ဇီဇီAugust 5, 20154min014
ရေးချင်တာတွေ မရေးနိုင်ခင် ဖရုံသီး အရင် သီးပါရစေ။             ကွကိုယ် ဘူး၊ ဖရုံ၊ ဖရဲ, သခွါးမျိုးတွေ ချာလပတ်ရမ်းနေအောင် မသိတာမို့။ ရှာရင်း ဖွေရင်း သိသလောက် လာထားထားတာ။ အခြေခံမျိုးတွေက… ၁) ရွှေဖရုံ (ဒါကတော့ ရှင်းတယ်။ ဟင်းချက်စားတာ၊ ဟိ) ၂) ကျောက်ဖရုံ (ဒါလည်း ရှင်းတယ်၊ ဟင်းခါးချက်တယ်၊ အကြော်ကြော်တယ်။ ဖရုံယို လုပ်တယ်) ၃) ဟန်နီဂျူး (သခွါးမွှေးခေါ်သလားမသိ၊ အစိမ်းရောင် ချိုချိုလေးး၊ ခု ရုံးမှာသီးတဲ့ဟာ) ၄) ဖရဲသီး (ဒါလည်း ရှင်းတယ်။ အဝါနဲ့အနီရှိတယ်) ၅) Rock Melon မှာ စရှုပ်ပြီ။ (မြန်မာလို […]


— — — — — — — — —   နောက်ဆုံး post တင်ပြီး ၁ နှစ်နဲ့ ရ လ အကြာမှာ သရဲဝင်ခြောက်လိုက်ပါဦးမယ်.. ပထမတော့ fb မှာပဲတင်နေတာပါ.. မမခင်ဂျော်ရဲ့ တောင်းဆိုချက်ကို မလွန်ဆန် နိုင်တဲ့ အလျောက် ရွာသားတွေ သားရေ ယိုစေဖို့ မြန်မာတို့ရဲ့ မြန်မာ ဘီယာတော့ မဟုတ်ပါဘူး မြန်မာစားစရာလေးတွေကို အသိတစ်ယောက် ရိုက်ခိုင်းလို့ ရိုက်ပေးထားတာပါ..     ကဲဗျာ ခင်ဗျားတို့ကို စကြွေးချင်တာကတော့ ပန်းစွယ်တော်က မြန်မာဟင်း set ပါပဲ.. ကြက်သားဆီပြန်၊ ခရမ်းချဉ်သီးသုတ်၊ ငပိချက် တို့ စရာနဲ့ ဘာရွက်ကြော်လဲတော့မသိဘူး စားဗျာအားတော့မနာကြနဲ့ ကျတော်က အားရပါးရစားမှ ကြိုက်တာဗျ   အအီပြေသရက်သီးသုတ်လေးလဲ မမေ့နဲ့ဦးနော ဝါတွင်းကာလ […]


“ဖုံးသုံး………………….” တွေ့ရာ မြင်ရာ အရုပ်ထင် မြင်မြင်သမျှ မှတ်တမ်းတင် အခုရက်ဒီမှာ တစ်ပါတ်လုံးလုံးမုးိတွေရွာပါတယ်။ နေသာတဲ့ တစ်ရက် အပြင်ထွက်ကြည့်တော့ အဝေးမှာမုးိငွေးတွေ။ အဲ့ဒီတောင်တန်းတွေက မြန်မာပြည်ပိုင်တဲ့ နယ်ပါ။ မိုးဆက်တိုက်ရွာတော့ ရွှေလီမြစ်တောင်ရေပြည့်လာပါတယ်။ ဒါပေမယ့် ရေက အောက်ဖက်ကို ဆက်တိုက်ဆင်းသွားတော့ ဒီမှာရေမကြီး။ ဒီကဆင်းတဲ့ရေတွေက ကသာဘက်ကိုရောက်သွားမှာပါ။ ကန့်ဘလူဘက်ရေကြီးတယ်ဆိုတာ ဒီရေတွေရောပါသလားလို့တွေးမိပါတယ်။ ရေတွေပြည့်လာတယ်ပြောပေမယ့် တံတားနဲ့ထိဘို့အများကြီးလိုပါသေးတယ်။ သစ်ပင်တွေရှိတော့ မိုးမှန်လေမှန်။ မိုးမှန်လေမှန်တော့ သစ်ပင်တွေ စိမ်းစို။ ဒါကသဘာဝရဲ့ ဆက်စပ်မူ့တွေပါဘဲ။ ရာသီဥတု သာယာတော့ လူတွေလဲနေရတာ စိတ်အေးချမ်းသာရှိသပေါ့။ နောက်ရက်ညနေ မိုးတစ်နေကုန်တိတ်တော့ လမ်းလျောက်ထွက်ခဲ့ပါတယ်။ ကိုယ့်ဆီမှာမိုးမရွာပေမယ့် ဟိုဘက်မှ မိုးက ရွာလိုက်တိတ်လိုက်ဖြစ်နေတယ်ထင်ပါရဲ့ သက်တန့်တွေပေါ်လာတယ်။ ကျနော်ဓါတ်ပုံရိုက်တဲ့သက်တမ်းတစ်လျောက် သက်တန့်ကို ပီပီပြင်ပြင်မဖမ်းဘူးသေးပါဘူး။ တက်သိမ်းအင်းညနေစောင်းလေးမှာတစ်ခါတောွရဘူးပါတယ်။ အခုပြန်ကြည့်တော့စိတ်တိုင်းမကျ။ ဓါတ်ဆရာများကလဲ သက်တန့်ဖမ်းရင်သက်တန့်အကွေးကြီးသက်သက်ထက် အထင်ကရ […]


