ဒါဇင်ပလပ်စ်ဧ။် (၂၁)ကြိမ်မြောက် ဧပြီ လအလှူကို ၊ 6-4-14 တွင် ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ် ၊ တာခွတာဆုံကျေးရွာရှိ ” အေးချမ်းသာ လူငယ်ဖွံ ့ဖြိုးရေး ပရဟိတကျောင်း “သို့ ဒါဇင်ပလပ်စ် အဖွဲ့များကိုယ်တိုင်သွားရောက်ပြီး ပညာရေး အထောက်ပံ့အလှူငွေ ၄၃၅,၀၀ဝ /- (လေးသိန်းသုံးသောင်း ငါးထောင်ကျပ်) ကို သွားရောက် လှူဒါန်း ခဲ့ပါတယ် ။ အေးချမ်းသာ လူငယ်ဖွံ ့ဖြိုးရေး ပရဟိတကျောင်းကို ၂၀၀၁ ခုနှစ် ၊ မေလတွင် ကျိုက်ဝိုင်း အောင်ဗိမာန်ကျောင်းတိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန ္တအာစရိယဧ။် ဦးဆောင်မှုဖြင့် ၊ တာဝန်ခံ နာယက ဆရာတော် ဦးဇောတိကမှ စတင် တည်ထောင် ဖွင့်လှစ်ခဲ့ပါတယ် ။ […]
