“အရောင်တေွရောယှက်နေတဲ့ဆောင်းညနေခင်းလေးးးးးးးးးးးးးးးးးးးးးးးးးးးး”     ဆောင်းအခါသမယ ညနေခင်း မင်းဝံတောင်စွယ် နေမင်းရယ်ကွယ်ခါနီး ကွင်းပြင်ရယ်ကျယ်ကျယ် လွမ်းစဖွယ်ညနေခင်း။     အဝေးမှာတောင်ပြာပြာ အနီးမှာ မြက်စိမ်းစိမ်း တစ်လောကလုံးကတော့ လိမ္မော်နီဝါ ရောယှက်လိမ်းလိမ်း သဘာဝကိုင်းပင် ယိုယိမ်းယိမ်း မြင်ရသူ အလွမ်းကူလို့ စိတ်တွေတိမ်းတိမ်း။ အရောင်တွေရောယှက်ပါတဲ့ ဆောင်းညနေခင်းရယ်ကြောင့် “ပိန်းပိတ်အောင်မမှောင်ခင်လေး ဆည်းဆာအလှဖြာဝေ”တဲ့ ကိုရဲလွင်ရဲ့ ပန်းခရမ်းပြာ သတိရမိသေး။     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (14-12-2012)           […]


                “ညတစ်လှည့် နံနက်ခင်းတစ်ခါ မီးရောင်စုံအလှဝေဖြာဖြာ”   ပြီးခဲ့တဲ့သီတင်းကျွတ်ရက်လောက်က  စပြီး မန်းလေးနန်းမြို့ရိုးကို ညပိုင်းမှာမီးထွန်းထားတာကိုတွေ့ရပါတယ်။ အခါတိုင်းဆိုရင် တော့ မှောင်နဲ့ မဲမဲ။ မန်းလေးကဓါတ်ပုံဆရာများလဲ ဓါတ်ပုံရိုက်ပြီး တင်ကြပါတယ်။ လှလဲလှတာကိုး။ ကျနော်လဲ လက်ဆော့ချင်လိုက်တာမှ အလွန်။ ဒါပေမယ့် ညပိုင်းအပြင်မထွက်ဖြစ်တော့ မရိုက်ဖြစ်ပါဘူး။ ပြီးခဲ့တဲ့လဆန်းကတော့ သူငယ်ချင်းရဲ့ သမီးလေးမင်္ဂလာဆောင်ညစာစားပွဲကို သွားရင်း ကျုံးနံဘေးရောက်တော့ မီးထွန်းထားတာကိုလဲမြင်ရော ဆိုင်ကယ်ကိုရပ်လို့ လက်ဆော့ပါတယ်။ စိတ်လဲအဆာပြေသွားပါတယ်။     နောက်နေ့မနက်လမ်းလျောက်တော့ ပြည်ကြီးမွန်ဘက်က လင်းလက်လို့နေပါတယ်။ အရင်ရက်များမှာဆိုရင် ဆောင်းမနက်ဆိုတော့ မှောင်မှောင်မဲမဲ။ အနားရောက်လာလေ အလင်းရောင်တွေကပိုလှလေပါဘဲ။ ထူးထူးခြားခြားမီးထွန်းထားတာကိုမေးကြည့်တော့ မင်္ဂလာဆောင်ရှိလို့ဆိုတာကို သိရပါတယ်။ အဲတော့ ထုံးစံအတိုင်းလက်ဆော့တော့ ကြည်နူးစရာ […]


တန်ဆောင်မုန်းလပြည့် နေ့အမှီ မန်းလေး ရောက်တုန်း .. ဆော်ခဲ့နှက်ခဲ့တာ လေးတွေပါ ….။ ဦးပေါက် က comment နဲ့ ပုံလေးတွေရဲ့ Description ကို ဝင်ရေးပေးပါလိမ့်မယ် … သုံးယောက်ပေါင်း လောင်းကျော် ပေါ့ဗျာ …………………။ လေးစားစွာဖြင့်    Mလုလင်