ဖုန်းနဲ့ဖမ်းတဲ့ ဖိုတို  အမှတ်နှစ်   အခုရက် ဒီမှာမိုးနေ့တိုင်းရွာပါတယ်။ တစ်ပါတ်လုံးနီးပါးရွာတာပါ။ မိုးသဲကြီးမဲကြီးရွာပြီးနောက်တစ်ရက် ညနေခင်းမှာမထင်မှတ်ပါဘဲတိမ်တွေအရောင်ပြောင်းလို့လာတာကိုမြင်လိုက်ရတော့ ကမန်းကတမ်းဘဲဖုန်းနဲ့အရအမိဖမ်းလိုက်ပါတယ်။ နောက်ရက်တော့ မိုးမရွာပေမယ့်မိုးတွေအုံ့မိူင်းလို့နေပြန်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 26-7-2015


ムラカミJuly 21, 20152min09
  သည်တပါတ်ထဲ နှင်းဆီပြန်ရိုက်ဖြစ်နေသဗျို့…။ ဘာမှမဟုတ်ပါဘူး ခေါင်းစဉ် စဉ်းစားရခက်နေလို့… သီချင်းဟောင်းတပုဒ်နာမည်ပေးထားတာပါ..။ 😛     နောက်နေ့တွေတော့ reflection & waterdrop ဘက် ပိုသွားဖြစ်မယ်ထင်ပါရဲ့   တော်သေးပြီ


ムラカミJuly 19, 20156min010
နောက်ထပ် တနှစ် ဇူလိုင် ၁၉ ကို ပြန်ရောက်လာပြန်သပေါ့။ နောက်ထပ် အာဇာနည် နေ့ တနေ့..။ မနှစ်က သည်လို နေ့မျိုး မှာ အတော်လေး အသံတွေ ဆူခဲ့တာ မှတ်မိသေးရဲ့…။   ချီတက် အလေးပြုမယ် ၊ ခွင့်ပြုမယ် မပြုဘူး။ ဥဩ ဆွဲ မဆွဲ ကစလို့ နောက်ဆုံး ဟွန်းတီးရင် ဘာဖြစ်တယ် ညာဖြစ်တယ် အဆုံးပေါ့..။   သည်နှစ်ကျတော့ အသံတွေ ပြန် တိတ်နေလိုက်ကြတာ…။ တခါက ယဉ်ကျေးမှု ဌာနက ကိုယ်ဖိရင်ဖိ စောင့်ရှောက်ထားတဲ့ မီးနည်းနည်း လောင်သွားသော ဗိုလ်ချုပ်အိမ်ကလေး ဖွင့်တုန်း လူစုပြီး သွားလည်ကြမယ်လို့ ဘယ်သူငယ်ချင်းမှ ပြောတာ ရှဲတာမတွေ့ရ..။ ရွာထဲမှာလည်း သဂျီး ကစပြီး ဘယ်သူမှ အစဖော်ရေးတာ ပြောတာ မမြင်မိသေး။     […]


“လက်ဆော့ထားသော ပုံများ”   အရင်က ကျနော်ရိုက်ထားတဲ့ပုံတွေကိုမပြင်ဘဲ ဒီအတိုင်းတင်လေ့ရှိပါတယ်။ နောက်ပိုင်း ဓါတ်ပုံသမားတွေနဲ့ပေါင်းမိတော့ အနည်းနဲ့အများ ပုံကိုပြင်ကြတာကိုတွေ့ရပါတယ်။ ကျနော်မိတ်ဆွေတွေက ကျနော်ကိုလဲ ပုံပြင်ဘို့ ပြောပေမယ့် ကျနော်က ပြင်တာကိုသိပ်မနှစ်သက်။ တစ်ယောက်က ဘယ်လိုပြောလဲဆိုတော့ “မိန်းကလေးတစ်ယောက်ဗျာ ဖီးဖီးလိမ်းလိမ်းနေရင် ပိုမလှပေဘူးလား”လို့ပြောလာတော့ သူပြောတာ မှန်တယ်လို့တွေးမိပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်လွန်လွန်ကဲကဲ အလှပြင်ထားရင်ကျနော်က မနှစ်သက်တတ်။ ထို့အတူဘဲ ပုံကို လွန်လွန်ကဲကဲပြင်ထားရင် ကျနော်သဘောမကျပါ။ နည်းနည်းပါးပါးတို့ရုံထိရုံလောက်ကတော့  သိပ်မဆိုးဟုထင်ပါတယ်။ ကျနော်က ဖိုတိုရှော့ မသုံးတတ်ပါ။ ကိုစိန်သော့ပြပေးထားတော့  လိုက်ရွမ်းနဲ့တော့ နည်းနည်းဆော့တတ်ပါတယ်။ လက်ဆော့တတ်သူတစ်ယောက် ထပ်လက်ဆော့ထားတာလေးတွေကို ပြချင်ပါသေးတယ်။ သည်းခံပြီးကြည့်ကြပါတော့။   ဒီနေရာလေးက ကျနော်ခေတ္တရောက်နေတဲ့ရွှေလီမြို့ရဲ့ တောင်ဘက်က စိုက်ခင်းတွေဘဲဖြစ်ပါတယ်။ မိတ်ဆွေတစ်ယောက် က အလည်ရောက်လာတော့ တောင်တန်းတွေကိုနောက်ခံထားပြီးရိုက်ချင်တယ်ပြောတာနဲ့ လိုက်ပို့ရင်း ကိုယ်ပါရောရိုက်လာတာပါ။   […]


