KyaemonNovember 2, 201245min06
    ယူကေရဲ့ရေကာတာနဲ့ဆည်များ – UK Dams and Reservoirs အဆက် ရေကာတာနဲ့အခြားရှုခင်းတွေကိုလိုက်ကြည့်ရအောင်  (ဒေါ်စုကတောင် ရောက်ဖြစ်မယ်လို့မထင်ရပါ )   တောတောင်ချောင်းမြောင်း၊ ရေကန်ဆည်မြောင်း၊ လယ်ယာကိုင်းကျွန်း ကွင်းပြင်မြေပြန့် အနှံ့တို့ရဲ့ သဘာဝဝန်းကျင်အလှကို ရင်သပ်ရှုမော မြင်တွေ့ခံစားနိုင်တာပါ ===========       Higher and Lower Chelburn ရေကာတာ ဆည် နှစ် ခုစလုံး က ၁၈၀ဝ ကတည်ဆောက်ခဲ့လို့ အံ့မခန်း လောက် အောင် (၂၁၂) နှစ်တောင်ကြာပါပြီ chelburn reservoir images – Google Search Higher Chelburn Reservoir | Flickr – Photo Sharing! […]


ဇီဇီNovember 2, 20124min059
သူငယ်ချင်းတစ်ယောက်က မျှလို့  ၁၂ရာသီဖွားလေးတွေရဲ့ အကျင့်ကို ကာတွန်းလေးတွေနဲ့ပြထားတဲ့ ပုံလေးတွေရလိုက်တယ်။ ယုံတာမယုံတာ အပထား၊ မှန်တာမမှန်တာ အပထား ဘာသာပြန်ထားတာ ချစ်စရာလေးတွေမို့ တင်လိုက်ပါတယ်။ ကျနော့ဆီမှာ အများကြီးပေမဲ့ ဖတ်လို့ကောင်းတာလေးတွေပဲ တင်လိုက်တယ်နော်။ အပျော် ပေါ့။ ကျနော်က ကန်ရာသီဖွားပါ။     :harr:    


black chawNovember 1, 20121min037
အပျော်ပါဗျာ…။ ပေါ့ပေါ့ပါးပါး ဖတ်ပေးကြပါဦး…။ မောင့်ဘက်တန်က စာအုပ်တစ်အုပ်ထဲမှာ ရေးခဲ့ဘူးတယ်တဲ့ ကျောင်းဒကာတို့ရေ…။ လူတွေမှာတဲ့ Active & Lazy ဆိုပြီး နှစ်မျိုးခွဲလို့ ရပါတယ်တဲ့…။ တက်ကြွလှုပ်ရှားသူနဲ့ မတက်ကြွမလှုပ်ရှားသူလို့ မှတ်လိုက်ရအောင်ပါ…။ ဆိုတော့ ဒီနေရာမှာ Lazy ကို Negative Image နဲ့ မမြင်ကြစေချင်ပါဘူး…။ မတက်ကြွမလှုပ်ရှားသူလို့သာ မှတ်ပေးပါဗျာ…။ နောက်ထပ်တစ်ခါ Clever & Stupid ဆိုပြီးလည်း ခွဲလို့ ရပါသေးတယ်တဲ့…။ တော်တဲ့လူနဲ့ မတော်တဲ့လူပေါ့ဗျာ…။ ဆိုတော့ အဲဒီ Active & Lazy နဲ့ Clever & Stupid တို့ကို ထပ်တွဲကြည့်လိုက်ရင် လူလေးမျိုးရပါတယ်တဲ့…။ ၁။ Clever & Lazy တော်ပြီး မတက်ကြွမလှုပ်ရှားသူပေါ့ဗျာ…။ အဲဒီလူမျိုးကို […]


