weiweiJanuary 7, 20146min013
ဘားအံမြို့ကို သာမညဆရာတော်နာမည်ကျော်ကြားစဉ်အခါက ကျိုက်ထီးရိုး သာမညခရီးစဉ်နဲ့ ဘုရားဖူးခရီးသည်တွေ အသွားများကြပေမယ့် သာမညဆရာတော်ပျံလွန်တော်မူပြီးနောက်ပိုင်းမှာ ခရီးသွားနဲသွားခဲ့ပါတယ်။ အခုဆိုရင် ရန်ကုန် – ဘားအံလမ်းက အရမ်းကောင်းနေပါပြီ။ ရန်ကုန်ကနေ ၅ နာရီလောက် ကားမောင်းရင် ရောက်နိုင်ပြီဖြစ်တဲ့အတွက် နေ့ခြင်းပြန် ဘုရားဖူးသွားဖို့ သင့်လျှော်တဲ့ သာယာလှပတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ဒီပို့စ်မှာတော့ ရောက်ခဲ့သမျှနေရာတွေထဲက လှတဲ့ပုံလေးတွေကို ရွေးထုတ်ပြီး ပြချင်ပြတယ်။ ဘားအံအလှအပများကို ခံစားကြည့်ပါအုန်း .. နောက်တစ်ခါ ဘားအံသွားရင် ဇွဲကပင်တောင်ထိပ်ကိုရောက်အောင် တက်ကြည့်မယ်လို့ စိတ်ကူးထားပါတယ်။ တောင်ပေါ်တက်ဖို့ ဘယ်သူတွေ လိုက်ကြအုန်းမလဲ ????


ပုံမှန်လည်ပတ်နေတဲ့ နာရီစက်ဝန်းကြီးကဖြင့် နေဝင်၊ နေထွက်နဲ့ပဲ တစ်စထက် တစ်စ ဆွဲခေါ်လို့ သွားနေမြဲ၊ သွားနေဆဲ …..။ ဒီစက်ဝန်းကြား မွေးဖွားခြင်းတွေလည်း ရှိရဲ့၊ သို့ကြောင့် အသစ်အသစ်တွေဆီသို့ ခေါ်ဆောင်သွားခြင်းဟု တင်စားရမည်လော ….။ ဒီစက်ဝန်းကြား အိုမင်း ရင့်ရော်ခြင်းတွေလည်း ရှိရဲ့၊ သို့ကြောင့် အဟောင်းအဟောင်းတွေဆီသို့ ခေါ်ဆောင်သွားခြင်းဟု တင်စားရမည်လော ….။ ကျွန်ုပ် ယတိပြတ် ဖြေဆိုခြင်းငှာ မစွမ်းပါချေ။ ကျွန်ုပ်တည်းဟူသော တစ်ဦးတစ်ယောက် အတွက်သည်ပင် မဖြစ်ဖူးသေးသော အသစ်အသစ်များ၊ ဖြစ်ပြီးသော အဟောင်းဟောင်းများဖြင့် ရောပြွမ်းလျှက်ရှိချေ၏။ မည်သို့ဆိုစေ နှစ်ပေါင်းအသချေင်္ တိုင်အောင်ပင် ဒီစက်ဝန်းကြီးသည်ကား အိုမင်း ရင့်ရော်ခြင်း မရှိပါဘဲနှင့် ပုံမှန် လှုပ်ရှားလျှက် ရှိနေခြင်းသည်ကား ထူးဆန်း အံ့ဖွယ်ပင် ဖြစ်ချေတော့၏။ ================ ခုနှစ် သက္ကရာဇ်တည်းဟူသော […]


Foreign ResidentJanuary 6, 201413min010
အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၄ ( Bay of Islands ) ။     ၁၁ – ၁၂ – ၂၀၁၃ ။   မနေ့ညကတော့ ခရီးပမ်းလာတော့ ၊ ဒီနေ့မနက် စောစော မထဖြစ်ပါဘူး ။ ( ပုံမှန်ဆိုရင် အဘ က မနက် ၅ နာရီလောက် ထနေကျပါ ) ကိုယ်လက် သန့်စင် အဝတ်ဟောင်းကိုဘဲ နဲနဲ ခါခက် ရေမွှေးဆွတ် ဝတ်ပြီး ၊ အပြင်ထွက်လာတော့ မနက် ရ နာရီလောက်ရှိပြီး အပြင်မှာ လင်းထိန်နေပါပြီ ။   အဘ […]


