weiweiJuly 4, 20124min024
မိုးရာသီရောက်လာပြီဆိုတော့ ခရီးသွားတာတွေ ရပ်နားပြီး အိမ်နဲ့ ရုံးနဲ့ ဈေးလောက်သာ သွားဖြစ်ပါတော့တယ်။ ဒါပေမယ့် ဝါသနာက ပါနေပြန်တော့ ပတ်ဝန်းကျင်မှာ မြင်တာလေးတွေကိုပဲ မရိုက်ရမနေနိုင်လို့ ရိုက်ဖြစ်ပြီး ပို့စ်တင်ချင်စိတ်လဲ ရှိနေတာနဲ့ပဲ ပို့စ်တစ်ခု တင်ဖြစ်သွားပါတယ် … ဘာမှမထူးခြားတဲ့ ပုံလေးတွေမို့ သီးခံပြီးသာ ကြည့်ကြပါတော့လို့ ….


etoneJuly 4, 20121min067
        ဖေ့စ်ဘွခ်ပေါ်မှာတွေ့တဲ့ အိန်အိန်းနဲ့ မော်ဒယ်မလေးတွေရဲ့  Sexy ပုံတွေပါ ။ ခေတ်ရေစီးကြောင်း ဘယ်လိုပဲပြောင်းပြောင်းပါ  မောင်နှမ ၊ သားမိ ကြည့်လို့ သင့်တော်တဲ့ ပုံမျိုးတော့ဖြစ်သင့်ပါတယ် ။ အခုတော့ဖြင့် မြင်ကောင်းလား လို့ မေးရတော့မလိုပါပဲ ။ အရင်ကတည်းက အခွေတွေထွက်ခဲ့ဖူးတဲ့ အိန်အိန်းရဲ့ အနုပညာလှုပ်ရှားမှူတွေကို သဘောကျပါတယ် ၊ ခေတ်မှီအကမျိုးစုံလည်း အကလည်းကောင်း ၊ အဆိုလည်းကောင်းပေမယ့် အခုလို ပုံမျိုးထုတ်ပြီး ပရိတ်သတ်ရှေ့ချပြတာတော့ …………. မနှစ်သက်ပါဘူး ။ ဓါတ်ပုံဆရာရဲ့ idea လား ၊ သရုပ်ဆောင်တွေရဲ့ idea လား မဝေခွဲတတ်ပေမယ့် ဒီလိုပုံမျိုးရိုက်ပြခြင်းအားဖြင့် ပရိတ်သတ်ကို အဖော်ချွတ်ကြိုက်တဲ့ လူတွေဆိုတဲ့အမြင်နဲ့ ပါးပါးလေးစော်ကားလိုက်သလိုပါပဲ ။ ဒီလိုပုံမျိုးကို […]


  (ခ)အမိူက်ပုံကိုပွအောင်ဖွသူများ     (ဂ)ထူးမခြားနား …………………………     သူတို့ဆီက စည်ပင်သာယာ   “etone နောက်ကလိုက်ခြင်း (ပစ်သူတစ်ဆယ် ဖွသူငါး သိမ်းသူတစ်)”   ဒီနေ့မနက် ရး၃ဝလောက် ဆိုင်ကယ်နဲ့အလုပ်ကိုအသွား ၃ရလမ်း၈၄လမ်းဒေါင့်မှာ စည်ပင်သာယာအမုူိက်သိမ်းတဲ့ကားက အမိူက်ပုံ်ကိုပြောင်သန့်နေအောင်သိမ်းနေတာ အဝေးကလှမ်းတွေ့နေရပါတယ်။ သူတို့ကားလေးထွက်သွားလို့မှ မကြာသေးဘူး အဲဒီပြောင်သန့်နေတဲ့နေရာလေးကို ကောင်ကလေးနှစ်ယောက်က ခြင်းကြားကြီးနဲ့အမိူက်တွေ လာပစ်သွားတော့ မိနစ်ပိုင်းလေးအတွင်း သန့်ရှင်းနေတဲ့နေရာက အမိူက်ပုံပြန်ဖြစ်သွားပါတယ်။ ခက်တာက အဲဒီနားမှာ အမိူက်ထည့်ဘို့ ဘာပုံးမှ မရှိတာပါဘဲ။ အဲဒီမြင်ကွင်းလေးမြင်တော့ အချိတ်အဆက်တွေလွဲနေတဲ့ အမိူက်ပစ်သူနဲ့ အမိူုက်သိမ်းသူ ကို ညီအောင်ညှိပေးချင်စိတ်ကလေးပေါ်လာပါတယ်။ အဲဒါလေးတွေမြင်တော့ ကျနော်စိတ်ထဲမှာဟိုတစ်ရက်က etone ရဲ့ အမိူက်ပုံးနဲ့ပါတ်သက်တဲ့ပိုစ်လေးကို သူရေးနေကျ မန်းလေးဂေဇက်မှာရော ထာဝရသူငယ်ချင်းများဆို်က်မှာပါဖတ်လိုက်ရပါတယ်။ ဒီအမိူက်ပြဿနာက အတော်လေးကို အုံးစားရတဲ့ပြဿနာလဲဖြစ်ပါတယ်။ […]


