက်ကြော်၊ ကြက်အူချောင်းတွေရယ် ကြော်သွားပါတယ်… အိမ်ကပါတာလဲစားဖြစ်ပြီး ဆိုင်ကအစားအစာကလဲစားကောင်းလို့ အဆင်ပြေသွားပါတယ်… စားသောက်ဆိုင်ဖြစ်တဲ့အတွက် […]


                    “သူတို့ဆီအရောက်…………(ကျယ်ဂေါင်)သို့အဝင်”     ထမင်းစားပြီးကွတ်ခိုင်ကထွက်လာတဲ့အခါ ပိုသာယာလာသလိုပါဘဲ၊ တောင်တန်းတွေရဲ့ရင်ခွင်ထဲကို ဝင်ပြီးလမ်းကလေးတွေဖောက်ထားပါတယ်။ တောင်ပေါ်အရောက်အောက်ပြန်ငုံ့ကြည့်တော့ ဖဲကြိုးလေးကို ချထားသလို မြင်ရ။ မိုးတိမ်ခိုး  မှောင်မှောင်က တောင်ရဲ့အထက်မှာစီးမိုးလို့နေပါတယ်။ ညနေပိုင်းရောက်လေ မိုးတိမ်ညိုတွေက များလာပါတယ်။ အဆင့်ဆင့်အထပ်ထပ် တောင်ကုန်းတွေပေါ်မှာတော့ နေအလင်းရောက်ရနေတဲ့အပိုင်းက အစိမ်းလွင်လွင် တိမ်အုပ်ကြောင့်အရိပ်ကျနေတဲ့ အပိုင်းက အစိမ်းညို့ညို့။ တစ်နေရာအရောက်မှာတော့ စိမ်းမြတဲ့အလယ်က မြေနီလမ်းကလေး….. (ဒီအချိန်တွေဆို အမြဲတွေ့နေကျပါ…………….. မြေနီလမ်းကလေးကို မင်းသတိရပါ……………………………….)ဆိုတဲ့ ဘိုဖြူသီချင်းက ရင်ထဲကိုအပြေးအလွှား ရောက်လာပြန်ပါတယ်။ ဒီနေရာလေးရောက်တော့ လမ်းနံဘေးမှာ လယ်တဲလေးတွေ တွေ့ရတာစိတ်လာပါတယ်။ လူနေအိမ်ခြေနဲ့နီးတဲ့တစ်နေရာမှာတော့ ဆိုင်ကယ်ကယ်ရီသမားတို့ရဲ့ လုပ်ငန်းခွင်လေးကိုလှမ်းမြင်ရပါတယ်။ ဒီတစ်ခါတင်ထားကြတာကတော့ မီးသွေးအိတ်တွေပါ။ အတော်လေးသွားမိတော့ လမ်းမှာကားတွေတန်းစီရပ်နေပါတယ်။ […]


သူတို့ဆီကစာ……………………..     ကျယ်ဂေါင်ကိုရောက်တော့ ကျနော်မန်းလေးမှာလိုဘဲရုံးတက်ရပါတယ်။ သူတို့ဆီက အဆောက်အဦတွေက လမ်းမကြီးကို မျက်နှာပြုထားပါတယ်။ အတွင်းထဲမှာတော့ ဝင်းကြီးလိုအုဌ်တံတိုင်းတွေခတ်ထားပြီးဂိုဒေါင်တွေရယ် ကား ဆိုင်ကယ်ထားတဲ့နေရာရယ်ရှိပါတယ်။ ဒီ ကျယ်ဂေါင်ဆိုတဲ့အရပ်မှာ ကျနော်တို့ရွှေမြန်မာတွေ အနေများပါတယ်။ တရုပ်စာသာ မတွေ့ရင် မြန်မာပြည်နဲ့အတူူတူ ထင်ရလောက်အောင် နေရာအနှံ့အပြားမှာ ရွှေမြန်မာတွေရှိပါတယ်။ အဲတော့ ထုံးစံအတိုင်း ကျနော်တို့ ရွှေမြန်မာများက စည်းကမ်းမဲ့ပုံရတော့ မြန်မာစကား သိပ်မရေလည်ရှာတဲ့ သူတို့က ကျနော်တို့ ရွှေမြန်မာများကို ပိုစတာ တိုက်ပွဲဆင်နွဲလို့ထားပါတယ်။ ဖတ်ပြီး ဘာသာပြန်ကြည့်လိုက်ရအောင်နော်။ အဖြေမှန်ရင် သူကြီးဆီမှာ (25)မှတ်တောင်းယူပါ။     ကိုပေါက်လက်ဆောင် စနက်ရှော့ မဟုတ်တဲ့ လက်ဆော့ (13-5-2012)    


aye.kkJune 13, 20123min026
မြန် မာ နိုင် ငံ နယ် စပ် မြို ့ လေး ဖြစ် သော ၊ တာ ချီ လိတ် မြို ့ရှိ ၊ တာ လော့ ဈေး က ထင် ရှား လှ သော ဈေး က လေး ဖြစ် ပါ သည် ။ ထိုင်း နိုင် ငံ နှင့် ထိ စပ် နေ သော ၊ နယ် စပ် မြို ့လေး ဖြစ် ၍ နိုင် ငံ ခြား သား များ အား ၊ […]


