ယနေ့ ကျနော်တို့ ရောက်ရှိခဲ့တဲ့(၈.၈.၈၈) ၂၅ နှစ်မြောက်၊ငွေရတုအခမ်းအနား မြင်ကွင်းများကိုပြန်လည်မျှဝေလိုက်ပါတယ်… စစ်အာဏာရှင် တစ်ပါတီ  စနစ်ဆိုးကို ရဟန်းသံဃာ၊ကျောင်းသားမိဘ၊ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့တိုက်ပွဲဝင်ခဲ့တဲ့ ကမ္ဘာ့သမိုင်းဝင်မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်၊နောင်အနာဂတ်ရဲ့ သူရဲကောင်းညီငယ်ညီမငယ်များ အစဉ်အမြဲသတိရ အတုယူနိုင်ပါစေ… ကိုမင်းကိုနိုင်ရဲ့ နောက်ဆုံးအမှာစကားလေးကတော့ နောင်လာမဲ့ အနာဂါတ်တွေမှာလဲ အဲဒီလို အကျင့်ဆိုး စနစ်ဆိုးတွေနဲ့ ကြုံတွေလာရအုံးမယ်ဆိုရင် ၈.၈.၈၈ ရဲ့အလံတွေ နဲ့ လူထုတိုက်ပွေတွေရှိနေအုံးမှာပါပဲ… အမေစုရဲ့ စကားလက်ဆောင်ကတော့ ညီညွတ်ခြင်းဆိုတာ တစ်သွေး၊တစ်သံ၊တစ်မိန့်နဲ့ ညီညွတ်ခြင်းမဟုတ်ပဲ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ ညီညွတ်ခြင်းမျိုကို ခေါ်ဆိုပါတယ် လို့ဆိုပါတယ်… ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး ညီညွတ်နေသမျှကာလပတ်လုံး ဘယ်အစိုးရဖြစ်ဖြစ်၊အာဏာရပါတီဖြစ်ဖြစ် ကြောက်ရွံနေစရာမလိုတော့ပါဘူး လို့ဆိုချင်ပါတယ်…   ညီအကိုမောင်နှမ အားလုံးကိုယ်စိတ်နှဖြာ ကျမ်းမာချမ်းသာကြပါစေ…..


ムラカミAugust 8, 20131min025
ရွာကား ဆူချေပီ။ ထုံးစံအတိုင်း ဒါက သဂျီး စနက်မကင်း… မြို့ကလာသည့် အလှဖန်တီးရှင် ဂျော်လကီတွေကို ရွာထဲ ဆိုင်ဖွင့်ခွင့် ပေးလိုက်ခြင်းက စလေသည်။ ဟုတ်သည် မတူတဲ့အတွေးနဲ့ လွတ်ပျံ့စွဲ ကြီးစိုးတဲ့ရွာပေပဲ..။ ဒါမျိုးလာကြောလို့ ရမလား ဆိုပီး ကိုရင်ညောင်ဝတုတ်တယောက် အလှပြင်ဆိုင် ထဖွင့်လေ၏။ ဘာတဲ့ မာမီသော်(ဆွေးတက္ကသိုလ်) ဆိုလား ..။ သူ၏ ကြီးမားတုတ်ခိုင်သော ခါးကြီးကို နွဲ့ကာ နွဲ့ကာဖြင့် ဆင်မယဉ်သာလမ်းလျောက်လေပုံအား မဖွဲ့ပြတတ်သော်လည်း မိတ်ဆွေများကို မြင်အောင် ပြချင်မိသေး၏။ ထိုအခါ ရွာသားချင်းချင်း ဒီလိုကြောလို့ ရမလား ဆိုပီး အင်္ဂလိကန် မံမီဆွေကလည်း ဟိုမြားနတ်မောင် သေနာကောင်က ဘယ်ချောင်ဘယ်နား အလေသွားပီး ငါ့အားပစ်ထားပါသနည်း ဟုကြွေးကျော်ကာ သူငယ် ထားဖို့ စိုင်းပြင်းပြန်လေသည်။ သည်တော့ သူနှင့်ပုလင်းတူဗူးဆို့ […]


