ကျွန်တော်နားလည်သလောက်စိတ်ကူးနဲ့ တန်ဘိုးဆိုတာကို ဘာသာပြန်ကြည့်တာပါ။စာဖတ်သူတို့ဘက်မှလည်းမိမိနှစ်သက်သလို ယူဆနိုင်ပါတယ်။ တန်ဘိုး(VALUE)။     ။တစ်နေ့က ကျွန်တော်နားမှာ လူငယ်နှစ်ယောက်စကားအခြေအတင်ပြောကြရင်း။တစ်ယောက်က မင်းကငါ့ကို နှစ်ပြားမတန်အောင်ပြောတယ်နော်ဟုဆိုလေ၏၊ ကျန်တစ်ကောက်က အေးလေ..မင်းက ဘယ်နှစ်ပြားတန်လို့လဲဟု စကားထောင်သားလေသံနှင့်ပြန်မေးလိုက်လေရာ အနားမှာရှိသူအားလုံးပွဲကျသွားလေသည်။ အဲဒါနဲ့ ကျွန်တော့်ခေါင်းထဲကို တန်ဘိုးဆိုတာလေးဝင်လာပါတော့တယ်။တန်ဘိုးဆိုတာဘယ်ကစတာလဲ၊ဘယ်သူတွေကစတင်သတ်မှတ်ခဲ့တာလဲ။ရှေးပဝေသဏီ ကမ္ဘာဦးအစက တန်ဘိုးဆိုတာကိုသိတာဘာတွေလဲ…စသည်ဖြင့်ပေါ့ဗျာ တွေးမိတွေးရာတွေကြည့်မိတာပါ။မိမိနှစ်သက်ရာ ဘာသာရေးရူဒေါင့်မျိုးစုံကလည်းစဉ်းစားကြည့်နိုင်ပါတယ်။ ကျွန်တော့်ယူဆချက်ကတော့ အသုံးပြုနိုင်မူ၊အသုံးချနိုင်မူ ပေါ်မှာမူတည်တယ်လို့ထင်မိတယ်။တန်ဘိုးရှိလှပါတယ်ဆိုတဲ့ စိန်တွေ၊ရွေတွေဟာ ကန္တရထဲမှာ ရေငတ်နေသူကိုသွားပေးရင် သူ့အတွက်ရေတစ်ခွက်ကပိုပြီး တန်ဘိုးရှိလိမ့်မယ်လို့ထင်ပါတ ကျောက်ခေတ်လူသားတွေသာ မီးကို အသုံးပြုနိုင်မှန်းမသိခဲ့ရင်၊ယနေ့ခေတ် ကွန်ပြူတာတွေ၊ဆက်သွယ်ရေးနည်းစနစ်တွေကို ကောင်းစွာ အသုံးမပြုတတ်၊အသုံးမချတတ်ရင်…တန်ဘိုးဆိုတာကိုသိနိုင်ဘာအုံးမလား… မိမိကိုယ်တိုင်ရော တန်ဘိုးဖြတ်နိုင်ပီလား…မိသားတစ်စုအတွက်ကောင်းစွာတာဝန်ကျေတယ်ဆိုရင်တော့၊မိသားတစ်စုအတွက် တန်ဘိုးရှိတဲ့သူပေါ့၊လူအများကောင်စားဖို့၊အများအကျိုးကို ဆောင်ရွက်နေသူဆိုရင်တော့ လူအများအတွက်တန်ဘိုးရှိသောသူပေါ့။ကျွန်တော်ကတော့ မိသားစုအတွက်ပဲ တန်ပါသေးတယ်၊အများအတွက်တန်ဘိုးရှိသောသူဖြစ်အောင်ကြိုးစားနေပါတယ်။ ကျွန်တော်တို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက မနုဿတ ဒုလ္ဘ ဟုဆိုမိန့်တော်မူခဲ့ပါတယ်။လူဘဝဆိုတာ ရခဲလှပါတယ်။ရခဲလှသော ဤလူ့ဘဝ၌ လူ့ဘဝတန်ဘိုးသိဖို့ အရေးကြီးလှပါတယ်။