  အတူတူစားခဲ့တဲ့ ဖုန်းကင် နင်တို့မေ့ပြီလား။ မတူတူအောင်တန်းညှိခဲ့တဲ့ သူငယ်ချင်းနှစ်ယောက် စိတ်ကောက်နေအုံးမှာလား. ????????????????????????????????????????????   ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။


black chawJune 13, 20121min060
ယနေနံနက်ခင်း ကျွန်ုပ်သည် မန်းဂဇက်မှပေးသော SRTESS များအား ပြေပျောက်စေခြင်း အလို့ငှာ ဂရန်းမီးရထား ဟောတယ်ကြီး၏ ကော်ဖီဆိုင်အတွင်း နံနက်စာစားခြင်းအမှုကို ပြုခဲ့ပါလေ၏။ ထိုအချိန်တွင် မန်းဂဇက် ရွာသူားများ အထူးစိတ်ဝင်စားကြမည့် သတင်းဓါတ်ပုံ တစ်ပုံကို NOKIA 5800 ဖုန်းဟန်းဆက်ပါ ကင်မရာအစုတ်လေးဖြင့် ရိုက်ယူရရှိခဲ့ပါ၏။ သတင်းမှာ မန်းဂဇက်မှ ဆရာရွှေတိုက်စိုး သည် မန်းဂဇက်မှပင်ဖြစ်သော ဆရာ ကြောင်ဝတုတ်၏ လည်ပင်းအား ညှစ်ခါ နောက်လုပ်ဦးမလား ဟု ပြောလျက်သာရှိနေခဲ့ပါ၏။ ကြောင်ဝတုတ် မှာလည်း ရွှေတိုက်စိုး၏ ကြီးမားသော ကိုယ်လုံးကိုယ်ပေါက် ကြောင့် ရုန်းထွက်ခြင်းငှာ မစွမ်းသာပဲ နောက်မလုပ်တော့ပါဘူးဗျ၊ ကြောက်ပါပြီဗျ ဟုသာ သနားစဖွယ် အော်ဟစ်လျက်သာ ရှိနေပါ၏။ မယုံရင် ဓါတ်ပုံကိုကြည့်ကြဗျာ…။ အင်း.. ခင်ဗျားတို့ ဒီပုံကို ကြည့်ပြီး […]


Wai PhyoeJune 13, 20122min08
ဘယ်Anti Virus ကိုဝယ်သူသုံးစွဲကြမလဲ၊ဘယ်Anti Virus ကကိုယ့်အတွက်အဆင်ပြေနိင်မလဲ? ကွန်ပျူတာနည်းပညာကြီးတိုးတက်လာသည်နှင့်အမျှ Computer Virus များကလည်းတသီကြီးပါလာတတ်ကြသည်။တချို့ Virus များဆိုလျှင် Hard Disk ကိုအရည်ကျိုသလိုပျက်ဆီးသွားနိင်သည် အထိကိုအဖျက်စွမ်းအားကြီးကြပါသည်။သို့နှင့်ပင်ထို Virus များကိုတိုက်ခိုက်ရန် Anti Virus များကလည်းဈေးကွက်တွင်းသို့တစ်မပာုတ်ခြင်းဝင်ရောက်လာကြသည်။Anti Virus တစ်ချို့ကလည်း Performance မြင့်ကြသည်။တချို့ကလည်းအားနည်းချက်များရှိနေကြသေးသည်။ထိုထဲမှာမိမိအတွက်အဆင်ပြေမည့် AntiVirus များကိုယခုတစ်ပတ်အတွက်တင်ပြလိုက်ပါသည်။ 1.Bitdefender Anti-Virus Bitdefender ကတော့အကောင်းဆုံးစာရင်းဝင်ဖြစ်ပြီး တော်တော်လေးကိုလုံခြုံမှူပေးစွမ်းနိင်ပါသည်။သုံးစွဲရလွယ်ကူပြီးUserFriendly လည်းဖြစ်သည့်အတွက်အတော်လေးသုံးကြပါသည်။ နောက်ထပ်အားသာချက်မှာBitdefender သုံးသူများအတွက်မိမိစက်မလေးအောင် အထူးဒီဇိုင်းဆွဲထားခြင်းဖြစ်ပါသည်။သို့သော်စက်ကိုအနည်းငယ်တော့လေးစေပါသည်။KeyLogging တွေ ကိုပါရှာဖွေနိင်သဖြင့် Hacker များရန်မှအတော်အတန်ကာကွယ်နိင်ပါသည်။ 2.Kaspersky Anti-Virus အကောင်းဆုံးစာရင်းဝင်ကာမြန်မာနိင်ငံတွင်အသုံးများဆုံးသောAnti-Virus ဖြစ်ပါသည်။Scan ဖတ်ရာတွင်လည်းမြန်ဆန်မှူတိကျမှူရှိပါသည်။Update တော့မှန်မှန်လုပ်ရန်အလွန်အရေးကြီးပါ သည်။အားသာချက်မှာစက်လုံးဝမလေးခြင်းဖြစ်ပါသည်။သို့သော် License သက်တမ်းကုန်ခါနီးပါက စက်အချို့တွင် Refresh လုပ်ရန်ပင်၁၅second အထိကြာမြင့်တတ်သည်အထိစက်လေး သည်မှာလည်း အားနည်းချက်တစ်ခုဖြစ်ပါသည်။မည်သို့ဆိုစေ Disabled […]


