manawphyulayJanuary 9, 20111min04
ကျိုက်သံလန်စေတီ၊ ၊ ထိုစေတီမှာ မော်လမြိုင်မြို့ပေါ်တွင် အထင်ရှားဆုံး စေတီ ဖြစ်ပါတယ်။ မြို၏အရှေ့ဖက် သံလင်တောင်စွယ်တွင် တည်ရှိပြီးတော့ စေတီသမိုင်းနှင့် စပ်လျဉ်း၍ အဆို ၂ မျိုး ကွဲပြားလျက် ရှိတယ်။ တစ်မျိုးမှာ သာသနာနှစ် ၂၃၆ တွင် ယခု မော်လမြိုင် ခေါ် ရမ္မာဝတီမြို၏မှ မွတ်ပိရာဇာမင်းသည် သထုံပြည်မှ သွားတော် ဓာတ်တစ်ဆူရရှိခဲ့သဖြင့် မြတ်စွာဘုရားသခင် ကြွရောက်နားနေတော်မူဖူးရာ နာဂဝသီတောင်လည်းခေါ် သံလင်တောင်စွယ်တွင် ဌာပနာ၍ စေတီတည်ခဲ့ကြောင်း။ ဆံတော်ဓာတ်ကိုလည်း ဌာပနာကြောင်းနှင့် အဆိုရှိသည်၊ ဘုရားတည်ရာတောင်ကို အစွဲပြု၍ စေတီကိုလည်း ကျိုက်သံလင်စေတီဟု ခေါ်တွင်လေသည်၊ ယခုအခါ စကား ရွေ့လျောလာသဖြင့် ကျိုက်သံလန် ဖြစ်လာသည်၊ ရှေးအခါက ထိုစေတီ တည်ထားရာ တောင်ခြေသည် ပြိုပျက်အံ့သကဲ့သို့ ရှိသောကြောင့် မွန်ဘာသာဖြင့် […]


weiweiDecember 10, 20101min08
2005 ခုနှစ်တုန်းက အိန္ဒိယ ဗုဒ္ဓဂါယာကို မိဘနှစ်ပါး၏ ကျေးဇူးဖြင့် ဘုရားဖူးသွားခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး အသွင်မတူတဲ့ ကိုးကွယ်ဆည်းကပ်မှုတွေကို တွေ့ခဲ့ရပါတယ်။ အဲဒီထဲမှာ တိဗက်ဘုန်းတော်ကြီးတွေရဲ့ ဘုရားရှိခိုးပုံနဲ့ တိဗက်ဘုန်းကြီးကျောင်းတွေကို အထူး စိတ်ဝင်စားမိပါတယ်။ တိဗက်ကို ကိုယ်တိုင်သွားပြီး ကြည့်ချင်လိုက်တာလို့ ဆန္ဒပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်။ အဲဒီဆန္ဒရဲ့ စေ့ဆော်မှုကြောင့် တရုတ်ပြည်မှာ ကျောင်းသွားတက်စဉ် နွေရာသီကျောင်းပိတ်ရက် (2008 ဇူလိုင်လ) မှာ ကျွန်မတို့ သူငယ်ချင်း (၃) ယောက် တိဗက်ကို သွားလည်ဖို့ စီစဉ်ကြပါတယ်။ ခရီးကလဲဝေး ကုန်ကျစရိတ်ကလဲများမှာဆိုတော့ အသက်သာဆုံးနဲ့ အဆင်အပြေဆုံးဖြစ်အောင် အမျိုးမျိုးနည်းလမ်းတွေနဲ့ ကြံစည်ကြရပါတယ်။ လေယာဉ်နဲ့သွားရင် လေယာဉ်ခက ဈေးကြီးတယ်။ ရထားနဲ့သွားပြန်ရင်လဲ ပေကျင်းကနေ (၄၈) နာရီ စီးရမှာ .. နောက်ဆုံးတော့ ရထားနဲ့သွားပြီး လေယာဉ်နဲ့ […]


