ဇီဇီDecember 9, 201311min075
        ဘယ် စားဖိုမှူးမှ မအားတော့ ကွကိုယ် စဉ်းစားရပြီ။ အဲလာနဲ့ ဟိုတလောက ကတိပေးထားတဲ့တိုင်းးး သားငါး များလွတ်ကြသော ရွှေမိုးတိမ်၊ နေခြည်နဲ့ ခေါင် (အဲ့ ခေါင်ရည်လည်း ဘယ်ရောက်နေတုန်း မသိ) တို့ အတွက် အသားလွတ်ငါးလွတ်ဟင်းများ အားပေးကြပါ။   😀   ~~~~~~~~~~~~~       MONDAY – သီးစုံ ချဉ်ရည်ဟင်း နဲ့ ခရမ်းချဉ်သီး ငပိချက်။   ခရမ်းချဉ်သီးကို ရေနွေးဖျောအခွံနွှာပါ ပါးပါးလှီးထားပါ။ ကြက်သွန်အဖြူအနီကိုအရောင်တင်နဲ ့ဆီသပ်ပါ။ ညိုရောင်သန်းလာရင် ပုဇွန်ခြောက်ထည့်မွှေပါ။ လှီးထားတဲ့ခရမ်းချဉ်သီးများထည့် ရေနဲနဲထည့်ကြော်ပါ။ အရသာမှုန် ့ ငံပြာရည်ထည့်ကြော်ပြီး ရေခြောက်ဆီပြန်လာရင်တော့ ငြုပ်သီးစိမ်းအုပ်လိုက်တော့ အရသာရှိထမင်းမြိန်တဲ့ဟင်းတစ်ခွက်ရပါတယ်။ […]


ဇီဇီDecember 5, 20132min020
ကေဇီ အသက်ငယ်တုန်းက ဓာတ်ပုံရိုက်မယ် ဆို အော်ငိုတာ။ သိပ်ကြောက်တာတဲ့။ ရိုက်ဆိုတဲ့စကားပါလို့ဆိုလားပဲ။ နောက်တော့ ရောက်သမျှနေတာ တွေ့သမျှနဲ့ ဓာတ်ပုံရိုက်လွန်းလို့ တခြားလူတွေ စိတ်ကို ညစ်ယူရရော။ ရပါတယ်။ ကိုယ်လုပ်ချင်တာမှန်သမျှ အဖော်ရအောင် တခြားသူတွေကိုပါ စည်းရုံးနိုင်သမျှစည်းရုံးလိုက်တာ အပေါင်းအသင်းတစ်စုလုံး ဘယ်နားသွားသွားဓာတ်ပုံရိုက်မယ် ဆိုတာချည်းပဲ။ ဖဘသူငယ်ချင်းများ သိတော်မူတဲ့ အတိုင်းပါပဲ။  :mrgreenn: အဲ ကံကောင်းသလားမသိတဲ့ အချက်က အဖွဲ့ထဲက သူငယ်ချင်း အထီးတွေက ပြောင်းကြီး ကင်မလာ (ကိုယ်ကတော့ အဲ့လိုပဲခေါ်တယ်။) ကိုင်တာ ၅ ယောက်ထက်မနည်းရှိပါတယ်။ အဲ ကံဆိုးတဲ့ အချက်က လူပုံမရိုက်ချင်သော၊ ရိုက်ချင်သူက မော်ဒယ်(လ) လေးတွေမှ ရိုက်ချင်သော၊ ရိုက်ပေးသော်လည်း အပြောဆိုးသော သူငယ်ချင်းများမို့ ဒီ အလွဲက စ ပါတယ်။ ၂၀၁၁၊ […]


KyaemonDecember 5, 201321min02
 Arc de Triomphe အောင်ပွဲခံ မုက်ခုံးကို လိုက်ကြည့်ရအောင် ================================================                     အကျော်ကြားဆုံးအထိမ်းအမှတ်ကျောက်တိုင်တခု he Arc de Triomphe de l’Étoile is one of the most famous monuments in Paris. It stands in the centre of the Place Charles de Gaulle, at the western end of the Champs-Élysées. Wikipedia  တည်နေရာလိပ်စာ Address: Place Charles de […]


