ဒီရပ်ကွက်လေးကို မောင်နီ ရောက်လာတာ မကြာသေး။ မနှစ်က မနီနဲ့ အိမ်ထောင်ကျတော့ တစ်ဦးတည်းသောသားဖြစ်သူ မောင်နီမှာ မိဘဆန္ဒကို မလွန်ဆန်နိုင်တာမို့ အိမ်ခွဲနေဖို့ ပြောမထွက်ခဲ့ပါ။ ဒါပေမယ့်လည်း သိတော်မူကြတဲ့အတိုင်း ချစ်ဇနီးက မကြာခဏ အိမ်ခွဲနေဖို့ နားချလာတော့လည်း မိဘပြောတစ်လ၊ မယားပြောတစ်ညဆိုသလို မောင်နီခမျာ မနေနိုင်တော့။ မိဘကို အလုပ်နဲ့နီးတဲ့ ရပ်ကွက်လေးကို ပြောင်းနေချင်တယ်လို့ အကြောင်းပြရတော့တာပေ့ါ။ အဲဒီလိုနဲ့ မောင်နီတို့ လင်မယား ဦးသာဝါးတို့ ရပ်ကွက်ကို လွန်ခဲ့တဲ့ ၃-၄ လ က ရောက်လာခဲ့ကြတယ်။ စိတ်ကောင်းသဘောကောင်းရှိတဲ့ မောင်နီ+မနီ တို့ နှစ်ယောက်ဟာ ရပ်ကွက်ထဲမှာလည်း (သင့်မြတ်အောင်) သာရေးနာရေးကိစ္စတွေမှာ တက်တက်ကြွကြွနဲ့ ပါဝင်တတ်တယ်။ မြို့လယ်က ပြောင်းလာတဲ့ အလုပ်အကိုင်ကောင်းကောင်း၊ စီးပွားရေးတောင့်တောင့်နဲ့ သူတို့ ဇနီးမောင်နှံကို ရပ်ရွာလူကြီး ဦးသာဝါးမှအစ […]
