ဝါဆိုထမင်းပိုစ့်မှာ တန်းလန်းကြီးထားပြီး ထွက်သွားရတဲ့အတွက် စာဖတ်သူများကိုတောင်းပန်ပါတယ်ဗျာ….။ ကျုပ်မလဲ အိုကြီးအိုမအချိန်အထိကို ပရိယေသန ဝမ်းရေးကိစ္စတွေနဲ့ နပန်းလုံးနေရတုန်းမို့ပါ…။ အခုမှ ရေးထားတာလေးဆက်ရေးမယ်လုပ်တော့ အရှိန်မရတော့ပါဘူး။ ဒါကြောင့်မို့ ဝါဆိုထမင်းကျွေး(လှူ)တဲ့ ဓလေ့လေး ဖြစ်ပေါ်လာပုံနဲ့၊ ကျူပ်တို့မိသားစုအလှူလေးကိုပဲပြောပါရစေ..။ ကျုပ်တို့မြို့မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ဆယ်ကျော်လောက်တုန်းက အနီးဝန်းကျင် မြို့ပေါ်ကျေးရွာ ဒကာဒကာမတို့ အထူးကြည်ညိုတဲ့ တောရဆောက်တည်သီတင်းသုံးနေထိုင်တဲ့ ဆရာတော်ကြီးတပါး ရှိခဲ့ပါတယ်။ အဲဒီဆရာတော်ကြီးဟာ ၁၉၅ဝ ခုနှစ်ဝန်းကျင် ပြည်တွင်းစစ်မီးတောက်လောင်တဲ့အခါကျတော့ မြို့ပေါ်ကခွာပြီးတိမ်းရှောင်ရင်း ခပ်လှမ်းလှမ်းက ရွာကြီးတရွာမှာ သီတင်းသုံးပါတယ်။ ရွာသူရွာသားတွေကလဲ ဆရာတော်ကြီးရဲ့အနေအထိုင် တရားဓမ္မတွေကြောင့် အထူးကြည်ညိုကြပါတယ်။ နောင်နှစ်နဲနဲကြာလို့ ဆရာတော်ကြီး မြို့ပေါ်ပြန်ကြွလာတဲ့အခါ နှစ်စဉ်ဝါဆိုလပြည့်နေ့ရောက်တိုင်း သူသီတင်းသုံးခဲ့ရာရွာက ဒကာဒကာမတွေက ပန်းတွေ၊သင်္ကန်းတွေ၊လှူဖွယ်တွေနဲ့ ဆရာတော်ကြီးကို လာဖူးကြပါတယ်။ ဘုရားမှာ ဝါဆိုပန်းကပ်၊ […]


Ma EiAugust 3, 20122min020
ဝါဆိုမိုး ၊ ဝါဆိုပန်း နှင့် အတူ…   ဝါဆိုမိုးနှင့်အတူ ဝါဆိုပန်းကလေးတွေ ဖူးပွင့်လာခဲ့ပါပြီ်… ဝါဆို၊ဝါခေါင် ရေဖောင်ဖောင် ဆိုသလို မိုးများများရွာလာရင်ဖြင့် ခြံရှေ့မှာ ဝါဆိုပန်းပင်လေးတွေပေါက်လာခဲ့ပါတယ်… ကျမ ဝါဆိုပန်းလို့ခေါ်တဲ့ ပန်းကလေးတွေသည် ပန်းတိမ်ငိုကဲ့သို့ မျိုးရင်းထဲကဖြစ်ပါလိမ့်မည်… ပန်းတိမ်ငိုပန်းသည် တွင်ကျယ်စွာစိုက်ပျိုး ရောင်းချနေသော ပန်းမျိုးဖြစ်ပြီး၊ယခု ဝါဆိုပန်းကလေးများကိုဖြင့် မည်သည့်နေရာ ဒေသများတွင် ပေါက်ရောက်သည်၊မည်ကဲ့သို့ အမည်ရှိသည် ဆိုသည်ကိုဖြင့် မသိပါကြောင်း စကားဆိုထားပါရစေ…       