manawphyulayJuly 13, 20101min00
ကျောက်တန်းမြို့မှာ ရှိတဲ့ ကျိုက်မှော်ဝန်းစေတီကို တောင်သူလယ်သမားနေ့တွင် သွားရောက် ဖူးမြော်ခဲ့ပါတယ်။ ငါးစာများလည်း ပျော်ရွှင်စွာနဲ့ ကျွေးခဲ့ပါတယ်။ သူငယ်ချင်းတို့ လည်း သွားရောက်လည်ပတ်ရင်း ကုသိုလ်များ ပြန့်ပွားနိုင်စေခြင်း ရည်ရွယ်ချက်ဖြင့် သိသလောက်ကို ပြောပြရခြင်း ဖြစ်ပါတယ်ရှင်။ သာသနာနှစ် (၂၁၅) ခုနှစ်တွင် ပါဒနိုင်ငံတော်ကြီးကို စတင်တည်ထောင် နန်းတည်စိုးစံခဲ့သော ဘောဂသေနမင်းသည် ဆရာရသေ့ ပေးအပ်လာသော ဘုရားရှင်၏ ဆံတော်နှင့် ဓာတ်တော်များကို ဌာပနာ၍ သာသနာသက္ကရာဇ် (၂၃၈) ခုနှစ်၌ ဆရာ ရသေ့ ညွှန်ပြရွေးချယ်ပေးသော ကျောက်ခုံပေါ်၌ ဉာဏ်တော် (၇) တောင်ရှိသော ကျိုကမျှော်ကဋော့ စေတီတော်ကို စတင်တည်ခဲ့ပါသည်။ ဘောဂသေနမင်းမှ (၁၀) ဆက်မြောက်ဖြစ်သော တွတ္တနာဂမင်းကြီး လက်ထက်တွင် သီဟိုဠ်ဘုရင်ထံမှ လက်ဆောင် ပဏ္ဏာအဖြစ် ရရှိခဲ့သော ဆံတော် (၁) […]


manawphyulayJuly 12, 20101min02
သူငယ်ချင်းများရဲ့ ကုသိုလ်အစုစုအတွက် အားလုံး သာဓုခေါ်လိုက်ကြရအောင်နော်။ ကျွန်မတို့သူငယ်ချင်းတွေ စကားပြောကြရင်းနဲ့ သူငယ်ချင်းတစ်ယောက်က ရွာသာကြီးစီးပွားရေးတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တာဆိုတော့ သူကအရင်စပြောခဲ့တယ်… စိတ်ကျန်းမာရေးဆေးရုံကိုသွားလှူချင်တယ်တဲ့.. ဒါနဲပဲ သူငယ်ချင်းတွေ ကိုယ်တတ်နိုင်သလောက်လေးစုပီးတော့သွားလှူကြမယ်ပေါ့.. ကျွန်မကတော့ အွန်လိုင်းကသူငယ်ချင်းတွေရော ကိုယ့်လိုပဲ ဒါနလေးလုပ်ဖြစ်အောင်ဆိုတဲ့စေတနာနဲ့ သူငယ်ချင်းတစ်ချို့ကိုအလှူခံခဲ့ပါတယ်… ဒါနဲ့ပဲကျမအပါအဝင်သူငယ်ချင်း (10)ယောက် 7-3-2010(sunday) မှာ စိတ်ကျန်းမာရေးဆေးရုံကိုချီတက်ခဲ့ပါတယ်..  ဆေးရုံရောက်တော့ ရုံးခန်းမှာ စစ်စတာဒေါ်လဲ့လဲ့ဝင်းက အလှူငွေကိုလက်ခံယူပါတယ်.. ဂုဏ်ပြု မှတ်တမ်း ပြန်လည်ပေးပါတယ်.. အရမ်းကို ဝမ်းသာကြည်နူးမိပါတယ်.. ဆေးရုံလာတက်တဲ့လူနာပေါင်း (800) ကျော်ရှိတယ်လို့ပြောပါတယ်.. အမျိုးသားဦးရေ (500)ကျော် နဲ့ အမျိုးသမီးဦးရေ (200)ကျော် တက်ရေ​ာက်ကုသနေတယ်လို့ စစ်စတာ ဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်… လာရောက်တက်ကြတဲ့လူနာတွေထဲမှာ အမျိုးသားများက အရ​က်ကြောင့်လာတက်ကြတာလဲ များတယ်ပြောပါတယ်… စစ်စတာဒေါ်လဲ့လဲ့ဝင်းက လူနာများနေတဲ့ အဆောင်များကို လိုက်ပြပေးပါတယ်.. အမျိုးသားဆောင် ရောက်တော့ […]


