ဇီဇီJune 9, 20151min035
သများတို့  တို့ ပြည်ပ နေတွေ ပြည်တွင်း ပြန်လို့ ရှိရင် ရောဂါတစ်ခု ရှိသဗျ။ :mrgreenn: ကင်မလာ အကြီးကြီး ဝယ်ထားမိရင် ပိုဆိုးးး… ခရီးထွက်ပြီး ဓာတ်ပုံရိုက်ချင်တာ တစ်မျိုးးး… . မြန်မာပြည်ရဲ့ နံမည်ကြီးနေရာတွေကို သွားချင်တာ တစ်မျိုး… . ရန်ကုန် အစားအသောက် ကောင်းကောင်းနေရာ ကို သွားချင်တာက တစ်မျိုးးး… . ကိုယ်နဲ့ ပါလာတဲ့ ရေခြားမြေချားက လုပ်ဖော်ကိုင်ဖက်တွေကို လှပတဲ့ နေရာလေးတွေ လိုက်ပြချင်တာ တစ်မျိုး… . တချို့ကျ အမျိုးဘွဲ့ယူ၊ မင်ဂါဆောင် စသည်ဖြင့် အကြောင်းပြုပြီး ပြန်တော့ အဲဒီ အတွက် စီးတော်ယာဉ် လိုအပ်တာ တစ်မျိုး… အဲ!! သများ ဆို အိမ်က မသိအောင် […]


weiweiJune 9, 20154min016
  ရန်ကုန် လှည်းတန်းဘူတာနားမှာနေခဲ့တာ ၁ဝ နှစ်ကျော်နေပြီ။ ရထားလမ်းကို အမြဲတမ်းဖြတ်ဖြစ်ပြီး လှည်းတန်းဈေးကို သွားခဲ့ရပေမယ့် ရထားကို တစ်ကြိမ်တစ်ခါမှ မစီးခဲ့ဖူးဘူး။ ရထားစီးကြည့်မယ်လို့လဲ တစ်ခါမှ မတွေးမိခဲ့ပါဘူး။ မြို့ပါတ် အဲကွန်းရထားတွေပေါ်လာပြီးနောက်ပိုင်း တစ်ခါလောက်တော့ စီးကြည့်အုန်းမှလို့ စိတ်ကူးပေါ်ခဲ့ပေမယ့် အချိန်မပေးနိုင်လို့ မစီးဖြစ်ခဲ့ပြန်ဘူး။   ဒီအပါတ် ၆ လ ပိုင်း ၆ ရက်နေ့မှာ စနေနေ့မှာ တိမ်တွေပြာလို့ ရာသီဥတုက သာသာယာယာ ရှိနေတာနဲ့ ရထားသွားစီးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ စိတ်ကူးကို ချက်ခြင်းအကောင်အထည်ဖော်ပစ်လိုက်တယ်။ အနီးအနားမှာနေကြတဲ့ ဘော်ဒါနှစ်ယောက်ကို အဖော်ခေါ်ပြီး လှည်းတန်းဘူတာဆီ သွားစီးကြပါတယ်။ ရထားချိန်တွေကို မမှတ်ထားပဲသွားမိလို့ အဲကွန်းမြို့ပါတ်က နေ့လည် ၁ နာရီမှာဆိုက်မှာကို ၁၂ နာရီလောက်ထဲက ဘူတာကိုရောက်နေပါတယ်။ ဘာပဲဖြစ်ဖြစ် စီးဖြစ်အောင်စီးမှာမို့လို့ အနီးအနားမှာပဲ […]