weiweiJune 30, 20111min017
ကျွန်မအနေနဲ့ မြန်မာနိုင်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မသိပေမယ့် လက်လှမ်းမှီသလောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နာရေးကူညီမှုအသင်းများမှ ဦးစီးပြီး အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်ပြီး ကျန်းမာရေးအလှူပြုလုပ်နေတာကို ကြားသိနေရပါတယ်။ ပြီးခဲ့တဲ့လက ကျွန်မအမေရဲ့ မွေးနေ့အထိမ်းအမှတ်နဲ့ သန်လျင်နာရေးကူညီမှုအသင်းက ကြီးမှူးဖွင့်လှစ်ခဲ့တဲ့ မေတ္တာရိပ် အခမဲ့ဆေးပေးခန်းကို ရောက်ရှိပြီး တစ်ရက်တာ ဆေးဖိုးလှူဒါန်းခဲ့ပါတယ်။ ကြုံတုန်း စပ်စုခဲ့ရသလောက် ဆေးခန်းမှာ ဆရာဝန် ၁၅ ဦးရှိပါတယ်။ အထွေထွေရောဂါကု ဆရာဝန် ရ ဦးက တစ်ရက်ကို တစ်ဦးနဲ့ ရ ရက်လုံး ဆေးခန်းထိုင်ပေးပါတယ်။ သွားနဲ့ခံတွင်းဆေးခန်းလဲရှိပြီး သွားဆရာဝန် ၂ ဦးက အလှည့်နဲ့ ထိုင်ကြပါတယ်။ OG အထူးကုဆရာဝန်၊ အရိုးအထူးကုဆရာဝန်နဲ့ တခြားအထူးကုဆရာဝန်တွေလဲ အလှည့်နဲ့ ဆေးခန်းထိုင်ပေးကြပါတယ်။ ဆေးခန်းအတွက် သီးသန့်အဆောက်အဦးတစ်ခုဖြင့် သပ်သပ်ရပ်ရပ်ဆောက်လုပ်ထားပါတယ်။ ဆေးဖိုး တစ်နေ့တာအတွက် ၃ […]


weiweiJune 28, 20111min025
ဝါဆိုလပြည့်နေ့ နီးလာပြီဆိုတာနဲ့ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေ ဝါဆိုသင်္ကန်းကပ်လှူကြပါတယ်။ ဝါတွင်းကာလ ၃ လ မိုးရာသီအတွင်း ဝါကပ်ဝါဆိုကြမည့် သံဃာတော်များအတွက် ရည်ရွယ်ကပ်လှူကြလို့ ဝါဆိုသင်္ကန်းလို့ ခေါ်ဝေါ်ကြပါတယ်။ ထုံးစံမပျက် သင်္ကန်းဝယ်ပြီး ဘုန်းကြီးကျောင်းမှာသွားရောက်ကပ်လှူသူများ၊ ဘုန်းကြီးများ နေအိမ်သို့ပင့်ဖိတ်ပြီး ဆွမ်းကပ် သင်္ကန်းကပ် ကုသိုလ်ပြုကြသူများ၊ နီးစပ်ရာ ဘုန်းကြီးကျောင်းသို့သွားပြီး သင်္ကန်းတန်ဖိုးငွေပေးပြီး သင်္ကန်းကပ်လှူသူများ စသဖြင့် အဆင်ပြေသလို ပြုလုပ်ကြပါတယ်။ ကျွန်မလည်းပဲ အများနည်းတူ ကုသိုလ်ရအောင် သင်္ကန်းတစ်စုံဝယ်ပြီး ပရိယတ္တိစာသင်တိုက်တစ်ခုသို့ သွားရောက်လှူဒါန်းခဲ့ပါတယ်။ တကယ်တော့ သင်္ကန်းလှူတဲ့ကိစ္စမှာ လူတွေတော်တော်များများ မသိကြတဲ့ အဖြစ်အပျက်တွေ များစွာရှိနေပါသေးတယ်။ ကျွန်မတို့အိမ်ကတော့ စာသင်သားသံဃာတော်များ ဆွမ်းခံကြွတဲ့အိမ်ဖြစ်တာကတစ်ကြောင်း၊ ပရိယတ္တိစာသင်တိုက်တစ်ခုနဲ့နီးနေတာကတစ်ကြောင်း၊ ကျွန်မညီမဖွင့်ထားတဲ့ဆိုင်တစ်ခုဘေးမှာ သင်္ကန်း ပရိက္ခရာနဲ့ နိဗ္ဗာန်ကုန်ဆိုင်တစ်ခု ရှိနေတာကတစ်ကြောင်း၊ အကြောင်းကြောင်းတွေကြောင့် ကျွန်မသိသမျှ သင်္ကန်းနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေကို မသိသေးတဲ့သူတွေ […]