weiweiJanuary 5, 20142min06
ပြီးခဲ့တဲ့ အပါတ်က သထုံမြို့ကို တစ်ခေါက်ရောက်ခဲ့ပါတယ်။ သထုံမှာနေတဲ့ ဆွေမျိုးတစ်ဦး နေမကောင်းဖြစ်တာကို သတင်းသွားမေးရင်း ဘားအံဘက်ကိုလဲ လည်ပါတ်ရင်းနဲ့ နေ့ခြင်းပြန်ခရီးတိုတစ်ခုသွားဖြစ်ခဲ့တယ်။ ဘားအံရှုခင်းတွေကို သီးသန့်ပို့စ်တစ်ခု တင်ဖို့ စိတ်ကူးထားလို့ သထုံ ရွှေစာရံဘုရားကို သီးသန့်ခွဲထုတ်ပြီး ပို့စ်တင်လိုက်ပါတယ်။ အခုတလော သတင်းကြီးနေတဲ့ ဓါတ်တော်လွှတ်တယ်လို့ နံမည်ကြီးနေတဲ့ ဘုရားဖြစ်ပါတယ်။ သထုံမြို့ထဲမှာ တည်ရှိပြီး မော်လမြိုင်ကားတွေ ဘားအံကားတွေ ကပ်ကျော်သွားလေ့ရှိတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ ကျွန်မတို့လဲ အရင်က ကပ်ကျော်သွားလေ့ရှိပေမယ့် ဒီတစ်ခေါက် မြို့ခံဆွေမျိုးက ဝင်ဖူးလိုက်ပါဆိုလို့ တစ်ကူးတကဝင်ဖြစ်ခဲ့လို့သာ အခုလို ဓါတ်ပုံတွေ ပြနိုင်တာဖြစ်ပါတယ်။ ဓါတ်တော်လွှတ်တာကို ဗုဒ္ဓဟူးဒေါင့်ကနေ ကြည့်ရင် မြင်ခဲ့ရတယ်လို့ ပြောကြပါတယ်။ ကျွန်မတို့သွားတဲ့အချိန်မှာတော့ မမြင်ရတော့ပါဘူး။ နေပူပူနေ့ခင်း ၃ နာရီလောက်မှာ ရင်ပြင်တော်ပေါ်ရောက်ခဲ့တာမို့လို့ ဓါတ်ပုံတွေက အရောင်တောက်ပြီး ကြည်လင်နေပါတယ်။


weiweiJanuary 5, 20146min013
လွိုင်ကော်မြို့ထဲဝင်လာတဲ့အချိန်မှာ နေ့လည် ၁၁ နာရီခွဲ ရှိနေပြီ။ ၅ နာရီကျော်လောက်ကားစီးထားတဲ့အရှိန်နဲ့ ပင်ပန်းနေပေမယ့် ပါတ်ဝန်ကျင်ကို စူးစမ်းလေ့လာရင်း မျက်စိဖွင့် နားစွင့်နေခဲ့ပါတယ်။ နေ့လည်စာ ထမင်းအတွက် လမ်းတစ်လျှောက် ထမင်းဆိုင်ကြည့်ရင်း မြို့ပါတ်လိုက်ကြတယ်။ ထမင်းဆိုင်ပဲ ရှားတာလား ကျွန်မတို့ပဲ မျက်စိမှောက်လားမသိပါဘူး။ ရှာမတွေ့တဲ့အဆုံး ဈေးနားမှာရပ်ပြီး ဒေသခံတစ်ဦးကို မေးကြည့်လိုက်မှ သူညွှန်ကြားပေးလိုက်တဲ့အတိုင်းရှာလိုက်တာ မြန်မာထမင်းဟင်းနဲ့ တရုတ်အစားအစာပါရတဲ့ ထမင်းဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့တယ်။ ရာသီဥတုက ကလောနဲ့တခြားစီဖြစ်ပြီး အေးမြမြလေးမို့ အနေတော်ပါပဲ။ ထမင်းစားရင်း ထမင်းဆိုင်မှာ တည်းခိုဖို့အတွက် စုံစမ်းလိုက်တော့ မြို့ထဲမှာရှိတဲ့ နဝရတ်မိုတယ်ကို လမ်းညွှန်ပေးပါတယ်။ တည်းခိုခန်းရောက်ပြီးမှ ဘယ်တွေကို သွားလည်ရမလဲဆိုတာ ထပ်မံစုံစမ်းကြပါတယ်။ တောင်ကွဲစေတီကတော့ မြို့ထဲမှာတင်ရှိတဲ့အတွက် အချိန်သိပ်ပေးစရာမလိုပါဘူး။ ကျွန်မက နေဝင်ချိန်လောက်နဲ့တိုက်ပြီး သွားချင်တဲ့အတွက် အဲဒိကို အရင်မသွားချင်လို့ ကယန်းရွာကို သွားဖို့ […]