အဟဲ  ဘာရယ်ဟုတ်ဘူးဗျ ၊   ကိုပေါက်ရဲ့   ဓါတ်ဖမ်း အခန်းဆက်ပို့စ်တွေဖတ်ပြီး ခလုပ်နှိပ်တာသာ တတ်တဲ့ ကျနော့်ပုံလေးတွေကို သတိရလာလို့ ၊   သဂျီးဆီကလည်း ပွိုင့်ယူရင်းပေါ့လေ ၊     🙂   (  ချစ်သော ကချင်မြေ  )     ( ဆန်လေတဲ့ ဆန်လေ )   ( တစ်ကိုယ်တည်း အထီးကျန် )   ( မြူဖုံးနေတဲ့ ဇွဲကပင် )   ( ကျင်လည်ရာ )   ( တံတား နဲ့ ဘုရား )   ( သရက်သီးလေးတွေ ချိုပါတယ် )   ( […]


“ကျနော်ဓါတ်ဖမ်းသမား” (၁၂) (လက်ဆော့ဘို့ လမ်းသလားတဲ့ကိုပေါက်ရဲ့အမှတ်တရများ……………..) ကျနော်ဓါတ်ပိုးမြင့်တဲ့အချိန်တုံးကရောက်လေရာသွားလေရာမှာဓါတ်ဖမ်းပါတယ်။ အလုပ်ကိစ္စနဲ့သွားရင်းဖြစ်ဖြစ် ဓါတ်ဖမ်းခရီးသက်သက်ဖြစ်ဖြစ် မကြာခဏသွားခဲ့ပါတယ်။ အဲလိုသွားခဲ့တဲ့အကြိမ်တွေထဲမှာအမှတ်ထင်ထင်ဖြစ်ခဲ့ရတာလေးတွေ မမေ့နိုင်စရာလေးတွေလဲရှိခဲ့ပါတယ်။ ပထမဆုံးကြုံခဲ့ရတာတော့ အောင်ပန်းမှာပါ။ အောင်ပန်းမြို့ကြီးကို အထက်စီးကနေရိုက်ရင်လှမှာဘဲလို့တွေးမိတော့ မြို့အနောက်ဘက်တောင်ပေါ်က ရိုက်မယ်ဆိုရင် တစ်မြို့လုံးမြင်ရတယ်ဆိုပြီး မနက်စောစော ထ ပြီး အဲ့ဘက်ကိုသွားတာပေါ့။ တောင်ပေါ်တက်တဲ့လမ်းကနေသွားရင်း ထိပ်နားရောက်ခါနီးလို့လှမ်းကြည့်လိုက်တော့ တရုပ်သချင်္ိုင်းဖြစ်နေပါတယ်။ သချိုင်းအဝင် ဝမှာတော့ ခွေးတစ်အုပ် ကိုမြင်နေရပါတယ်။ အဲဒါနဲ့သချိုင်းနံဘေးလမ်းကနေလဲဖြတ်သွားလိုက်လို့ ခွေးတွေနားလဲရောက်ရော ခွေးဆယ်ကောင်လောက်က ထွက်လာတဲ့ပြီး ဟောင်လိုက် ဆွဲလိုက်နဲ့ ကျနော်ကိုဖိအားတွေပေးပါတော့တယ်။ သူတို့ကို တုန့်ပြန်ဘို့အနီးအနားရှိတဲ့ ဂဲလုံးတွေကောက်။ ပါးစပ်ကလဲအော်ပြီးမောင်းထုတ်ပေမယ့်လဲ သူတို့ကတော့ ဖိအားပေးမပျက်ပါဘဲ။ ခက်တာက ကိုယ့်တစ်ယောက်ထဲဖြစ်နေတာကို ဝန်းရံပေးမယ့်သူလဲတစ်ယောက်မှမတွေ့။ သူတို့ကလိုက်ဆွဲလိုက် ကိုယ်က အော်လိုက် ကို်ယ်က  ခဲကောက်ပြီး ထုလိုက် သူတို့ကဟောင်လိုက်နဲ့ဆယ်ငါးမိနစ်လောက်ကြာမှ ဈေးသွားမယ့် လူနှစ်ယောက်ရောက်လာပြီးမောင်းထုတ်မှ ဇာတ်လမ်းတစ်ခန်းရပ်ပြီး ကျနော်လဲ […]