ကန်ထည့်လိုက်ရ သမဒဂျီး ဦးသိန်းစိန်က မှန်ကန်သောနည်းဖြင့် နိုင်ငံရေး တွေ့ဆုံမှုများ ပြုမည်ဟု ကြေငြာလိုက်သည့်အတွှက် တရုတ်သဗုံ ကြေးမုံဂျီး ထိတ်လန့်တုန်လှုပ်နေဂါ မှတ်ပုံတင်အသစ်လုပ် နာမည်ပြောင်းရန် လူဝံမှုကြီးကျက်ရေး အရာရှိ ဦးငှက်ကြီးအား ငွေသိန်းတရာ ပေးထားဂျောင်း သတင်းထွက်ပေါ်နေသည်။ ဝတို့ဂေါ လုအခွင့်အရေး ကာကွယ်ရန် မြန်တျန့်ငရဲအဖွဲ့အား သင်တန်းပေးရဂျောင်း ဥရောပသမဂ္ဂ ပေါကျားချက်အပေါ် ဝတပ်မဟာ နိုင်ငံရေးမှူး တရုတ်ကူမြူနစ် အီတွန့်ဗွမ်မှ လုတမျိုး ဝတမျိုး မလုပ်သင့်ဂျောင်း တရုတ်ပြည်လုပ် အေကေ၄ရ မောင်းပြန်ရိုင်ဖယ်ကိုင်လျက် ဒေါသတဂျီး ပြစ်တင်လိုက်သည်။ 24/7 ဆီးဂိမ်းပွဲအမှီ နေပူဒေါ်တွင် ဟိုတယ်၁၁လုံး နှစ်ရက်အတွင်း ဖွင့်လှစ်လိုက်ရာ နိုင်ငံဒဂါ ပြိုင်ပွဲဝင်များ၊ ရွှေပဲလာ ဧည့်ပိတ်သက်များ၊ ဝါတနှာရှင်များနှင့် ကြက်ပြန်မရ စည်ကားတော့မည်ဟု ISO လက်မှတ်ရ ဇိမ်ဂေါင်း မိုက်ခဲ […]


pazflorDecember 4, 20131min05
ဒီနေ့ မနက် ရုံးသွားရင်း ရထားပေါ် သတင်းစာလေး ကောက်လှန်လိုက်တော့ ရွှေမြန်မာတို့က ကူညီပေးကမ်းမှူ့ အညွန်းမှာ နံပါတ် ၂ ရသွားတယ်ဆိုပါတယ်ခင်ဗျ။   အမှတ်ပေးဆုံးဖြတ်တာကတော့ မေးခွန်း ၃ ခုပေါ် အခြေခံထားတယ်ဆိုပါတယ်။ ၁။ လွန်ခဲ့တဲ့လ တုန်းက တစ်ခုခု ပေးလှူခဲ့ ဘူးသလား။ ၂။ လွန်ခဲ့တဲ့လ က အဖွဲ့အစည်းတစ်ခုခု အတွက် လုပ်အားပေးလုပ်ခဲ့သလား။ ၃။ ကိုယ်နဲ့ မသိတဲ့ အကူအညီလိုနေသူ သူစိမ်းတစ်ယောက်အား ကူညီပေးခဲ့သလား တို့ ဖြစ်ပါတယ်။   မြန်မာတို့ အမှတ်များသွားစေတာကတော့ ဖြေဆိုသူ ၈၅ ရာနှူန်းဟာ ပေးကမ်းမှူ့ တစ်ခုခု လုပ်ခဲ့ကြလို့ပါ။ ဒါဟာ ကမာ္ဘမှာ နံပါတ် ၁ ပါ။ လုပ်အားပေးလုပ်တဲ့နှူန်းဟာ ၄၃ ရာနှူန်းရှိပြီး […]