                                ဒီ နှစ်  မန်း လေး ဆောင်း က အ တော် လေး အေး ပါ တယ်။ 2013 ကို နုတ် ဆက် မယ့် ဒီ ဇင် ဘာ 31 ရက် နေ့ မ နက် ငါး နာ ရီ အိမ် ထွက် ကို စိန်ေ သာ့  ကို ခေါ် စစ် ကိုင်း ဘက် ကို […]


Foreign ResidentJanuary 2, 201412min019
အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၃ ( Auckland ) ။   Mr. MarGa says: ” နောက်တစ်ပိုင်းမှာ သင်္ဘောပေါ် တက်မယ်ဗျိုးးးးးးး “   ကိုရင် မာဃ ( သိကြားမင်း ကတောင် ) စိတ်မရှည်တော့ဘူး ထင်ပါ့ ။ သည်းခံပါကွယ် ။ ဒီ တစ်ခါက ကိုရင် ဆောရိုး က ” နယူးဇီလန်ပတ် သိန်းဘောအကြောင်း ကိုယ်တွေ့လေး ရေးပါဗျာ … အဲ့ဘက်လေး တိုးဆွဲချင်လို့ ” ဆိုလို့ ၊ သူ့အတွက် အထောက်အကူဖြစ်အောင် Detail လေး ရေးပေးနေတာပါ ။   […]


KyaemonJanuary 2, 201410min04
         အဆွေတော် ရွာသူရွာသား များအတွက်   အောက်ပါပုံတွေကို တင်ဆက်ပေးရင်း  နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက် မေတ္တ္တာပို့အပ်ပါကြောင်း၊       ကမ်ဘာ အရပ်ရပ် က နှစ်သစ် ၂၀၁၄ ကို  တပျော်တပါး ကြိုဆိုကြပုံတွေက အောက်နားမှာရှိတယ်နော်           ရန်ကုန်က ကရာဝိက် နှစ်သစ်ကြိုပွဲ               Ushering in the new year around the globe  အဲဒီ link လင့်ခ ကနေရတဲ့ လက်ရွေးစင် ဓာတ်ပုံတွေပါ၊ ————   […]


weiweiDecember 30, 20134min015
ဒီနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ဘယ်သွားရင်ကောင်းမလဲ စဉ်းစားရင်း တစ်ခါမှ မရောက်ဖူးသေးတဲ့ လွိုင်ကော်မြို့ကို သွားလည်ဖို့ စီစဉ်ဖြစ်သွားပါတယ်။ စီစဉ်တယ်ဆိုတာက အဓိက လမ်းခရီးအခြေအနေကောင်းမကောင်းနဲ့ စိတ်ဝင်စားစရာဘယ်လိုနေရာမျိုးလဲ ရှိသလဲဆိုတာ အရင်စုံစမ်းကြည့်တာပါ။ အင်တာနက်ကနေ ရှာကြည့်သလောက်ကတော့ လမ်းအနေနဲ့ နေပြည်တော်- ပင်လောင်းလမ်းကနေ သွားလဲရတယ်။ ကလောကနေ တဆင့်သွားလို့လဲရပါတယ်။ နေပြည်တော်-ပင်လောင်းလမ်းက အသွားအလာနဲတယ်လို့ သိရတဲ့အတွက် ကလောကနေတဆင့်သွားဖို့ ရွေးချယ်လိုက်ပါတယ်။ စိတ်ဝင်စားစရာနေရာကတော့ တောင်ကွဲစေတီနဲ့ ကယန်းမျိုးနွယ်စုတွေနေထိုင်တဲ့ ကယန်းရွာကို သွားလည်နိုင်တာလောက်ပဲ ရှာတွေ့ခဲ့ပါတယ်။ သောကြာနေ့ညဘက် ၁ဝ နာရီလောက် ရန်ကုန်ကနေစထွက်ခဲ့ကြတယ်။ နေပြည်တော်ရောက်ပြီးနောက် မိုင်တိုင် ၂၆၂ မိုင်မှာ ပျော်ဘွယ်ဘက်ကိုသွားတဲ့လမ်းခွဲဘက်ကို ချိုးကွေ့ပြီး ပျော်ဘွယ် – သာစည် လမ်းကနေ တောင်တက်လမ်းတွေကို ဖြတ်သန်းပြီး ကလောမြို့ကို မနက် ဝေလီဝေလင်းအချိန်မှာ ရောက်ခဲ့ပါတယ်။ ကားမောင်းတဲ့သူရော၊ […]


