ကြောင်လေးAugust 17, 20121min019
သန့်စင်ခန်းဒုက္ခ (၂) အထူးခန်းထဲရေလျှံပြီးနောက်ပိုင်းကြောင်လေး ဗော်လန်တီယာအလုပ်တစ်ခုလုပ်ခဲ့ပါတယ်။ ဒုတိယတန်းအိပ်ခန်းတွေအတွက် ရေချိုးခန်း၊အိမ်သာခန်းတွေ အပြင်မှာပါ။ ရေလွှတ်တဲ့အချိန်ဆို အများအားဖြင့် အဲဒီအခန်းတွေမှာ ဘားတွေပွင့်နေပြီး ရေတွေတဝေါဝေါထွက်နေတာထုံးစံပါပဲ။ ကြောင်လေးသိတဲ့အချိန်ဆိုရင်        မနေနိုင်တော့ တခန်းပြီးတခန်းလိုက်ပိတ်တာပေါ့။ သင်္ဘေားသားတွေကလည်းရေလွှတ်ပြီးရင် လိုက်ပိတ်ပါတယ်။ ကျနော်ပိတ်ပြီးသွားတဲ့အခါဆိုရင် သူတို့သက်သာသွားတာပေါ့။ တပတ်ကျတော့  ကျနော်အခန်းတွေရေလိုက်ပိတ်ရင်း အိမ်သာခန်းတစ်ခန်းရဲ့ ဘားကကျိုးနေပြီး ပိတ်လို့မရတော့ပါဘူး၊   ရေတွေကတဝေါဝေါထွက်နေတာပေါ့။ကျနော်လည်းတံခါးလေးပြန်ပိတ်၊ အောက်ထပ်ဆင်းပြီးတာဝန်ကျသင်္ဘောသား ရှာရတာပေါ့။   တွေ့တော့အကျိုးအကြောင်းပြောပြတဲ့အခါ၊ သူကလည်းသူးအထက်အရာရှိကိုသတင်းပို့ပါတယ်။ အရာရှိက လောလောဆယ်တော့ တစ်ခုခုနဲ့ ဆို့ထားလိုက်ကွာ၊ မြို့ရောက်မှ ဘားအသစ်တစ်ခု ဝယ်လဲမယ်လို့ပြောလိုက်တော့ သင်္ဘောသားလည်း ပုဆိုးစတစ်ခုဖြဲ၊တုတ်တစ်ချောင်းရှာပြီးယူလာပါတယ်။ ကျနော်က အဲဒီအခန်းထဲအမှတ်တမဲ့ ဝင်သုံးပြီးတော့မှ ရေမရှိရင်ဘယ်လိုလုပ်မလဲ ဆိုပြီး ခရီးသည်ဘက်ကစဉ်းစားပြီးပြောပြတော့၊ သင်္ဘောသားက ဟုတ်တယ် သော့တစ်ခါတည်း ခတ်ထားလိုက်မယ်ဆိုပြီးသော့တွဲပါယူပြီးအပေါ်ထပ်ကိုတက်လာခဲ့ကြပါတယ်။ အပေါ်ထပ်ရောက်တော့ ရေထွက်နေတဲ့အခန်းလိုက်ပြ၊ သင်္ဘောသားလဲတံခါးကိုဆွဲဖွင့်လိုက်တဲ့အခါကြတော့  အခန်းထဲက “အောင်မလေး…..ကုလားငုတ်တုတ်၊ […]


ムラカミAugust 16, 20122min019
လောကဓါတ်ပညာရှင် အူးခိုင်တယောက် … အခုတလော ..အတော် လက်ဆော့လေသည်…။ သို့သော် ယခု လက်ဆော့နည်းမှာကား … အဆန်းတည်း …။ ထိုလက်ဆော့နည်း ကို သူတွေးမိသည်မှာကား …ရွာသူရွာသား တို့ ၏ စနက်လည်း မကင်းပါချေ …   ဟုတ်သည်….။ ထိပ်ဆုံး ဇနပုဒ်သား ၄-၅ယောက် ကို ပုဂံခေတ် တွင် သွားပစ်ချလိုက်ရာ….ရွာသူား အပေါင်းတို့က ကနောင် မင်းသားကြီးကို ဖောရိန်းစတာဒီ လွှတ်မယ် ပြောလိုပြော … ဗိုလ်ချုပ်ကို ကယ်မယ် ဆိုသူဆို ၈လေးလုံးကို ဖျောက်မယ် ကြံသူကြံနှင့် … အူးခိုင် အတွက် အလွန်အင်မတန် အတွေးအခေါ်အသစ်တွေ ..ကွန့်မြူးစရာ … အိုင်ဒီယာ အသစ်တွေ ရရှိလာခဲ့တော့သတည်း…။   သို့သော် […]