ဒီပို့စ်ကို အမျိုးမျိုးစဉ်းစား အခါခါ ရေးလိုက်ဖျက်လိုက် လုပ်ပြီးမှ အတိုဆုံး (ဒါတောင် ၄မျက်နှာရှိတယ်) :kwi: အရိုးအရှင်းဆုံးရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ရှင်းလေရှုပ်လေ ရေးလေရှည်လေ ဆိုတော့လည်း အခက်သားပဲ။ သန်လျင်သဘာဝရိပ်သာ ကမ္မဌာန်းပြဆရာမ ချစ်မြတ်နိုးက ပြောတယ်၊ ဖြစ်ကြောင်းသိရင် သိယုံနဲ့ပြတ်တယ်၊ လိုက်ဖြတ်စရာ မလိုဘူး။ အဲဒီစကားအရ ဒီလောက် ပေရှည်ထားတာ တကယ်မသိသေးကြောင်း ဝန်ခံပါသည်။ သို့သော်ပေါ့လေ ဂဇက်ဆိုတာ မတူသော အတွေးများနဲ့ လောကဂျီးကို ရှုပ်အောင်လုပ်ထားတဲ့ နေရာမိုလို့ နည်းနည်းတော့ ရှုပ်ခွင့်ပြုပါ။ ဆွေးနွေးချင်တာ ဒီလိုဗျ။ စိတ်သည် အရှိလား မရှိလား။ စာလိုတော့ ရုပ် နာမ် စိတ်စေတသိက်ကို နိဗ္ဗာန်နဲ့အတူ ပရမတ်တရားထဲ ထည့်တယ်။ ဒါနဲ့ လူအများ အတွက်လွဲတယ်။ စာလိုတော့ သိကြတာပေါ့လေ၊ ရှေ့သုံးခုက […]


ပ႑ိတ ဂုရုOctober 31, 20121min01
ရခိုင်နယ်အတွင်း ဖြစ်စဉ်တွေကို ကမ္ဘာက အကြမ်းဖက်မှုများလို့ သတ်မှတ်လိုက်ပါပြီ။ အကြမ်းဖက်မှု တိုင်းမှာ အကြမ်းဖက်ခေါင်းဆောင်ဆိုတာ ရှိနေပါတယ်။ မြန်မာအစိုးရဘက်ကတော့- နောက်ကွယ်က ကြိုးကိုင်လှုံ့ဆော်သူတွေကို ပြည်သူတွေအနေနဲ့ ဖေါ်ပေး ဘို့ လိုအပ်တယ်လို့ အောက်တိုဘာ ၂၆ ရက်နေ့က ပြောဆိုလိုက်ပြီး-။ အောက်တိုဘာ ၂ရ ရက်နေ့ သတင်းမှာ တော့- ဒုတိ ယဗိုလ်ခုျပ်ကြီးသိန်းဌေးက နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပထမအဆင့် လတ်တလောကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဒုတိယအဆင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ဆောင် ရွက်ပေး မည် ဖြစ်ကြောင်း၊ ယခုဖြစ် ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ်များကို အချိန် ယူပြီး ဖြေရှင်းဆောင် ရွက် ပေး သွားရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထုကလည်း ဝိုင်းဝန်းပါဝင်ရန် လိုအပ်ကြောင်း […]


thureinmaungOctober 31, 20121min025
စွန့်ပစ်ခံရခြင်း၊ အထီးကျန်ဆန်ခြင်း၊ တန်ဖိုးမဲ့သလိုခံစားရခြင်း အရှုံးပေးလိုက်ရခြင်း မျှော်လင့်ချက်ကင်းမဲ့ခြင်း အဲဒါတွေကိုအားလုံးစုပြုံပြီးခံစားရတာဟာ တော်တော်ခံရခက်ပါတယ်၊ပူလောင်ပြီး နေရလဲတော်တော်ခက်တာဘဲဗျာ.. ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး၊ဘေးလူအတွက် လှောင်ပြောင်စရာဖြစ် ပေမယ့်တကယ်ခံရတဲ့သူက တော်တော်ဆိုးဝါးတဲ့အခြေနေဘဲဗျ… ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေဝေမျှပေးကြဦးလားဗျာ…