KyaemonJune 25, 201114min00
VARIOUS YEARS TO 2010           Myanmar Buddhas Birthday Photo,Myanmar Buddhas Birthday Pictures, Stills, Myanmar Buddhist monks walk http://newshopper.sulekha.com/myanmar-buddhas-birthday_photo_1285882.htm Myanmar Buddha’s Birthday Photo,Myanmar Buddha’s Birthday Pictures, Stills, Myanmar Buddhist monks http://newshopper.sulekha.com/myanmar-buddha-s-birthday_photo_1285856.htm     Myanmar Buddha’s Birthday Photo,Myanmar Buddha’s Birthday Pictures, Stills, In this photo taken on http://newshopper.sulekha.com/myanmar-buddha-s-birthday_photo_1285879.htm         Myanmar […]


PareByokeJune 25, 201111min00
    BBC Beautiful Zhong Guo, a combination of five parts.   Narrated in English with English sub-titles. Awesome Pictures. http://www.tudou.com/playlist/p/a44190.html?iid=54747497   SEE ALSO PRIOR POSTINGS, LINKS BELOW:     BBC’S FILMING OF “WILD CHINA” | The Mandalay Gazette-Myanmar/Burma News Media Forum Network http://myanmargazette.net/43422/education BBC AND CCTV: WILD CHINA | The Mandalay Gazette-Myanmar/Burma News Media Forum […]

principle.jpg

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ လူနဲ့မူ ဘယ်သူ ဦးဆောင်သင့်သလဲဆိုတာ မကြာခဏ ငြင်းခုံ ဆွေးနွေးလေ့ရှိတဲ့ ခေါင်းစဉ်တခုပါ။ ရွာသားတချို့ရဲ့ ထင်မြင်ယူဆချက်များကိုလည်း တွေ့ဖူးတယ်။ လေ့လာမိသလောက် လူသမားများသည် ရှေးရိုးအစဉ်အလာ တန်ဖိုးထားလိုသူ ကွန်ဆားဗေးတစ်များ ဖြစ်ပြီး၊ မူသမားတွေကတော့ အပြောင်းအလဲလိုလားသူ ပရောဂရက်စစ်များ၊ လွတ်လပ်ပွင့်လင်းလွန်းသူ လစ်ဘရယ်များပါ။ လောကကြီးက ဆန်းပြားတယ်။ ပုံမှန်ဆိုရင် ကွန်ဆားဗေးတစ်များက စည်းကမ်း ထုံးစံ ယဉ်ပါးသူများဖြစ်လို့ မူကို လူထက် ဦးစားပေးရမယ်၊ လစ်ဘရယ်များကတော့ လွတ်လပ်စွာ နေသူများဖြစ်လို့ လူကိုမူထက် နှစ်သက်သင့်တယ်။ သို့ပေမယ့် နိုင်ငံရေးအမြင်မှာတော့ ပြောင်းပြန်ဖြစ် သွားပါတယ်။ တိရစာ္ဆန်တွေတောင် ရေမြေတောတောင် ဥတုလိုက်လို့ အရောင်ပြောင်းတတ်ရင် ကိုယ့် အကျိုး တခုထဲကို ကြည့်တတ်တဲ့ လူတွေပိုဆိုးတာ မဆန်းပါဘူး။ ကျနော်က တော်လှန်တဲ့အမြင်ရှိတဲ့ ပရောဂရက်စစ် […]