Ma MaJuly 4, 20121min058
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မရောက်တာကြာပြီဖြစ်တဲ့ ရွှေတိဂုံစေတီကို မနက်စောစော သွားဖို့ မိသားစုတွေ တိုင်ပင်မိကြတယ်။ မနက်ပိုင်းမို့ ဘုရားကို ဆွမ်းတော်ကပ်ဖို့ စဉ်းစားလိုက်တဲ့အခါ ဘုရားပေါ်မှာလည်း ဆွမ်းတော်ဗန်းတွေရောင်းတာမို့ အလွယ်တကူ ဝယ်ယူကပ်လှူနိုင်ပေမယ့် သစ်သီးလေး အနည်းငယ်နဲ့ ပြီးစလွယ် ပြင်ဆင်ထားတာတွေမို့ မကပ်ချင်ပါဘူး။ အချိန်လည်းရတာမို့ ကိုယ်တိုင်ပဲ သစ်သီးနဲ့ ကိတ်မုန့်တွေသွားဝယ်ပြီး ဆွမ်းတော်တင်တဲ့အခါမှာထည့်ဖို့ စတီးဗန်းတစ်ချပ်ပါ သယ်သွားလိုက်တယ်။ ဘုရားကိုရောက်တော့ မနက်စောစော လေနုအေးလေးနဲ့အတူ ကောင်းကင်မှာလည်း မိုးသားတွေ ကင်းစင်လို့ ဘုရားဖူးတွေလည်း သိပ်မများတော့ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်မယ့် အခွင့်အရေးကို ရရှိလိုက်ပါတယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ အေးအေးဆေးဆေး ဘုရားရှိခိုးနိုင်မယ့်နေရာကိုရွေးပြီး ညီအမတစ်တွေ ဘုရားကို ဆွမ်းတော်၊ သောက်တော်ရေကပ်ဖို့ ပြင်ဆင်ကြပါတယ်။ အဲဒီလိုပြင်ဆင်နေတဲ့အချိန်မှာ ဆင်းရဲနွမ်းပါးပုံပေါက်တဲ့ အမျိုးသမီးကြီးတစ်ဦးက ဘေးနားမှာ တချိန်လုံးထိုင်စောင့်နေပါတယ်။ စိတ်ထဲကလည်း စားချင်နေရှာတယ်ထင်လို့ […]


ဖား စပိုက်ဒါမန်း         ____________________________________  ဒုတိယကမ္ဘာစစ်မှ သူရဲကောင်းများ (Photos@DailyMail)                             ဘာရယ် မဟုတ်ပါဘူး …။ ဂနေ့ ဂျာနယ်ထဲပါလာတဲ့ ဖားစပိုက်ဒါမန်းကို ရှာရင်းနဲ့ တွေ့လာတဲ့ ပုံလေးတွေကို တင်ပေးလိုက်တာပါ …။ ပြောရမယ် ဆိုရင်တော့  …. ဒါပါပဲလို့ .. 😀