ဇီဇီJuly 18, 20154min08
  မွအိ က သစ်ခွပန်း ကြိုက်တယ်။ စိုက်လည်း စိုက်တယ်။ အာ့ကြောင့် မွအိ အတွက် တင်တာ။ ခိခိ :mrgreenn: အကြောင်းရှာရတာ ဂလိုပဲ။ အစက သစ်ခွပန်းမျိုးနံမည်တွေပါ ထည့်ပေးမယ် ဆိုပြီး ရှာလိုက်တာ မျိုးစိတ်တွေရော မူရင်းမျိုးတွေရော ဖတ်ပြီး မူးလာလို့ နံပတ်ပဲ တပ်လိုက်ပြီ။ ရိုက်တာရော ပြင်တာရော အလုံးစုံ မိတ်အင် ကျနော့ ဖုန်းး   :mrgreenn:                                           […]


ဇီဇီJuly 17, 20151min043
ဟိုနေ့က Giant Market ကို ဝင်လိုက်တာ ဖားကြီးကြီး ၂ ကောင်ပါတဲ့ တစ်ထုတ် တွေ့တာနဲ့ စွန့်စွန့်စားစားဝယ်လာတာ ၈ ဒေါ်လှတဲ့။ . အာ့နဲ့ ဘယ်လို စားရမှန်းမသိလို့ သိမ်းထားတုန်း မနေ့က မိုးသူ ပို့(စ) ဖတ်ပြီးတော့ ဖားသားစားချင်တာနဲ့ ဒီနေ့ ကြော်လိုက်တယ်။ . ၁) သူတို့က အရေခွံဆုတ် ဆေးပြီးမှရောင်းတာမို့ ခုတ်ထစ်ပြီး ဆားဆနွင်းနိုင်နိုင်နဲ့ နယ်ထားလိုက်တယ်။ ၂) ကြက်သွန်ဖြူနဲ့ ဂျင်းကို ထောင်း အရေကို ဖားအသားနယ်တဲ့ထဲ ညှစ်ထည့်ပြီး အဖတ်ကို သတ်သတ်ဖယ်ထားလိုက်တယ်။ ၃) ဆီအိုးတယ်ပြီး ခုနက ညှစ်ပြီး ဂျင်း နဲ့ သွန်ဖြူ အဖတ်ကို အရင်ထည့်ကြော်လိုက်တယ်။ ၄) မွှေးလာပြီး မတူးခင်မှာ ဖားအသားနှပ်ထားတာကို […]


ムラカミJuly 16, 20155min015
  ခုရက်ပိုင်း အရေးများနေတဲ့ Photoshop တွေအကြောင်းပဲ မသွားဘဲ … ဘယ်ကင်မရာနဲ့ မဆို ဘာ Software မှလည်း တတ်ကျွမ်းဖို့မလိုဘဲ.. ဓာတ်ပုံရိုက်ဖို့အတွက် အသုံးတည့်မည့် အကြောင်းအရာတချို့ ပြန်လည်တူးဆွမိပါတယ်။ အိမ်စာလုပ်ရင်း မှတ်မှတ်ထင်ထင်ရှိတာတချို့ ဖောက်သည်ချပါရစေ။     ဂုရု ကြီး တပါးဖြစ်တဲ့ Steve McCurry ရဲ့ Composition Tips ၉ခု ကို နားလည်သလို ပြန်ဆိုရေးသားလိုက်ပါတယ်။ သူ့အကြောင်းကို သိချင်ရင်တော့ သည်မှာ သွားဖတ်နိုင်ပါတယ်။ နားလည်သလို ပြန်ရေးတာနဲ့ ပတ်သတ်ပြီး လင်းရရင်တော့ … ကျနော် လေ့လာခဲ့ဖူးတာက ဗီဒီယိုဖိုင် ဖြစ်ပြီး .. သူကိုယ်တိုင်တင်တာမဟုတ်ဘဲ ..သူ့ခွင့်ပြုချက်ယူပြီး ချန်နယ်တခုက တင်ထားတာပါ။ (သူ sample ပြတဲ့ ပုံတွေက Copyright […]