ဆူးJuly 11, 20101min00
စာရေးသူ သွားဘူးတဲ့ ခရီးစဉ်ထဲမှ အကြမ်းတမ်းဆုံးနဲ့ စိတ်အကြည်လင်ဆုံး ခရီးစဉ်တခုကို တင်ပြလိုက်ပါသည်။ အကြမ်းတမ်းဆုံးလို့ပြောရတာကတော့ တောထဲ တောင်ထဲကို သွားတာပါ။ မုံရွာမြို့ကနေ ၁၄ နာရီ တောလမ်း သစ်ထုတ်လုပ်ရေး ကားကြီးတွေသာ ဖြတ်သွားတဲ့ မြေနီ လမ်း အဖုအထစ်လေးတွေနဲ့ တချို့နေရာများဆို ရေတွေ အိုင်နေလို့ဘွက်ပေါက်ပြီး အကြိတ်အနယ် ဆင်းတွန်းခဲ့ရတာမျိုး နဲ့ သွားရတဲ့ မဟာဗောဓိမြိုင် ဆရာတော်လို့ လူအများ ခေါ်ကြတဲ့ ဆရာတော် တပါးတည်း သီတင်းသုံးရာ ကျောင်းကို သွားရောက် ဖူးမြှော် ဩဝါဒခံယူတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဆရာတော်ကြီးက တောထဲမှာ တပါးတည်း သီတင်းသုံးပြီး မြို့နေ လူအများနှင့် အဆက်အသွယ်ဖြတ်ပြီး တောကြီးထဲမှာ နေတာ ၁ဝနှစ်ကျော်ပါပြီ။ ၂၀၀၉ မေလ လောက်မှာတော့ စတင် အဖူးခံပြီး […]


herostarMay 4, 20105min08
ကမာ္ဘပေါ်မှာ အရင်တုန်းက ယောက်ျားတွေပဲ ရှိတာတဲ့လေ။ ပရပ်မီးသယပ်စ်ကို မကျေနပ်တာနဲ့ ဇုနတ်ဘုရားကြီးက လူသားတွေကို လက်စားချေဖို့ အမျိုးသမီးတစ်ဦးကို စတင်ဖန်ဆင်း ခဲ့တယ်တဲ့။ သူမဟာ ပန်ဒိုရာပေါ့။ ရှည်လျားသော ဆံပင်၊ တင့်တယ်သော ကိုယ်နေဟန်နဲ့ ချစ်ခင်စွဲမက်ဖွယ်ကောင်းတဲ့ ပန်ဒိုရာကို ဖန်ဆင်းပြီးတဲ့နောက်မှာတော့ လှပတဲ့ သေတ္တာလေးနဲ့ အတူ ကမာ္ဘမြေပေါ်ကို ပထမဆုံးအမျိုးသမီးလေး ခြေချခဲ့တယ်ဆိုပဲ။ ဇုနတ်ဘုရားကြီးက ပေးလိုက်တဲ့ သေတ္တာလေးကို တစ်သက်လုံး ဖွင့်မကြည့်ဖို့လည်း မှာလိုက်သေးတယ်တဲ့။ ယောက်ျားတွေချည်းပဲ ရှိတဲ့ ကမာ္ဘလောကကို စတင်ရောက်ရှိလာတဲ့ ပန်ဒိုရာကို ချစ်ခင်စွဲလန်းသွားသူကတော့ ပရပ်မီးသယပ်စ် ရဲ့ ညီတော် Epimetheus အပီမီးသယပ်စ်ပဲပေါ့။ အချစ်ဆိုတာ ဆန်းတော့ အဆန်းသားနော်။ သူတို့ လက်ထပ်လိုက်ကြပြီး နောက်မှာတော့ ပန်ဒိုရာက လှပတဲ့ သေတ္တာလေးကို မဖွင့်ဘဲ မနေနိုင်တော့ဘူးဆိုပဲ။ […]