Wai PhyoeJune 13, 20121min015
ကျန်းမာသန်စွမ်းသော သုက်ပိုးထွက်ရှိမှုအတွက် အဓိကကျသည့် မျိုးဗီဇကို စကော့တလန်မှ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီးနောက် အမျိုးသားများ သောက်သုံးနိုင်သည့် ပဋိသန္ဓေတားဆေး ထုတ်လုပ်နိုင်ရန် မျှော်လင့်လာနိုင်ပြီ ဖြစ်သည်။ သုက်ပိုးထုတ်လုပ်ရာတွင် နောက်ဆုံးအဆင့်များအတွက် အရေးပါသော Katanal1 အမည်ရ မျိုးဗီဇကို ကြွက်များတွင် လေ့လာရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Katanal1 မျိုးဗီဇကို တားဆီးနိုင်သော ဆေးဝါး ထုတ်လုပ်နိုင်မည် ဆိုလျှင် အမျိုးသားက ယင်းဆေးကိုသောက်ရုံဖြင့် ပဋိသန္ဓေ တားနိုင်မည်ဖြစ်သည်။ ယခုအချိန်အထိ အမျိုးသားဘက်က ပဋိသန္ဓေတားရန်အတွက် ပုံမှန်အားဖြင့် ကွန်ဒုံးသုံးခြင်းနှင့် သားကြောဖြတ်ခြင်း၊ ထုံးခြင်းကိုသာ ပြုလုပ်၍ရသေးသည်။ အီဒင်ဘာ့ဂ်တက္ကသိုလ် မျိုးဆက်ပွား ကျန်းမာရေးဌာနမှ သုတေသနပညာရှင်များက အမျိုးသားများ မျိုးမအောင်မှုနှင့်ပတ်သက်ပြီး သုတေသန ပြုလုပ်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကြွက်များတွင် မျိုးဗီဇကို ကြုံရာကျပန်းပြင်ပစ်ကာ မည်သည့်မျိုး ဗီဇချို့ယွင်းလျှင် မျိုးမအောင်ဖြစ်တတ်သနည်းဆိုခြင်းကို […]


weiweiJune 13, 20124min011
ပုံတွေတင်ရတာခက်လို့ အပိုင်း (၂) ခွဲတင်လိုက်ပါတယ် … ဘုရားပုံတွေနဲ့ ရေးမြို့ပုံလေးတွေ အားပေးပါအုန်း … ရေးမြို့ကို ရောက်တုန်း ရိုက်ထားတာလေးတွေကို ဝေမျှပေးလိုက်ပါတယ် …


Wai PhyoeJune 13, 20122min010
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများသည် လက်ရှိတွင် ရက်သတ္တပတ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့သော်လည်း အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။ ရခိုင်တိုင်းရင်းသား နည်းပါးသော မြို့နယ်များဖြစ်သည့် မောင်တော၊ စစ်တွေ စသည့်မြို့များတွင် အကြမ်းဖက်မှုများ အဓိက ဖြစ်ပွားနေခြင်းဖြစ်ပြီး အခြားသော ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲ စသည့်မြို့များတွင်မူ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခြင်း မရှိကြောင်း၊ အလားတူပင် မြန်မာနိုင်ငံ မြို့ကြီးအသီးသီးတွင် လူမျိုးဘာသာပေါင်းစုံ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်း၌ ဇွန်လ ၄ ရက်နေ့မှစတင်ပြီး မောင်တောမြို့တွင် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားလာကာ မောင်တောနှင့် ဘူးသီးတောင်မြို့တို့၌ ရိုက်နှက်ခြင်း၊ လုယက်ခြင်းတို့ကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်တွေမြို့တွင် […]


