(၁၉၄ရ မတ်လ ရ ရက် ည ၆ နာရီ ၃၈ မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်စား ဗမာ့အသံမှ ဖတ်ကြား အသံလွှင့်သည့် “လူထုကို တပတ်မရိုက်” မိန့်ခွန်း မှ ကောက်နုတ်ချက်) ကျနော်သည် တိုင်းပြည်ကို တခါဘူးမျှ တပတ်မရိုက်ခဲ့သည်ကို လူထုကောင်းကောင်း သိပါသည်။ အထူး ရှင်းပြနေစရာ မလိုပါ။ ဖက်ဆစ်ဂျပန် လက်ထက်က အသက်စွန့်ပြီး လက်ရုံးရည် သုံး သင့်သည့် အချိန်တွင် တိုင်းပြည်ကို တပတ်ရိုက်ပြီး ခေါင်းမ ရှောင်ခဲ့ပါ။ ကျနော်ကိုယ်တိုင် လက်နက်ကိုင်ပြီး တော်လှန် ခဲ့သည်။ ကျနော့်အတွက်မှာဆိုလျင် လက်ရုံးရည်နှင့် နှလုံးရည်သည် ဘာ မျှ ထူးခြားခြင်း မရှိပါ။ လူထု လွတ်လပ်ရေး တခုတည်းကိုသာ ရှေ့ရှုပြီး သင့်သလို […]