herostarMay 4, 20102min02
ငယ်ငယ်က ကျောင်းမှာ အေသင်မြို့မှ အပြေးသမား ဆိုတာလေး သင်ခဲ့ဖူးတယ်။ ကမာ္ဘ့သမိုင်းစာအုပ်ထဲက ပုံပြင်တစ်ပုဒ်လို့ မှတ်ယူထားခဲ့ဖူးတယ်။ ခုတော့ မမျှော်လင့်ဘဲ အဲ့ဒီအပြေးသမားလေးရဲ့ အေသင်မြို့ကို ရောက်ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာက ပြန်လာတုန်းကတည်းက သွားလည်ဖို့ စိတ်ကူးထားပေမဲ့ ဒီလမှပဲ လည်ဖြစ်တော့တယ်။ ဒီခရီးစဉ်လေးမှာတော့ ထုံးစံအတိုင်းပါပဲ။ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်၊ ဆဲဖော်ဆဲဖက်သူငယ်ချင်းများနဲ့ မိတ်ဆွေအချို့ကို စုပြီး အားလုံး မြန်မာကျောင်းသား ၈ ယောက် သွားလည် ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၄၀ဝ ကျော်လောက်ကတည်းက ရှိနေခဲ့တာဆိုတော့ ကမာ္ဘ့မြို့ဟောင်းကြီးတွေထဲက တစ်ခုပေါ့လေ။ ဂရိနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံ ၂ရ နိုင်ငံရှိတဲ့ European Union အီးယူရဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခု လည်းဖြစ်ပါတယ်။ အေသင်ကတော့ ဂရိနိုင်ငံရဲ့မြို့တော်ဖြစ်ပြီး လူဦးရေ ရ သိန်းကျော်နေထိုင်ပါတယ်။ ၂၀၀၈ […]

Pink_Hell_Monkey_by_VampireHungerSt.jpg

zoxnetApril 28, 20101min02
ရောက်ပြီးကတည်းက အေဂျင်စီတွေနဲ့ ပတ်သက်ပြီး မကောင်းသတင်းတွေပဲ ကြားနေရတယ်ဗျာ။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ကလည်း အေဂျင်စီတစ်ခု ဖွင့်ထားတော့ ကျွန်တော်သူ့ဆီ တစ်ခါတစ်ခါ ရောက်သွားတဲ့ အချိန်တွေမှာ သူ့ဆီကနေ အဲဒီသတင်းတွေကို ကြားရတယ်။ တော်တော်များများ နာမည်ကြီး အေဂျင်စီတွေမှာ အလုပ်အပ်ပြီး လူလည်ကျသွားတာတွေ ခံလိုက်ရတော့ စိတ်ညစ်ညစ်နဲ့ ကျွန်တော့်မိတ်ဆွေဆီကို ရောက်လာကြတယ်ဗျာ။ အဲဒီမှာ သူတို့ပြောသမျှ အကြောင်းစုံကို ကြားရတာပေါ့ဗျာ။ ဖြစ်ပုံတွေကတော့ အဖုံဖုံပေါ့။ တစ်ချို့ နာမည်ကြီးအေဂျင်စီတွေမှာ နာမည်ကြီးနိုင်ငံနဲ့ လစာကောင်းကောင်းကို ကြော်ငြာပြီး အင်တာဗျူးအတွက် လူခေါ်တယ်။ အင်တာဗျူးကြေးကို အနည်းဆုံး ၅၀၀ဝ ကနေအသီးသီးတောင်းကြတယ်။ လူတွေကတော့ လစာကိုမက်မောပြီး အလုအယက်သွားဖြေကြတာပေါ့။ ဖြေပြီးလို့မအောင်ဘူးဆိုရင် အဲဒီအင်တာဗျူးကြေးက အရှုံးပေါ့ဗျာ။ (တချို့တချို့ကျတော့ ဖြေဆိုသူအားလုံးကို မအောင်ဘူးဆိုပြီး ပြောပါတယ်။ အင်တာဗျူးကြေးတွေတော့ တော်တော်ရလိုက်ပါတယ်။) တကယ်တမ်း […]

