6 မှောင်ရီဝေဝိုးတဝါးအလှ   “တောင်ပေါ်ကရေကန်(သူတို့ကန်နဲ့ကျနော်တို့ကန်)”     ကျနော်တို့အုပ်စုကလေးကပြည်တော်ပြန်ဘုရားကနေဆင်းလာတဲ့အချိန် တောင်ကြားထဲမှာရေကန်ရှိတယ်လို့ ကလေးတစ်ယောက်ကပြောလာပါတယ်။ အဲဒါနဲ့ထင်းရူးတောလေးအလွန်မှာ ရေကန်လေးလှမ်းတွေ့တော့ကားခဏရပ်လို့ဓါတ်ပုံရိုက်ပါတယ်။ ရိုက်ရင်းနဲ့အားမရတော့ မထူးဘူးဆိုပြီ အားလုံးအောက်အထိဆင်းလိုက်ကြပါတယ်။ အောက်ရောက်တော့ရေကန်နံဘေးမှာ အပန်းဖြေစာ ဆိုင်ကလေးတွေရှိပါတယ်။ တဲလေးတွေဆောက်ထားတာပါ။ ကန်ထဲမှာအပျော်စီးစရာ ဘဲရုပ်ခြေနင်းလှေကလေးတွေလဲရှိပါတယ်။ ကန်ကလေးကသိပ်မနက်သလို သိပ်လဲမကျယ်ပါဘူး။ ဘေးနှစ်ဖက်မှာက တောင်ကမ္ဘားယံတွေကခြံရံလို့ထားတဲ့ တောင်ကျချောင်းလေးဘဲဖြစ်ပုံရပါတယ်။ ရေကတော့ ကြံရည်ရောင် စိမ်းဖန့်ဖန့်။ လိပ်ကလေးတွေလဲရှိငါးစာကျွေးလိုက်ရင်အပြေးအလွှားလာစားတဲ့ငါးကလေးတွေလဲရှိ။ ချစ်စရာဘဲကလေးတွေက ရေကူးလို့။ ကန်ဘောင်တစ်ဘက်ကတော့ သမံသလင်းခင်းထားပါတယ်။ အကြာကြီးလဲမနေချင်နေကလဲအတော်လေးပူတော့ ခဏလေးဘဲနေ ဓါတ်ပုံရိုက်ပြီးပြန်ခဲ့ကြပါတယ်။ တောင်ပေါ်ကဆင်းလာတော့ နေ့မွန်းတည့်။ အဲဒါနဲ့ဘဲ ကျနော်တို့ ထမင်းဝင်စားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။   ထမင်းဆိုင်ရောက်တော့ ထမင်းစားနေရင်းက တစ်နေ့ညကသွားခဲ့တဲ့ ရွှေလီမြို့ထဲကရေကန်ကြီးကို ပြန်သတိရမိပါတယ်။ သူတို့အခေါ်တော့ (စွေဟူး- sui hu)လို့ခေါ်ကြပါတယ်။ မြန်မာလိုပြန်ရင်တော့ရေကန်ကြီးလို့ပြောပါတယ်။ […]


aye.kkJune 25, 20122min041
ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မြို ့လေးမှတစ်ဆင့် ၊ မယ်ဆိုင်-ချင်းရိုင်-ချင်းမိုင်မြို ့ လေးသို့ ၊ အလည်အပတ်သွားရောက်ခဲ့စဉ်က ၊ တောင်ပေါ်ဘုရားရှိရာသို ့ သွားရောက်ဖူးမျှော်စဉ် ၊ ရင်ပြင်တွင်တွေ့ရှိခဲ့ရသော သူတို့ဆီကချစ်စရာ့သ္မီးပျို ကလေးများအား ၊ အမှတ်တရ ရိုက်ယူလာခဲ့သော ပုံလေးများဖြစ်ပါသည်။ ရိုးရာဝတ်စုံလေးနဲ ့သီချင်းသီဆိုနေဟန်။ အာခါရိုးရာဝတ်စုံလေးနဲ ့ညီအစ်မနှစ်ဦးရဲ ့မူယာဟန်တစ်မျိုး။ ကနေဟန်လေးကချစ်စရာ။ ရှမ်းရိုးရာလေးနဲ ့ကနေတာကချစ်စရာ။ ကကွက်လေးပဲပြောင်းသွားတာ၊အပေါ်ပုံနဲ့အတူတူပါ။ ကနေဟန်လေးကလှ၊အနားကကပ်လို့မရ။ သုံးယောက်တစ်တွဲကဟန်လေးကချစ်စရာ။ ချစ်စရာကောင်းတဲ့ညီအစ်မ။ ဓါတ်ပုံအရိုက်ခံနေတဲ့ညီအစ်မနှစ်ဦး။ အပေါ်ပုံလေးနဲ့တော့သိပ်မတူပါ၊ချစ်စရာလေးပါပဲ။ ဂေဇက်ကစာချစ်သူမိတ်ဆွေများရွှင်လန်းချမ်းမြေ့ကြပါစေကြောင်းတောင်ပေါ်ဘုရားလေးမှာ ဆုမွန်ကောင်းတာင်းပေးခဲ့ပါသည်။။