                          “မြနန်းစံကျော်ရွှေနန်းတော်နံဘေးက  ဘုတ်တလုတ်ကန်”   ပြီးခဲ့တဲ့ရက်ကမန်းလေးနန်တွင်းထဲက  မြနန်းစံကျော်ရွှေနန်းတော်ကို ရောက်ခဲ့ပါတယ်။ ဓါတ်ပုံတွေလှည့်ပါတ်ရိုက်ရင်း နန်းတော်ကြီးရဲ့မြောက်ဘက်မှာရှိတဲ့ “ ဘုတ်တလုတ်ကန်“ကိုသတိရလာပါတယ်။ အဲဒါနဲ့နန်းတော်ကြီးအနောက်ပေါက်ကဆင်း မြောက်ဘက်လမ်းလေးအတုိုင်းလျောက်လာခဲ့ပါတယ်.။ သစ်ပင်တွေက အုပ်အုပ်ဆိုင်းဆိုင်းဆိုတော့ လမ်းကလေးပေါ်မှာဆောင်းညနေခင်းနေရောင်က ပျောက်တိပျောက်ကျား။ နောက်ဒီနေရာလေးမှာ စီတန်းပြီးပေါက်နေတဲ့ နှစ်ရှည်ပင်ကြီးတွေကြောင့်စိမ့်အေးနေပါတယ်။ ကျောက်တွေနဲ့ဆောက်ထားတဲ့ ဂမူလေးတွေကို မြင်တော့ နားထဲမှာ “ ဘုတ်တလုတ်ကန်“သီချင်းက အလိုလိုကြားလာမိပါတယ်။ သီချင်းစာသားလေးကတော့ ဒီအတိုင်းပါဘဲ။   “ ဘုတ်တလုတ်ကန်“ ရွှေပင်ရွှေဘုန်း နေတနူန်းအသေရေမဆုံးတယ် ရှေးရှေးတုန်းခေတ်ကရယ် မန်းမြိုလယ်နတ်နန်းသဖွယ် ထင်ယောင်မြင်သေး ဘုရင့်သွေးပျော်ကြတယ်။ ဝဲယာနဲ့ကျောက်တောင်ငယ်ဘုတ်တလုတ်ခေါ် နတ်နန်းသဖွယ်။ မြင်စမ်းချင်တယ် တံတားငယ်များရယ်အသွယ်သွယ်ကျောက်လှိုဏ်ခေါင်းလေးတွေပေါတယ် ကြည်နူးစေဘွယ်။ […]