Mr. MarGaAugust 6, 20131min022
. . . . . . . . . . . ကွန်ပျူတာရှေ့မှာ မလှုပ်မယှက် နဲ့ ထိုင်နေတာ နာရီအတော်တောင် ကြာပေါ့ ဘေးကို ဝေ့ကြည့်လိုက်ပြန်တော့ စာရွက်တွေက ပြန့်ကျဲလို့။ လူကတော့ ဒီအတိုင်း ငြိမ်တုန်း၊ တွေးတုန်းပဲ။ ကိုယ်တိုင်လဲ ဘာဖြစ်နေတယ်ဆိုတာကို သိတယ်။ ဘာကြောင့် ဖြစ်တယ် ဆိုတာလဲ သိတယ်။ ဘယ်လိုလုပ်ရင် အဆင်ပြေသွားမယ် ဆိုတာကိုလဲ သိတယ်။ အနာလဲသိ ဆေးလဲရှိပါရဲ့နဲ့ အခုအချိန်အထိ ဒီလောက် ဖြစ်နေတာ မဟုတ်သေးဘူး။ စိတ်က အရာတော်တော်များများကို အလိုမကျ ဖြစ်နေမိတယ်။ အပြင်ပန်းမှာ ပြုံးပြုံးရွှင်ရွှင် နေတတ်တဲ့ အကျင့်ကိုလဲ အတော် အမြင်ကတ်နေပြီ။ ဘာကြောင့်များ သူများတွေလို ဖွင့်ဟ […]


Zaw ThantAugust 6, 201311min054
.. ကျွန်တော့်တို့ လူတိုင်းလူတိုင်းမှာ ဦးနှောက်တစ်ခုစီတော့ ရှိကြတယ်ဗျ.. သေးတာ ကြီးတာ နောက်ထား ကိုယ်ပိုင် တစ်ယောက်တစ်လုံးစီတော့ ရှိကြတာပဲ၊ Hand Phone တွေလိုပေါ့.. Hand Phone တွေကျတော့ ကိုယ်ကိုင်ထားတဲ့ဟာက မန်မိုရီက ဘယ်လောက် သိမ်းဆည်းနိုင်မှုက ဘယ်လောက် ဆိုတာမျိုး သိကြတယ်.. အဲ့ဒါတွေပေါ်မူတည်ပြီး ဘယ်လောက်အလုပ်လုပ်နိုင်တယ်၊ ဘာတွေ ဘယ်လောက်သိမ်းဆည်းထားနိုင်တယ် သိရတယ်.. အဲ..ကိုယ့် ဦးနှောက်ကကျတော့ အဲ့ဒါမျိုးတွေမသိရတော့ အထီးမှန်း အမမှန်းမသိ စီးရတဲ့ မြင်းလိုပဲ.. ဒါပေမယ့် ဆေးသိပ္ပံဆရာသမားတွေ ရဲ့ ကောင်းမှုကြောင့် ဦးနှောက် အလုပ်လုပ်ပုံတွေကို အကြမ်းဖြင်းတော့ ပြောလို့ရပါပြီ.. သူတို့ပြောထားတာတွေ အခြေခံပြီး ကိုယ့်ဦးနှောက်ကို ဘယ်သန်နေလား ညာသန်နေလား ခွဲကြည့် လို့ရပါပြီ.. ကိုယ်ရဲ့ ဦးနှောက် ဘယ်သန်လား ညာသန်လား […]