ဇီဇီOctober 31, 20121min031
  တိုတို ထွာထွာ၊ ပေါက်တတ်ကရ   ဘာကြီးတုန်းလို့မထင်လိုက်ကြပါနဲ့ဗျို့။ ရေးချင်တာတွေက များပြီး ဘာရေးရမှန်းမသိလို့ စိတ်ထဲရှိတာတွေ ရေးလိုက်တာမို့ပါ။ အစားအသောက်၊ လှပရေးရာ၊ ချစ်မှုချစ်ရေး စသည်ဖြင့် ရေးပါ့မယ်။ လိုရာယူကြပါ။ ဖတ်ထား၊ မှတ်ထားတာတွေထဲက ကိုယ်တွေ့တွေပဲ ပြောမှာနော်။ ၁) ဘီယာ တစ်လုံး လိုရာသုံး မျက်စိပြူးမသွားကြပါနဲ့။ သူများတွေ သီလယူနေတဲ့ ကာလမှာ ဘီယာသောက်ဖို့ ဆွဲဆောင်နေခြင်းမဟုတ်ပါ။ အသုံးချပုံကိုသာ ရေးလိုခြင်းဖြစ်၏။ ဘဲနဲ့ပေါင်းပါ။ (အပျိုကြီးများ တခြား အဓိပ္ပာယ် မတွေးစေလိုပါ။) ဘဲပေါင်း ပေါင်းရာတွင် ရေ အစား ဘီယာသုံးရန် ဆိုလိုခြင်းပါ။ ဘဲတစ်ကောင်ကို ဘီယာတစ်ဘူးထည့်ပါ။ ကောင်းကျိုးတွေကတော့ အနူးမြန်၏။ ပိုမွှေး၏။ အရသာပိုကောင်း၏။ တော်ရုံ အစားအသောက် စိတ်မဝင်စားသော ကိုကို များပင်လျှင် […]


ခင္ခOctober 30, 20121min041
အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ရှိသည့်သူများ ဖတ်ရန်အတွက်။ ကိုယ်ကျင့်သီလဟာ အသက်ရှင်နေခြင်းထက် ပိုအရေးကြီးတယ်ဆိုတာကို နားမလည်ကြတဲ့ လူတွေရဲ့ ပါးစပ် ဖျားမှာ ရေပန်းစား နေတဲ့ အူမတောင့်မှသီလစောင့်နိုင်မယ် ဆိုတဲ့စကားကို ကျွန်တော်နားယဉ်ခဲ့တာ ကြာပါပြီ။ သောက်စရာရေမရှိ လို့ မိုးခါးရေသောက်ကြရသလို အသက်အသေခံ၊ ဆင်းရဲဒုက္ခခံပြီး သီလမစောင့် နိုင်ကြ တာကို လောကီအမြင်နဲ့ ကြည့်ရင်တော့ အပြစ်မဆိုသာဘူးပေါ့။ အသက်ရှင်ရပ်တည်ရေးအတွက် လူ့ကျင့်ဝတ်တွေအကုန်လုံးကို မစောင့်ထိန်းနိုင်ပါဘူးလို့ဆိုရင် တတ်နိုင်တဲ့ ကျင့်ဝတ်တွေကို ကြိုးစားပြီးစောင့်ထိန်းသင့်ပါတယ်။ တစ်ပါးသီလလောက် ဖြစ်ဖြစ်ပေါ့။ တစ်ပါးသီလ ဆိုတဲ့ ဇာတ်လမ်းကို မြန်မာ့ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ မကြာခဏ ထုတ်လွှင့်ခဲ့တာကို နားထောင်ဖူး၊ ကြည့်ဖူးတဲ့သူ တွေ ရှိမှာပါ။ မသိလိုက်တဲ့သူတွေအတွက်  မှတ်မိသလောက် ပြန်ပြောပြချင်ပါတယ်။ ဇာတ်တော်တခုခုကို အခြေခံထားတာလားတော့ သေချာမသိပါဘူး။ ဘဘဦးသုခ ရိုက်ကူးခဲ့တာလို့တော့ သိရပါတယ်။ […]