                          “မင်းဝံတောင်ရိုးပေါ်ကစေတီ…….”     မင်းကွန်းမြေကနေထွက်လာတဲ့အခါ စစ်ကိုင်းတောင်ပေါ်ကစေတီတွေကိုသွားဘို့စိတ်ကူးမိပါတယ်။ စစခြင်းတောင်တက်လမ်းမှာရှိတဲ့ ဆရာတော်ဦးဉာဏိသရရဲ့ သီတဂူစေတီတော်ကိုအရင်ဝင်လိုက်ကြပါတယ်။ ဗုဒ္ဓဂါယာမှာရှိတဲ့ဆန်ချီစေတီတော်ပုံစံအတိုင်းတည်ဆောက်ထားတယ်လို့သိရပါတယ်။ အိန္ဒယနွယ်သော ဒီဇိုင်းများနဲ့ အမြင်ဆန်းပါတယ်။ ပထမတစ်ခေါက်ရောက်စဉ်က တွေ့မြင်ခဲ့ရတဲ့ မှတ်တမ်း ဓါတ်ပုံတွေဗုဒ္ဓဂါယာက ဓါတ်ပုံတွေကိုမတွေ့ရတော့တာပါဘဲ၊။ စစ်ကိုင်းတောင်ပေါ်ကိုဆက်တက်လာတဲ့အခါ ကောင်းမူ့တော်လဲဝင်ချင် တောင်သမန်အင်းလဲသွားချင်ဆိုတော့ ဆွမ်းဦးပုညရှင်တစ်ဆူတည်းကိုဘဲ ဖူးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ ဝင်မယ်ဆိုရင်တော့ ဥမင်သုံးဆယ်က လမ်းသင့်ပါတယ်။ ညနေကလဲ သုံးနာရီကျော်နေပါပြီ။ ဒါနဲ့ဘဲ အချိန်လင့်မှာစိုးတော့ ဆွမ်းဦးပုညရှင်ကိုဘဲတန်းသွားခဲ့ပါတယ်။ စိန်းလန်းစိုပြေတဲ့ စစ်ကိုင်းတောင်ပေါ်ကို ညနေပိုင်းရောက်ဘူးတာ တော့ ဒီတစ်ကြိမ်ဘဲရှိပါသေးတယ်။ အဲဒါနဲ့အကွေ့အကောက်လမ်းလေးတွေအတိုင်း သွားရင်းက ဆွမ်းဦးပုညရှင်စေတီကိုရောက်သွားပါတယ်။ ရှင်ဖြူရှင်လှပြီးရင် ဆွမ်းဦးပုညရှင်က ဧရာမြစ်ပြင်မြင်ကွင်းကိုကောင်းကောင်းမြင်ရတဲ့နေရာဖြစ်ပါတယ်။ ဆွမ်းဦးပုညရှင်ကနေလှမ်းကြည့်ရင် […]


                “မင်းဝံကိုငေးကြည့်မိခြင်း”     စစ်ကိုင်းတောင်ဆိုတာ မင်းဝံတောင်းတန်းကြီးရဲ့အစလို့ပြောနိုင်ပါတယ်။ ဧရာဝတီမြစ်ကမ်းနံဘေးက စစ်ကိုင်းမြို့မြောက်ဘက်ခြမ်းမှာမင်းဝံတောင်တန်းကြီးကို ဧရာဝတီမြစ်ကြီးနဲ့ယှဉ်လျက်တွေ့နို်င်ပါတယ်။ စေတီပုထိုးဘုရားများစွာရှိတဲ့စစ်ကိုင်းတောင်ကတော့ အင်မတန်ကျက်သရေရှိလို့လှပ။ စစ်ကိုင်းတံတားအောက်ခြေမှာဓါတ်ပုံရိုက်အပြီး အလင်းရောင်ကူးပြောင်းစ ခြောက်နာရီခွဲလောက်မှာတော့ တံတားပေါ်ပြန်တက်လာခဲ့ကြပါတယ.်။ တံတားပေါ်ရောက်တဲ့အခါမှာတော့ ဆိုင်ကယ်ကိုလမ်းဘေးရပ်။ တံတားအဟောင်းဘက်ဆီကိုငေးကြည့်ရင်း လက်ဆော့ တောင်ဘက်ထိပ်ရောက်ပြန်တော့ မြူငွေ့တွေဝေနေတဲ့ စစ်ကိုင်းတောင်ကိုလက်ဆော့ ရင်း မင်းဝံတောင်ကိုငေးးးးးးးးးးးးးးးးးးးးးးးး။ အဲဒါနဲ့ဘဲ ဆိုင်ကယ်ကိုဖြည်းဖြည်းမောင်းလို့ပြန်အလာ ရွှေကြက်ကျဆိပ်ကမ်းကိုအလွန်မှာတော့ မင်းဝံတောင်ရိုးကိုနေခြည်အခကိုမြင်လိုက်ရတဲ့အခါ ………………………………………………………………………………………..   ကိုပေါက်လမ်းသလားနေသည် 24-11-2012  