ဝါဆိုပန်းများပွင့်သော ဝါဆိုလသည် ဗုဒ္ဒဘာသာ မြန်မာလူမျိုးတို့အတွက်ထူးခြားသော လထူးလမြတ်လည်းဖြစ်ပါသည်။ သနေ၊္နတောထွက်၊ဓမ္မစက်၊တစ်ချက်ပြာဋိဟာ ဆို၍ ဝါဆိုလတွင် မြတ်စွာဘုရားရှင်အလောင်းတော်ကိုဖွားမြင်ရန် မယ်တော်၌သန္နေခခြင်း၊ ဘုရားအလောင်းတော် တောထွက်တော်မူခြင်း၊ဘုရားဖြစ်တော်မူ၍ ပဉ္စဝဂ္ဂီ ငါးပါးတို့အား တရားဦးဟောတော်မူခြင်း၊တိတ္တိတို့အား တန်ခိုးပြာဋိဟာ ပြတော်မူခြင်းတို့ကိုပြုခဲ့သောလပင်ဖြစ်ပါသည်။ ဝါဆိုလသည် ရဟန်းသံဃာတော်များ ဝါဆို၊ဝါကပ်တော်မူသော […]


      ဒီလို ဝါဆိုလပြည့်နေ့ရောက်ပြီဆိုမှဖြင့် ကျုပ်ရဲ့ရောဂါတခုက ဝါဆိုထမင်းလေးစားချင်တာ၊ ဝါဆိုထမင်းလေးကို တမ်းတမ်းတတနဲ့ကို လွမ်းမိတာပါ….. ဝါဆိုထမင်းဆိုတာကတော့ ကျုပ်ရဲ့ဇာတိမြို့ငယ်လေးမှာ ဝါဆိုလပြည့်နေ့တိုင်း စတုဒိသာအဖြစ် ဘုန်းကြီးကျောင်းတွေမှာ လှူတဲ့ကျွေးတဲ့ ထမင်းဆိုပါတော့…။ အဲလိုစာတစောင်ပေတဖွဲ့-ဖွဲ့ပြီးလွမ်းရလောက်အောင် ဘယ်လောက်ကောင်းကောင်း ဘယ်လိုခမ်းခမ်းနားနားကျွေးတဲ့ အလှူမျိုးပါလိမ့်လို့တော့ မထင်လိုက်လေနဲ့- ဝါဆိုထမင်းဆိုတာ အခြေခံအားဖြင့် ပန်းကန်ထဲ ထမင်းထည့်၊ ချဉ်ပေါင်ဟင်းရည်ကိုဆမ်းပြီး၊ မျှင်ငပိထောင်းတဖဲ့လောက် ပန်းကန်ပေါ်တင်ပေးလိုက်တဲ့ ထမင်းပွဲမျိုးပါဗျာ… တချို့ကျောင်းတွေမှာတော့ အလှူရှင်က တတ်နိုင်လို့ဖြစ်ဖြစ် နာမည်လေးမသိမသာလိုချင်လို့ဖြစ်ဖြစ် ဓညင်းသီးပြုတ်တို့စရာလေးတော့ ထည့်ပေးတတ်ပါတယ်။ အဲဒါ ဌာန်ကုန်ပါပဲ…။ နောက်ထပ်ဘာဟင်း ဘာဟင်းချို ဘာအဖက်အစွက် ဘာအချိုပွဲ ဘာဖျော်ရည်မှ မပါတော့ပါဘူး..။ စားရတဲ့ပုံကိုရောပြောပြရဦးမလား… ဘုန်းကြီးကျောင်းထဲ ဖိနပ်ချွတ်ဝင်၊ အဲဒီဖိနပ်ကို မပျောက်အောင် ခါးကြားထိုး၊ (နောက်ပိုင်းတော့ ကြွပ်ကြွပ်အိတ်လေးတွေနဲ့ထည့်ပြီး ကိုယ်နဲ့မကွာဆောင်ပါတယ်၊ မဆောင်ရင်ကျိန်းသေပျောက်ပါတယ်)၊ ထမင်းကျွေးတဲ့ဆွမ်းစားဆောင်/ဓမ္မာရုံ/တနေရာရာကိုသွားပြီး […]


