ရွာရဲ့ နာမည်ကျော် အီးဇီးကွတ် ဝေဝေလေး ရဲ့ ဒီတစ်ပတ်ကို အားပေးကြပါဦးးးးး ရုံးသမားတွေ အတွက် စဉ်းစား စီစဉ်ထားတဲ့ အစပ်အဟပ်လေးတွေပါ။ ဝေ့ ကို အကြောင်းကြားပေးတဲ့ ချစ်မမရော၊ လိုလို လားလား ကူညီပေးတဲ့ ဝေဝေ့ကိုပါ အင်မတန်ကျေးဇူးတင်ပါတယ်။ နောက်တစ်ပတ်ကတော့ အမျိုးသား စားဖိုမှူးပါ။ ~~~~~~~~~~~~~~~~~~ အသက်လေးရလာပြီဆိုတော့ ကျန်းမာရေးဘက်ကို ဦးစားပေးပြီး အစားအသောက်ကို စဉ်းစားရတယ်လေ .. စားလို့ကောင်းအောင်နဲ့ အချိန်နဲနဲ အကုန်အကျသက်သာဖို့လဲ ဦးစားပေးရသေးတယ်ဆိုတော့ ဟင်းတွေက စပါယ်ရှယ်တွေတော့ ဖြစ်မှာ မဟုတ်ဘူးနော် .. အလုပ်ထဲကို ထမင်းချိုင့်နဲ့ထည့်ယူသွားလို့အဆင်ပြေမယ့်ဟင်းလျှာတွေကို နေ့လည်စာအတွက်နဲ့ ညနေစာကို သီးသန့် ပူပူနွေးနွေးစားလို့ရတာ ချက်ချင်တယ် .. မနက်စောစောစာအတွက်ကလဲ ကိုယ်တိုင်ပဲ ဖန်တီးရသေးတယ် … တနင်္လာနေ့ ထုံးစံအတိုင်း တနင်္လာနေ့ဆိုတော့ […]