  “ကျနော်ဓါတ်ဖမ်းသမား” (၁၁) (ဓါတ်ပုံတစ်ပုံအတွက်အရင်းအနှီး) တကယ်တော့ အခုခေတ်မှာဓါတ်ဖမ်းတယ်ဆိုတာက လဲ ငွေနဲ့စက်ပြီး လုပ်ရတဲ့အလုပ်တစ်ခုဖြစ်လာပါပြီ။ အရင်က ဟာသတစ်ခုရှိပါတယ် “ကို်ယ်အမြင်ကပ်တဲ့ကောင်ကို ပါတ်ကားဘောပင်တစ်ချောင်းသာလက်ဆောင်ဝယ်ပေးလိုက်” လို့ ဆိုပါတယ်။ အခုခေတ်ကတော့ အမြင်ကပ်တဲ့ပုဂ္ဂိုလ်ရှိရင် ဖူးဖရိန်ဘော်ဒီတစ်လုံးလောက်သာဝယ်ပေးလိုက်ပါ။ အဲဒါရတာနဲ့ မှန်ဘီလူးပြောင်းတို ပြောင်းရှည်ပြောင်းလတ် မြင်ကွင်းကျယ်တွေ ငါးမျက်လုံးတွေ အဏုစိတ်တွေ ထရိုင်ပေါ့တွေ ဖစ်လတာတွေ ဝယ်ရင်း ဝယ်ရင်းနဲ့သိန်းရာချီကုန်မှာသေချာပေါက်ပါဘဲ။ ရိုးရိုး ခရော့ဖရိမ်တွေရဲ့မှန်ဘီလူး ဈေးထက်စာရင်  ဖူးဖရိန်ရဲ့ဈေးက ထက်ဝက်မကကွာပါတယ်။ သိပ်မကြာခင်ကာလကတော့ သိန်းတစ်ရာ ဆိုတဲ့ စတေးတပ်လေးကြောင့်  ဓါတ်ဖမ်းသမားများအကြား ဖေစ်ဘုတ်စာမျက်ပေါ်မှာတိုက်ပွဲပြင်းထန်သွားပါတယ်။ ဓါတ်ပုံကောင်းတစ်ပုံရဘို့ အတွက် ငွေအဲလောက်သုံးနိုင်မှ ပုံကောင်းတစ်ပုံရမရလို့မေးရင် အဖြေရခက်တဲ့မေးခွန်းလို့ထင်ရပေမယ့် တကယ်တော့ အတတ်ပညာမပါဘဲ ပုံကောင်းတစ်ပုံ ဘယ်လိုမှ မရနိုင်တာအသေအချာပါဘဲ။   အတတ်ပညာလဲရှိမယ် ငွေသုံးနိုင်လို့ လိုအပ်တဲ့ဆက်စပ်ပစ္စည်းကောင်းကောင်းဝယ်သုံးနိုင်မယ်ဆိုရင် မပင်ပန်းဘဲ ပုံကောင်းကောင်းရမှာအမှန်ပါဘဲ။ […]