Pye Kun ZawJuly 31, 20121min09
လူတွေနှင့်ဆက်ဆံရတဲ့အခါမှာ လူအကဲခတ်ဖို့အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့တစ်တွေဟာ ဟိုးငယ်ငယ်ကလေးဘဝထဲကနေစပြီး သေဆုံးသည်အထိ မိတ်ဆွေအသစ်တွေ ဆွေမျိုးအသစ်တွေကို ကြုံဆုံကြရပါတယ်။ ပြီးတော့ကိုယ်ဘဝတစ်လျှောက်လုံးအတွက် ကြင်ဖော်ကိုလည်းရွေးချယ်ရပါတယ်။ ကိုယ်နှင့်မသိတဲ့ သူစိမ်းကနေပြီးတော့ သူငယ်ချင်းမိတ်ဆွေဖြစ်လာသလို ဘဝကြင်ဖော် ကိုယ့်အမျိုးကနေတစ်ဆင့်တော်ရတဲ့ ဆွေမျိုးအဖြစ်ရောက်လာကြရမှာ ထိုသူစိမ်းအပေါ် ကိုယ်ရဲ့အကဲဖြတ်မှုဟာ အလွန်အရေးပါပါတယ်။ ကလေးဘဝထဲကစပြီး ကိုယ်ပေါင်းမယ့်သူငယ်ချင်းကိုစရွေးချယ်ရပါတယ်။ နောက်ဘဝလက်တွဲဖော် ရွေးချယ်တော့လည်း မသိမသာရော သိသိသာသာရော ကိုယ်ရဲ့တစ်ဘက်သားအပေါ် အစပိုင်းမှာအကဲခတ်မှုဟာ လွန်စွာမှအရေးပါပါတယ်။ ဒါကြောင့်လူအကဲခတ်မှုမမှားစေဖို့ အရေးကြီးလှပါတယ်။ အလုပ်ခွင်ရောက်တော့လည်း လူအကဲခတ်ခြင်းကို မဖြစ်မနေသုံးရပါတယ်။ အလုပ်မဝင်ခင်မှာထဲက အလုပ်ရှင်(သို့)အထက်လူကြီးဘက်ကရော အလုပ်သမားဘက်ကပါ ကိုယ်နှင့်အဆင်ပြေမပြေ သုံးသပ်အကဲဖြတ်ကြပါတယ်။ ကျွန်တော်အထက်ကမန်နေဂျာကို အလုပ်ရှင်ကစခန့်ခဲ့စဉ်က သူစိတ်ထဲမှာဒီလူဟာ အသုံးဝင်မယ့်သူဖြစ်မယ်လို့ ခံစားအကဲဖြတ်မိလို့ ခန့်လိုက်တယ်လို့ဆိုပါတယ်။ စာရွက်ပေါ်က လတ်မှတ်တွေ အလုပ်အတွေ့အကြုံတွေအရဆိုရင် သူကိုအလုပ်ခန့်ဖို့ အခွင့်အလမ်းနည်းပါတယ်။ တစ်ခါတလေမှာ အကဲခတ်မှုမှန်တာတွေရှိသလို မှားတာတွေလည်းရှိပါတယ်။ အမှားနည်းအောင်အသေးစိတ်ကျကျ လေ့လာအကဲခတ်ဖို့လိုအပ်ပါတယ်။ ငယ်ငယ်ကပုံပြင်ဇတ်လမ်းလေးတစ်ပုဒ်ကို […]


koyin sithuJuly 31, 20121min024
မိမိမွေးရပ်မြေမှ ကျွန်တော်ထွက်လာလိုက်တာ ဒီနေ့နဲ့ဆို တစ်လတင်းတင်းပြည့်တော့မည်။ ရန်ကုန်မှာနေစဉ်တုန်းက အလုပ်မရှိ၊ အချိန်ကလည်းရသည်မို့ စာတွေ ပို့စ်တွေရေးလိုက်တာ ခုတော့ ပြန်ဖတ်ကြည့်တာ ကိုယ့်ကိုယ်တောင် ငါ ဒီလောက်တောင် ရေးနိုင်ပါလားလို့ အံ့ဩသင့်မိသည်။ ဂေဇက်ရွာကိုကော၊ မိတ်ဆွေ ရွာသူားများကိုပါ ဘယ်ပင်လယ်ပြင်ထဲ ရောက်ရောက်သတိရနေမိသဖြင့် ဂေဇက်ရွာကိုလည်း အချိန်မရသည့်ကြားမှ အင်တာနက်လိုင်း ရရင်ရသလို ရွာသူားများ ပို့စ်တွေကို အမြဲဖတ်၍ အားပေးနေမိသည်။ ယခုကိုယ်တိုင်တော့ စာရေးဖို့ အချိန်သိပ်မပေးသလို Duty နားရင်လည်း ပင်ပန်းလို့ အိပ်ပျော်သွားသလို၊ ပို့စ် ရေးနေတုန်း Walkie-talkie မှ ဟိုခိုင်းဒီခိုင်းဆိုရင်လည်း Mood ကပျက်သွားပြီး စာသိပ်မရေးဖြစ်တော့။ ကျွန်တော်တို့ သင်္ဘောပေါ်တွင် ဖားပြုတ်(ဖိလစ်ပိုင်)၊ အီဂျစ်၊ အိန္ဒိယ၊ ရွှေ စတဲ့ လူမျိုးတွေပါဝင်သလို ရွှေမြန်မာကလည်း ကျွန်တော်ပါ အပါမှ […]


etoneJuly 31, 20121min025
  ကျွန်မတို့နိုင်ငံက ယခုထက်ထိ ဖွံ ့ဖြိုးစဲနိုင်ငံအဖြစ်ရပ်တည်နေရသေးလို့လား မသိဘူး …. ပါ့ဘလစ်နေရာတွေမှာ ပရိုက်ဗိတ်ဆန်ဆန် ပြုမူနေတာတွေ တွေ့နေရတုန်းပါပဲ  ။ တွေ့မိမြင်မိတာ ၊ အကြိမ်ကြိမ်ဖြစ်လာတော့လည်း ပို့စ်ရေးပြီး အများမြင်အောင် ချပြချင်တဲ့စိတ်ဖြစ်လာမိပါတယ် ။ အကျိုးကြောင်းတိုက်ဆိုင်လို့ .. အဖြစ်ပျက်တူသူတွေထဲက ဖတ်မိလျှင်လည်း ၊ ပါ့ဘလစ်နဲ့ ပရိုက်ဗိတ်ခွဲခြားတတ်မယ်ဆိုလျှင် … တစ်ယောက်ပဲ ဖတ်မိစေဦးတော့ ……..ရေးရကျိုးနပ်တယ်လို့ မှတ်ယူပါမယ် …… ။ တိုက်ဆိုင်သူတွေက ဝိုင်းပြီး မေတ္တာပို့မယ်ဆိုလည်း … ကျိန်စာဝလေ လှလေလို့ သတ်မှတ်ပြီး ……ခံယူပါမယ် …. %%%%%%%%%%%%%%%%%% ဘိုးတော်ဘုရား လေးဘက်သွားတဲ့ ခေတ်တွေကတည်းက ဖက်ကြမ်းဆေးလိပ်သောက်လာရာကနေ … အခုဆို လမ်းမတွေပေါ်မှာ စီးကရက်လက်ကြားညှပ်လို့ သောက်နေတဲ့အမျိုးသားတွေ အရွယ်စုံ အတန်း စုံ […]


ဒီနေ့ဟာ ကြောင်ကြီးမွေးနေ့ပါ။ ဘယ်သူမှ အရေးတယူ မလုပ်ကြတော့ ကိုယ့်ကိုယ်ကိုဖော် ကြောင်သူတော် လုပ်ရတာပေါ့ဗျာ။ ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ ဦးကြောင်ကြီး၊ ဂုဏ်ယူပါတယ်ဗျာ အခုလို သတိတရ ဆုတောင်းပေးမည့်သူရှိတာ…။ Meow………..