ဦးကြောင်ကြီးအား ဒေါက်တာဘွဲ့ ချီးမြင့်ရန်ရှိကြောင်း တိုင်းနိုင်ငံတဝှန်း အုတ်အော်သောင်းနင်း ဖြစ်နေသည်။ ဦးကြောင်ကြီးကား အသူနည်း..နှယ်နှယ်ရရမဟုတ် ဆယ့်နှစ်ပိဿခွဲအလေးချိန်စီးကြောင်း အတွင်းသိများက ဆိုသည်။ သူစိတ်ဝင်စားသော အပျိုချောဂလေး ရှိပါကာ ဆယ်ထပ် ကန်ထရိုက်တိုက် အမြင့်ဆုံးအထပ်သို့ပင် ရောက်အောင် တချက်ထဲနှင့် ခုန်နိုင်သည်။ အနံ့၊ အကြား၊ အမြင် အာရုံအစွမ်းများမှာလည်း ရှားမှရှားဖြစ်သည်။ ထိုမျှကြောင့်တော့ ဒေါက်တာဘွဲ့ ပေးခြင်းမဟုတ်တန်ရာ၊ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်များကြောင့်သာ ဖြစ်ပေမည်။ ကြောင်ကြီးဘာလုပ်သနည်း၊ ဘာမှမလုပ် ဘေးထိုင် ဘိုင်ကျ ဘုတော ဒီလိုနဲ့ ဘွတ်စမံ အပေးခံရ၊ ဤကား အခြေအမြစ်မရှိ သိက္ခာချ စွပ်စွဲချက်များဖြစ်သည်။ ကြောင်ကြီးသည် သတ္တိဗျတ္တိ ညဏ်ပညာ ပြည့်စုံသူ ရဲရဲတောက် အတိုက်အခံ ဖြစ်သည့်အပြင် ယူဂျီများလို လူသူမသိ အနစ်နာခံ လှုပ်ရှားပေးနေသူလည်းဖြစ်၏။ ဤသည်ကို […]


မိုခ်ိဳAugust 15, 20122min023
ကျမ နေခဲ့ တဲ့ တိုက်တွေ အကြာင်း ကို ရွာထဲမှာ ပိုစ့် တစ်ခု ရေး တင်ဖူးပါတယ်။ ကျမတို့ နေတဲ ့ဆင်း ရဲသား ရပ်ကွက်ဆိုတဲ့ ခေါင်းစဉ် နဲ့ ပါ။ http://myanmargazette.net/111884/creative-writing အဲဒီ မှာပြော ခဲ့ တဲ့ အတိုင်း ပါပဲ ဒီနေ့ မှာ အဲဒီ တိုက်တွေ အကုန် လုံး အပြီး ပြန်အပ်ရ ပါပြီ။ ကျမတို့ ကတော့ ခုချိန် လို အားလုံးစု ပြီး ထွက် ရ ရင် အိမ်ပြန်ငှား ရ ခက်မှာ စိုးလို့ လွန်ခဲ့ တဲ့ ၃လ လောက်…..၂ နှစ် စာချုပ် စေ့ […]


manawphyulayAugust 15, 20121min018
ကျွန်မ ခုတစ်လော ငယ်ငယ်ကအကြောင်းလေးတွေ ပြန်စဉ်းစားနေမိတယ်။ အပြစ်ကင်းစင်တဲ့ ကလေးဘဝကို ပြန်ရောက်ချင်တယ်လည်း မဟုတ်ပါဘူး။ ကျွန်မရဲ့ဝါသနာက ငယ်ငယ်ကတော့ နေ့စဉ် မှတ်တမ်းလေးတွေ ရေးတတ်တယ်။ ဒိုင်ယာရီရေးတယ်လို့တော့ မသိခဲ့ပါဘူး။ ဗလာစာအုပ်ထဲ ဒီနေ့မနက်ဘယ်အချိန်တို့၊ ဘာတို့ စပြီး နေဝင်မိုးချုပ်အိပ်တဲ့အထိဆိုပါတော့။ တစ်နေ့တာ အဖြစ်အပျက်တွေ နောက်မြင်တာ တွေ့တာတွေ စိတ်ထဲခံစားမိတာတွေ ချရေးတော့တာပဲ။ နောက်တော့လည်း ခုကြီးလာချိန်ကြတော့ ဒီစာအုပ်တွေဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။ ငယ်ငယ်တုန်းကတော့ ဘယ်နေ့က ဘယ်သူက ငါ့ကို ဘာပြောတယ် ဘယ်သူက စကားမပြောဘူး။ ပြုံးမပြဘူး စသည့်ဖင့်ပေါ့လေ ပြီးရင် နောက်ရက်တွေကျရင်ပြန်ပြန်ဖတ်ကြည့်တတ်တဲ့ အကျင့်က ရှိပြန်သေးတယ်။ ခုချိန်တော့ ရေးပါဆိုတာတောင် ရေးချင်စိတ်က ဘယ်လိုမှ မကြီးစိုးတော့တာ အရွယ်ကြောင့်လားတော့ မပြောတတ်တော့ဘူး။ ဒါပေမယ့် ခုချိန်ထိ မပြောင်းလဲတဲ့ စိတ်တစ်ခုကတော့ ရှိသေးတယ်။ […]


