MyanmarING ဆိုသည်မှာ Myanmar Internet and Networking Group ဖြစ်ပါသည်။ MyanmarING သည် Asia Pacific Networking Group (APNG) အဖွဲ့ကြီး၏ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းတွင်မူ MyanmarING သည် အိုင်တီပညာရပ်နှင့်ပတ်သက်၍ ဝါသနာကြီးသော လူငယ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။ APNG မှအခြေပြုခဲ့ပြီး ပြည်တွင်းတွင် Myanmar Egress နှင့်လက်တွဲ ၍ IT ပညာတိုးတက်ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။ ခံယူထားသည့် တာဝန် MyanmarING မှ ခံယူထားသည့် တာဝန် (Mission) မှာ မြန်မာနိုင်ငံအတွင်း အင်တာနက်နည်းပညာအား အားပေး အထောက်အကူပြုရန်နှင့် တည်ရှိနေသော နည်းပညာဆိုင်ရာ ကွန်ယက်၊ အဖွဲ့အစည်းများအား အချင်းချင်း အပြန်အလှန် ချိတ်ဆက်၍ […]