kotun winlattJune 25, 20124min06
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ကုန်းခါးရွာ မူလတန်းကျောင်းလေးပါ….။ ကျောင်းဆိုင်းဘုတ်လေးကို ရိုက်ထားတာပါ… ရွာအဝင်ဆိုင်းဘုတ်လေးပါ….။ ရွာဦးက ရှေးဟောင်းစေတီတော်လေးပါ….(ဘယ်လောက်ကြာပီဆိုတာတော့ သေချာမသိရပါ….။) အလှူပစ္စည်းလေးတွေပြင်ဆင်နေကြစဉ်…. အလှူပစ္စည်းလေးတွေကို ကျနော်တို့အဖွဲ့ လိုဂိုလေးနဲ့ အမှတ်တရ…. အလှူပစ္စည်းလေးများကို ဆရာမထံသို့ ပေးအပ်စဉ်… ကလေးတွေကို စာရေးကိရိယာလေးတွေ လိုက်လံဝေငှပေးကြစဉ်…. မူလတန်းကျောင်းလေးရှေ့မှာ ရပ်မိရပ်ဖ ဆရာမ နှင့် ကျနော်တို့ one candle အဖွဲ့သားများ…


  “လွယ်တိန်ခမ်းတောင်ပေါ်က”     ကျယ်ခေါင်ထဲမှာနေလို့ တစ်ပါတ်ပြည့်တဲ့ရက်နဲ့ ချိန်ပြီး မူဆယ်ဘက်ကိုသွားဘို့စီစဉ်ထားပါတယ်။ လိုက်ပို့မယ်သူက ဘယ်သွားချင်လဲလို့မေးတော့ မတ်ရပ်ကိုယ်တော်ကြီးရှိတဲ့ဆီကိုသွားချင်တယ်ပေါ့။ အဲဒါနဲ့ မနက်ရှစ်နာရီလောက် နန်းတော်ဂိတ်ကထွက်။ လူဝင်မူ့ကြီးကြပ်ရေးဂိတ်ပေါက်မှာတန်းစီ။ နောက်တစ်ပါတ်အတွက်ကဒ်အသစ်လုပ်။ ပြီးတာနဲ့ ဗိုက်ဖြည့်ဘို့ အရုဏ်ဦးလ က်ဖက်ရည်ဆိုင်ကို ချီတက်။ ပြီးတာနဲ့ရပ်တော်မူကိုယ်တော်ရှိရာလွယ်တိန်ခမ်းတောင်ကို သွားကြပါတယ်။ တောင်ပေါ်အတက်လမ်းဂိတ်တံခါးမှာတော့ ဖလားလေးတစ်လုံး။ စေတနာရှိသလောက်လှူပေါ့။ ကားကလေး က စိမ်းစိုတဲ့သစ်ပင်တွေအုပ်ဆိုင်းနေတဲ့လမ်းကလေးအတိုင်းပြေးလွှား။ တောင်တက်လမ်းက မြင့်ပေ့မယ် မမတ်စောက်ပါဘူး။ မြေလမ်းလေးတစ်ခုရောက်တော့ အတက်လမ်းနဲ့အဆင်းလမ်းခွဲလေးကိုမြင်ရပါတယ်။ တောင်ကမ်းပါးယံကို ကွေ့ပါတ်တက်ရင်း ရပ်တော်မူကိုယ်တော်ကြီးရှိရာကိုရောက်ပါတယ်။ ဘွဲ့တော်က တော့ “မဟာသန္တိသုခရပ်တော်မူ” ရပ်တော်မူကိုယ်တော်အောက်မှာ ဂူဘုရား။ အတွင်းတော်ထဲမှာတော့ ဆင်းတုတော်တစ်ဆူကိုးကွယ်ထားပါတယ်။ ဘုရားကတော့ ဆောက်လက်စ ဆိုတော့ အပေါ်ဆင့်အတက်လမ်းကို ပိတ်ထားပါတယ်။ ရှေ့မှာတော့ ဆောင်လက်စ ဇရပ်ကြီးတစ်ဆောင်။ ဘုရားရဲ့ ဘယ်ဘက်ခြမ်းကနေလှမ်းကြည့်ရင် အဆင့်ဆင့်အထပ်ထပ်တောင်တန်းတွေ.။ […]