အပိုင်း ( ၁ ) ဗိုလ်မှူးသူရခင်လတ်(ငြိမ်း)၏ နွေရာသီ အထူး(ကျား)စခန်း နေရာကား မှော်ဘီမြို ့ အနီး ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း အနီးတွင် အထူးဖွင့်လှစ်ထားသော Camp တခုတွင် ဖြစ်သည်။ သင်တန်းကျောင်း ဦးစီးဦးဆောင်သူ သူရခင်လတ်သည်ကား အရပ်ခပ်ပြတ်ပြတ် အသားအနည်း ညိုမှောင်ကာ စူးရှသောမျက်လုံးတစုံဖြင့် အတန်ငယ် မျက်မှောင်ကုတ်၍ အဝေးတနေရာသို့ စူးစိုက်ကြည့်နေလေသည်။ စစ်စိမ်းရောင် ခပ်ရင့်ရင့် ပါရာကျု ဆုထ့်သည် လေထဲတွင် တချက်၂ချက်မျှ ဖျတ်ကနဲ လွင့်သွားသည်မှ အပါ ကျစ်လစ်သန်မာသော ခန္ဓာကိုယ်နှင့် အလွန်လိုက်ဖက်လှပေသည်။ ထိုစဉ် အနောက်နားမှ ခြေသံကြားသဖြင့် လှည့်၍ကြည့်လိုက်ပီး တလက်စတည်း “ဘာထူးသလဲ ဗိုလ်ကြီးဒုံ? ” ” ဒီနေတော့ သင်တန်းသား တယောက် ဝမ်းသွားနေလို့ သင်တန်း […]


ဇီဇီAugust 5, 20137min033
  ဟီးဟီးးးး ရှက်ရှက်နဲ့ ဝန်ခံရရင် ရိုက်လာတာ အများကြီးးးးး အလင်းအမှောင်ရယ် ဆက်တင်ချိန်တာရယ် ခုထိ အသုံးမကျသေးလို့ အတော်ဆိုးရွားတဲ့ ပုံတွေ ဖယ်ခဲ့ရပါတယ်။ ဒါတွေက မတို့မထိ ပန်းတွေရဲ့ မူလပကတိ အလှပါ။ တခြား ပန်းတွေလည်း ပါပါတယ်။    


ဇီဇီAugust 5, 20136min030
ဒီ တစ်ပတ်တော့ သစ်ခွ ဥယျာဉ် ရောက်တာနဲ့ ရိုက်ထားတာလေးတွေ လာပြတာ။ သူများတော့မသိ။ ကိုယ် ကတော့ ပန်းလေးတွေ အပင်မှာ လန်းလန်းဆန်းဆန်းမြင်နေရတဲ့ အချိန်ကို အင်မတန်စိတ်ချမ်းသာပါတယ်။။ မန်းလေးမှာနေတုန်းကဆို ဘွဲ့ယူတို့ ရီဟာဆယ်တို့ဆို သဇင်ပန်းရာသီမဟုတ်ရင် သစ်ခွပန်းပဲ ပန်ကြတာ။ တန်ဖိုးတထားပဲ။ ကျောင်းဆရာမတွေဆို ဒီနေ့ပန်ပြီး ရေစိမ် အထားခံပြီး နောက်ရက် ဆက်ပန်သေးဗျာ။ သူ့မှာ ပန်းရယ်လို့ တခြားပန်းတွေလို အနံ့မရှိဘူး ဆိုပေမဲ့ သစ်ခွ အများကြီးရှိတဲ့နေရာက အနံ့သင်းသင်းလေးကတော့ အတော်စိတ်ကြည်ပါရဲ့။ စလုံးမှာတော့ သစ်ခွပန်းက ဈေးကြီးပန်းထဲမပါ ပါဘူးးးး  