                    “နံနက်ခင်းအရုဏ်တက် စစ်ကိုင်းတံတားဘက်ဆီသို့”   ကျနော်ရယ်ဘိုသော့ရယ်ကအလုပ်ပိတ်ရက်မတူပါဘူး။ သူက ကုန်ပါပြီ ဝန်ထမ်း တနင်္ဂနွေပိတ်တယ် ကိုးနာရီမှရုံးတက်ရတယ်။ ကျနော်က ပုတ်ထိပုတ်ထ ဈေးသည် ဥပုဒ်နေ့ဘဲပိတ်တယ် မနက် 8နာရီဆီအလုပ်ကိုရောက်ရပါတယ်။ အဲတော့ နှစ်ယောက်အတူလက်ဆော့ဘို့ကခဲယဉ်းပါတယ်။ တစ်ခါတစ်ရံညနေခင်းလေတွေဆော်ချင်နှက်ချင်ပေမယ့် ညနေခင်းများက ကျနော်တကယ်အလုပ်ရှုပ်တဲ့အချိန်။ နောက်တော့ အတူရိုက်လို့ရမယ့် အချိန်ကို တွေ့သွားပါတယ်။၏ တနင်္ဂနွေမနက်စောစော ဒါဆိုအနီးအနားရိုက်လို့ရ။ ဥပုဒ်နေ့မနက်စောစော အသင့်အတင့်ဝေးတဲ့နေရာကိုသွားရိုက်လို့ရပါတယ်။   တစ်ရက်မတော့ ကျနော်စိတ်ကူးယဉ်တာလေးသူ့ကိုပြောပြပါတယ်။ မနက်စောစော နေအထွက် စစ်ကိုင်းတံတားပေါ်ကနေ ရွှေကြက်ကျကို လှမ်းလက်ဆော့ဘို့။ အဲဒါနဲ့ဥပုဒ်နေ့တစ်ရက် မနက်စောစော ငါးနာရီ သူက ကျနော်ကိုဝင်ခေါ်ပါတယ်။ ကန်တော်ကြီးကဖြတ်တက် ရှမ်းလေးကျွန်းကနေကန်ပါတ်လမ်းဘက်သွား။ အဲဒီကမှ စစ်ကိုင်းတံတားပေါ်ရောက်ပါတယ်။ […]


သူငယ်ချင်းများ အတွက် ကျနော့် ရဲ့ တန်ဆောင်တိုင် မြင်ကွင်းလေး မျှဝေ လိုက်ပါတယ်။ ၃ နာရီလောက် သာ ရိုက်ခွင့် ရခဲ့ ပေမယ့်  ၄ နာရီလောက် လမ်းတွေပိတ်ပြီး ကားပေါ်မှာ ခွေခေါက်နေခဲ့ ရတယ်။                      


                              “ပြင်ဦးလွင်မှအပြန်လမ်း”     ညနေ နှစ်နာရီကျော်ကျော်လောက်မှာတော့ ပြင်ဦးလွင်ကနေပြန်ဆင်းလာခဲ့ပါတယ်။ အပြန်လမ်းမှာတော့ ဗျုးပွိုင့်ညနေခင်းလေးကို ရချင်မိပါတယ်။ ဆောင်းဝင်စပြုပြီဆိုတာရယ် တစ်ယောက်ထဲရယ်ဆိုတော့ သိပ်မိုးချုပ်လို့တော့မရပါဘူး။ ဒါနဲ့ဘဲလမ်းမှာတွေ့တဲ့ တိမ်ပုတ်ပုတ်လေးရယ် ရွာထဲအဝင်လမ်းကလေးရယ်။ ချစ်စရာ အဝါအစိမ်းရောနေတဲ့လယ်တောအိမ်လေးကို တော့အမိအရ။ အပြန်လမ်းဆင်းလာရင်းနဲ့တစ်နေရာမှာ တောရိုင်းပန်းဝါဝါလေးတွေ့တော့ မနေနိုင်။ သူ့နံဘေးနားမှာတော့ ကိုင်းတောလေးရယ် တိမ်ပြာပြာရယ်ကလှပ။ နောက်တော့ ဗျုးပွိုင့်မှာဆင်းပြီး ထပ်ရိုက်။ အဲဒိကဆက်အဆင်း ဇီးပင်ကြီးအလွန်မှာတော့ ဟိုးအဝေးက တောင်ခါးပြတ်ကြီးကိုလက်ဆော့၊ အောက်ဆုံးနားအရောက်မှာတော့ ညနေငါးနာရီခွဲကျော်ကျော်ပေမယ့် နေမင်းက ဝင်လုဆဲဆဲ။ အရင်က ခက်ခဲစွာမောင်းခဲ့ရတဲ့ကျော်တောင်လမ်းကျဉ်းလေးရောက်တော့ မြေပြန့်လဲနီးပြီမို့ ဆိုင်ကယ် လမ်းဘေးထိုးပြီး […]