Wai PhyoeJuly 3, 20123min018
ခုမှရောက်တာမို့လို့ပုံနည်းသွားတာနားလည်ပေးစေလိုပါတယ် မှတ်ချက်။ ၊အောက်ဆုံးပုံမှာ apartment web မှာ ကြိုက်လွန်းသဖြင့် ရေကူးကန်ပုံကို ကူးယူပြခြင်းဖြစ်သည်


  နက်ဖြန်မွေးနေ့ဘာကျွေးမလဲစဉ်းစားလိုက်တော့ ရန်ကုန်က ညီလေး အာဂ (ရစ်မမ မူပိုင်)က လေးပေါက် ထိုးမုန့်စားချင်တယ်ဗျာလို့ပြောဘူးတယ်။ အစက ပေါက်စီကျွေးမယ်စဉ်းစားသေးတယ်။ ဒါပေမယ့် လူတို်င်းကြိုက်ချင်မှကြိုက်မှာ။ အဲဒါနဲ့ ထိုးမုန့်နဲ့လမုန့်ကွေးျမယ် ဆုံးဖြတ်လိုက်ပါတယ်။ မွေးနေ့မှန်းသိသွားတဲ့ ရွာထဲကညီမတစ်ယောက်က ဧည့်သည်တွေပါဧည့်ခံရအောင်ဆိုပြီး သူလက်စွမ်းပြထားတဲ့(ဝယ်စားလို့မရဘူးနော်) သက်တန့်ကျောက်ကျောရယ် သီးစုံဖျော်ရည်လာပို့တော့ မြိုင်သွားတာပေါ့။ ကဲ အလှစာ မဟုတ်ဘူး အဝစား။ ကုန်သွားရင် ထပ်ထည့်ပေးမယ်။ ပြန်ရင်လဲ သားသားမီးမီးတို့အတွက်ပါဆယ်ဆွဲသွားနော်။ ရွာသူားအားလုံး အနီးအဝေး ရှိသမျှ မိတ်ဆွေအားလုံး အကုန်ဝအောင်စားကြပါနော်။   အားလုံးကိုခင်သော ကိုပေါက်(မန္တလေး)  


ဂ်စ္စူJuly 2, 20121min043
အူးပေါက်ရဲ့ Mလုလင်နောက်က လိုက်ခြင်း(မင်္ဂလာနှစ်ပါတ်လည်အမှတ်တရ) http://myanmargazette.net/133497/travel/photography-pictures-galleries-wallpapers-photo-tips   ကို ဝင်ကြည့်မိတော့ အူးပေက အပေါ်ဆုံးပုံကနေ အောက်ကို မောက်စ်နဲ ့ခပ်သွက်သွက်လေးဆွဲချကြည့်ရင် တော်တော်လန်းတယ်ဗျား ဆိုလို ့ ကြည့်ကြည့်တာ ဒီအောက်က ပုံထွက်လာတယ်ဗျာ..   အပျော်ပေါ့..  