“သဂျီးခြောက်သွားပီ…” ရွာထဲတွင် အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။ “ဟုတ်ပါ့မလားဟယ်…. မနေ့ဃဒင် အကောင်းဂျီး၊ မာဆက်မှာတောင် တွေ့လိုက်သေးဒယ်”  “အေးလေ ငါလည်းသူနဲ့ 69ဇိမ်ခန်းမှာ တမြန်နေ့ဂ ဆုံမိဒေါ့ တဆက်ရှင်နဲ့ မလောက်လို့ အချိန်ပိုကြေး ပေးရဒါ ညည်းနေသံကြားတယ်” “အဲဒါတော့ အသိဗူးဗျာ အခုဒင် လောလောလတ်လတ် ထွက်လာဒဲ့သဒင်း၊ မယုံ ကိုယ်ဒိုင်သွား မေးဂျေ” ကကြောင်ကြီးနှင့် မန်းဂေဇက် ရွာသူားများ အချေအချ ပြောဆိုသံဖြစ်သည်။ သံသယဖြစ်မည်ဆိုလဲ ဖြစ်လောက်စရာပင်.. တိုင်းသိပြည်ကျော် ရှာပွတ်ခိုမ်ဟု နာမည်ကြီးနေသည်မှာ အကြောင်းမဲ့မဟုတ်၊ ချဲကြွေးပေးဖို့ မရှိသဖြင့် အကြံကုန် ဂဠုန်ဆားချက် လျှာပွတ်ဆေး ဖော်ရောင်းရာမှ ကံကောင်းထောက်မ၍ ကျိကျိတက် ချမ်းသာလာပြီး ဘဝမေ့ဂါ ကာမစည်းစိမ် မပြတ်ရှာဖွေ ခံစားလွန်းသူ၊ တခုမဟုတ်တခု မပွတ်ရလျင် မနေနိုင်သူဖြစ်သည်။ ယခုမူ […]


black chawAugust 4, 20131min036
(နိဒါဏ်း) ချက်အောက်ပျက်လုံး တဲ့…။ မိတ်ဆွေတို့လည်း ကြားဖူးကြမှာပေါ့…။ တချို့သောလူရွှင်တော်တွေဟာ ဖိုမ ကိစ္စတွေကို တစ်တစ်ခွခွ အသုံးပြုပြီး လူတွေ ရယ်အောင်လုပ်တတ်ကြပါတယ်…။ ဒီနေ့ခေတ် မြန်မာဗီဒီယိုဇာတ်လမ်းတွေမှာလည်း မင်းသားတွေ မင်းသမီးတွေကတောင် အဲဒီ ဖိုမကိစ္စပျက်လုံးတွေနဲ့ ပရိသတ် လက်ခုတ်သံကို ချူဖို့ ကြိုးစားနေကြတာကို စိတ်ပျက်စရာကောင်းလောက်အောင် မြင်တွေ့နေရပါပြီ…။ အဲဒီလို ဖိုမကိစ္စတွေ အသုံးပြုထားတဲ့ ပျက်လုံးတွေကို ချက်အောက်ပျက်လုံးရယ်လို့ အပျောင်အပျက်ခေါ်တတ်ကြပါတယ်…။ သွားလေသူ ဘီအီးဒီအောင်သိုက် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ဒီလို ညစ်ညမ်းတဲ့ ပျက်လုံးထုတ်တတ်သူတွေ ရဲ့ ပျက်လုံးတွေကို မရယ်ရတဲ့အပြင်…ရယ်တောင်ရယ်ရသေးတယ် ဆိုပြီး မှတ်ချက်ပြုခဲ့ဘူးပါတယ်…။ ဟေးဟေး…။ ဘီအီးဒီအောင်သိုက်ကြီးပြောခဲ့တဲ့ မရယ်ရတဲ့ အပြင် ရယ်တောင်ရယ်ရသေး ဆိုတဲ့ စကားလေး က ချစ်ဖို့ မကောင်းဘူးလားဗျာ…။ တစ်စိမ့်စိမ့်တွေးပြီး တစ်စိမ့်စိမ့်ပြုံးရလောက်တဲ့ အဖွဲ့အနွဲ့တစ်ခုလို့တောင် […]