forblog-1.gif

zoxnetApril 26, 20101min027
တစ်နေ့ ကျွန်တော်တို့ ရုံးခန်းကို ကျွန်တော့်သူငယ်ချင်းရဲ့ မိတ်ဆွေ အန်တီတစ်ယောက် ရောက်လာပါတယ်။ သူ့လက်ထဲမှာ စာရွက်စာတမ်း တထပ်ကြီးကိုပါ ကိုင်ထားပါတယ်။ သူ့မျက်နှာကတော့ သိပ်မကောင်းဘူး ခင်ဗျ။ သူက ကျွန်တော်တို့ကို နှုတ်ဆက်စကားပြောပြီး သူ့လက်ထဲက ပါလာတဲ့ စာရွက်တွေနဲ့ ပတ်သက်တဲ့ အကြောင်းတစ်ခုကို ကျွန်တော်တို့ကို ပြောပြရင်း အကူအညီ တောင်းလာပါတယ်။ သူပြောပြတဲ့ အကြောင်းအရာကို ကျွန်တော်အရင် တင်ပြပါ့မယ်။ အားလုံးသိတဲ့ အတိုင်း ဒီကနေ့ မြန်မာနိုင်ငံမှာ ချက်တင် ယဉ်ကျေးမှု တော်တော်ခေတ်စားလာပါတယ်။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ချက်တင်ကို သုံးစွဲကြပါတယ်။ အဲဒီအထဲမှာမှ မိန်းကလေး တစ်ယောက်ဟာ အားလုံးနည်းတူ ချက်တင်ကို နေ့စဉ်ဂရုတစိုက် သုံးစွဲပါတယ်။ သူ့ရဲ့ ချက်ဘောက်စ် သူငယ်ချင်းလစ် ထဲမှာ သူငယ်ချင်းပေါင်း မြောက်မြားစွာကို ထည့်ပြီး […]


susunosukiApril 24, 20101min03
အောက်မင်္ဂလာဒုံလမ်း အင်းစိန်မြို့နယ်မှာ ဘုရင်နောင်အော်တိုမိုဘိုင်း Bayint Naung Auto Mobile အမည်နဲ့ ကားစက်ပြင်လုပ်ငန်းတစ်ခု ကိုဖွင့်လှစ်လိုက်ပါတယ်။ မော်ဒယ်နိုမ့်မြင့် ကားပေါင်းစုံကို တစ်နေရာတည်းမှာ တစ်ထိုင်တည်း ပြင်ဆင်နိုင်တော့မှာ ဖြစ်ပါတယ်။ ကားပစ္စည်းက အစစအရာရာတစ်နေရာတည်းမှာ ရနိုင်တဲ့အတွက်ကြောင့် ကားပိုင်ရှင်တွေအတွက် ပိုပြီးအချိန်ကုန်ငွေကုန် သက်သာလာမယ်လို့ထင်ကြောင်းကားပိုင်ရှင်တစ်ယောက်ကပြောပါတယ် ကားပြင်တဲ့ပစ္စည်းများကိုအီတလီ နိုင်ငံကမှာယူထားကြောင်းသိရပါတယ် တည်နေရာကတော့ အောက်မင်္ဂလာဒုံလမ်းနဲ့ ဗဟိုလမ်းဆုံရာမှာတည်ရှိပါတယ်။


BayoteMarch 30, 20101min02
အခုဆိုဒ်ကတော့ စင်္ကာပူ မှာ တစ်နှစ်နေထိုင် အလုပ်ရှာလိုသူများ အတွက်ဖြစ်ပါတယ်။ ဘွဲ့ရပြီး သူတိုင်း လျှောက်လို့ရပါတယ်။ နိုင်ငံခြား ဘွဲ့များ ရှိထားပါက EPEC ရနိုင်ဖို့ ပိုလွယ်ကူပါတယ်။ အလုပ်ရှာဖို့ တစ်နှစ်နေထိုင်ခွင့် ရမှာပါ။ မြန်မာပြည် မှ ဘန်ကောက်တက္ကသိုလ် ပြီးကာ Approve ကျသူများ ရှိပါတယ်။ မြန်မာ မှ ဘွဲ့တစ်ခုတည်း ဖြစ်ပါက Approve ကျဖို့ ခက်ခဲပါတယ်။ Online ကနေ အခမဲ့ လျှောက်နိုင်ပါတယ်။ အခမဲ့ ဖြစ်တဲ့အတွက် ဘွဲ့ ရထားသူများ လျှောက်ထားဖို့ သင့်တော်ပါတယ်။ မြန်မာတက္ကသိုလ် များကိုလည်း စာရင်းထဲ ထည့်သွင်းထားပါတယ်။ လျှောက်နိုင်တဲ့လင့် ကတော့ https://epec.mom.gov.sg/epec/terms.jsp