kotun winlattJune 25, 20122min012
နားဖာရွာ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းကလေး ကျောင်းဆိုင်းဘုတ်ကလေး…. အလှူပစ္စည်းလေးတွေပါ… ဆရာမသို့ စာရေးကိရိယာများပေးအပ်လှူဒါန်းစဉ်… ရပ်မိရပ်ဖများနှင့် onecandle အဖွဲ့သားများ စကားလက်ဆုံကျနေကြစဉ်… နားဖာရွာမှ ကျောင်းသူားလေးများ… ကျောင်းသားလေးများနှင့်အမှတ်တရ… မူလခေါင်တုန့်စည်ရွာကနေပြီး ကျနော်တို့အဖွဲ့ ထွက်ခွာလာတော့ ညနေသုံးနာရီထိုးချေပြီ..။ နားဖာရွာလေးသို့ ရောက်အောင် နှစ်နာရီခန့် လာခဲ့ကြရသည်မို့ နားဖာရွာလေးသို့ ရောက်တော့ ညနေ ငါးနာရီ ထိုးပြီဖြစ်သည်။ ညနေငါးနာရီရှိပြီမို့ ကျောင်းဆင်းသွားလေပြီ..။ ဒါနှင့် ကျနော်တို့အဖွဲ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်သို့ သွားကြရတော့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးအား အကျိုးအကြောင်းပြောပြတော့ သူလည်း ဝမ်းသာအားရပင် ဆရာမကို သွားခေါ်ပေး၏။ ဆရာမလိုက်လာပြီး အုပ်ချုပ်ရေးမှူး အိမ်ပေါ်တွင် စကားတွေပြောဖြစ်ကြသည်။ ကျနော်ကတော့ ဆရာမထံတွင် ကျောင်းလေးရှိသည့်နေရာလေးကို မေးမြန်းပြီး ကျောင်းလေးကို မှတ်တမ်းဓာတ်ပုံရိုက်ရန်ထွက်လာခဲ့သည်။ ကျနော်တို့အဖွဲ့သားများ နံနက်(၆)နာရီ ကတည်းက ထွက်လာကြရတာမို့ နားဖာရွာလေးသို့  ရောက်သောအခါ အားလုံးပင်ပန်းနေကြချေပြီ။  […]


kotun winlattJune 24, 20124min022
မူလခေါင်တုန့်စည်ရွာလေးသို့ မသွားမှီ လမ်းမှာ  ပါလာတဲ့ ထမင်းထုပ်ကို ဝိုင်းဖွဲ့စားသောက်နေကြစဉ်… ထမင်းတူတူလာစားကြပါဦးလား….. ခရီးဆက်ခါနီး ဆင်တွေရောက်လာလို့ အမှတ်တရရိုက်ထားလိုက်တာ.. တွန်းထား ကိုယ့်လူရေ..တွန်းထား ကိုယ့်လူရေ…. ရေကကြည်ကြည် စီးတာကမြန်မြန်မို့ အသာထိန်းကာ ကူးကြပေတော့… အားနွဲ့တဲ့ မိန်းကလေးလို့ ဘယ်သူတွေကပြောမလဲ… ရွာအဝင်မှာ တွေ့ခဲ့ရတဲ့ ဆိုင်းဘုတ်….. ရွာအဝင် ငှက်တိုင်ရှေ့မှာ ဂိုက်ပေးကြမ်းမိတာ ဘယ်သူကလက်ဆော့ပီး ရိုက်လိုက်လဲ မသိဘူးဗျို့… မပြီးသေးတဲ့ စာသင်ဆောင်လေး (၁၅.၆.၂၀၁၂ထိကလေးတွေ စာသင်စရာ နေရာမရှိသေးလို့ ကျောင်းမဖွင့်နိုင်သေးပါ..) အလှူပစ္စည်းလေးတွေကို မှတ်တမ်းတင်နေစဉ်….. ဆရာမလေးသို့ စာရေးကိရိယာများ ပေးအပ်လှူဒါန်းနေစဉ်( အကျီင်္အနီဝတ်ထားတာ ဆရာမလေးပါ..) ခေါင်တုန့်စည် ဘုန်းတော်ကြီးကျောင်းထဲမှာ တွေ့ရတဲ့ ကျောင်းသူားလေးများနဲ့ အမှတ်တရ…။


ည layJune 24, 20121min023
      ကွန်နက်ရှင်မကောင်းတဲ.ကြားထဲအားတင်းပြီးမရမကတင်ထားပါပြီနော်… အားပေးဝေဖန်ပေးကြပါဦးရှင်…. အသက်ငယ်ဝါရင့်..အသည်းအစိမ်းစားစုန်းကဝေမ……….“ညလေး”…..


