Image Credit-www.phuket.com Phuket မှာရှိတဲ့ ဘုရားကြီးကတော့ ဖူးခက်ကျွန်းပေါ်က နာမည်ကြီးလူသိများတဲ့ နေရာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Chalong နဲ့ Kata ခရိုင်ငယ်နှစ်ခုကြားက Nakkerd တောင်ကုန်းထိပ်မှာ တည်ထားတဲ့ ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးဖြစ်ပြီး အမြင့်ပေ ၄၅ မီတာမြင့်တဲ့အတွက် အဝေးကနေဖူးမြင်နိုင်ပါတယ်။ မြင့်မားတဲ့တောင်ကုန်းပေါ်မှာရှိတဲ့အတွက် စိမ်းစိုနေတဲ့ ဖူးခက်မြို့အလှ၊ Kata ကမ်းခြေ၊ Karon ကမ်းခြေ နဲ့ Chalong ကမ်းရိုးတန်းဒေသ စသဖြင့် ကျွန်းတစ်ကျွန်းလုံးကို ဘုရားပေါ်ကနေမြင်ရပါတယ်။ ဖူးခက်ကနေ ပင်မလမ်းမကြီးအတိုင်း (၆) ကီလိုမီတာ လောက်ဆက်သွားရုံနဲ့ အလွယ်တကူရောက်နိုင်တဲ့အတွက် ဖူးခက်ကိုရောက်ရင် မသွားမဖြစ် သွားသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Image Credit-www.phuket.com Big Buddha ဘုရားပေါ်ကိုရောက်ပြီဆိုရင်တော့ အရမ်းကိုအေးချမ်းပြီး ဆည်းလည်းသံတွေ၊ ဘုရားပရဝုဏ်အတွင်းမှာ စိုက်ထူထားတဲ့ သာသနာ့အလံတွေရဲ့ […]