htet wayJuly 30, 20121min019
ညီမလေးရေ တစ်ယာက်နဲ့ တစ်ယောက် ပြဿနာဖြစ်ရင် ကြား လူက သည်းခံလိုက်ပါ ၊ စိတ်လျှော့ပါ လို့ ပြောတတ်ကြတာ ညီမလေး လည်း ကြားဖူးမှာပေါ့နော်။တကယ်တော့ သည်းခံတယ်ဆိုတာ လွယ်လင့်တကူ လုပ်လို့ မရနိုင်ဘူး။စိတ်ကို ချုပ်တည်း ထားနိုင်ဖို့ ဆိုတာ လွယ်လင့်တကူကိစ္စတော့ မဟုတ်ဘူး ညီမလေးရယ်။ အကိုကတော့ သည်းခံတာကို ကြံ့ခိုင်တာလို့ ပြောချင်ပါတယ်။သည်းခံနိုင်တဲ့ စိတ်ဆိုတာ ကြံ့ခိုင်ခြင်း မဟုတ်ဘူးလား။ အကိုတွေ့ဖူးတဲ့ ကျောင်းဆရာမလေး ဆို ကလေး တစ်ယောက် မွေးပြီးစအချိန်မှာ ယောက်ျားက ပစ်သွားခဲ့တယ်။ ရင်ခွင်ပိုက်ကလေး တစ်ယောက်နဲ့ မြို့နဲ့ ၄မိုင်လောက်ဝေးတဲ့ ခရီးကို ကလေးကို ကျောလွယ်လို့ စာသင်မပျက်သွားခဲ့တယ် ညီမလေး ။ဘယ်လောက်လေးစားဖို့ကောင်း လိုက်သလဲညီမလေးရယ်။နောက်မိုးဆိုလည်း မိုးကာလေးနဲ့ ဆောင်းဆိုလည်း စောင်တွေဘာတွေနဲ့ ကလေးကို ယုယလို့ […]


ခင္ခJuly 30, 20121min04
“ နားလည်မှု နဲ့ စည်းကမ်းလိုက်နာမှု့ ယှဉ်ကြည့်မိတာပါလို့ ´´( ခေါင်းစဉ်စာသားပါ) ပြီးခဲ့တဲ့ နှစ်ပတ်ကျော်လောက်က ရန်ကုန်ကသူငယ်ချင်းတစ်ယောက် မန္တလေးကို အလုပ်ကိစ္စနဲ့ရောက်လာလို့   မနက်ကုမ္မဏီရုံး အလုပ်တွေလုပ်ပြီး ထမင်းစားချိန် မတိုင်မှီ နေလည်စာအတူူစားရင်း စကားပြောကြရအောင် သူတည်းခိုတဲ့ဟိုတယ်ကနေခေါ်ပြီး မြန်မာထမင်းဆိုင်ကို ကားနဲ့သွားတော့ မန္တလေးလမ်းပေါ် မှာ မောင်းနေကြတဲ့ဆိုင်ကယ်၊စက်ဘီးနဲ့ ကားတွေကို ကျွန်တောကတော့ သူအရပ်နဲ့သူ့ဇာတ်ဆိုသလို မောင်းနှင်သွားတာကို သူငယ်ချင်းက ဘေးကထိုင် လိုက်ရင်း “မင်းတို့မန္တလေးက ဆိုင်ကယ်တွေ၊ ကားတွေမောင်းတာ လမ်းစည်းကမ်းလည်း မလိုက်နာဘူး  ဖြစ်သလိုမောင်းနေကြတာဘဲ၊ ရန်ကုန်မှာဆို အခုလိုမောင်း ပုံမျိုးနဲ့ဆို အဆဲကြည်ခံနေရမှာကွာ´´ လို့ပြောတော့ ကိုယ်နေတဲ့မြိုကိုလာပြောတာမို့ ကျွန်တော်ကလည်း“မင်းတို့ရန်ကုန် မီးပွိုင့်တွေဆိုတာ လမ်းဆုံ၊လမ်းခွတွေမှာရှိပြီး အဲဒီမီးပွိုင့်က နီ ဝါ စိမ်း ကိုကြည့်ပြီး မောင်းကြသလို၊ ဦးစားပေးလမ်း၊ လမ်းသွယ် ဒါတွေလည်းစည်းကမ်းလိုက်နာမောင်းကြတာပေါ့ကွာ၊ […]