                “ကွတ်ခိုင်ကိုအရောက်…………..(သူတို့ဆီအသွား အပိုင်းလေး)ံ”   သိန်းနီနဲ့ကွတ်ခို်င်အကြားရောက်တဲ့အခါအင်မတန်မှလှပသောမြင်ကွင်းတွေကိုတွေ့ရပါတော့တယ်။ တောင်တန်းများက ပါတ်ပါတ်လည်ဝိုင်းရံထားတဲ့အလည်မှာတော့ မြေပြန့်လွင်ပြင်။ အိမ်ကလေးတွေက အစီအရီနဲ့ လှပသော “သိန်းနီမြို့” တောင်ပေါ်တက်တဲ့လမ်းကလေးက တောင်ခြေက တစ်ဆင့် ကွေ့လိုက်ကောက်လိုက် ဝိုက်လိုက်ဝန်းလိုက်နဲ့ တောင်ပေါ်ကိုတဖြည ်းဖြည်းတက်သွားပါတယ်။ တောင်ပေါ်ကိုမော့ကြည့်လိုက်ရင် အစိမ်းရောင်သစ်ပင်တွေအောက်မှာအဖြူရောင်ကျောက်ဆောင်ကြီး။ ကားလေးက တဖြည်းဖြည်းရုန်းရင်း အပေါ်ကိုအရောက် အောက်ကိုလှမ်းကြည့်တဲ့အခါ ကိုယ်တက်လာရာ လမ်းကလေး ကွေ့ကွေ့ဝိုက်ဝိုက်နဲ့လှမ်းမြင်ရပြန်ပါတယ်.။ အပေါ်မော့ကြည့်လို်က်ရင်တော့ တောင်တန်းတွေရဲ့အပေါ်မှာ  က စိမ်းလန်းသောသစ်ပင်များ ။ အစိမ်းရောင်အပေါ်မှာတော့ အဖြူရောင်တိမ်တောင်ထု။ တိမ်တောင်ထုနောက်မှာတော့ ပြာလွင်သောကောင်းကင် ကြည့်မဝသောမြင်ကွင်းများပါဘဲ။   ဒီနေရာလေးက လွိုင်ဆမ်ဆစ် လို့အမည်တွင်တဲ့ မြောက်ပိုင်းရှမ်းပြည်ရဲ့အလှဆုံးသောနေရာလဲဖြစ်ပါတယ်။ လွိုင်ဆမ်ဆစ် ဆိုတာကတော့ရှမ်းဘာသာစကားလို့သိရပါတယ်။ လွိုင်=တောင်။ဆမ်ဆစ်=သုံးဆယ်။ ဒါကြောင့်လွိုင်ဆမ်ဆစ်ဆိုတာ တောင်အလုံးသုံးဆယ်လို့ပြောပါတယ်။ […]


weiweiJune 12, 20123min019
ထားဝယ်သွားတဲ့အခါ မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းအတိုင်း သွားရပါတယ်။ မော်လမြိုင်ကနေ ရေးကို မိုင် ၁၀ဝ နဲ့ ရေးကနေ ထားဝယ်ကို မိုင် ၁၀ဝ ရှိပါတယ်။ ထားဝယ်ကနေအပြန်နောက်ကျသွားတာကြောင့် လမ်းခုလတ်ဖြစ်တဲ့ ရေးမြို့မှာ တစ်ညဝင်အိပ်ခဲ့ရပါတယ်။ မနက်မိုးလင်းတော့ မြို့ထဲမှာ ဘုရားတွေလျှောက်ဖူးရင်း ဟိုရိုက် ဒီရိုက် ရိုက်ခဲ့တာလေးတွေ တင်ပေးလိုက်ပါတယ် … ဘုရားနံမည်တွေ မေ့နေပြီမို့ ဒီအတိုင်းပဲ ကြည့်ကြပါလို့ မေတ္တာရပ်ခံပါတယ် .. ကျွန်မတို့ ညဘက်ရောက်သွားတဲ့ ရေးမြို့လေးက တော်တော်လေးစည်ကားပါတယ်။ မြို့အနေနဲ့ သိပ်အကျယ်ကြီးမဟုတ်ပေမယ့် ဘုရားစေတီတွေမှာ မီးအလင်းရောင်အပြည့်နဲ့ ဈေးဆိုင်တွေ စားသောက်ဆိုင်တွေမှာလဲ လူတွေအပြည့်နဲ့ စီးပွားရေးကောင်းမွန်တဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ရေးမြို့မှာ ဟိုတယ်မရှိပါဘူး။ တည်းခိုခန်း ခပ်သေးသေးလေးတွေပဲ ရှိတယ်။ တည်းခိုခန်းတစ်ခန်းကို စုံစမ်းပြီး အဲဒီကိုပဲ သွားတည်းခဲ့တယ်။ အဲယားကွန်းပါတာ […]