လ လာ လား ကြေးမုံဂျီးအမျိုး ကူမြူနစ်တရုတ်ပြည်၏ ပထမဆုံး လ စူးစမ်းရေးယဉ်အား အာကာသထဲသို့ လွှတ်တင်လိုက်ရာ ဗျည်းအက္ခရာ “လ” အားလာရောက် လေ့လာမည်ထင်၍ ဧည့်ခံကြိုဆိုရန် ဗျူတီပါလာသွား အလှပြင်ထားသော မြန်တျန့်သတ်ပုံကော်မတီဝင် ဂေဇက်အမ်တီမမ ပိုက်ဆံ အလဟဿ ကုန်သွားဂျောင်း မာမီခင်စန်းဝင်းတပည့် ဂျော်လ်ကီအောင်ပု ထံမှသိရသည်။ အော်မီတော်ဖော် အိမ်ဖြုတော်၌ ကျင်းပသော ကျေးဇူးတော်နေ့ အခမ်းနားတွင် အမေရိကန်သမတ အိုဘားမားက ဟင်းချက်ရန် လျာထားသော ကြက်ဆင်နှစ်ကောင်အား လွှတ်ပေးလိုက်သည့်အတွက် လာမည့် နှစ်ကူးပွဲတော်တွင် ကိုဘေး နွားဆယ်ကောင်သတ်ရန် အာရပ်ဓါးကောက် သွေးနေသော မြန်တျန့်ဂေဇက်သဂျီး မာမွတ်ခိုမ် အမြင်မှန်ရကာ တရုတ်ဘုံကျောင်းတွင် သက်သတ်လွတ် အော်ဒါပြောင်းမှာလိုက်သည်။ အလယ်တလုံးပဲလွဲ ရုပ်ရှင်အစည်းအရုံး ငှက္ကထ ဦးလူမင်းမှ အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသော သထိန်းဂျီးမောင်ဝိတ် […]


ဇီဇီDecember 4, 20136min035
        ဟို အရင်က အိမ်လေးမှာ….. ဖေဖေထိုင်တဲ့ ဆေးခန်းလေး ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. အမေချက်ကျွေးတဲ့ ထမင်းပူပူ ဟင်းမွှေးမွှေးလေးတွေ ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. မောင်လေး စီးတဲ့ ပြိုင်ဘီးလေး ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. ကြောင် လေးတွေ အများကြီးရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. ဝတ္တရားကျေတဲ့ သံစုံနာရီ တစ်လုံးရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. ဆူညံဝေစည်နေတဲ့ စာကျက်သံတွေ ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. မိသားစု ညနေစကားဝိုင်းလေး နေ့စဉ်ရှိခဲ့တယ်။   […]


ဇီဇီDecember 3, 20131min032
ပြောမယ်၊ ပြောမယ်နဲ့။ ညည်းချင်းမို့လို့ မပြောဘူးလို့နေတာပဲ။ ဘာရှိရမတုန်းးး၊ ဖွဘုတ်တော်ကြီးပေါ့။ သုံးရတာ မကောင်းတော့ပါဘူး ပိတ်သတ်ကြီးရယ်။ အနော် ၂၀၀၈ ကတည်းက သုံးလာတာ။ အဲတုန်းက လူသုံး သိပ်မများပေမဲ့ ငြိမ်းချမ်းသလိုပဲ။ အခုလို ……………………. သတင်း မှားလား မှန်လားတောင် မခွဲခြားပဲ ဇွတ်ကို ရှယ်တဲ့သူတွေ……………….. အကျိုးသင့် အကြောင်းသင့် မစဉ်းစား ကိုယ့်စိတ်နဲ့ မတိုက်ဆိုင်ရင် ဆဲမယ် ဆိုတဲ့သူတွေ………………… ခု နောက်ပိုင်းတွေ့ရတာဆို ဝါဒဖြန့်နေတဲ့ သူတွေ…………………….. ဖတ်ရတာ စိတ်ညစ်စရာ။ ဝါဒဖြန့် ဆိုလို့ ပေါ့သေးသေးမမှတ်ကြနဲ့ဗျ။ အဲလို ဝါဒဖြန့်သမားက အမျိုးမျိုးရှိသေးးး။ အကောင့်တွေဝယ်ပြီး လစာနဲ့ ဝါဒီဖြန့်တယ်။ ကိုယ့်ဝါသနာ အရ ကိုယ်ဘက်ပင်းတဲ့သူအတွက် ဝါဒဖြန့်တယ် အားနေလို့ ကိုယ့်ဖွဘုတ်တော်ကြီး လူစည်အောင် ဝါဒဖြန့်တယ်။ […]