အနောက်ကမာ္ဘမှာ ထေရဝါဒ ဗုဒ္ဓဘာသာ လူသိနည်းတာ ဘာကြောင့်လဲ တွေးနေမိတယ်။ အတွေးအခေါ် အယူဝါဒတခု ပေါက်မြောက်ဖို့သည် နယ်ခံတွေရဲ့ အကျင့်စရိုက်နဲ့ အများကြီးဆိုင်တယ်။ အဲဒီယဉ်ကျေးမှု လားရာကို ခေတ်ရေစီးကြောင်းက ပုံဖော်ပါတယ်။ အဲလိုကောက်ချက်ချရင် လွတ်မြောက်မှု အတွေးအခေါ်ဟာ အဖြေပဲ။ လစ်ဘရယ်များအကြား ရေပန်းစားတဲ့ ဇင်၊ မဟာယာနမှာ စာသိပ်မပြောဘူး၊ ကန့်သတ်ချုပ်ချယ်မှု အနည်းဆုံးထားတယ်။ သိသလောက် တိဗက်မဟာယာနမှာလည်း ထေရဝါဒလိုပဲ ပညတ်ချက်တွေ အများကြီး ရှိပါတယ် သို့ပေမယ့် အနောက်ကမာ္ဘ ရောက်လာတဲ့အခါ လိုရင်းပွိုင့်ကို ထုတ်ပြတယ်။ ဓမ္မအရသာကို ဦးစွာ မြည်းစမ်းစေတယ်။ အားသာချက် အားနည်းချက်ကတော့ ဘယ်နေရာမဆို ရှိစမြဲပဲ၊ လွတ်လပ်မှုကြောင့်ဖြစ်တဲ့ အမှားတွေကို ညွှန်ပြတတ်ရင် ထိန်းချုပ်မှု ဆိုးကျိုးတွေကိုလည်း သိတတ်ရမယ်။ လက်ရှိကမာ္ဘမှာ ဗုဒ္ဓသာသနာ ဘယ်ဖက်က ပြုနေသလဲ […]


PareByokeJuly 29, 201228min013
***သတင်းမီဒီယာတွေကရွေးချယ်တင်ဆက်လိုက်တဲ့ဓာတ်ပုံတွေပါ၊  များလွန်းလို့  ကျန်တာတွေကို ကြည့်ဖို့ ရှာဖွေပေးထားတဲ့ လင့် တွေကိုနှိပ်ပါ၊***   အမြန်မောင်း မော်တော်စက်လှေနဲ့ နံမယ်ကျော် ဘော်လုံးသမား David Beckman က မီးတိုင်သယ်လာတာ  Big Ben နာရီ မျှော်စဉ်ကြီးအနားက Westminster နန်းတော်ပေါ်အင်ဂလိပ် အလံပုံရိပ်ကြီးကို ထိုးတင်လိုက်တာ ပြသဒ် နဲ့တံတားပေါင်းစပ်တဲ့Tower Bridge မှာမီးရှူးမီးပန်းလွှတ်တာ တရုပ် ကနေဒါ ဩစတေးလျား အမေရိကန် အားကစားအဖွဲ့တွေက ချီတက်ပြီးဝင်လာကြတာ အားကစားရုံရဲ့မြင်ကွင်းကျယ်ရှုခင်း နောက်ဆုံးမီးတိုင်ကိုင်သူ ခုနှစ်ဦးက ဖွင့်ပွဲအတွက် မီးထွန်းပေးတာ အားကစားရုံ ပေါ်ကမိုးကောင်းကင်အထိ ထိန်ထိန်လင်းအောင်မီးရှူးမီးပန်းတွေလွှတ်တာ ( အောက်ကလင့်မှာ စုစုပေါင်း  ပုံ ၄၄ ရှိတာ ) London 2012: The Opening Ceremony – In […]


Pye Kun ZawJuly 29, 20121min05