  “မနောကွင်းနဲ့မနောအလှ”     2010 ပထမအကြိမ် ကျယ်ဂေါင်ကိုရောက်တော့ ဖုန်းဆက်ချင်တယ်ဆိုရင် မနောကွင်းနားကိုလာဆက်မှ မြန်မာဖုန်းတွေက လိုင်းမိပါတယ်။ တစ်ည ရနာရီလောက်ဖုန်းလာဆက်တဲ့အချိန်မှာ လူကြီးလူငယ်ကျားမ မရွေးပါဝင်တဲ့အဖွဲတစ်ဖွဲ့က ကက်ဆက်ဖွင့်ပြီး ကနေကြတာကို မြင်တော့ အံ့ဩစွာနဲ့ငေးမောကြည့်မိခဲ့ပါတယ်။ ဒီနေရာလေးက သူတို့ဆီမှာ  မနောကွင်းလို့ အမည်တွင်ပါတယ်။ ဒီတစ်ခေါက် ကျနော် ကံကောင်းထောက်မစွာနဲ့ အဲဒီကွင်းနဲ့မျက်နှာချင်းဆိုင်က “စန်းဟွမ်” ဟိုတယ်မှာတည်းဖြစ်ပါတယ်။ ကံမကောင်းတာကတော့ ကျနော်ဓါတ်ပုံရိုက်ချင်တဲ့အက အဖွဲ့တွေနဲ့မဆုံလိုက်တာပါဘဲ။ အဲဒီကွင်းက နန်းတော်ပေါက်ကနေလာလိုက်ရင် သိပ်မဝေးပါဘူး။   အဲဒီကွင်းက အားကစားကွင်းလို့ပြောရင်ရပါတယ်။. ကိုယ်လက်လှုပ်ရှား ကစားစရာ အထောက်အကူပစ္စည်းတွေရှိတယ်။ ဘတ်စကက်ဘောကစားကွင်းရှိတယ်။ မနက်ဆိုလမ်းလျောက်လာပြီး ကျန်းမာရေးအတွက်ကိုယ်လက်လှပ်ရှားကစားသူရှိသလို ညနေပိုင်းမှာလဲ ရှိကြပါတ.ယ်။ ထူးခြားတာကတော့ ယာယီကလေး ကစားကွင်းလေးညနေဆိုဖြစ်လာတာပါဘဲ။ ကလေးတွေအတွက် ဆော့စရာအစုံအလင်နဲ့ပါ။ ပိုက်ဆံတော့ပေးရမယ်ထင်ပါတယ်။ အရိပ်ရသစ်ပင်မရှိတဲ့အတွက်နေ့လည်ပိုင်းမှာတော့ လူမရှိသလောက်။   […]


kotun winlattJune 24, 20123min010
                                                      နားမကျိုင်းကျေးရွာမှ ခေါင်တုံးစီရွာလေးသို့… သူတို့ပြည်သူတွေကို ကျောခိုင်းကြလေပြီဆိုတဲ့ ဓာတ်ပုံလေးကို သတိရမိစေရဲ့… ရောက်တော့မယ်….အားတင်းထားကြပါ…။ မော်တော်ဆိုင်ကယ်နဲ့ မော်တော်ဘုတ်များမှားနေရော့လားးးးးး ကဲ..ဘယ်သူ အရိုက်ခံမလဲ….(မှတ်ချက်။ ဒါ့ပုံ..ဒါ့ပုံ…) အလှူပစ္စည်းလေးတွေပါ…. ဆရာလေး အချိန်မှန်ကျောင်းတက်နိုင်စေဘို့ နာရီလှူပါတယ်ခင်ဗျာ….။ ကလေးတွေလည်းပျော်…. ရပ်မိရပ်ဖ ဆရာ/မများနှင့် one candle အဖွဲ့သားများ ခေါင်တုံးစီရွာ မူလတန်းကျောင်းလေးရှေ့မှာ…