“ကျနော်ဓါတ်ဖမ်းသမား” (၁၀) (ကွိစိ ကွစ ဓါတ်လောက)   ပြိုင်ပွဲတွေမှာ ဒစ်ဂျစ်တယ်စိတ်ကြိုက်ဖန်တီးမှူ့ကဏ္ဍကလွဲရင် ဓါတ်ပုံဆောဖ့်ဝဲသုံးပြီးပြုပြင်တာကိုလက်မခံပါဘူး။ ဒါပေမယ့် ပြိုင်ပွဲဝင်သူတွေကတော့ မသိ မသာရော သိသိသာသာပါပြင်ကြသူတွေရှိပါတယ်။ အဲဒီပြင်ထားတဲ့ပုံတွေဆုရသွားရင် ပွစိပွစိနဲ့ ဖေစ်ဘုတ်မှာ ရင်ဖွင့်ကြပါတော့တယ်။ (ပြိုင်ပွဲတစ်ခုပြီးရင်  ကျနော့်ရဲ့လိုအပ်ချက်များစွာ ဘာညာကွိကွ စာသားလေးတွေနဲ့ ဥ ထားတဲ့ ပုံကောင်းလေးတွေ တက်လာတတ်ပါတယ်။ ကျနော့် အမြင်ကတော့ ဆုမရ တိုင်း ပုံကောင်း မဟုတ်ဘူးလို့သတ်မှတ်လို့မရသလို ဆု ရတိုင်းလဲ ပုံကောင်းမဟုတ်ဘူးလို့ခံယူထားပါတယ်။) ဖိုတိုရှော့နဲ့ပြင်တာ မပြင်တာကတော့ ကိုယ့်စိတ်ကြိုက် ကိုယ်ဖန်တီးမူ့ပါ။ ဒါပေမယ့် မပြင်ရဘူးလို့ သတ်မှတ်ထားတဲ့ ပြိုင်ပွဲအတွက်ကတော့ ပြင်ပြီးတင်သူရော ဆုပေးသူရော မှားတယ်လို့ဘဲကျနော်ကတော့ ပြောချင်ပါတယ်။ ဖိုတိုဆော့ဖ်ဝဲသုံးပြီး မပြင်ရလို့သတ်မှတ်ထားပြီး ပြင်ထားတဲ့ပုံကိုဆုပေးတာကတော့ လွန်တာပေါ့ လို့ဘဲဆိုချင်ပါတယ်။ ဒီလို စည်းမရှိလို့လဲ ပြိုင်ပွဲတစ်ခုပြီးသွားရင် […]


မြင်မြင်သမျှ(ဓါတ်ပုံပိုစ်)   သွားလေရာရာ မြင်မြင်သမျှ ဓါတ်ရိုက်ချင်တဲ့စိတ်က ထိန်းမရတော့ 6 ရောင်းသူ   ရောက်လေရာရာ လမ်းသလား သွားလေရာရာ လက်ဆော့တော့ ဒီပုံလေးတွေရလာခဲ့ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 6-6-2015


ဘာရယ်ဟုတ်ပါဘူး…ခုတလောဓါတ်သေလေးတွေတင်နေကြတာရယ်.. တနေ့ကတော့ ဓါတ်ဖမ်းသမားကြီးကိုပေါက်က သူ့တောင်သမန်ပုံတစ်ပုံမှာ 25-12-2012 ကိုကြီးမိုက်နဲ့တွေ့ပြီးအပြန် ရိုက်ဖြစ်တယ်လို့ စာတန်းထိုးသွားတော့ မန်းလေးခရီးစဉ်ကိုပြန်သတိရသွားတယ်…အဲ့အခေါက်က အေးအေးဆေးဆေးလည်မယ်ဆိုပြီး မိသားစုလေးယောက်သွားခဲ့ကြတာ…ပြင်ဦးလွင်တောင်မရောက်လိုက်…အဖေ အသဲအသန်ဆေးရုံမှာ ဆိုတာနဲ့ ကမန်းကတန်းရန်ကုန်ပြန်ပြေးခဲ့ရတယ်….တကယ့်ကိုအမှတ်တရ ဖြစ်ခဲ့ရပါတယ် ( ၂၀၁၃ ဇန္နဝါရီ ၆ရက်မှာအဖေဆုံးပါတယ်..) ဒါနဲ့ပဲ ပုံဟောင်းလေးတွေအမှတ်တရ မန်းတလေးဆိုပြီးပြန်တင်လိုက်တာပါ အားပေးကြပါအုံးနော်… ခင်မင်ရင်းနှီးစွာဖြင့် ကြီးမိုက်။ ၆၊ ၆၊ ၂၀၁၅  