                        (အထူးမေတ္တာရပ်ခံချက် (၁) ဤပိုစ့်သည် sexual orientation အကြောင်း ဖြစ်ပါသောကြောင့် မြန်မာ့မျက်စေ့/နား တို့ဖြင့် ကြားရဖတ်ရရိုင်းသည့် အသုံးအနှုံးများပါဝင်မည်ဖြစ်ပါသဖြင့် သည်းခံကြပါရန် တောင်းပန်ပါသည်။ အဆိုပါ အသုံးအနှုံးများကို ရှောင်၍၊ ဖေါ့၍၊ သွယ်ဝိုက်၍ ရေးလျှင် တိကျရှင်းလင်းသော အဓိပ္ပါယ် မရနိုင်သောကြောင့် ထည့်သွင်းရေးသားရပါကြောင်း။ အထူးမေတ္တာရပ်ခံချက် (၂) လောလောဆယ် အင်တာနက်သုံးရ အင်မတန်ခက်နေပါသောကြောင့်၊ ဤပိုစ့်ကို ဝင်ရောက်ဆွေးနွေး မှတ်ချက်ပေးသည်များရှိပါလျှင် ၊ အချိန်မီ ပြန်လည်ဆွေးနွေးနိုင်ခြင်းမရှိပါက၊ အပြည့်အစုံ ပြန်လည်ဆွေးနွေးနိုင်ခြင်းမရှိပါက ၊ နားလည်ခွင့်လွှတ်ပေးကြပါရန် ပန်ကြားအပ်ပါကြောင်း။)       ဆိုတော့ […]


Phyo Thit LuuAugust 1, 20131min014
ဟေ့ကောင်… ပြောစမ်း။ မင်း မိန်းမလား ယောက်ျားလား။ ပြောစမ်း ဟိတ်ကောင်။ ပါးစပ်ကလည်းပြော လက်ကလည်း ထားဝယ်ကြိမ်လုံးသေးသေးလေးတွေနဲ့ တဖြန်းဖြန်းမြည်အောင် ရိုက်နှက်ခံနေရသော ကလေးငယ်လေးဟာ အလွန်ဆုံးရှိလှမှ ၆ နှစ် ရ နှစ် သာသာရှိဦးမယ်လို့ ကျမ ခန့်မှန်းနေမိပါတယ်။ ကလေးငယ်လေးဟာ ယောက်ျား၊ မိန်းမ ခွဲခြားလို့ရလောက်အောင် ရုပ်ရည်ပင် မပေါ်ပေါက်သေး။ ကျမ မြင်နေရတာကတော့ ဘိုမရုပ်ကလေးတွေမှာ ဝတ်ပေးနေကြ ဂါဝန်လှလှလေးတွေလိုပုံစံ ဂါဝန်ကို ဝတ်ထားပြီးတော့ နှုတ်ခမ်းနီးတွေ မျက်နှာမှာ ပေကျန်နေတာပါပဲ။ ဟေ့ကောင်… မင်း မိန်းမလား ယောက်ျားလား ဆိုပြီးတော့ တခွန်းပြီးတခွန်းမေးရင်းနဲ့ တဖြန်းဖြန်းနဲ့ မရပ်မနား ရိုက်နှက်နေတဲ့ ကြိမ်ချက်တွေရဲ့ အောက်မှာ ဂါဝန်အစတွေ ကွဲပြဲထွက်နေတာကိုလည်း မြင်နေရတယ်။ အဲဒါအပြင် ကျောပြင်နဲ့ လက်ပြင်တချို့နေရာတွေမှာ ကြိမ်ချက်ကြောင့် […]