KyaemonDecember 30, 201326min09
Palace of Versailles Palace of Versailles – Wikipedia, the free encyclopedia   The Palace of Versailles (English /vɛərˈsaɪ/ vair-sy or /vərˈsaɪ/ vər-sy; French: [vɛʁˈsɑj]), or simply Versailles, is a royal château in Versailles in the Île-de-France region of France. In French it is the Château de Versailles.   ရွှေရောင်ခြယ် တံခါးမ ကြီး၊ ရွှေပန်းပု တွေနဲ့ကြိုဆို   Versailles အရပ် ဟာ ယခင်ကတောရွာကလေး၊ ခုဆိုရင် ပါရစ်မြို့တော် ရဲ့မြို့စွန်းသူဌေးရပ်ကွက်    ပါရစ် မြို့လယ်နဲ့ ၂ဝ ကီလိုမီတာ (၁၂ မိုင်) ဝေး (ရန်ကုန်နဲ့အင်းစိန်လောက်)   အနောက်တောင် […]


Foreign ResidentDecember 30, 20139min019
အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၂ ( Introduction ) ။   သင်္ဘော ပေါ်က Heated Whirl Pools နှင့် ရေကူးကန် ။     အဲဒီလို Celebrity Cruise ကနေ လက်မှတ် ဝယ်ပြီးပြီ ဆိုရင်တော့ ၊ Celebrity Cruise ကနေ ကိုရင် တို့ဆီကို Soft Document ( PDF ) ၂ ခု ပို့ပါလိမ့်မယ် ။   ၁ ။ ပထမ တစ်ခုကတော့ Cruise Ticket ဖြစ်ပြီး ၊ ခရီးစဉ် ရဲ့ […]


alinsettDecember 28, 20134min011
 ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်     ——————————————————– ဟိုတနေ့က..အလုပ်တစ်ရက် နားပြီး.. လျှောက်သွားနေတာ… ကျောက်တော်ကြီးဘုရားဘက်..ရောက်သွားတယ်.. ။ ဘုရားပေါ်တက်ပြီး.. ဟိုကြည့်ဒီကြည့်… ဖုန်းကင်မရာကလေးနဲ ့.. ဟိုရိုက်ဒီရိုက်…. လုပ်ခဲ့တာတွေပါ.. ။ ဒီရွာထဲမှာလည်း.ဟိုဟာတင်..ဒီဟာတင်နဲ ့မို ့.. တင်လိုက်ပါတယ်. .။ ထုံစံအတိုင်း… ဟိုမိတ်ဆွေ..ဒီမိတ်ဆွေတွေက.. ကြည့်ရှု ့ ဝေဖန်..ပေးကြပါဦး.. ။ ပုံလေးတွေကို.. နာမည် တစ်ခုချင်းစီ ပေးထားမိတယ်.. ။ ပိုစ့်တစ်ပုဒ်လုံး..( ပုံတွေအကုန်လုံးကို ) စုစည်းပြီးတော့..နာမည်တစ်ခုပေးထားတာကတော့..ရွှေကျောင်းပြောင်ပြောင်  ဝမ်းခေါင်ခေါင်….လို ့..                                 […]


Foreign ResidentDecember 27, 20139min020
အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၁ ( Introduction ) ။   ရွာသူားများ မင်္ဂလာပါဗျာ ။   အဘ မလဲ ၊ ပရိယေသန ဝမ်းစာ / စားဝတ်နေရေး အတွက် ၊ လိုက်နေရတဲ့ သင်္ဘော ပေါ်ကနေ ၊ အောက်တိုဘာ လကုန် လောက်မှာ ဆင်းခဲ့ပါတယ် ။   ဆင်းပြီး ၊ ဘယ်လောက်မှတောင် မကြာရပါဘူးကွယ် ။ ( တစ်ပါတ်လောက်ဘဲလား ၊ ရန်ကုန်မှာ လွတ်လွတ်လပ်လပ် နေလိုက်ရပါတယ် ၊ အဟင့် )   အဘ ဘဝ ရဲ့ ပဲ့ကိုင်ရှင် မဟေသီက […]