    ၂၀၁၄ ဒီဇင်ဘာ တုန်းက ရွာပြန်တုန်းလေး ရိုက်လာတာလေးတွေ။ ဒါတွေက ရှမ်းပြည် အောင်ဘန်း က ဆည် တစ်ခု မှာ (ဆည်နာမည် နဲ့ အဲ့ရွာနာမည် မေ့သွားပြီ း) ) နံပတ် ၆ ပုံက အမျိုး အဘွား အိမ်နားက ကလေးတွေ “လာကြ လာကြ ဓာတ်ပုံ ရိုက်ပေးမယ်” လဲ ဆိုရော တန်းစီ ပြီး ပြုံးနေလိုက်ကြတာ   နံပတ် ရ ပုံကတော့ အောင်ပန်း မြို့ဘက် ပြန်ရောက်သွားပြီ ဒီ ပုံ နဲ့ ပတ်သက်ပြီး နည်းနည်း ပြောစရာ ရှိ၊ ပထမတော့ အဲဒီ ကလေးလေးကို ကြည့်ပြီး ကလေး လုပ်သား ဆိုပြီး ထင်လိုက်မိတယ်။ နောက်မှ ရပ်ကွက်ထဲမှာ ရွာထဲမှာ တွေ့ရတာတွေက […]


“ကျနော်ဓါတ်ဖမ်းသမား” (၈) (ကျောင်းသားအသစ်ကလေး…..)   အဲဒီအချိန်မှာဘဲ ရန်ကုန်ယဉ်ကျေးမူ့တက္ကသိုလ်က ဆရာကျော်ဝင်းလှိုင်က ဓါတ်ပုံသင်တန်းမန္တလေးမှာလာဖွင့်ပါတယ်။ ကျုံးပိုင်ကြီးကလဲဆရာကျော်ဝင်းလှိုင်(ယဉ်ကျေးမူ့တက္ကသိုလ်)ရဲ့သင်တန်းကို တက်ဘို့ပြောပါတယ်။ ဆရာကျော့်သင်တန်းတက်ထားတဲ့လူတွေကလဲ ပြိုင်ပွဲတွေမှာ ဆုတွေအမြဲလိုလိုရနေတော့ ပိုပြီးသင်တန်းတက်ဘို့စိတ်ဝင်စားလာပါတယ်။ ဒါနဲ့ဘဲကျနော်လဲ သင်တန်းတက်မယ်ပြောလိုက်ပါတယ်။ သင်တန်းအမှတ်စဉ်ကတော့ လပ်ကီးဆဲဗင်း  အမှတ်စဉ် (၇)ပါ။ ကျနော်နဲ့အတူ ဓါတ်ပုံရိုက်ဖော် ရိုက်ဖက် ကိုကိုမျိုးကလဲတက်မယ်ဆိုတော့အဖော်ရသွားပါတယ်။ အမှတ်တရထဲက အမှတ်တရဆိုသလို ကျနော်တို့သင်တန်းတက်မယ့်လမှာဘဲ မန္တလေးမြို့က ညမထွက်ရဆိုတဲ့ ၁၄၄ အောက်ရောက်သွားပါတယ်။ သင်တန်းချိန်က ညနေ ၅နာရီကနေ ရနာရီလောက်ထိ။ သင်တန်း ရက် က ၂ပါတ်။ သင်တန်းကြေးက တစ်သိန်းခွဲ။ စဖွင့်တဲ့နေ့က ဇူလိုင် ၁၉ရက်နေ့။ အဲ့နေ့ကစပြီး ကျောင်းသားတစ်ယောက်လိုပြန်ဖြစ်သွားပါတယ်။ ကျနော်အရင် ကကြားသာကြားဘူူးပြီး ရေရေရာရာမသိခဲ့တဲ့ Exposure(အလင်းပမာဏ) Shutter Speed (အလင်းဝင်ချိန်) ISO(အလင်းဆွဲအား) Aperture […]