aye.kkJuly 2, 20123min022
ထိုင်း-မြန်မာနှစ်နိုင်ငံထိစပ်နေသည့်နယ်စပ်မြို့ဖြစ်သော၊တာချီလိတ်မြို့အလှနှင့် တဖက်ထိုင်းနိုင်ငံမယ်ဆိုင်-ချင်းရိုင်-ချင်းမိုင် အလည်ခရီးကအမှတ်တရရိုက်ခဲ့သောဓါတ်ပုံများသာလျှင်ဖြစ်ပါသည်။ တာချီလိတ်က၊မြို့ကျက်သရေဆောင်အလှ၊ရွှေတိဂုံ(ပုံတူ)စေတီတော်မြတ်ဘုရား။ ရွှေတိဂုံရင်ပြင်တော်ပရဝုဏ်ရှိသပ္ပါယ်လှသောရုပ်ပွားတော်မြတ်များ။ အေးချမ်းလှသည့်ရွှေတိဂုံစေတီရင်ပြင်တော်၊မှောင်ရီဖြိုးဖြအချိန်ရဲ ့ရှူ ့ခင်းအလှ။ ရင်ပြင်ပေါ်ကလှမ်းမြင်ရတဲ့၊တာချီလိတ်ရဲ ့ရှူ့ခင်းအလှ။ ရင်ပြင်ပေါ်ကတာချီလိတ်အလှ၊လှမ်းမြင်ရပုံ။ ထိုင်းနိုင်ငံဖက်ခြမ်းကျင်းရှန်မြို့ရှိ၊တောင်ပေါ်တွင်ကိုးကွယ်ထား သောဓာတုစေတီဘုရား။ အပေါ်ပုံနဲ့ကနဲနဲလေးတော့ကွဲပြားသည်။ ဓာတုစေတီရင်ပြင်အောက်က၊တရားရှူ့မှတ်တဲ့ယောဂီကျောင်းဆောင်။ ယောဂီတွေတရားမှတ်တဲ့ကျောင်းဆောင်ပတ်ဝန်းကျင်ရဲ ့အလှမြင်ခဲ့ရ။ ယောဂီတွေနေတဲ့အဆောင်ဘေးပတ်ဝန်းကျင်ကလေး။ ကျင်းရှန်ဘုရား။ ကျင်းရှန်ဘုရားပရဝုဏ်ကဦးတိဘွားရုပ်ထုအလှ။ သုံးနိုင်ငံ(မြန်မာ-ထိုင်း-လော)ထိစပ်နေသည့်၊ကျင်းရှန်(ဆိုင်းဘုတ်)အလှမြင်ရပုံ။ ကျင်းရှန်မြို့ကရှေးဟောင်းဘုရား၊ဗုဒ္ဓရုပ်ပွားတော်မြတ်(ပေါ်တော်မူဘုရား)။ အပေါ်ပုံနဲ့ကအနည်းငယ်ကွဲပြားသည်။ ဂေဇက်ရွာမိတ်ဆွေများအားလုံးအတွက်၊အလည်ခရီးက အမှတ်တရများအားသတိတရ၊ပြန်လည်ဝေမျှလိုက်ခြင်းဖြစ်ပါသည်။။


ムラカミJuly 2, 20122min021
  ဓာတ်ပုံ မပါတဲ့ ဓာတ်ပုံ အကြောင်း ပိုစ့် ဖြစ်ကြောင်း ဦးစွာ ပြောပါရစေ။ www.500px.com အကြောင်းပါ ..။ သိပြီးသူတွေလည်း ရှိမှာပါ ..။ မသိသေးသူတွေအတွက်ပါ။ ကနဦး ၂၀၀၃ ခုနှစ်က ဖြစ်ပါတယ်။ Oleg Gutsol နဲ့ Evgeny Tchebotarev ဆိုတဲ့ လူ၂ယောက်ဟာ လူမှုဆက်ဆံရေး ဆိုင်ရာ ဘလော့ ဝက်ဆိုက်တခု ဖြစ်တဲ့ Livejournal ကို စတင်ခဲ့ကြပါတယ်။ အဲ့သည့်မှာ ဓာတ်ပုံ တင်ဖို့အတွက် အသင့်လျော်ဆုံး အရွယ်အစားဟာ 500pixel ဆိုပြီး သတ်မှတ် ခဲ့ကြပါသတဲ့…။ (အဲ့သည့်ခေတ်က အမေရိကားမှာတောင် web display အတွက် ကန့်သတ်ချက်တွေ ကြီးခဲ့သေးလေတော့ CRT monitor တွေပေါ်မှာ ပုံဖော်ဖို့အတွက် […]