အောင်မငှီး တိုက်ကြီး လှုပ်နေတယ်…ပြေးဂျဟ လွှားဂျဟ… ရန်ကုန်မြို့လည်ဂေါင် လူသွားလူလာ အထူထပ်ဆုံး ဆူးလေဘုရားလမ်းအနီးတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ အချိန်ဂါး ညဉ့်ဦးယံ၊ ရာသီဥတုမှာ အားကစားသမား အကြိုက် မပူလွန်း မအေးလွန်း အနေတော်…။ ထိုအချိန်ဝယ် ရန်ကုန်မြို့ ကြက်သရေဆောင် ထရေးဒါးဟိုတယ် မိုးမျှော် အဆောက်အအုံဂျီးမှာ ယိမ်းထိုးလှုပ်ရှား ကခုန်နေသယောင်…။ ထူးဆန်းသည်မှာ ဘေးနားရှိတိုက်တာ အဆောက်အအုံများ ဘာမျှမဖြစ်သည့်အလား။  အသို့ဖြစ်သနည်း အပမှီသလော.. ရွာသူလက်ချက်ပေလော.. မည်သို့ဆိုစေကာမူ ဆေ့ဖတီဖွတ် လုံခြုံရေး အရေးကြီးသမို့ အရေးပေါ် ကယ်ဆယ်ရပေမည်။ ဘေးဂို ဘေးဂို… ပီးပေါ် ပီးပေါ်.. ရွှီးရွှီး.. မီးသတ်ကား အချက်ပေးသံ၊ လူနာတင်ကား ဥဩဆွဲသံ၊ ရဲ ခရာမှုတ်သံ ဆူညံသွားသည်။ ဝိုင်းအုံ ကြည့်မနေဂျပါနဲ့.. လမ်းရှင်းဂျပါ… ဟိုတယ်တွင်းကလူများ […]


July 30, 20131min019
  ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတွေထဲမှာ ကန်တော်ကြီးလို့ အမည်ရတဲ့ ရေကန်ကြီးဟာလည်း တစ်ခုအပါအဝင် ဖြစ်နေပါတယ်။ ကန်တော်ကြီးရဲ့ ထူးခြားချက်တွေထဲမှာဆိုရင် ကျောက်စိမ်းရောင် သန်းနေတဲ့ ရေကန်ပြင်ကျယ်ကြီးရယ်၊ သစ်ပင်ကြီးတွေ ထူထပ်ပေါများနေလို့ အရိပ်ရပြီး အေးချမ်းနေတဲ့ ကျွန်းဆွယ်တွေ၊ သစ်လုံးကြီးတွေနဲ့ ကန်ပတ်ပတ်လည်မှာ လူသွားလမ်းအဖြစ် တည်ဆောက်ထားတဲ့ သစ်သားတံတားကြီးတွေ၊ ပန်းခြံတွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ မွန်းမံထားလို့ပဲဆိုတာ လူတိုင်းမငြင်းနိုင်တဲ့ အချက်ပါပဲမဟုတ်လား။ ကန်တော်ကြီးရဲ့ ပတ်ပတ်လည်ကိုတော့ သံပြားကြီးတွေနဲ့ အလှဆင်ထားတဲ့ ခြံစည်းရိုးအမြင့်ကြီးတွေကို ကာရံလို့ထားတယ်။ အဲဒီခြံစည်းရိုးရဲ့ အပြင်ဖက်မှာဆိုရင် လူသွားလမ်း ပလပ်ဖောင်းကြီးနဲ့ ကားလမ်းမကြီးက ကာရံထားလို့ စည်ကားနေပါရဲ့။ ကန်ပတ်ပတ်လည် ခြံစည်းရိုးမှာဆိုရင် ရှေးဟောင်းသစ်ပင်ကြီးတွေဟာ ကြိုကြားကြိုကြားနဲ့ ပေါက်ရောက်လို့ပေါ့။ ကန်တော်ကြီးရှုခင်းသာဟာဆိုရင် မနက်မိုးသောက် အာရုံတက်ပြီဆိုတာနဲ့ ကြေးငှက်သံစုံတွေရဲ့ တွန်ကြူးသံနဲ့အတူ စတင်အသက်ဝင်လို့ လာခဲ့ပါတယ်။ […]