ဂ်စ္စူOctober 30, 20121min040
သီတင်းကျွတ်မှာ ကျွတ်ဖို ့တိုက်တွန်းသူတွေကော မကျွတ်ဖို ့တိုက်တွန်းသူတွေကော မျှားနတ်မှောင် ပွဲဇား အောင်သွယ်တွေကော တောင်းပန်ပါတယ်ဆိုပြီးမုန် ့ဖိုးလာတောင်းကြတဲ့ ရွှေကျိတို ့ အလင်းစပ်တို ့ အူးပေတို ့ကော ပြီးတော့.. ရေခွက်နဲ ့ပက်ပြီးတောင်းပန်တဲ့အူးခင်ခတို  ့ နှစ်ခါပြန်တောင်းပန်တဲ ့ ရွှေအိမ်စိတို ့. သီတင်းကျွတ်အကြောင်း ရှင်းပြတဲ့ ဘဲအုတို ့ ဘုရားဖူလိုက်ပို ့တဲ့အူးပေါက်တို ့ စသဖြင့် ရွာထဲ ရွာပြင်ရှိ ကြီးသော ငယ်သော ကြီးကြီးသေးသေးပဲကော တန်းတူတန်းကော အဆိုပါ အစားစားသော လူတန်းစားတို ့အား အကျွန်ုပ် အူးဗိုက်မှ ကံသုံးပါးတို ့ဖြင့် ပြစ်မှားလွန်ကျူးမိခဲ့သည်ရှိသော် အပြစ်တို ့အား သည်းခံခွင့်လွှတ်ပေးတော်မူကြပါကုန်။ ကျွန်ုပ်သူဒေါ်ဂေါင်းအူးဗိုက်အား ကံသုံးပါတို ့ဖြင့် ပြစ်မှားခဲ့သူအပေါင်းတို ့အားလည်း […]


ခင္ခOctober 29, 20121min024
ဓလေ့မတူသော်လည်း အနှစ်သာရတူလို့ ဂါရဝပြုကန်တော့ကြရာဝယ်။ ရွာထဲ သီတင်းကျွတ်သက်ဆိုင်တဲ့ ပိုစ့်လေးတွေ ဖတ်ရတော့ စိတ်ထဲကြည်းနူးမိပါတယ်။ ငါ့တို့ရွာကြီး ဂါရဝတရားနဲ့လျော်ညီလို့ ကြည်းနူးစရာယဉ်ကျေးမှု့လေးတွေနဲ့ ပြည့်နေပါလားလို့။ အဲဒီမှာ ကိုယ့်ရဲ့မိဘ ဆွေမျိုးနဲ့ ကိုယ်ထက်အသက်အရွယ်ကြီးသူ ဝါအားဖြင့်ကြီးသူ အကြောင်းတစ်ခုခုအရ လေးစားထိုက် ကြည်ညိုထိုက်သူတွေကို ဂါရဝတရားရှေ့ထားလို့ မြန်မာတွေဟာ ကန်တော့ကြ တစ်နှစ်ပတ် လုံး ကာယကံ ဝစိကံ မနှောကံ နဲ့ပြစ်မှားတာများရှိရင် ခွင့်လွတ်ဖို့တောင်းပန်ကာ ကန်တော့ပန်းဆင်ကြ လူကြီး သူမ တွေကလည်း အမှတ်သညာမရှိတဲ့အကြောင်း ကျန်းမာ ချမ်းသာလို့ ကောင်းကျိုးဖြာရေး ဆုတွေပေးကာ ချစ်ခင်လိုက်ကြတာ အတော်ကိုဝမ်းသာကြည်နူးစရာပါဗျာ။ တစ်ချို့ဆို မုန့်ဖိုးတောင်ပြန်ပေးသဗျ။ ခင်ခက ရန်ကုန်မှာလည်းနေခဲ့ပြီး မန်းမှာလည်းနေသူမို့ အဲဒီမှာ ဓလေ့မတူပေမည့် အနှစ်သာရတူညီတဲ့အရာ လေးတွေ့ရလို့ ရေးမလို့လေ။ ရန်ကုန်နဲ့ အောက်မြန်မာပြည်မှာက မိဘ ဘိုးဘွား […]