ဒီပိုစ့်လေးကို မိမိလက်ရှိဘဝနှင့် အခြေအနေလေးကို ဘဝတူ သက်တူရွယ်တူ ညီအကိုမောင်နှမ ညီငယ်ညီမငယ်အားလုံးတွက်ရည်ရွယ်၍ရေးသားတင်ပြလိုက်ပါတယ်။ကျွန်တော်ကိုယ်တိုင်တွေ့ကြုံခဲ့သောဘဝနှင့် အစိတ်အပိုင်းလေးတွေပါ။ကျွန်တော်တို့ အားလုံးဟာ ဘဝအတွက် ပုံသဏ္ဍန်မျိုးစုံနဲ့ ရုံးကန်နေကြတာပါ။ပညာတတ်သူ၊မတတ်သူ အားလုံးရဲ့ ရည်ရွယ်ချက်တွေကတော့ တူညီနေပါတယ်၊ပြည့်စုံသောဘဝ၊အောင်မြင်သောဘဝတွေကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ ကျွန်တော်ဟာ လွန်ခဲ့သော (၁၅)နှစ်လောက်က ရေထဲမှာရှာလိုက် ကုန်းပေါ်ရောက်ရင်ကုန်သွားလိုက်နဲ့ လုံးလည်ချာလည်လိုက်နေတာပါပဲ။သမင်မွေးရင်း ကျားစားရင်ပါပဲ။ စုဆောင်းမိသလောက်လေးနဲ့ ကားဝယ်ရောင်းလည်းလုပ်ဖူးပါတယ်၊၂၀၀၂ အတွင်းလောက်ကပါ၊အရောင်းမန်နေဂျာအဖြစ်လည်း လုပ်ခဲ့ပါတယ်။သေသေချာချာ စုဆောင်းမိတာမရှိသလောက်ပါပဲ။အဲဒါနဲ့ မလေးကို ၂၀၀၆ခုနှစ်လောက်မှာ ရောက်လာခဲ့ပါတယ်။ ၂၀၀ရ ခုနှစ်လောက်မှာကိုယ်ပိုင် စားသောက်ဆိုင်အသေးလေးကိုစတင်လုပ်ကိုင်ခဲ့ပါတယ်။အစက သိပ်အစဉ်မပြေပေမယ့် တစ်နှစ်ကျော်နှစ်နှစ်အတွင်းမှာတော့ တော်တော်အစဉ်ပြေလာပါတယ်။ယနေ့ တစ်နေ့ဝင်ငွေ ပုံမှန် Rm.800-1000 အထိရလာပါတယ်။အဲဒါနဲ့ ငွေလေးနဲနဲစုဆောင်းမိပြီး နောက်ထပ်လုပ်ငန်းတစ်ခုလုပ်ရန်စဉ်းစားမိပါတယ်၊ဒါပေမယ့် အစရှာမရဖြစ်နေပါတယ်။တစ်နေ့ စာအုပ်ဆိုင်မှ ချမ်းသာဖေဖေနဲ့ဆင်းရဲဖေဖေ ဆိုတဲ့ စာအုပ်လေးကို အထပ်ထပ်အခါခါဖတ်မိပြီး၊ ခေါင်းထဲမှာလင်းကနဲ အကြံရသွားပါတယ်။ဟုပ်ပြီ..ငါတော့ လမ်းစရပြီ၊ ငါလုပ်ကြည့်မယ်ဆိုပြီးတော့ အိမ်ခြံမြေရောင်းဝယ်မူမှာ ရင်းမြှပ်နှံမူကိုစတင်ပါတော့တယ်။၂၀၀၉ […]


etoneJune 21, 20111min018
အလုပ်ရှင် နဲ့ အလုပ်သမား ကြားထဲမှာ အမြဲလိုလို ပြသနာရှိနေတတ်ပါတယ် … အသေးအဖွဲ ကိစ္စမှစပြီး ကြီးကြီးမားမား ပြသနာ အထိပါ ။ အလုပ်ရှင်ကတော့ မိမိလုပ်ငန်း အကျိုးမြတ်များများနဲ့ ပိုမိုဖြစ်ထွန်းအောင် လည်ပတ်စေချင်တယ် … အမြတ်ငွေများများ လက်ကျန်ရှိစေချင်တယ် … လုပ်ငန်းတွေ အောင်အောင်မြင်မြင်တိုးချဲ့ ချင်တယ်….။ ဒါမှလည်း သူ့ အတွက် ကိုက်မှာကိုး ။ အလုပ်ရှင်တိုင်းက ငွေပင် ငွေရင်းနဲ့ ချမ်းသာတဲ့ မျိုးရိုးက လာတာမဟုတ်ပါဘူး … ။ တချို့ အလုပ်ရှင်တွေဆို အလုပ်သမား ဘဝက နေ အဆင့်ဆင့်ဖြတ်သန်းပြီး ဘဝအကျိုးပေးကောင်းချိန်နဲ့ ကြိုးစားအားထုတ်မှူ ထပ်တူကျတဲ့ အချိန်မှာ အလုပ်ရှင်ဖြစ်လာတာပါ … ။ အဲ့ဒီလို လူမျိုးဟာ အလုပ်သမား ဘဝလည်း […]


