6 မှောင်ရီဝေဝိုးတဝါးအလှ “တောင်ပေါ်ကရေကန်(သူတို့ကန်နဲ့ကျနော်တို့ကန်)” ကျနော်တို့အုပ်စုကလေးကပြည်တော်ပြန်ဘုရားကနေဆင်းလာတဲ့အချိန် တောင်ကြားထဲမှာရေကန်ရှိတယ်လို့ ကလေးတစ်ယောက်ကပြောလာပါတယ်။ အဲဒါနဲ့ထင်းရူးတောလေးအလွန်မှာ ရေကန်လေးလှမ်းတွေ့တော့ကားခဏရပ်လို့ဓါတ်ပုံရိုက်ပါတယ်။ ရိုက်ရင်းနဲ့အားမရတော့ မထူးဘူးဆိုပြီ အားလုံးအောက်အထိဆင်းလိုက်ကြပါတယ်။ အောက်ရောက်တော့ရေကန်နံဘေးမှာ အပန်းဖြေစာ ဆိုင်ကလေးတွေရှိပါတယ်။ တဲလေးတွေဆောက်ထားတာပါ။ ကန်ထဲမှာအပျော်စီးစရာ ဘဲရုပ်ခြေနင်းလှေကလေးတွေလဲရှိပါတယ်။ ကန်ကလေးကသိပ်မနက်သလို သိပ်လဲမကျယ်ပါဘူး။ ဘေးနှစ်ဖက်မှာက တောင်ကမ္ဘားယံတွေကခြံရံလို့ထားတဲ့ တောင်ကျချောင်းလေးဘဲဖြစ်ပုံရပါတယ်။ ရေကတော့ ကြံရည်ရောင် စိမ်းဖန့်ဖန့်။ လိပ်ကလေးတွေလဲရှိငါးစာကျွေးလိုက်ရင်အပြေးအလွှားလာစားတဲ့ငါးကလေးတွေလဲရှိ။ ချစ်စရာဘဲကလေးတွေက ရေကူးလို့။ ကန်ဘောင်တစ်ဘက်ကတော့ သမံသလင်းခင်းထားပါတယ်။ အကြာကြီးလဲမနေချင်နေကလဲအတော်လေးပူတော့ ခဏလေးဘဲနေ ဓါတ်ပုံရိုက်ပြီးပြန်ခဲ့ကြပါတယ်။ တောင်ပေါ်ကဆင်းလာတော့ နေ့မွန်းတည့်။ အဲဒါနဲ့ဘဲ ကျနော်တို့ ထမင်းဝင်စားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ ထမင်းဆိုင်ရောက်တော့ ထမင်းစားနေရင်းက တစ်နေ့ညကသွားခဲ့တဲ့ ရွှေလီမြို့ထဲကရေကန်ကြီးကို ပြန်သတိရမိပါတယ်။ သူတို့အခေါ်တော့ (စွေဟူး- sui hu)လို့ခေါ်ကြပါတယ်။ မြန်မာလိုပြန်ရင်တော့ရေကန်ကြီးလို့ပြောပါတယ်။ […]