ပေးဝေခြင်း 1         “Mလုလင်နောက်က လိုက်ခြင်း” (လုလင်တို့ဇနီးမောင်နှံရဲ့မင်္ဂလာနှစ်ပါတ်လည်အမှတ်တရ)   ကျနော်တို့ ရွာကအလှူပန်းတနော်ပွဲကို လိုက်ဘို့ရန်ကုန်ကိုရောက်လာခဲ့ပါတယ်။ တောင်ကြီးဘက်ကနေကူးလာတာပါ။ ရောက်တဲ့နေ့မှာဘဲ လုလင်နဲ့ကျနော် ကန်တော်ကြီးဘက်ဓါတ်ပုံရိုက်ထွက်ဖြစ်ခဲ့ပါတယ်။ ကျနော်တို့နှစ်ယောက်မှာ တူညီတဲ့စိတ်က ဓါတ်ပုံရိုက်သွားမယ်ဆို ချက်ခြင်းသွားဖြစ်တာပါ။ သူနဲ့ကျနော်သွားတဲ့အချိန်က နေ့လည်ဆယ်နှစ်နာရီကျော်ကျော်။ ထမင်းလဲမစားရသေး။ ကျနော်က ငုဝါပန်းတွေလက်ဆော့ချင်တယ်ဆိုတာနဲ့သူကလိုက်ပို့တာပါ။ ဟိုရောက်တာနဲ့ အဲဒီနားက ဆိုင်မှာ ထမင်းကြော်စား။ ပြီးတာနဲ့လက်ဆော့။ ကရဝိက်ရယ် ငုရယ် စိတ်တိုင်းတွေကျ။ ဒါနဲ့အနောက်ဘက်ခြမ်းဆက်သွား၊ ဘွန်ဇိုင်းအပင်တွေကြားထဲမှာ ကျနော်ကို ဓါတ်ပုံရိုက်.။ ကြာပန်းပင်တွေရိုက်။ အဲဒီလိုရိုက်နေတုန်း သူက သူ့မင်္ဂလာဆောင်အကြောင်းလေးပြောပြပါတယ်။ မင်္ဂလာဆောင်တဲ့အချိန် ဓါတ်ပုံတွေ စပါယ်ရှယ်ရိုက်တဲ့အကြောင်းပေါ့။ ဒီကန်တော်ကြီးထဲက စိန်ပန်းပင်တပင် အပွင့်တွေရဲရဲတောက်လို့လှပ။ သူ့အရိပ်က ကန်ရေပြင်မှာလှပစွာသက်ဆင်း။ သူတို့ မောင်နှံက အဲဒီနေရာလေးမှာ ရိုက်ခဲ့တာလေးကို သူသတိတရနဲ့ပြန်ပြောပြ။ […]


black chawJuly 1, 20123min063
ကြွားတယ် ထင်ရင်လည်း ခံရတော့မှာပဲ ကျောင်းဒကာရေ…။ ထူးအိမ်သင်ဆိုတဲ့ ပုဂ္ဂိုလ်အကျော်အမော်ကြီး နဲ့ ဘလက်ဆိုတဲ့ အညတြပုဂ္ဂိုလ်လေး တစ်ယောက်တို့ဟာ တစ်စားပွဲထဲထိုင်ပြီး စကားတွေ ပြောခဲ့ဘူးတယ်ဆိုရင် ကြွားတယ်ထင်ကြမှာလား ဟင်င်င်င်…။ ကဲ မြန်မာကားတွေလို နောက်ကြောင်းနည်းနည်း ပြန်ကြမယ်ဗျာ…။ တစ်ခါသားမှာပေါ့ ထူးအိမ်သင်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းစာရင်းဝင် ကိုကြွက်နီ (ခေါ်) သိမ်းတင်သား ဟာ အင်တာဗျူး ဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်ခဲ့ဘူးပါသတဲ့…။ အဲဒီအချိန်မှာပဲ အင်တာဗျူးဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ သိမ်းတင်သား နဲ့ အင်မတန်အဖွဲ့ကျနေခဲ့တဲ့ ပုဂ္ဂိုလ်လေးတစ်ယောက်ကတော့ ကျွနုပ်ဘလက် ပဲပေါ့ခင်ဗျာ…။ အမှတ်မမှားဘူးဆိုရင် ၂၀၀၁ ခုနှစ်လောက်ကပေါ့…။ တစ်ခုသောညနေခင်းတစ်ခုမှာ အင်တာဗျူးဂျာနယ်တိုက်ရဲ့ တာဝန်ခံအယ်ဒီတာစားပွဲရှေ့မှာ တစ်စုံတစ်ခုသော ကိစ္စနဲ့ ဘလက်ကျွန်ုပ်ဟာ ရောက်ရှိနေခိုက်ပေါ့…။ (အဲဒီတုန်းက အင်တာဗျူးဂျာနယ်တိုက်ဟာ ယုဇနဟိုတယ်ဘေးလမ်းကြားက တိုက်တန်းမှာ […]