                      “မေမြို့သို့မဟုတ်…………….သို့အသွားလမ်း”   မန်းလေးမြို့ နဲ့ ၄၁ မိုင်အကွာမှာရှိတဲ့ နာမည်များစွာပိုင်ဆိုင်တဲ့ တောင်ပေါ်မြိုှုလေးကို သွားဘို့ ကိစ္စပေါ်လာခဲ့ပါတယ်။ ခါတိုင်းတော့အဖော်တွေနဲ့အတူသွား။ ဒီတစ်ခေါက်ကတော့တစ်ယောက်တည်း။ ဟိုကလူတွေကလှမ်းသတင်းပေးပါတယ် “မနက်ပိုင်းဆိုရင် အတော်လေးအေးတယ်နော်”တဲ့။ ဒါနက်သိပ်အစောကြီးမတက်ဘဲ မနက် ရနာရီခွဲလောက်မှာ မနက်စာ စားသောက်ပြီးထွက်လာခဲ့ပါတယ်။ သိပ္ပံလမ်းအတိုင်းအရှေ့တက်အောင်ပင်လယ်ရောက်။ မေမြို့ (ခ)ပြင်ဦးလွင်(ခ)ပန်းမြို့တော်(ခ)ပန်းကမ္ဘာမျှော်စင်လို့ ခေါ်ကြတဲ့ခရီးလမ်းကိုစခဲ့ပါတယ်။ လက်ဆော့စရာ ဟိုငေးဒီငေး ။ ဆောင်းနေအခမှာ အလင်းတန်းလေးကျနေတာမြင်တော့ မနေနိုင်တော့ပါဘူး။ အဲဒါနဲ့ဆင်းပြီးရိုက်။ လမ်းသွားနေရင်းကိုယ့်ရှေ့ ကမုန့်သယ်က ဆိုင်ကယ်အပြည်တင်လာတာကိုရိုက်ချင်တော့ မှီအောင်လိုက်။ ကင်မရာကို ဘယ်လက်နဲ့ကိုင်ရိုက်လိုက်တာ လိုချင်တဲ့ပုံလေးကိုရလို်က်ပါတယ်။ လမ်းမှာ ဆိုင်ကယ်ကားရေဆေးတဲ့နေရာက ရေပန်းလေးတွေမြင်ပေမယ့် ဗျုးပွိုင့်မှာကြာအုံးမယ်ဆိုတာသေချာတော့ မရိုက်ဖြစ်။ ဗျူးပွိုင်မရောက်ခင်ခြောက်ထပ်ကွေ့လမ်းခွဲလေးမှာ […]


