ပြည်ပရောက် မြန်မာလူမျိုး အိမ်ထောင်ရှင်အချို့ မိသားစုအား ပြန်မဆက်သွယ်တော့သည့် ဖြစ်ရပ်များ ယခင်ထက်ပိုမိုလာ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအချို့ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို အလေးထား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာနေပြီဖြစ်ပြီး ပြည်ပရောက် မြန်မာလူမျိုး အိမ်ထောင်ရှင်အချို့ မိသားစုအား ပြန်မဆက်သွယ်တော့သည့် ဖြစ်ရပ်များ ယခင်ကထက် ပိုမိုလာကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများထံမှ သိရှိရသည်။ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအမျိုးသား၊ အမျိုးသမီးအချို့မှာ မြန်မာ့ဓလေ့၊ ယဉ်ကျေးမှုနှင့် လူမှုရေးအစဉ်အလာကောင်းများကို လျစ်လျူရှုမှုများ ပြုလုပ်လာကြောင်း သိရှိရပါသည်။ “ကျွန်မအမျိုးသားက မလေးရှားမှာသွားပြီး အလုပ်လုပ်နေတာ အခုဆိုရင် လေးနှစ်ကျော်သွားပါပြီ။ ပထမတစ်နှစ်ခွဲအထိတော့ အိမ်ကို ငွေမှန်မှန်ပို့ပေးပြီး အဆက်အသွယ်လည်း လုပ်ပါတယ်။ နောက်ပိုင်းကျ ငွေလည်း မပို့တော့သလို အဆက်အ သွယ်လည်း လုံးဝမရတော့ပါဘူး။ ကျွန်မတို့လည်း […]