etoneJune 20, 20111min013
ကျွန်မဒီနေ့ မြန်မာတိုင်းမ်းမှာပါတဲ့ ဆောင်းပါးတပုဒ်ဖတ်လိုက်ရတယ်… ။ YDP ( လူငယ်ဖွင့် ဖြိုးမှူ အစီစဉ်) နှင့် မြန်မာ နိုင်ငံဆရာဝန်အသင်းက ပူပေါင်း ပြီး ရိုက်ကူးမဲ့ DVD ဇာတ်ကားအတွက် စာမူခေါ်တာပါ … ။ ပြိုင်ပွဲဝင်တွေရဲ့ စာရင်းကို ဒီနေ့ ညနေ လေးနာရီနောက်ဆုံးထားပေးရမှာဖြစ်ပြီး ၊ စာမူတင်ရက်ကတော့ အများကြီးအချိန်ရသေးတဲ့ … ဇူလိုင်လ ၈ရက်နေ့ပါ… ။ ပြည်သူတွေထဲကနေ ဒီလို စာမူတွေ ခေါ်တာ အလွန်ကောင်းတဲ့ အစီစဉ်လေးပါ … မတူညီတဲ့ အတွေးတွေနဲ့ ထွက်ကျလာမဲ့ စာလုံးတွေကို ရွေးချယ်ရမှာမို့ … ၎င်းတို့ အတွက်လည်း ရသထူးကို ရရှိစေနိုင်ပါတယ်… ။ လူငယ်ဖွံ့ဖြိုးမှူ အစီစဉ်ဆိုတာနဲ့ ကျွန်မ စိတ်ဝင်စားလာတယ်… ဘာမှ […]


PareByokeJune 18, 201116min03
  ENJOY!     The Oddest Hats at the Royal Ascot Races – TIME http://www.time.com/time/photogallery/0,29307,2078144_2284837,00.html Royal Ascot: 300 years of horses, hats and high society – CNN.com http://edition.cnn.com/2011/SPORT/06/14/horse.racing.royal.ascot/ CLICK VIDEO INSIDE     YouTube – Fancy hats – Ladies Day (Photos!) Uploaded by hiranja on Jul 14, 2008 Admire that uncommon and really sophisticated hats […]


True AnswerJune 18, 20111min08
သဘာဝတရားရိပ်သာသည် ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ တာဝတက္ကသိုလ်အနီး (သို့) သန်လျှင်ဘုရားကုန်း ကျိုက်ခေါက်ဘုရားအနီး တွင် ရှိပြီး၊ ဧက ၆ဝ ကျော် ကျယ်ဝန်းပါသည်။ ဘုရားရှင်၏ သာသနာကျယ်ပြန့်ဖို့ ဘုရားရှင်ကို နမူနာယူပြီး တရားအားထုတ်သော အလုပ်ကိုသာ အဓိက ထားသည့် ရိပ်သာဖြစ်ပါသည်။ တရား ရိပ်သာ အဖြစ် ဝိပဿနာ-ပရိပတ်လုပ်ငန်းကို အဓိကထားသင်ကြားပေးသည့်အပြင် – တရားအားကိုးချင်သော်လည်း အခြားရိပ်သာများမှ လက်မခံ နိုင်သော သက်ကြီး ရွယ်အိုများ၊ လူမမာများကိုပါ ကူညီစောင့်ရှောက် ပေးသောနေရာဖြစ်သဖြင့် သက်ကြီးရွယ်အိုများ၊ အဖေါ်မဲ့ အထီးကျန် ခိုကိုးရာမဲ့များ မှီခိုအားထားရာ နေရာ ဖြစ်ပါသည်။ တရားအားထုတ်သဖြင့် စိတ်ပူပန် ဖိစီးမှု လျော့နည်း သွားသော ကြောင့် လူမမာများ အတွက်လည်း ရောဂါသက်သာပျောက်ကင်းရာ နေရာ ဖြစ်ပါသည်။ […]


KyaemonJune 17, 201114min00
VISITING BERLIN AND FRANKFURT DURING CEREMONIES.   QUESTION TO SOME BOASTFUL MONKS: IN AMERICA, HOW DO YOU SPREAD THE DHAMMA (THAR TA NA PYANT PWAR AUNG) WITHOUT REACHING OUT TO THE CAUCASIANS AND SPANISH?   JUST ASKING PEOPLE TO WORSHIP YOU OR RESPECT YOU, WILL IT WORK?     BERLIN   YouTube – Fo guang […]