မမေလးOctober 29, 20121min09
1* ဝနည်းလေးကစပြီးပြောပြပေးပါမယ်နော် … ၁ . အခုလက်ရှိနာမည်ရနေတဲ့မင်းသမီးတစ်ယောက်ပိန်ပိန်လေးကနေ တော်တော်လေးပြည့်လာစေတဲ့နည်းလေးပါ … နေ့တိုင်း မနက် ၁ ကြိမ် ၊ ည အိပ်ခါနီး ၁ ကြိမ် … ထောပတ်သီး ဇွန်းနဲ့ ၁ ဇွန်း + ပျားရည် ဇွန်း ၁ ဇွန်း ၁ လ ခွဲကြာတဲ့အခါသေချာပေါက်ထူးခြားလာပါလိမ့်မယ် …   2*ပိန်နည်းပေါ့နော် … အရင်နည်းတွေနဲ့မတူတဲ့ ကိုယ်တွေ့နည်းလေး … မပင်မပမ်းပဲနဲ့ပိန်သွားမှာနော် … ဟဲဟဲ … နောက်နေ့မှ ဆက်ရေးတော့မယ် 😛  hehe   ပန်းသီး တစ်နေ့လုံး မနက်နေ့ည ဗိုက်ဆာတဲ့အချိန်တိုင်း … ပန်းသီးချည်းပဲ ၅ ရက်ဆက်တိုက်လောက်စားပါ … […]


မမေလးOctober 29, 20121min09
1* ၁ဝ နဲ့ ၁ဝ ပေါင်းလည်း ၁၀ ၁ဝ နဲ့ ၁ဝ နှုတ်လည်း ၁ဝ   ။  ။  အဲ့ဒါဘာလဲ   2* ရှေ့တစ်ခု နောက်တစ်ခု အိုတဲ့အထိမတွေ့ကြဘူး  ။  ။  အဲ့ဒါဘာလဲ   3* ညီအစ်ကို ရ ယောက် ၈ယောက် ဝိုင်းပြီးထိုင်နေကြတယ် … ကြီးလာရင်တော့ ကိုယ့်လမ်းကိုယ်သွားကြတဲ့အခါ အကျီင်္တွေကလည်း စုတ်ပြဲသွားတယ် ။  ။  အဲ့ဒါဘာလဲ   4*   မုန့်တော့မုန့်ပဲ … စားလို့မရဘူး .. စီးလို့ရတယ် … ။  ။  အဲ့ဒါဘာလဲ   5*  ခိုးသမျှထဲမှာ အဲ့ဒီခိုးတာကိုတော့ ဘယ်ဥပဒေကမှ အရေးယူလို့မရဘူး […]


ဂ်စ္စူOctober 28, 20121min015
  အသက် ငယ်ငယ်နဲ ့ (၈)မိနစ်ကျော် တရားဟောနိုင်တဲ့ အူးဘဇင်းလေးပါ အူးဘဇင်းလေး အသက်က သုံးနှစ်ပဲ ရှိသေးတယ်လို ့ဆိုပါတယ်။ တရားဟောရင်း အောက်က ဒဂါတစ်ယောက်မေးလို ့ ပြန်ဖြေရာက ဘွဲ ့တော်မှာ အူးဘဇင်း အူးညာနိတ်သရလို ့ သိရပါတယ်။ ယခင်က ပါရမီတွေကြောင့် သုံးနှစ်အရွယ်နှင့် ယခုလို တရားရှည်ရှည်နဲ ့ ပြတ်ပြတ်ဟောနိုင်တာ အင်မတန် အံ့ဩမိတာနဲ ့ခုလို လက်တို ့လိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျ။ ယူတျု ့ http://www.youtube.com/embed/-FRBpOySGGU  မှာ သွားပြီး နာယူမယ်ဆို သင်တို ့ လက်တလော ခံစားနေရသော ဝေဒနာများ ခေတ္တ လျော့သွားမည်မလွဲဟု ကျနော်အူးဗိုက်မှ ရာနှုန်းပြည့် အာမခံပါတယ်။ အူးဘဇင်းလေးအကြောင်း သေချာသိချင်ရင် https://www.facebook.com/cho.yee.35  နဲ […]