ေဇယ်ာစံDecember 3, 20131min019
ဒီနေရာမှာ စကားစပ်မိလို့ ကြားဖူးနားဝ ဟာသလေးတခုကို ကျွန်တော် ပြောပြကြည့်ချင်ပါတယ်။ နိုင်ငံရေးဆိုတာ …တဲ့….ဆက်စီကျတဲ့ ရေကူးဝတ်စုံ နဲ့ တူတယ်…တဲ့။ ပြထားတာတော့ အများကြီးပဲ…တဲ့။ အဓိကကျတဲ့ နေရာကိုတော့ သိုဝှက်ထားတယ်..တဲ့။   6. Cristina Fernadez de Kirchner လက်ရှိအာဂျင်တီးနားရဲ့ သမ္မတခရစ်စတီးနားကို CFK လို့ ချစ်စနိုးခေါ်ကြပါတယ်။ ယခင် က အာဂျင်တီးနားဖတ်စ်လေဒီနဲ့ ရုပ်ရှင်မင်းသမီး ဖြစ်ခဲ့ဖူးတဲ့ Eva Peron ကို အမွေဆက်ခံသူလို့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ လူသိများပါတယ်။ မှန်ပါတယ်။ ခရစ်စတီးနားဟာအီဗာလိုရုပ်ချောပါတယ်။ အီဗာလိုပဲထက်မြက်ပြီးလက်တင်အမေရိကမှာအထင်ကရရှိလှတဲ့ အင်ဂျင်တိုင်းသားတွေကိုကောင်းမွန်စွာဦးဆောင်နိုင်စွမ်းရှိပါတယ်။ ၅၅ ဦးမြောက် အာဂျင်တီးနားသမ္မတခရစ်စတီးနားဟာသူမရဲ့ ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ရုပ်ရည် နဲ့ မဲအများအပြားရခဲ့ပါတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို သိတ်မကြာခင်မှာ … လာတော့မဲ့ […]


etoneDecember 2, 20131min015
ဒါဇင်ပလပ်စ် အဖွဲ့ဧ။် ၁ရ ကြိမ်မြောက် ( ဒီဇင်ဘာလ အလှူ) အဖြစ် ရန်ကုန်တိုင်း တောင်ဒဂုံ အရှေ့ပိုင်း ၁၃ ရပ်ကွက် ကြေးတိုင်စု ၂လမ်းရှိ မာဂဓီ သာစည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို ့ ၁.၁၂.၁၃ ရက်နေ့ မနက် ၈:၃ဝ ခန့်တွင် သွားရောက်လှူဒါန်းခဲ့ရာ ကျောင်းတိုင်ဆရာတော်မှ လက်ခံခဲ့ပါသည် ။ စာရေး ကိရိယာ ၁၁၀,၀၀၀/- ကျပ်ဖိုးနှင့် ပညာသင်ထောက်ပံ့ငွေ ၃၁၂,၀၀၀/-ကျပ် …. စုစုပေါင်းတန်ဖိုး ၄၂၂,၀၀ဝကျပ် လှူဒါန်း ပြီးစီးခဲ့ပါသည် ။ ထို့အတူ ဦးဘိုဘို + ဒေါ်အိအိရှိန်တို့ဧ။် သမီးလေး ခိုင်ဝင့်ရီသစ်ဧ။် ၁ဝနှစ်မြောက် မွေးနေ့ အလှူအဖြစ် အလှူငွေ ၁၀၀,၀၀၀/-ကျပ်ကိုလည်း ထည့်ဝင်လှူဒါန်းခဲ့ပါသည် ။   […]


ကကြောင်ကြီး.. ကျုပ်စော် ပက်ကညောမလေးကို နှောက်ယှက်နေတာ ရပ်လိုက်ပါ..။ ခင်ဗျားကြောင့် နော်ရှီး ကိုရီးယား အလွမ်း၊ ဟာသ ဇာတ်လမ်းတွဲတွေကြည့်ပြီး တငိုငို တရယ်ရယ် ဖြစ်နေဒယ်။ ကြာလျင် ဗရောင်ချိန်း ဘရိန်းချောင်သွားမှာ စိုးဒယ်။ ကျုပ်လည်း အရင်မလူး အဖြစ်ခံနိုင်ဘူး၊ ခုတောင် ကရင်မလင် ဆိုပြီး ကွယ်ရွာ အတင်းတုပ် ခံနေရဒါ။ ဟေ့ မော်စကိုပျံ မဟုတ်ဖူးကွ၊ တိုကျိုပျံ သိရဲ့လား။ ဂျပန်မ ရေချိုးခန်း ချောင်းကြည့်တာ မိလို့ နှင်အထုတ်ခံရဒယ် မထင်နဲ့ မြေအောက်ရထားထဲ လက်သရမ်းဒါတောင် မိအောင် ရဲမဖမ်းနိုင်ဗူး..။ ဒီတခါ ချောင်းယုန်မက ရေပါတူတူ ဝင်းချိုးဂဲ့ဦးမည်။ နူးဘာဂီဆိုဒဲ့ဗွဲ့ အချောင်ရထားဒယ် အထင်နဲ့။။   ဖျားပေးပေး ကြမ်းပေးပေး ဗာကွယ်..။ သူ့ကိုငါ ဆိတ်နဲ့တောင် […]