                        “တောင်သမန်ရင်ခွင်ထဲက လှေ”       ငယ်စဉ်ကတည်းက လှေကလေးတွေကိုစိတ်ဝင်စားခဲ့။ ကလေးဘဝက ကျောင်းသုံးဗလာစာအုပ်ကို ဆုတ်ပြီး စက္ကူလှေကလေးတွေလုပ်လို့ မိုးရွာလို့ဖြစ်လာခဲ့တဲ့ ရေစီးကြောင်းထဲမျောခဲ့။ သီတင်းကျွတ်ရက်များမှာ သွပ်ပြားနဲ့လုပ်ထားတဲ့ လှေကလေးကို ဖယောင်းတိုင်မီးအပူနဲ့ အိမ်ရှေ့ရေမြောင်းလေးထဲမှာမျောစေခဲ့။ အလယ်တန်းကျောင်းသားဘဝ မိုးတွင်းရောက်ရင် ကျောင်းရဲ့အနောက်ဘက်က အင်းဘဲအင်းထဲမှာ တစ်နာရီငါးမူးပေးလို့လှေစီးခဲ့ကြ။ အရွယ်ရောက်ချိန်မှာတော့ တောင်သမန်အင်းစပ်က မယ်ဇယ်ပင်ရိပ်မှထိုင်ရင်းတံငါလှေကလေးတွေကိုငေးမောခဲ့။ အခုအချိန်မှာတော့ မိုးရေတက်ရေ တဖွေးဖွေးအချိန်များမှာ ရှမ်းလေးကျွန်းဘက်မှာ တံငါလှေလေးတွေကိုသွားလို့ လက်ဆော့။ မနက်လမ်းလျောက်ရင်းကန်တော်ကြီးထဲမှာ လှော်ခတ်နေတဲ့လှေကလေးများအတူ ရေပြင်ကျယ်ထဲကို စိတ်ကူးနဲ့ လိုက်ပါခဲ့မိတာကလဲ အကြိမ်ကြိမ်အခါခါ။ မျှော်လင့်မထားပါတဲ့ ခရီးစဉ်တစ်ခုမှာ မြန်မာပြည်ရဲ့တောင်ပေါ်ရေကန်(၁၁)မိုင်အကျယ် ရှိတယ်ဆိုတဲ့ အင်းလေးရေပြင်ကျယ်ထဲမှာ […]


                  “ကိုပေါက်လက်ဆော့ခဲ့တဲ့ တောင်သမန်”     တောင်သမန်အင်းကို အကြိမ်မရေမတွက်နိုင်အောင်ရောက်ခဲ့ဘူးပါတယ်။ ဒါပေမယ့် မနက်အရုဏ်တက်ကိုတော့ အခုတစ်ကြိမ်ဘဲရောက်ဘူးပါတယ်။ မနက်စောစော ဝမ်းရေးအတွက် လာသူ မနက်စောစော ကျန်းမာရေးအတွက်လမ်းလျောက်လာသူ မနက်စောစော တောင်သမန်အလှကို ခံစားဘို့လာသူ မနက်စောစော တောင်သမန်ကို မှတ်တမ်းတင်ဘို့လာသူ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်လာခဲ့ကြသူချည်းပါဘဲ။ ဝါသနာအရ မှတ်တမ်းတစ်ခု တင်ထားချင်တဲ့ကျနော်ကတော့ မြင်မြင်သမျှကို ခလုပ်နှိပ်မိပါတယ်။ တံတားပေါ်ကို ဈေးသည်လေးတွေဖြတ်လာတာ တံတားပေါ်ကို တိမ်ခိုးလေးတွေတက်လာတာ တံတားပေါ်ကို စက်ဘီးစီးလာတာ တံတားပေါ်ကို ငှက်ကလေးတွေဖြတ်ပျံသွားတာ တောင်သမန်ရင်ခွင်ထဲမှာ တံငါလှေလေးတွေရောက်လာတာ တောင်သမန်အင်းရေပြင်ထဲက တံငါသယ်လေးရေဆာလို့ရေသောက်နေတာ တောင်သမန်အင်းရေပြင်ထဲဆင်းပြီး ငါးပိုက်တန်းချနေတာ စက်ဘီးလေးက နားသလိုလှဲနေပြီး ပိုင်ရှင်တော့ ငါးမျှားနေတာ တွေကို မှတ်တမ်းတင်ခဲ့မိ […]