ယနေ့ခေတ်လေယာဉ်တွေအားလုံးမှာ ဆေးလိပ်သောက်ခွင့်ကို တားမြစ်ထားပါတယ်။ လေယာဉ်တစ်ခုလုံး ဘယ်နေရာမှသောက်ခွင့်မပြုပါဘူး။ ဒါပေမယ့် အိမ်သာထဲမှာတော့ ဆေးလိပ်ပြာခွက်တွေ တွေ့နေရပါတယ်။ ဟိုးအရင်တုံးက ဆေးလိပ်သောက်ခွင့်ပြုခဲ့စဉ်အခါက ထားခဲ့တဲ့ ဆေးလိပ်ပြာခွက်တွေကို မလွင့်ပြစ်မိဘဲ ဒီအတိုင်းကျန်နေခဲ့တာလား။ ဒါလည်းမဖြစ်နိုင်ပါဘူး။ ဆောင်းပါးတစ်ခုကရေးထားပါတယ်။ အကယ်၍များ ဆေးလိပ်ပြာခွက်တွေကို အိမ်သာထဲမှမထားဘဲ လေယာဉ်ထွက်ဖို့မဖြစ်နိုင်ပါဘူးတဲ့။ တော်တော်တော့ထူးဆန်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆေးလိပ်သောက်တာကိုဘယ်လောက်ဘဲ တားမြစ်ထားပေမယ့် ဆေးလိပ်စွဲနေသူတွေကတော့ ဘာဖြစ်ဖြစ်သောက်မှာပါဘဲ။ အထူးသဖြင့်ခရီးရှည်သွားရတဲ့ လေယာဉ်တွေပေါ်မှာ တနေ့ဆေးလိပ်တစ်ဗူးနှစ်ဗူး သောက်နေကျလူက မသောက်ဘဲဘယ်နေနိုင်ပါလိမ်မလဲ။ တကယ်လို့သာ ပြာခွက်တွေ ထားမပေးထားဘူးဆိုရင် ဆေးလိပ်အကြွင်းအကျန်တွေက ဖြစ်တဲ့အန္တရယ်ကိုလှလှကြီးခံရတော့မှာပါ။ ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်။ ၁၉၇၃မှာလူပေါင်း ၁၂၃ယောက်ကိုသေစေခဲ့တဲ့ လေယာဉ်ပျက်ကျမှုတစ်ခုရဲ့ တရားခံဟာ ဆေးလိပ်အကြွင်းအကျန်ကြောင့်ဖြစ်ပါတယ်။ ပြာခွက်မရှိတော့ ဒီအတိုင်းလွင့်ပစ်လိုက်ရင်း အန္တရယ်ဖြစ်စေခဲ့တာပါ။ ဥပဒေတွေဟာ လူကဖြစ်လာတာကြောင့် နောက်ဆုံးလူအများဆန္ဒကိုဘဲ လိုက်ခဲ့ရတာပေါ့။ သိသာသိစေမမြင်စေနှင့်ဆိုတဲ့သဘောပေါ့။


etoneJuly 28, 20121min024
ကာလအတန်ကြာ မြင်တွေ့ ကြားသိကာ ကြုံနေရပေမယ့် ၊ ယခုထက်တိုင် ထူးခြား တိုးတက်ပြောင်းလဲလာခြင်းမရှိသော အလုပ်သမားဘဝ ပတ်ဝန်းကျင်က အကြောင်းရာ အချို့ကို တို့ဆိတ်ပြပါဦးမည်။ ကျွန်မကိုယ်တိုင်က သူများ လခစား အလုပ်သမားတစ်ယောက်ဖြစ်သောကြောင့် ၊ ဒီပို့စ်လေးကို အလုပ်သမားတစ်ယောက်ဧ။် အမြင်ဘက်မှရော ၊ ဘဝတူ အလုပ်သမားတွေအား စာနာစိတ်ဖြင့်ရော ရေးလိုက်ခြင်းဖြစ်သည် ။ဝေဖန်မှုပြုရလောက်အောင် မရင့်ကျက်ပါ သို့သော် မျက်စိတထောက်စာအရ မြင်သမျှရေးလိုက်ခြင်းသာ ဖြစ်ပါသည် ။ ကျွန်မတို့တွေ ဘဝရှင်သန်ရပ်တည်ဖို့အတွက် အလုပ်ကိုယ်စီ လုပ်ကြရသည် ။ မိမိဧ။် ပညာအရည်ချင်း ၊ ရွေးချယ်မှု  ့၊ ပတ်ဝန်းကျင် အသိုင်းဝိုင်း ထောက်ပံ့ပေးမှု ၊ မိမိတို့ဧ။် ရွေးချယ်မှုပေါ် မူတည်ပြီး အလုပ်ခွင် ၊ အလုပ်နေရာ ၊ ရာထူး […]