ဇီဇီDecember 2, 20134min043
မွအိ အလှည့်ရောက်ပြီ။ ဟိ။ အိမ်ချက် အစစ် ကို လိုချင်ပါတယ် ပြောထားဖူးတာ မမေ့သေးဝူးးးး အဲလာတွေ ချစ်ရှာကောင်းတာ၊ နာ့ အမွတွေ။ :chit: သူတို့ကို ချစ်ရလွန်းလို့ ဆိတ်သား အမွ ကြော်တောင် စားချင်လာပြီ။ (ဘာမှ မဆိုင်) ထားပါတော့။ အိမ်ချက် အစစ်လေး စားချင်သူတွေ အတွက်၊ ဝက်သားမစားတဲ့ သူတွေ အတွက် ရည်ရွယ်ပါတယ်။ အားပေးပါဦးးးး အဲ !!! ချက်နည်းတွေ မေးရင် မွအိ ဖြေပေးဦးနော်။ ဟိဟိ 😀 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   KZ’s ထမင်းဆိုင်မှာ စားဖိုမှုးလုပ်ဖို့ရာ ဘာချက်ရရင်ကောင်းမလဲ ခုတော့ စဉ်းစားနေရပြီ…  ကိုယ်က လက်တွေ့ဘဝမှာ ရုံးအလုပ်တစ်ဘက်နဲ့ အိမ်ရှင်မလေ……  ရုံးအားရက် စနေ၊တနင်္ဂနွေမှာ ဈေးသွား […]


ငါ့ကိုယ်တွေ့ အရက်ဖက် အဖွဲ့အစည်းများအား ထိပ်တိုက်ရင်ဆိုင်တွေ့မှုများ ရှောင်ရှားရန် သမဒဂျီး ဦးသိန်းစိန် သတိပေး ပေါကျားဆင် မိန်းမမှ ဖုံးဆက်ခေါ်သဖြင့် အစည်းအဝေးခန်းထဲမှ အလျင်အမြန် ပြေးအထွက် တိုင်နှင့်နဖူး ပြေးဆောင့်မိကျောင်း ခါတော်မှီ အသစ်တိုးချဲ့ ဖွင့်လှစ်လိုက်သည့် နား၊ နှာခေါင်း၊ လည်ချောင်းနှင့် နဖူးဆေးရုံ ပြင်ပလူနာမှတ်တမ်းတွင် ဖတ်ရသည်။ တေရောဗဲ.. ရန်ကုန်တက္ကသိုလ် စိမ်ရတုခန်းမတွင် ပြုလုပ်သော သမဒဂျီးနှင့် အရက်ဖက် အဖွဲ့အစည်းများ တွေ့ဆုံပွဲအပြီး ညစာစားပွဲ၌ အရက်၊ဘီယာ မတိုက်၊ ဆိုဒါအချိုရည်သာ ပါသည့်အတွက် သူ့ထက်ငါ အလုအယက် ဧည့်ခံပွဲ တက်လာဂျသော မြန်တျန့်ဂေဇက် ဒါဇိမ်ပလက်စ် အရက်ဖက် အဖွဲ့သားများ ပက်လက်လန် ကုန်သည်။ ဒါလဲမမှတ် ဆန္ဒပြပွဲတွင် ဘာသာရေး ယုန်ကြည်ချက် စော်ကားမော်ကားသည့် ပိုစတာဆိုင်းဘုတ် အသုံးအနှုန်းများအား […]