နိုင်ငံဒေါ်သမဒဂျီး ဦးသိန်းစိတ် ဂေါင်းခြောက်နေသည်၊ သူအာဏာရလာပြီးခထဲက ဒေါ်စုမှစ၍ ယခုနောက်ဆုံး တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်ပါ တွေ့ဆုံခဲ့ပြီးလေပြီ၊ တိုးတက်မှုကား ထင်သလောက် မရသေး။ ဗေဒင် ဟူးရားပညာရှင်များနှင့်လည်း ဓာတ်ရိုက်ဓာတ်ဆင် ယတြာနည်းလမ်းပေါင်းစုံ လုပ်ထားသည်၊ အခြေအနေက ဒုံရင်းကဒုံရင်းပင်..။ အဘယ်ကြောင့်နည်း.. ဟူးရားဖြူ ဟူးရားညိုများ အဆိုအရ မိမိမျှော်မှန်းထားသည်များ အောင်မြင်ထမြောက်စေလိုလျင် သုံးဆဲ့တဘုံ ဝေနေယျများအားလုံးနှင့် ထိတွေ့ဆက်ဆံရမည် သေချာပေါက် အတတ်ဆိုထားသဖြင့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများသာမက နတ်များကိုပါ ဗလိနတ်စာကျွေးခြင်း၊ ဂြိုလ်တိုင်များ ဆီမီးပူဇော်ခြင်း၊ နာနာဘာဝ ဝိနာဘာဝများအား ခေါစာကျွေးခြင်း ပုံမှန်ပြုလုပ်ရသည်။ ဒါလည်း ဟုတ်တိပတ်တိ ဖြစ်မလာ၊ အရေးထဲအရာပေါ် ရခိုင်ဘင်္ဂါလီ အဓိကရုဏ်းပင် ဖြစ်လိုက်သည်။ တခုခုတော့ မှားယွင်းပေသည်။ ထို့ကြောင့် အစိုးရအဖွဲ့အတွင်း ဗေဒင်ဟူးရားအတတ် အထူးကျွမ်းကျင်သော ရထားဝံကျီး ဦးကြောင်မင်းအား […]


ကြောင်လေးAugust 14, 20121min020
“မောင်သန့်ဇင်…….ဒေါက်..ဒေါက်..ဒေါက်” “ဒေါက်..ဒေါက်..ဒေါက်…… မောင်သန့်ဇင်” “မောင်သန့်ဇင်…….ဒေါက်..ဒေါက်..ဒေါက်” “ဒေါက်..ဒေါက်..ဒေါက်…… မောင်သန့်ဇင်” “မောင်..ဒေါက်…သန့်….ဒေါက်….ဇင်….ဒေါက်” (မောင်သန့်ဇင်…လို့ခေါ်သံနဲ့  ဒေါက်…ဒေါက်..ဒေါက်…လို့ တံခါးခေါက်သံ တပြိုင်တည်းဟုမှတ်ပါရန်။) “အား………..ကျွတ် …ကျွတ်….ကျွတ်…… ခေါ်လို့လဲမရဘူး…..ဒုက္ခပါပဲ…” “မရှိဘူးထင်တယ်…..ဘယ်များသွားနေလဲမသိဘူး……. အင်း ….ဟိုဘက်အခန်းတွေ သွားကြည့်ဦးမှ…….” ဘတ်တလာခန်း စတိုခန်း.. အိပ်ခန်း (၅) အိပ်ခန်း (၄) – – – “အင်း…ဒီအိပ်ခန်းထဲကလူတွေကိုမေးကြည့်ရရင်ကောင်းမလား….” “ဟယ်မဖြစ်သေးပါဘူး၊ ဒီလိုအခန်းမျိုးကလိုက်လာတဲ့သူတွေက သူဌေးတွေ၊လူဂုဏ်တန်တွေ…… သူတို့ကိုသွားမေးရမှာ ရှက်ဖို့ကောင်းပါတယ်လေ….မမေးတော့ပါဘူး၊” အိပ်ခန်း (၃) အိပ်ခန်း (၂) အိပ်ခန်း (၁) ဦးခန်း “အား……..ကျွတ်…ကျွတ်…… ငါ့အခန်းတောင်ပြန်ရောက်လာပြီပဲ …. ရှာလို့လဲမတွေ့ပါလား…..” တရုပ်ပြည်မှ ဝယ်ယူလာသော နှစ်ထပ်ခွဲသင်္ဘောကြီး၏ ဆလွန်းခန်းဟုခေါ်သော ဦးခန်းထဲတွင်ဖြစ်သည်။  အခန်းထဲတွင် ကြီးကြီး၊ငယ်ငယ်၊ပျိုပျို၊အိုအို၊ ကျားကျား၊မမ၊ အရောင်သွေးစုံလင်လှသော သူများသည် တချို့က […]


etoneAugust 14, 20121min038
ပြီးခဲ့တဲ့ ပိတ်ရက်တစ်ရက်က ၊ အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတဲ့ ကျွန်မကို ၊ အမျိုးတစ်ယောက်နေမကောင်းတာ သတင်းမေးသွားဖို့ ၊ အိမ်ကလူကြီးတွေတွန်းအားပေးတာကြောင့် မသွားချင်ပဲ သတင်းမေးရောက်ခဲ့ပါတယ် ။  နေမကောင်းတဲ့ လူကို ကြည့်ပြီး ရယ်ပြရမလား ၊ စိတ်မကောင်းပဲဖြစ်ရမလား ၊ သူ့ဝေယျာဝစ္စတွေပဲ ကူလုပ်ပေးရမလားဆိုတဲ့ အတွေးတွေနဲ့ စိတ်ရှုပ်နေတာကြောင့် မသွားချင်ခဲ့တာပါ ။ နေမကောင်းတဲ့ လူဆီသွားတဲ့အခါ ၊ လက်ဗလာနဲ့သွားလို့မဖြစ်တော့ ၊ တစ်ခုခုဝယ်ဖို့တွေးရပြီပေါ့ ။ ဘာရောဂါဖြစ်မှန်းလည်း မသိ ၊ ဘာစားချင်မှန်းလည်းမသိ ၊ ဘာစားလို့ သင့်တော်လဲမသိတော့ ၊ သူ့အတွက် တစ်ခုခုဝယ်ဖို့ တွေးရတာကစပြီး စိတ်ကျဉ်းကြပ်သလို ခံစားရပါပြီ ။ %%%%%%%%%%%%%% မရောက်ဖြစ်တာ ကြာပေမယ့် ၊ ခပ်ရေးရေးမှတ်မိနေတဲ့ အသိဉာဏ်ထဲကအတိုင်း ၊ […]


ムラカミAugust 14, 20121min032
ဒီမယ်… နှင်းကေသရာ ကျုပ်တို့ တိုက်နေတဲ့ စစ်တွေ ဘယ်တော့များမှ အဆုံးသတ်မလဲလို့မေးလာရင် ကျုပ်တို့အရှင် သုရှင် ကိုယ်တော်ကြီး က များပြားလှစွာသော ခေါဘဏီ တပ်ကြီးကိုစီမံပြီးသကာလ ဟောဒီ ဇမ္ဗူတခွင်လုံးက တိုင်းပြည်တွေကို အောင်နိုင်ပြီး တဲ့ အခါ လို့ ပဲ ကျုပ်ဖြေမယ်… ကဲကဲ… ကျုပ်သွားမယ် နှင်းကေသရာ…   အံကိုတင်းတင်းကြိတ်… အဲမောင်းကို မြဲမြဲစွဲလို့ …ယောက်ျားပီပီသသ ..တလှမ်းချင်း မြင်းရှိရာကို ထွက်သွားသူက … မွန်သူရဲကောင်း မတ်သံလုံ…. ထိုစဉ်… ကောင်းကင်ပြင်၌ လျှပ်ပန်းလျှပ်နွယ်များ..ပေါ်လာပြီးနောက် ..သူရဲကောင်း မတ်သံလုံတယောက် ကမာ္ဘမြေမှ ပျောက်ကွယ်သွားလေတော့ သတည်း..။   ပိတ်သတ်ကြီး သိကြတဲ့အတိုင်းဖြစ်ပါသည်…. ။ အိုင်းစတိုင်းအိ သီအိုရီများ ..ဖီလာဒဲလ်ဖီးယား ဖြစ်စဉ်များ စသည်ကို အလုံးစုံ […]